Media is too big
VIEW IN TELEGRAM
တရုတ်က ရွှေအဝယ်ရပ်လို့ ကမ္ဘာ့ရွှေစျေးပြုတ်ကျတာကို စစ်ခေါင်းဆောင်က ရွှေဈေး ကျလာတယ်ပြော
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ယခုလပိုင်းအတွင်းမြင့်တက်လာတဲ့ နိုင်ငံခြားငွေလဲဈေးနဲ့ ရွှေဈေးလောကအတွင်း စစ်ဆေးမှုများ လုပ်နိုင်တာကြောင့် ဈေးနှုန်းကျဆင်းလာတယ်လို့ စစ်ကောင်စီဆိုသော်လည်း တရုတ်ရွှေအဝယ်ရပ်ဆိုင်းတာလို့ ကမ္ဘာ့ရွှေဈေးပြုတ်ကျပြီး ပြည်တွင်းရွှေဈေးကျလာတယ်လို့ သိရပါတယ်။
တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times

SSPP စစ်ကြောင်းကို RCSS က အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ဟုပြော
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးနှင့် ရပ်စောက်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) စစ်ကြောင်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်များက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း SSPP/SSA က ယမန်နေ့ ဇွန် ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
ရပ်စောက်မြို့နယ်၊ တောင်ထိပ်ကျေးရွာ၏ တောင်ဘက်အရပ်တွင် ပတ်ကင်းလှည့် နေသော SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို ပြီးခဲ့သည့် ဇွန် ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် RCSS တပ်ဖွဲ့ဝင်တချို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းခြောက်လုံး ဆက်တိုက်ပေါက်ကွဲခဲ့ပြီး SSPP/SSA တပ်သားတစ်ဦး မိုင်းစထိ၍ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဟိုပုံးမြို့နယ်၊ မိုင်းပြင်ကျေးရွာအုပ်စု၊ ကျောက်ငတ်ကျေးရွာအနီးတွင် ဇွန် ၄ ရက်၊ နံနက် ၅ နာရီကျော်က RCSS ၏ ထောင်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ဇွန် ၂ ရက်နေ့ နံနက် ၆ နာရီခန့်တွင်လည်း ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအုပ်စု၊ လွယ်တန် ကျေးရွာနှင့် မက်လန်းကျေးရွာကြား၌ လှုပ်ရှားသွားလာသည့် SSPP/SSA စစ်ကြောင်းကို RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ RCSS တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင် သုံးလုံးကိုလည်း SSPP/SSA တပ်ဖွဲဝင်များက ယင်းနေရာတွင်ပင် သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ပြောရေးဆိုခွင့်ရှိသူများကို သိရှိမေးမြန်းနိုင်ရန် ဧရာဝတီတိုင်းမ် သတင်းဌာနက ယနေ့ ဇွန် ၁၀ ရက်တွင် တယ်လီဖုန်း ဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ ထုတ်ပြန်ချက်အရ ဇွန် ၁ ရက်၊ နံနက် ၆ နာရီခွဲခန့်ကလည်း ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ မိုင်းပျဉ်းကျေးရွာ အနောက်ဘက် ကျောက်ငတ်ကျေးရွာ လမ်းခွဲတွင် လှုပ်ရှားနေသည့် ၎င်းတို့ စစ်ကြောင်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို လက်ရှိဇွန်လ အစပိုင်း၌ပင် RCSS တပ်ဖွဲ့ဝင်များမှ (၄) ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မူကြောင့် SSPP/SSA တပ်သားတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိပြီး စစ်ယာဥ်တန်း မော်တော်ယာဥ်တစ်စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့သလို ဒေသခံ ပြည်သူများ၏ သတင်းပေးပို့မူကြောင့် မပေါက်ကွဲသေးသည့် RCSS ထောင်မိုင်း အလုံး ၂၀ နီးပါးကိုလည်း SSPP/SSA ဘက်က လိုက်လံရှင်းလင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုရှမ်းတပ်နှစ်ဖွဲ့ဖြစ်သော SSPP နှင့် RCSS သည် နှစ်ဖက်ပေါင်းစည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မူရပ်စဲကြောင်း သဘောတူကြေညာစာ ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၄ မတ်တွင် (၁) ကြိမ် ၊ မေတွင် (၆) ကြိမ် ၊ ဇွန်တွင် (၄) ကြိမ် စုစုပေါင်း (၁၁) ကြိမ်တိုင် RCSS က ယင်းကဲ့သို့ တိုက်ခိုက်ခဲ့ ကြောင်း SSPP က ဆိုသည်။
ထို့အပြင် ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးကို ရှေးရူပြီး SSPP/SSA တပ်ဖွဲ့မှလက်ရှိ အချိန်ထိ RCSS တပ်ဖွဲ့အပေါ် တုံ့ပြန်တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ တစ်ကြိမ်တစ်ခါမျှ လုပ်ဆောင်ခြင်းမရှိဘဲ RCSS ကသာ SSPP/SSA စစ်ကြောင်းများကို လိုက်လံတိုက်ခိုက်နေကြောင်း သိရသည်။
ဓာတ်ပုံ - SSPP
#SSPPစစ်ကြောင်း #RCSS #အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက် #Ayeyarwaddy_Times

စစ်တွေမြို့နယ်အတွင်းရှိ ၅ ရွာမှပြည်သူများကိုရွာမှဖယ်ခိုင်းပြီး မြို့အတွင်းသို့ စစ်ကောင်စီပြောင်းရွှေ့ခိုင်း
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီက ကျေးရွာအတွင်းမှ ဖယ်ရှားခိုင်းပြီး စစ်တွေမြို့အတွင်း သွားရောက်နေထိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၉ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း စစ်တွေမြို့နယ်အတွင်းရှိ အောင်တိုင်၊ အုန်းရေဖော်၊ ကြက်တောပြင်၊ ပုလ္လင်ပြင်၊ ရေချမ်းပြင်ကျေးရွာများမှ ဒေသခံများကို ရွာအတွင်းမှ တစ်ဦးမကျန်ဖယ်ရှားပေးရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ဒေသခံ များထံမှ သိရသည်။
"ရွာ ငါးရွာလုံးက ပြည်သူတွေကို တစ်ယောက်မှမနေရစ်ခဲ့ဘဲ စစ်တွေမြို့ထဲကို ပြောင်းခိုင်းထားတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရမယ်ပြောတယ်။ စစ်တွေမြို့ထဲမှာလည်း နေစရာစီစဉ်မပေးထားဘူး။ ဆွေမျိုးနီးစပ်ရှိတဲ့သူတွေက အဆင်ပြေပေမယ့် ကျွန် တော်တို့ဆို ဘယ်နားသွားနေရမှန်း အခုထိမစီစဉ်ရသေးဘူး။ ပြောင်းရမယ့်ရက်ကျော်လို့ မပြောင်းရသေးရင် လာပစ်သတ်မှာကြောက်ရတယ်"ဟု အောင် အောင်တိုင်ရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့နယ်အတွင်းတွင် ဒေသခံအများစုမှာ တိုက်ပွဲရောက်လာမည်ကို စိုးရိမ်၍ နီးစပ်ရာမြို့နယ် များသို့ ပြောင်းရွှေ့သွားကြပြီး ကျန်ရှိနေသူများမှာ အိမ်စောင့်နှင့် သွားစရာနေရာမရှိသူများသာ ကျန်ရှိတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗျိုင်းဖြူရွာဖြစ်စဉ်ကြောင့်လည်း လူနည်းစုသာရှိသည့် ကျေးရွာများမှ ဒေသခံများသည် အခြားကျေးရွာများသို့ သွားရောက်ပူးပေါင်းနေထိုင်နေကြကြောင်း သိရ သည်။
"အခု ပြောင်းခိုင်းတဲ့ကိစ္စကိုလည်း ရွာသားတွေက အရမ်းလန့်နေကြတယ်။ တပ်တော်က စစ်တွေကို ပိတ် ဆို့ထားပြီးပြီဆိုတော့ စစ်ကောင်စီက မြို့တွင်းမှာ ပြည်သူတွေကိုပိတ်ပြီး ဓားစာခံလုပ်မယ့်သဘောဖြစ်နေတယ်။ မဟုတ်ရင် ပြောင်းခိုင်းစရာ ဘာအကြောင်းမှမရှိဘူး။ အဲဒီရွာတွေမှာ ကာကင်းလုပ်မယ်လို့လည်း ပြောတယ်"ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါကျေးရွာများမှ ဒေသခံများကို နေရာပြောင်းရွှေ့ရန် စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- စစ်တွေမြို့မြင်ကွင်း
#ရခိုင် #စစ်တွေမြို့နယ် #ကျေးရွာ၅ရွာ #ဒေသခံများ #စစ်ကောင်စီ #ပြောင်းရွှေ့ခိုင်း #Ayeyarwaddy_Times

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်ကချေးထားသော ကိုဗစ် ချေးငွေများကို အမြန်ဆုံး ပြန်လည်ပေးဆောင်ရန် စစ်ကောင်စီက နေ့စဉ် တောင်းခံနေ
ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့်ထိခိုက်သွားသောစီးပွားရေးလုပ်ငန်းများကို ကုစားရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က စီးပွားရေးရုပ်ငန်းရှင်များ လုပ်ငန်းများအတွက် ပေးအပ်ထားသော ချေးငွေများကို စစ်ကောင်စီအာဘော် သတင်းစာမှတဆင့် နေ့စဉ်တောင်းခံလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ချေးငွေသက်တမ်း ၃ နှစ်ကျော်လွန်ပြီးဖြစ်၍ တိုင်းနှင့်ပြည်နယ်ရှိ ကုမ္ပဏီများအပါအဝင် လုပ်ငန်းများက ချေးငွေအတိုး/အရင်းကို ဇူလိုင် ၁ ရက်နေ့မတိုင်မီ စစ်ကောင်စီထံ အမြန်ဆုံးပေးဆောင်ရန် ဇွန် ၆ ရက်မှစတင်၍ နေ့စဉ်တောင်းခံ လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ စီးပွားရေးလုပ်ငန်းများကို ချေးငွေသက်တမ်း ၁ နှစ် ( အတိုးနှုန်း ၁ ရာခိုင်နှုန်း) ချေးငွေသက်တမ်း ၁ နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လ နှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးကြောင်းသိရသည်။
ယင်းကိုဗစ်ချေးငွေကို NLD အစိုးရလက်ထက်တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၏ အထွေ ထွေပိုလျှံရန်ပုံငွေမှ ကျပ် (၁၀၀) ဘီလီလံမတည်ပြီး CMP အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အသေးစားစီးပွားရေးလုပ်ငန်းများအပါအဝင် လက်ဖက် ရည်ဆိုင်နှင့် စားသောက်ဆိုင်များကို မတည်ရင်းနှီးငွေအချိုးအစားအလိုက် ကျပ်သိန်းရာ နှင့်ချီ၍ ချေးပေးခဲ့သည်။
စစ်ကောင်စီက ထိုသို့တောင်းခံနေသော်လည်း လက်ရှိအထွေထွေအကျပ်အတည်းများ ကြားထဲတွင် အချို့စီးပွားရေးလုပ်ငန်းများမှာ ရပ်နားကုန်ပြီဖြစ်ပြီး ကျန်ရှိနေသည့် စီးပွားရေးလုပ်ငန်းများမှာလည်း ကျားကန်ရပ်တည်နေရ၍ အမြတ်အစွန်းနည်းပါး နေကြောင်းသိရသည်။
စစ်ကောင်စီသည် ၎င်းတို့ အာဏာသိမ်းထားသောကာလ ၂၀၂၂ ခုနှစ်တွင် ကိုဗစ် - ၁၉ ရန်ပုံငွေမှနေ၍ ထပ်မံ ထုတ်ချေးထားသော လုပ်ငန်းပေါင်း ၈၉၇ ခုရှိပြီး သက်တမ်းနှစ်နှစ်ပြည့်ပြီးသည့်နောက်တွင် တစ်နှစ်ထပ်မံသက်တမ်းတိုးပေးထားကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - ဧရာဝတီတိုင်းမ်
#NLD #လက်ထပ် #ကိုဗစ်ချေးငွေ #စစ်ကောင်စီပြန်တောင်း #Ayeyarwaddy_Times

အရန်တပ်ဖွဲ့ဥပဒေဖြင့် စစ်မှုထမ်းဟောင်းအရာရှိများကို နေပြည်တော်သို့ စတင်ခေါ်ယူ
မြရာ/ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
စစ်ကောင်စီက အရန်တပ်ဖွဲ့ဥပဒေဖြင့် စာရင်းကောက်ယူထားသည့် စစ်ကောင်စီတပ်မှ စစ်မှုထမ်း ဟောင်းအရာရှိများကို နေပြည်တော်သို့စတင်ဆင့်ခေါ် နေပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လပထမပတ်မှစ၍ ယနေ့ဇွန် ၁၀ ရက်နေ့အထိ စစ်မှုထမ်းဆောင်ရန် ခေါ်ဆောင်ခံရသည့် စစ်မှုထမ်းဟောင်းအရာရှိ ၁၄၀၀ ကျော်ခန့်ရှိပြီဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
"သူတို့ကို နေပြည်တော်မှာခေါ်ထားပြီ။ အသက်ငယ် တဲ့သူပိုများတယ်။ငယ်တဲ့သူဆိုရင် ကျန်းမာရေးလျော့ပေါ့ချက်တွေနဲ့ ပြန်ခေါ်ထားတာ များတယ်။ သူတို့ရာထူးတိုင်း ပြန်ခန့်ထားမယ်လို့ခေါ်လာပေမယ့်လည်း တပ်ချုပ်ရဲ့ သဘောတစ်ခုထဲပါပဲ"ဟု ဧရာဝတီတိုင်းမ် သတင်းရင်းမြစ်က ပြောသည်။
၅ နှစ်အတွင်း အငြိမ်းစားယူထားသည့် တပ်အရာရှိ ဗိုလ်မှူးမှ ဗိုလ်ကြီးအဆင့်ရှိသူများကို ဇွန်ပထမပတ်ကစတင်ပြီး နေပြည်တော်သို့ဆင့်ခေါ်ပြီး ရွာတော်စစ် ကြောရေးနှင့် တည်းခိုရိပ်သာတွင် နေရာချစုဆောင်းထားရှိကြောင်း သိရသည်။
ယခုဆင့်ခေါ်ခံရသည့်သူများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)က အဓိကတာဝန်ယူ၍ နေရာချထား တာဝန်ခန့်အပ်ရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။
စစ်မှုထမ်းဟောင်း အငြိမ်းစားအရာရှိများအနေဖြင့် ၃ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ဆင့်ခေါ်သည့်အချိန်မှစ၍ အကြောင်းပြန်ကြားမှုမရှိပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။
ယခုတာဝန်ထမ်းဆောင်မည့်သူများကို အရန်တပ်ဖွဲ့ဝင်စီမံချက်ဖြင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ထံတင်ပြ၍ အတည်ပြုချက်ရယူပြီးမှ တာဝန်များကို ခွဲဝေပေးသွားမည်ဟု သိရပြီး စစ်မှုပြန်လည်ထမ်းဆောင်လိုခြင်း မရှိသည့် စစ်တပ်အရာရှိများလည်း ရှိနေကြောင်းသိရသည်။
စစ်မှုထမ်းဆောင်ရာတွင် တိုက်ခိုက်ရေး၊ ထောက်ပံ့ပို့ ဆောင်ရေးနှင့် လုံခြုံရေး၊ အကြံပေးဟူ၍တာဝန်သုံးရပ်ခွဲထားပြီး စစ်မှုထမ်းဟောင်းများကို အသက် အရွယ်အပိုင်းအခြားအလိုက် ငယ်ရွယ်သည့်သူများကို တိုက်ခိုက်ရေးကဏ္ဍဖြစ်သည့် ရှေ့တန်းသို့ပို့ ဆောင်သွားမည်ဟုဆိုသည်။
အရန်ဥပဒေဖြင့် စစ်မှုထမ်းဟောင်းများကို ခေါ်ယူရာတွင် ဆေးစစ်ချက်များကိုလည်း သတ်မှတ်စည်း ကမ်းများကို လျော့ပေါ့စစ်ဆေးပြီး စစ်မှုထမ်းခေါ်ယူ လျက်ရှိသည်။
ယခု နေပြည်တော်သို့ ဆင့်ခေါ်ခံရသည့် စစ်မှုထမ်း ဟောင်း ၁၄၀၀ ကျော်သည် အရန်တပ်ဖွဲ့ဥပဒေအသက်သွင်းပြီးနောက် ပထမဦးဆုံးအသုတ် ခေါ်ယူ ခံရခြင်းဖြစ်သည်။
စစ်ကောင်စီက ယခုစစ်မှုထမ်းဟောင်းများကို ပင်စင်လစာအပြင် စစ်ကောင်စီတပ်အတွင်း၌ တစ်နှစ်တာ ဝန်ထမ်းဆောင်ပါက တစ်သိန်းကျပ်၊ နှစ်နှစ်တာဝန် ထမ်းဆောင်ပါက နှစ်သိန်းကျပ်၊ သုံးနှစ်တာဝန်ထမ်း ဆောင်ပါက သုံးသိန်းကျပ် အပြည့်အဝချီးမြှင့်မည်ဟု လျှို့ဝှက်ထုတ်ပြန်သည့် အရန်တပ်ဖွဲ့ဥပဒေတွင်ဖော် ပြထားသည်။
ယင်းလျှို့ဝှက်ထုတ်ပြန်သည့် အရန်တပ်ဖွဲ့ဥပဒေတွင် စစ်ခေါင်းဆောင်၏ သဘောတစ်ခုတည်းဖြင့် တာဝန် ထမ်းဆောင်သူများ၏ စစ်မှုထမ်းသက်ကို အတိုး အလျော့ပြုလုပ်နိုင်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ပုံစာ- အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း က ပုသိမ်မြို့ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ၂၀၂၃ ဒီဇင်ဘာလအတွင်းက တွေ့ဆုံစဉ်
#စစ်ကောင်စီ #အရန်တပ်ဖွဲ့ #ဥပဒေ #စစ်မှုထမ်းဟောင်း #အရာရှိများ #နေပြည်တော် #ဆင့်ခေါ်ခံရ #Ayeyarwaddy_Times

ထိန်းချုပ်ခံထားရတဲ့ ရုရှားပိုင် ဒေါ်လာ ၂၈၀ ဘီလီယံရဲ့ အမြတ်အစွန်းတွေကို ယူကရိန်းအတွက် အသုံးပြုဖို့ အမေရိကန်နဲ့ပြင်သစ် သဘောတူ
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ယူကရိန်းနိုင်ငံကို ကူညီဖို့ ထိန်းချုပ်ခံထားရတဲ့ ရုရှားနိုင်ငံပိုင်ပစ္စည်းတွေကို အသုံးပြုရေး ပြင် သစ်သမ္မတ အီမန်နူရယ်မေခရွန်နဲ့ သဘာတူညီမှုရရှိခဲ့တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါ တယ်။
အနောက်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ပစ္စည်းတွေကရတဲ့ အမြတ်အစွန်းတွေကို ယူက ရိန်းအတွက် ဘယ်လို အသုံးပြုရမယ်ဆိုတာ G7 နဲ့ ဉရောပသမဂ္ဂအဖွဲ့က စဉ်းစားနေပါတယ်။
ရုရှားပိုင် အမေရိကန်ဒေါ်လာ ၂၈၀ ဘီလီယံကျော်ကို ကမ္ဘာတစ်ဝှမ်း ထိန်းချုပ်ထားပြီး အများစု ကို ဉရောပသမဂ္ဂက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အဆိုပါ ရုရှားပိုင် ထိန်းချုပ်ထားတဲ့ငွေကြေးတွေကရတဲ့ အမြတ်အစွန်းတွေက နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံမှ ၃ ဒသမ ၅ ဘီလီယံအထိ ရှိပါတယ်။
အမေရိကန်နိုင်ငံက အကြံပြုတဲ့ အကြံအစည်တစ်ခုမှာ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေကြေးတွေ ရဲ့ အတိုးတွေကို ယူကရိန်းနိုင်ငံအတွက် အသုံးပြုဖို့ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေ ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ငွေကြေးတွေကရတဲ့ အမြတ်အစွန်းတွေကို အ ခြားတိုင်းပြည်ထံ လွှဲပြောင်းပေးတာ ခိုးမှုမြောက်တယ်လို့ ရုရှားက ပြောပါတယ်။
ရုရှားပိုင် ထိန်းချုပ်ထားတဲ့ ငွေကြေးတွေကို အသုံးပြုတာကို တိုင်းပြည်အချို့က စိုးရိမ်မှုတွေရှိပေ မယ့် အမေရိကန်နဲ့ G7 မိတ်ဖက်တွေက ထိုအစီအစဉ်ဖော်ဆောင်ရာမှာ တိုးတက်မှုရှိနေပြီလို့ အမေရိ ကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကိုးကား - TRT World
Ref; Biden, Macron agree to seize profits of $280B in Russian assets for Ukraine

တပ်မိသားစုဝင်များပါလာတဲ့ စက်လှေကို တပ်အရာရှိတွေကပစ်ခတ်လို့ စက်လှေနစ်မြုပ်
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်စခန်းတွေက ဆုတ်ခွာပြီး ကမ်းထိုးရေယာဉ်ဆီသို့ စက်လှေနဲ့လာရောက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို ကမ်းထိုး ရေယာဉ်ပေါ်မှ အရာရှိတွေက သေနတ်ဖြင့်ပစ်ခတ်ခဲ့တာကြောင့် ပြန်လှည့်ပြေးရာ စက်လှေတိမ်းမှောက်ပြီး လူများပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်စခန်းတွေက ဆုတ်ခွာပြီး ကမ်းထိုးရေယာဉ်ဆီသို့ စက်လှေနဲ့လာရောက်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို ကမ်းထိုး ရေယာဉ်ပေါ်မှ အရာရှိတွေက သေနတ်ဖြင့်ပစ်ခတ်ခဲ့တာကြောင့် ပြန်လှည့်ပြေးရာ စက်လှေတိမ်းမှောက်ပြီး လူများပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်ကောင်စီတပ်သားများ ခွင့်မဲ့ပျက်ကွက်ပါကတောခိုသည်ဟုဆိုကာ ငွေတောင်း
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက်အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်း၌ စစ်ကောင်စီတပ်သားများ ခွင့်မဲ့ထွက်ခွာပါကတောခိုသည်ဟုအကြောင်းပြကာ မိသားစုဝင်များကိုဖမ်းဆီးပြီး ငွေတောင်းခံမှုများရှိနေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်း ရှိ စစ်ကောင်စီတပ်သားများအနေဖြင့် ပြီးခဲ့သည့်ဇွန်လပထမအပတ်ကစပြီး တပ်အပြင်ပသို့အကြောင်းကိစ္စမရှိဘဲမထွက်ခွာရန်နှင့် ထွက်ခွာသူများအနေဖြင့် ခွင့်မဲ့ပျက်ကွက်ဟုသတ်မှတ်ပြီး ငွေကျပ်သိန်း(၂၀)ထက်မနည်း တောင်းယူနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“နတခအတွင်းနဲ့လက်အောက်ခံတပ်ရင်းတွေကတပ်သားကနေအရာရှိပိုင်းအထိ အခုဇွန်လကစပြီးတော့ ဘာအကြောင်းမှမရှိပဲ တပ်အပြင်လုံးဝထွက်ခွင့်မပေးတော့ဘူး။ တကယ်လို့တပ်အပြင်ထွက်တာသိတာနဲ့ ခွင့်မဲ့သတ်မှတ်မယ်။နောက်ပြီးတောခိုတယ်ဆိုပြီးတော့ တပ်ထဲကမိသားစုဝင်တွေကိုဖမ်းမယ်။ ဒဏ်ငွေသိန်း (၂၀)လည်းပေးရမယ်ဆိုပြီးပြောထားတယ်”ဟု အနောက်တောင်တိုင်း တပ်စစ်ဌာနချုပ်နှင့်
နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် မေလ(၃)ရက်နေ့က တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို တန်းပြည့်စစ်မှုထမ်းသူများအဖြစ် အာဏာသိမ်စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ထားသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် တပ်
အပြင်သို့ခွင့် ယူထွက်ခွာသူသူတပ်သားအဆင့်မှဒုဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်းကို တပ်ရေးအရာရှိဗိုလ်ကြီးဟိန်းထက်မှ ခွင့်မဲ့ပျက်ကွက်သူများဟုသတ်မှတ်၍ မိသားစုဝင်များကိုဖမ်းဆီးကာ ငွေကျပ်သိန်း(၂၀)တောင်းယူ၍တပ်လိုင်းခန်းအတွင်းမှအတင်းအကျပ်ဖယ်ရှားမှုများပြုလုပ်နေကြောင်းလိုင်းခန်းဖယ်ရှားခံရသည့်တပ်တွင်းမိသားစုဝင်များက ပြောဆိုသည်။
“အိမ်မှာအဘွားနာရေးဖြစ်လို့ခဏခွင့်ယူပြီးပြန်သွားတာ။ခွင့်လေးရက်ပဲယူထားတာ။ခွင့်ရက်တောင်မပြည့်သေးဘူး။တပ်ပြေးလုပ်တယ်။ခွင့်မဲ့ပျက်ကွက်တယ်ဆိုပြီးတော့တအိမ်လုံးကိုတပ်အချုပ်လုပ်ခံရတယ်။အမှန်တကယ်ကအကြောင်းမဲ့အရေးယူခံရတာ။ပြန်လွှတ်ချင်ရင်သိန်း၂၀ပေးဆိုလို့အိမ်မှာရှိတဲ့လက်ဝတ်လက်စားတွေအကုန်ရောင်းပြီးပေးလိုက်တာ။ပိုက်ဆံလည်းရတော့ တပ်ကနေနှစ်ရက်အတွင်းထွက်ရမယ်ဆိုပြီးမောင်းထုတ်ခံရကော။ ကျွန်မလိုပဲ တပ်ထဲမှာ အပြင်ကိုမောင်းထုတ်ခံရတဲ့တပ်မိသားစု တွေအယောက်၂၀ကျော်လောက်ရှိနေပြီ”ဟု တပ်လိုင်းခန်းမှ ဖယ်ရှားခံရသည့် တပ်မိသားစုဝင်တစ်ဦးကဆိုသည်။
ထို့အပြင် ပုသိမ်အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းနှင့် လက်အောက်ခံတပ်ရင်းများရှိ တပ်တွင်းမိသားစုဝင်များထဲ၌ စစ်မှုထမ်းအရွယ်ရောက်သူများရှိပါက စစ်မှုထမ်းရန်အတွက် ပြီးခဲ့သည့်မေလနောက်ဆုံးအပတ်ကစပြီး ခေါ်ယူနေကြောင်း သိရသည်။
#အနောက်တောင်တိုင်းစစ်ဌာနချုပ် #စစ်
ကောင်စီတပ်သားမျခွ #ခွင့်မဲ့ပျက်ကွက်ပါ #တောခိုသည်ဟုဆိုကာငွေတောင်း #Ayeyarwaddy_Times