Ayeyarwaddy Times
32K subscribers
19.4K photos
439 videos
3 files
2.03K links
For Freedom Justice & Peace
Download Telegram
Media is too big
VIEW IN TELEGRAM
ဆန်စပါးအသင်းချုပ်က ဧည့်မထဆန်နှင့် ပေါ်ဆန်းဆန်များရောင်းပေးမည်

ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

ဆန်စပါးဈေးမြင့်တက်နေတာကြောင့် မေးမြန်းစစ်ဆေးခံရပြီးနောက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF)ဟာ ရန်ကုန်မြို့မှာ ဧည့်မထဆန်နဲ့ ပေါ်ဆန်းဆန်တွေကို ဒီကနေ့ ဇွန်လ ၂၄ ရက်နေ့မှ စတင်ကာ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
တစ်နှစ်ကြာ ပိတ်ထားသည့် တမူး-ခမ်းပတ် ကားလမ်းကို စစ်ကောင်စီမှ ပြန်လည်ဖွင့်ပေး

ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တမူး - ခမ်းပတ် ကားလမ်းကို စစ်ကောင်စီက တစ်နှစ်ကြာ ပိတ်ထားပြီး ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းမှစ၍ ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရသည်။

တမူးမြို့နှင့် ခမ်းပတ်မြို့ကို အဓိက ဆက်သွယ်ထားသည့် ကားလမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လမှစ၍ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက ခမ်းပတ် - တမူး ကားလမ်းကို ပြန်လည်ဖွင့်ပေးသော်လည်းခမ်းပတ် - ကလေး ကားလမ်းကို ပြန်လည်ဖွင့်ပေးခြင်း မရှိသေးကြောင့် သိရှိရသည်။

"ခမ်းပတ်နဲ့ တမူး ကားလမ်းက သွားလို့တော့ ရပါပြီ။ ဒါပေမယ့် ခမ်းပတ်နဲ့ ကလေး ကားလမ်းတော့ မဖွင့်ပေးသေးဘူး။ခမ်းပတ်-ကလေး ကားလမ်းလည်း ပြန်ဖွင့်ပေးစေလိုပါတယ်” ဟု ခမ်းပတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီက ခမ်းပတ် - တမူး ကားလမ်းကို ပြန်လည်ဖွင့်ပေးလိုက်သည့်အတွက် ခမ်းပတ်မြို့တွင် ကုန်စျေးနှုန်းကျဆင်းနိုင်ပြီး ဒေသခံပြည်သူများလည်း ကျန်းမာရေး၊ လူမှုရေးကိစွများအတွက် ပိုအဆင်ပြေကြောင့် ၎င်းကဆိုသည်။

ထို့အပြင် ယင်း ကားလမ်းတစ်လျောက်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ ချထားသောကြောင့် ခရီးသွားပြည်သူများကို ငွေညှစ်ခြင်း၊ ဂိတ်ကြေးများ ကောက်ခံခြင်းတို့ ပြုလုပ်မည်ကို စိုးရိမ်နေကြောင့် ဆိုသည်။

"ခမ်းပတ်က တခြားမြို့တွေထက် ကုန်စျေးနှုန်းမြင့်တယ်။ အခုလမ်းကြောင်းပြန်ဖွင့်ပြီး ပုံမှန်အတိုင်း သွားလာလို့ရရင် ကုန်စျေးနှုန်းတွေ ပြန်ကျနိုင်တယ်။ ဒါပေမယ့် အဲ့ဒီလမ်းတလျောက် စစ်တပ်ဂိတ်ရှိတယ်။ ဂိတ်ကြေး အဆမတန် ကောက်ခံရင် ကုန်စျေးနှုန်းက ကျမှာမဟုတ်ဘူး။ ပြီးတော့ ပြည်သူတွေကိုလည်း ငွေညှစ်တာ၊ ဖမ်းဆီးတာလည်း လုပ်နိုင်တာကြောင့် စိုးရိမ်နေရပါတယ်” ဟု ခမ်းပတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခမ်းပတ် - တမူး ကားလမ်းရှိ တမူးမြို့အရောက်တွင် စစ်ကောင်စီ၏ ပန်းသာကျေးရွာ စစ်ဆေးရေးဂိတ်၊ (၄) မိုင် စစ်ဆေးရေးဂိတ်၊ Denko စစ်ဆေးရေးဂိတ်တို့ ရှိကြောင်း သိရှိရသည်။

ခမ်းပတ်မြို့ကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)အပါဝင် တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် သိမ်းပိုက်ရရှိထားသည်။

လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ရရှိထားသည့် ခမ်းပတ်မြို့တွင် ပြည်သူအုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေပြီဖြစ်ကြောင်းလည်း သိရသည်။

#တစ်နှစ်ကြာပိတ်ထားသည့် #တမူးခမ်းပတ် #ကားလမ်း #စစ်ကောင်စီမှ #ပြန်ဖွင့်ပေး #Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
၂ ရက်အတွင်း ဖားကန့်- အင်းတော်လမ်းရှိ စစ်ကောင်စီစခန်း ၃ ခုကို KIA သိမ်းပိုက်

ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

ကချင်ပြည်နယ်၊ ဖားကန့်- အင်းတော်လမ်းရှိ စစ်ကောင်စီရဲ့ ချောင်းဝတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
အီရန်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ကောင်စီဒုတိယဝန်ကြီးချုပ်က နိုင်ငံတကာ စာမျက်နှာတွင် ပူးပေါင်းဆောင်ရွက်ရန်ပြော

ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

အီရန်နိုင်ငံတွင် ကျင်းပသည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ(ACD) ‌ဆွေး‌နွေးပွဲကို စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ် တက်ရောက်ပြီး အီရန်နိုင်ငံနှင့်အတူ နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြောကြားခဲ့သည်။

စစ်ကောင်စီဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် လက်ရှိ‌အေစီဒီ ဥက္ကဋ္ဌ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီဘာ ဂယ်ရီကာနီတို့သည် ယမန်နေ့ ဇွန် ၂၃ ရက်နေ့က တွေ့ဆုံခဲ့ပြီး ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ခိုင်မာစေရေး၊ အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနထံက သိရသည်။

အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ ( ACD) ကို အာရှဒေသ၏ စုပေါင်းစွမ်းအား၊ ကြွယ်ဝသည့်အရင်းအမြစ်များ၊ မတူကွဲပြားမှုနှင့်အခွင့်အလမ်းများကို ဖော်ထုတ်၍ ခိုင်မာအားကောင်းသည့် ဒေသတစ်ခုဖြစ်စေရန် ရည်ရွယ်၍ ဦးစားပေးကဏ္ဍခြောက်ခု ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၂ ဇွန်လအတွင်းက ထိုင်းနိုင်ငံတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အာရှဒေသမှ အဖွဲ့ဝင်နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံသည် အာရှပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ စတင်ဖွဲ့စည်းကတည်းက ပါဝင်ခဲ့သည်။

ဓာတ်ပုံ - MOFA

#အီရန် #တီဟီရန် #အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲ #စစ်ကောင်စီဒုဝန်ကြီးချုပ် #Ayeyarwaddy_Times
မလေးရှားတွင် မြန်မာနိုင်ငံသားများ အပါအဝင်နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် မြန်မာနိုင်ငံသားများအပါဝင် နိုင်ငံငံခြားသား ၁၇၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံရကြောင်း မလေးရှားအခြေစိုက် မြန်မာအဖွဲ့စည်းဖြစ်သည့် ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့(ACR) တာဝန်ရှိသူထံက သိရှိရသည်။

ကလန်းမြို့တွင် နိုင်ငံခြားသား အများပြားနေထိုင်သည့် နေအိမ်နှင့် စက်ရုံတို့တွင် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် မလေးရှားနိုင်ငံသားများ၏ တိုင်ကြားချက်များကြောင့်အာဏာပိုင်အဖွဲ့များက ရှောင်တခင် ဝင်ရောက်စီးနင်း ဖမ်းဆီးစစ်ဆေးခြင်းဖြစ်သည်။

"တိုင်ကြားချက်ရှိလို့ပါ။ နိုင်ငံခြားသားတွေ များလွန်းလို့ မလေးရှားနိုင်ငံသားတွေက တိုင်တာဖြစ်ပါတယ်။ နိုင်ငံခြားသား ၁၇၀၀ ဖမ်းဆီးစစ်ဆေးခံရတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံသားတွေက ဘယ်လောက်လဲဆိုတာ အသေးစိတ်မသိရသေးပါ။"ဟု ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့(ACR)တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အထောက်ထားအပြည့်စုံ ရှိသူ အများပြားပါဝင်နေကြောင်း ၎င်းက ဆိုသည်။

အထောက်ထားအပြည့်စုံ ရှိသူများသည် ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက် လာကြပြီး အထောက်ထားအပြည့်စုံ မရှိသူများသည် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရဆဲဖြစ်ကြောင်း ပြန်လည်လွတ်
မြောက်လာသည့် မြန်မာနိုင်ငံသားများထံက သိရှိရသည်။

"မလေးရှား (လဝက)က စစ်ဆေးတဲ့သဘောပါ။ အဖမ်းဆီးခံရတဲ့ထဲ မြန်မာနိုင်ငံသား အယောက် (၁၀၀) ကျော်ပါတယ်။ အထောက်ထားအပြည့်စုံရှိတဲ့သူတွေကိုတော့ ဘာမှမလုပ်ဘဲ ဒီမနက်မှာ ပြန်လွတ်ပေးပါတယ်။အထောက်ထားအပြည့်စုံ မရှိတဲ့သူတွေကိုတော့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းဆဲဖြစ်ပါတယ်” ဟု ပြန်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးခံရသည့်နိုင်ငံခြားသား ၁၇၀၀ ကျော်ထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများစုဖြစ်ပြီး မြန်မာ၊ ပါကစ္စတန်၊ နီပေါနှင့် ထိုင်းနိုင်ငံသားတို့ ပါဝင်ကြောင်း သိရသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနကလည်း ပြည်သူများ၏ တိုင်ကြားမှုကြောင့် Operasi (အော်ပရာစီ) စစ်ဆင်ရေးအနေဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ် ကြောင်း ယနေ့ ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည် မေလကလည်း ဆလန်ဂေါပြည်နယ်နှင့် ဂျိုဟိုးပြည်နယ်တို့တွင် တရားမဝင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် စက်ရုံနှင့် အလုပ်ရုံများတွင် မလေးရှားအာဏာပိုင်များ၏ ဝင်ရောက်စီးနင်းဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသားအပါဝင် နိုင်ငံခြားသား ၄၀၀ နီးပါး ဖမ်းဆီးခံရသည်။

#မလေးရှားတွင် #မြန်မာနိုင်ငံသားများ #နိုင်ငံခြားသား #၁၇၀၀ကျော် #ဖမ်းဆီးခံရ
#Ayeyarwaddy_Times
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများကိုထောင်ပြောင်း ရွှေ့မှုများပြုလုပ်‌ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟုဆို

ဧရာဝတီတိုင်းမ်
ဇွန် ၂၄ ရက်

အာဏာသိမ်း စစ်ကောင်စီသည် ယခုဇွန်လအတွင်း အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေး အကျဉ်းသားရာနှင့်ချီကို ထောင်ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ပြီး ထိုသို့ ထောင်ပြောင်း ရွှေ့မှု ပြုလုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား အဖွဲ့အစည်းများထံက သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၂၃ ရက်နေ့က အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသားများ နှင့် အခြားအကျဉ်းသားများကို ခရီးသည်တင် ကားငါး စီးဖြင့် ထောင်ပြောင်းရွှေ့ခဲ့ပြီး ယခုဇွန်လ အတွင်း ကျိုက်မရောထောင်၊ အိုးဘို ထောင်၊ အင်းစိန် ထောင်များမှ ဦးဆောင်နိုင်ငံ ရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားရာနှင့်ချီကို သာယာဝတီ နှင့် ဒိုက်ဦးထောင်များကို ပြောင်းရွှေ့မှုပြုလုပ်ခဲ့သည်။

"အခုဆိုရင် အာဇာနည်နေ့၊ ဆဲဗင်းဇူလိုင်၊ ရှစ်လေးလုံးနှစ်ပတ်လည်ရက်တွေ နီးလာတဲ့ အချိန်မှာ ထိန်းမရတဲ့သူတွေကို ပြောင်းရွှေ့တာလို့ ယူဆလို့ရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပြောင်းတယ်ဆိုတာက စစ်အာဏာရှင်တွေရဲ့ နိုင်ကျဉ်းနဲ့ မိသားစုတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ပုံစံတစ်ခုပါပဲ။ အခုလိုနယ်ဝေးထောင်တွေကို ပြောင်းတယ်ဆိုတာက နိုင်ကျဉ်းကိုတင်မဟုတ်ဘဲ မိသားစုကိုပါ ညှဉ်းပန်းနှိပ်စက် လိုက်တာဖြစ်တယ်။ တကယ်က ထောင်ပြောင်းတယ်ဆိုတာ မိသားစုနဲ့နီးတဲ့နေရာတွေကို ပြောင်းပေးရမှာ" ဟု နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ကိုအောင်မျိုးကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အများအားဖြင့် ထောင်ပြောင်းရွှေ့မှုများတွင် ထောင်အာဏာပိုင်များ၏ အမိန့်များ၊ အလုပ်ခိုင်းစေမှုများ စသည့်အချိန်များတွင် ခေါင်းငုံ့ခံခြင်းမရှိဘဲ နည်းမျိုးစုံ ဖြင့်ဆန့်ကျင်တွန်းလှန်ကြသည့် နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားကာ အလျဉ်းသင့်သလို နယ်ဝေးထောင်များကိုပြောင်းရွှေ့လေ့ရှိကြောင်း နိုင်ငံရေး အကျဉ်းသား အဖွဲ့အစည်းများထံက သိရသည်။

"နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ဘယ်နေရာကိုရောက်ရောက် မတရားတဲ့အမိန့်တွေ၊ ခိုင်းစေမှုတွေကို ရတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တွန်းလှန်သွားကြလိမ့်မယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ယုံကြည်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ဘယ်နေ ရာရောက်ရောက် ကိုယ့်အချင်းချင်းကိုပစ်မထားဘူး။ ဘယ်လောက်ဘဲ ကျပ်တည်း နေပါစေ ရအောင်ကူညီကြဦးမှာပါ" ဟု ကိုအောင်မျိုးကျော်က ဆိုသည်။

ထို့သို့နယ်ဝေးထောင်များကို ပြောင်းရွှေ့မှု ကြောင့် နိုင်ကျဉ်းမိသားစုဝင်များအနေဖြင့် လမ်းခရီးစရိတ်များ၊ သွားရေးလာရေးအခက်အခဲများ စသည့်ထောင်ဝင်စာပို့ရသည့် အခက်ခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ပြင် ဒိုက်ဦးထောင်နှင့် သာယာဝတီထောင်သို့ ပြောင်းရွှေ့ခြင်းခံရသည့် နိုင်ငံရေး အကျဉ်းသားများမှာ မိသားစုနှင့် ထောင်ဝင်စာ ဧည့်တွေခွင့် မရရှိသေးကြောင်း သိရသည်။

" လက်ရှိထောင်ပြောင်းရွှေ့မှုတွေမှာ စစ်ကောင်စီကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိနဲ့ အားပေးအားမြှောက်ပြုနေတာကို တွေ့ရတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိသားစုတွေ အခက်အခဲဖြစ်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ ညီညွတ်မှုတွေပြိုပျက်ဖို့ ဦးဆောင် နေတဲ့သူတွေကို စုဖွဲ့မှုပြိုကွဲအောင်လုပ်နေတယ်လို့ ပြောလို့ရပါတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ကျိုက်မရော ထောင်မှ ဒိုက်ဦးထောင်သို့ထောင် ပြောင်းရွှေ့မှုပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသူများကို အဆိုပါ နေ့တွင်ပင် ထောင်ဆူပူသည်ဟူသည့် အကြောင်းပြချက်ဖြင့် ပြင်းထန်စွာရိုက်နှက်ခြင်း ခဲ့ကြောင်း PPNM ထံက သိရသည်။

ဓာတ်ပုံ - အင်တာနက်
#အင်းစိန်ထောင် #ထောင်ပြောင်းရွှေ့ #နိုင်ငံရေးအကျဉ်းသား #စစ်ကောင်စီ #Ayeyarwaddy_Times