Ayeyarwaddy Times
32K subscribers
19.4K photos
439 videos
3 files
2.03K links
For Freedom Justice & Peace
Download Telegram
စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည်

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

စစ်ကောင်စီကကျင်းပရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်း အတာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို သတ်မှတ်ရက်အတွင်း လုပ်ဆောင်မည်ဖြစ်ပြီး ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည်ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားရန် စီစဉ်နေပြီး ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်လည်း စစ်ကောင်စီခန့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌက ရက်တိုးကောက်မည့်ကိစ္စ ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက် ထားကြရန် လိုအပ်သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ဆိုသည်။

“လက်ရှိအခြေအနေမှာ သန်းခေါင်စာရင်းကောက်မယ့်ကိစ္စဟာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့ အကျိုးအကြောင်းတွေ အများကြီးရှိတယ်။ နံပတ်တစ် အချက်ကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးအခြေအနေပါ။ ကောက်တဲ့သူအတွက်ရော၊ အကောက်ခံရမယ့် သူတွေအတွက်ရော လုံးဝကောက်လို့မရတဲ့ အခင်းအကျင်းပေါ့” ဟု နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်ရမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ငွေကြေးနှင့် နည်းပညာ ပံ့ပိုးကူညီပေးခဲ့သော ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) သည် စစ်ကောင်စီ ကောက်ယူရန် ကြိုးပမ်းနေသည့် သန်းခေါင်စာရင်း ကိစ္စရပ်တွင် လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

ထို့ကြောင့် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါရှိဘဲ ပြည်တွင်းအင်အား ဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် လက်ရှိစိန်ခေါ်မှုများ၊ အခက်အခဲများကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် စစ်ခေါင်းဆောင်က မကြာခဏ ထည့်သွင်းပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာများအရ သိရသည်။

“မြေပြင်မှာ အကုန်လုံးက ကိုယ့်အိမ်ကိုယ့်ယာမှာ မနေကြရဘဲ ရွှေ့ပြောင်း နေထိုင်ကြရတယ်။ နောက်ပိုင်ဆိုင်မှု အထောက်အထားတွေလည်း ဆုံးရှုံးပျက်စီးခံရတာ များတဲ့အခါကျတော့ ကိုယ်ဖြည့်ချင်တဲ့ အချက်တွေကို ဖြည့်ပြီးတော့ သန်းခေါင်စာရင်းလို့ ကြေညာရင်တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် မြေပြင်မှာ အချက်အလက် အမှန်ရဖို့ကတော့ စစ်ကိုင်းတိုင်းလို နေရာမျိုးဆိုရင် ပိုလို့တောင်မှ မဖြစ်နိုင်တဲ့ အနေအထားရှိတယ်” ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လက်ရှိအချိန်ထိ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသလို ကမ္ဘာ့နိုင်ငံများနည်းတူ ၁၀ နှစ်လျှင်တစ်ကြိမ် ပုံမှန်ကောက်ယူသည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းအတွက် ၎င်းတို့ထိန်းချုပ်ရာ ဒေသအချို့တွင် အကြိုကောက်ယူမှုများပြုလုပ်ခဲ့ရာ တိုက်ခိုက်မှုများ ကြုံတွေ့ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အိမ်ထောင်စုအရေအတွက်ကို ခန့်မှန်းတွက်ချက်ထားပြီး သန်းခေါင် စာရင်းယူနစ် ၈၀,၀၀၀ ခန့်နှင့် စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်ရှိကာ သန်းခေါင် စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ဦးခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားကြောင်း စစ်ကောင်စီက ဆိုသည်။

ယင်းအနက် စစ်ကောင်စီက နေပြည်တော်ကောင်စီတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁,၀၉၄ ဦး ခန့်ထားရန်ရှိသလို သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (CAPI) ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

“ဒါတို့ သူတို့ စကားအဖက်တင်ခံပြီး ပြောတာဖြစ်တယ်။ လုံးဝမဖြစ်နိုင်တဲ့ဟာကို အတင်းအဓမ္မ ကောက်ခဲ့လို့ရှိရင်လည်း အဲဒီစာရင်းတွေဟာ လုံးဝကို မှားယွင်းပြီး အရင်စာရင်းတွေနဲ့ ဖြည့်စွက်ပြီးတော့ ဝန်ထမ်းတွေကို လိမ်ထားတာသက်သက်ပဲ ဖြစ်တယ်။ အလိမ်အညာပဲ ဖြစ်လိမ့်မယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရန်းက ပြောသည်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေ စာရင်းကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ပြီး သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းနှင့် ဆင့်ပွားသင်တန်း အဆင့်ဆင့်ကို လာမည့် ဩဂုတ်မှစ၍ လည်းကောင်း ၊ ဗဟိုအဆင့် နည်းပြသင်တန်းအား နေပြည်တော်တွင် လည်းကောင်း စသည်တို့ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ၂၀၂၅ မှာ နိုင်ငံရေးချို့ကွေ့မှုတစ်ခု လုပ်မယ်လို့ ခန့်မှန်းတယ်။ ဥပမာ- ရွေးကောက်ပွဲလိုမျိုးပေါ့။ ဒါမျိုးကို သူတို့ထွက်ပေါက်ရှာပြီး လုပ်ချင်တဲ့သဘောတော့ ရှိပုံပေါက်တယ်။ ဒါကြောင့်မို့ လက်ရှိသူတို့ သန်းခေါင်စာရင်းကိစ္စကို တွန်းပြီး လုပ်နေတယ်လို့ ယူဆပါတယ်” ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောသည်။

စစ်ခေါင်းဆောင်ကမူ ၎င်းတို့ပြုလုပ်ရန် ရည်ရွယ်ထားသော ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်ရေးကို ယခု ၂၀၂၄ ခုနှစ်အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်ပါက ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လက ရုရှားမီဒီယာ ITAR-TASS Media နှင့် တွေ့ဆုံအင်တာဗျူးရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဓာတ်ပုံ-စစ်ကောင်စီ

ပုံစာ- သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ဇွန် ၆ ရက်က မုံရွာမြို့တွင် ပြုလုပ်သော တွေ့ဆုံပွဲ

#စစ်ကောင်စီ #ရွေးကောက်ပွဲ #သန်းခေါင်စာရင်းကောက်ယူ #သတ်မှတ်ရက် #ရက်တိုးမြှင့်မည် #Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ရန် ညီနောင်မဟာမိတ်အဖွဲ့ သတိပေး

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ ပြည်သူလူထုတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို အမြန်ဆုံးချက်ချင်းရပ်တန့်ရန် ညီနောင်မဟာမိတ်အဖွဲ့က သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ မလေးရှား တောင်းဆို

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေးအရ ပထုတ်ထားတာကို အဆုံးသတ်ဖို့ မလေးရှား နိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်မထမ်းဆောင်မီ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တောင်း ဆိုလိုက်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် လိုက်နာဖို့ အရေးကြီးကြောင်း အန်ဝါက ထောက်ပြခဲ့ပြီး ငြိမ်းချမ်းရေး၊ ထိရောက်သော လူသားချင်းစာနာမှု ယန္တယားနဲ့ သက်ဆိုင်သူတွေကြား အမှန်တစ်ကယ် နိုင်ငံရေး ထိတွေ့ဆက်ဆံမှုဖြစ်ရေး တွန်းအားပေးရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ ဆွေးနွေးဘက်မိတ် ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်မယ့် မလေးရှားနိုင်ငံရဲ့ ကတိကဝတ်ကို ဖော်ပြခဲ့ပါတယ်။

“ကျွန်တော်တို့ ရင်ဆိုင်ရမယ့် ခက်ခဲသော စိန်ခေါ်မှုတစ်ခုက သေဆုံးမှုတွေ၊ အိုးအိမ်စွန့်ခွာရမှု တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာ့အကျပ်အတည်းဖြစ်ပါတယ်” လို့ ဇွန်လ ၆ ရက်ကပြုလုပ်တဲ့ ၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာမှာ သူက ထည့်သွင်းပြောပါတယ်။

အာဆီယံအဖွဲ့က မြန်မာနိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ အကူအညီပေးရမှာဖြစ်ကြောင်း၊ မြန်မာနိုင် ငံရှိ အဖွဲ့အစည်းပေါင်းစုံကသာ ထိုလုပ်ငန်းစဉ်ကို လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

“မြန်မာပြည်သူတွေအတွက် ဘာက အကောင်းဆုံးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ခွင့်ရှိ တဲ့ နေရာမှာမဟုတ်လို့ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေအနေနဲ့ တတ်နိုင်သလောက် ကူညီဖို့ပဲရှိပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တိုင်းပြည်အနာဂတ်နဲ့ပတ်သက်လို့ ခက်ခဲ သော ဆွေးနွေးမှုတွေ အစပြုလာတယ်လို့ အန်ဝါအီဘရာဟင်က ဆိုပါတယ်။

“အာဆီယံပဋိညာဉ်ကို အဖွဲ့ဝင်နိုင်ငံတစ်ခုက ချိုးဖောက်နေတယ်လို့ ယုံကြည်လောက်တဲ့ အ ကြောင်းရင်းရှိရဲ့သားနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ ပျက်ကွက်တယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ တာဝန်ပျက် ကွက်မှုပဲဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကိုးကား - The Straits Times
Ref; Malaysian PM Anwar calls for an end to violence in Myanmar

#Ayeyarwaddy_Times
ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ စစ်ကောင်စီတပ်သားတစ်ဦး အလင်း၀င်

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံ မေလနောက်ဆုံးပါတ်အတွင်းက စစ်ကောင်စီတပ်မှ တပ်သားအဆင့်ရှိသူတစ်ဦးအလင်း၀င်ခဲ့ကြောင်း ပကဖ တာ၀န်ရှိသူထံမှသိရသည်။

"မေလ ၂၉ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၄၄၄ ကနေပြီးတော့ ချိတ်ဆက်ပြီးအလင်း၀င်လာတာပါ။ သူ့ကို စိစစ်လက်ခံပြီးတော့ လုံခြုံတဲ့နေရာကို ရောက်အောင်ခေါ်ခဲ့တယ်"ဟု ပုသိမ်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အလင်း၀င်လာသူ စစ်ကောင်စီတပ်သားဆိုသူမှာ ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ အလင်း၀င်ရန် ၂၀၂၄ မေလ ၂၉ရက်နေ့တွင်စတင်ချိတ်ဆက်ခဲ့သူဖြစ်ပြီး ယခု လုံခြုံစိတ်ချရသောနေရာကို ရောက်ရှိပြီ ဖြစ်သောကြောင့် သတင်းထုတ်ပြန်ခြင်းဖြစ်ပြီး အမည်အရင်းအပါအ၀င် အချက်အလက်များနှင့် ပတ်သတ်ပြီး ကျန်ခဲ့သောမိသားစု၀င်များ၏ လုံခြုံရေးအရ ဖော်ပြနိုင်ခြင်းမရှိကြောင်း ပကဖ တာ၀န်ခံကပြောသည်။

အလင်း၀င်ရောက်လာသူ စစ်ကောင်စီတပ်သားကို ပုသိမ်မြို့နယ်ပကဖမှ ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပြီး လက်ရှိတွင် CDMနှင့်သက်ဆိုင်သောကိစ္စများနှင့် စားသောက်ရေးကို တာ၀န်ယူပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၀င်များ CDMပြုလုပ်ခြင်းကို ချိတ်ဆက်ကူညီပေးခဲ့ပြီး လက်ရှိတစ်နှစ်အတွင်း စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့၀င်စုစုပေါင်း၁၀ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

#ပုသိမ်မြို့ #ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ #စစ်ကောင်စီတပ်သားတစ်ဦး #အလင်း၀င် #Ayeyarwaddy_Times
မြန်မာစစ်ကောင်စီကို အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မဖိတ်ကြား

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာဒေသမှ တိုင်းပြည်ခုနှစ်ခုမှ ခေါင်းဆောင်တွေ ဟာ တနင်္ဂနွေနေ့မှာကျင်းပမယ့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ တတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မယ်လို့ အစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူလ်တန်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ မောရစ်သျှနဲ့ ဆေးရှဲလ်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ မျှော် လင့်ရကြောင်း တရားဝင် ကြေညာချက်က ဆိုပါတယ်။

အရင်က နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ဖူးတဲ့ ပါကစ္စတန်နဲ့မြန်မာကို တော့ ယခုအဆိုပါအခမ်းအနားသို့ မဖိတ်ကြားဘူးလို့ သိရပါတယ်။

တောင်အာရှ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအသင်း (SARRC) အဖွဲ့ဝင်နိုင်ငံအားလုံးကို ဖိတ်ကြားခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ်ဇ်ရှာ ရစ်ဖ် တက်ရောက်ခဲ့ပါတယ်။

ဘင်းစတက်ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန် ဆိုပွဲမှာ မြန်မာနိုင်ငံမှ ခေါင်းဆောင်လည်း တက်ရောက်ခဲ့ဖူးပါတယ်။

အိန္ဒိယနိုင်ငံက ကဘူးလ်မြို့တော်ရှိ တာလီဘန်အစိုးရကို အသိအမှတ်မပြုတာကြောင့် အာဖဂန် နစ္စတန်နိုင်ငံကို မဖိတ်ကြားတာကတော့ မေးစရာမလိုပေ။

မြန်မာနိုင်ငံဟာ စစ်တပ်နဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပြည် တွင်းစစ် ဖြစ်ပွားနေလို့ နာရင်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို မဖိတ်ကြားတာဖြစ်ပါ တယ်။

နယ်စပ်တစ်လျှောက် အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ၂၀၁၉ ခုနှစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပါကစ္စတန်နိုင်ငံကို မဖိတ်ကြားခဲ့ပေ။ နာရင်ဒရာမိုဒီ ရွေးကောက်ပွဲမှာ အနိုင်ရရှိလို့ ဝမ်းမြောက်ကြောင်း သဝမ်လွှာကို ပါကစ္စတန်နိုင်ငံက မပေးပို့သေးဘူးလို့ သိရပါတယ်။

ကိုးကား - Times of India
Ref; 7 neighbouring nations' leaders to attend Modi's swearing-in

#Ayeyarwaddy_Times
စစ်ကောင်စီက ဒေါ်လာရရှိရန်အတွက် ယခင်နှစ်ထက် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်းတင်ပို့နိုင်ရန် မျှော်မှန်းနေ

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

စစ်ကောင်စီသည် နိုင်ငံခြားငွေရရှိရေးအတွက် ပို့ကုန်တင်ပို့နိုင်ရန် အရေးကြီးသဖြင့် ယမန်နှစ်ထက် ယခုနှစ်ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅သန်း ပိုမိုတင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်ပို့ခဲ့သည့်အတွက် အမေရိကန်ဒေါ်လာ ၈၄၅ ဒသမ ၆၆ သန်းပို့ကုန်ရငွေရရှိကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်းတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းအဆမတန် တက်နေချိန်တွင် ဒေါ်လာရရှိရေးအတွက် ဆန်ကိုပိုမိုတင်ပို့မည်ဆိုသောကြောင့် ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်မည်ကို ပြည်သူများက စိုးရိမ်ကြောင်း ပြောဆိုကြသည်။

ဇွန် ၄ ရက်နေ့မှစတင်ကာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ရှစ်ခုမှ ဆန်တန်ချိန် ၉၁၁၂၀ တင်ပို့သွားမည်ဖြစ်ပြီး ထပ်မံ၍ဆန်တန်ချိန် ၇၄၀၀၀ တင်ပို့ရန်စောင့်ဆိုင်းနေကြောင်း သိရသည်။

“ဆန်ကြမ်းပေါ့ ဧည့်မထက အခုဆန်ကြမ်းဈေးက အရမ်းမတက်ဘူး။ သူ့ဈေးနဲ့သူတော့ရှိတယ်။ ဒါပေမဲ့ အခုလို export ပို့မယ်ဆိုရင် ကုန်သည်တွေဆင်းဝယ်လို့ ဈေးတက်ရင်လည်းတက်နိုင်တယ်။ အခုထိတော့ ရုတ်တရက် ဈေးမြင့်သွားတာမျိုးမရှိသေးဘူး။ စောင့်ကြည့်ရမှာပေါ့” ဟု ဆန်လက်လီလက္ကားရောင်းသူတစ်ဦးက ပြောကြား သည်။

လက်ရှိတွင်ဆန်အချော ( ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းမျိုးဝင်) များက တဖြည်းဖြည်းဈေးမြင့်လာပြီး ဆန်အချော စားသူများက ဆန်အကြမ်း ( ဧည့်မထ) ကို ရောနှောစားသုံးလာကြပြီး အခြေခံအလုပ်သမားများအနေဖြင့်လည်း ဆန်ကြမ်းကိုသာ ဦးစားပေးစားသုံးနေကြရကြောင်း ဆန်လက်လီလက္ကားဆိုင်များထံက သိရသည်။

ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းသည် အမြင့်တွင်ပင်ရှိနေပြီး ပုံမှန်အရောင်း အဝယ်ရှိ ကြောင်းသိရသည်။ Export ပိုသည့်ဆန်အမျိုးအစား ဧည့်မထဆန်ဈေးသည် ယခုနှစ်တွင် ဆန်တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ဝန်းကျင်ရှိကာ ပြီးခဲ့သည့်နှစ်က ဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ မှ ကျပ် ၇၀၀၀၀ ကြားရှိသဖြင့် တစ်နှစ် အတွင်း ကျပ်နှစ်သောင်းဝန်းကျင် ဈေးမြင့်တက် လာခြင်းဖြစ်သည်။

“အခုကတော့အထွေထွေအကျပ်အတည်းဖြစ်နေကြတာပေါ့။ ပြည်သူကလည်း အချို့ဆို ဆန်ကွဲတောင် ဝယ်စားနေရတယ်။ စစ်ကောင်စီကလည်း ဒေါ်လာလိုတော့ ရောင်းလို့ရတာအကုန်ရောင်းဖို့ ကြိုးစားနေတယ်။ အစစအရာရာ ဈေးတက်နေတော့ ပြည်သူတွေဘဝကတော့ ပိုပြီးဆိုးကြဖို့ပဲရှိမှာပါ” ဟု အသေးစားဆန်စက်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူ များပြားနေရာ မိုးတွင်းကာလ စိုက်ပျိုးရာသီရောက်ချိန်တွင် လယ်ယာလုပ်ငန်းခွင်ဝင်ရန် လယ်ယာလုပ်သားနှင့် အခြေခံအလုပ်သမားရှားပါးနေကြောင်းလည်း တောင်သူလယ်သမားများက ပြောကြားသည်။

#စစ်ကောင်စီ #ဒေါ်လာ #ယခင်နှစ်ထက် #ဆန်နှင့်ဆန်ကွဲ #တန်ချိန်၂ဒသမ၅သန်း #တင်ပို့နိုင်ရန်မျှော်မှန်း #Ayeyarwaddy_Times
တီးတိန်-ရိဒ် ဆက်သွယ်ထားသည့် မံဆောင်းတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

ဧရာဝတီတိုင်းမ်
(တီးတိန်)၊ ဇွန် ၈ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ တီးတိန်-ရိဒ်ခေါဒါရ်မြို့ကို ဆက်သွယ်ထားသည့် မံဆောင်းတံတားကို စစ်ကောင်စီက ယနေ့ ဇွန်လ ၈ ရက်နေ့၊ မနက် ၈ နာရီအချိန်တွင် ဖောက်ခွဲဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မံဆောင်းတံတားသည် တီးတိန်မြို့နယ် လမ်ဇန်ကျေးရွာနှင့် လိုင်တွီးကျေးရွာကြားတွင် တည်ရှိပြီး အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအတွက်လည်း အဓိက ဆက်သွယ်အသုံးပြုထားသည့် တံတားဖြစ်သည်။

အဆိုပါ မံဆောင်းတံတားကို တီးတိန်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ မနက်ပိုင်းတွင် မိုင်းဖြင့် ဖောက်ခွဲဖျက်စီးသွားခြင်းဖြစ်သည်။

"တီးတိန်မြို့ထဲက စစ်သားတွေ ဖောက်ခွဲဖျက်ဆီးလိုက်တာပါ။ တံတားက အသုံးပြုလို့မရတော့ဘူး။ ကျိုးကျ ပျက်စီးသွားပါပြီ။"ဟု တီးတိန်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် တီးတိန်မြို့နှင့် သုံးမိုင်ခန့် ကွာဝေးသည့် လမ်ဇန်ကျေးရွာကိုလည်း သေနတ်မိုးပေါ်ထောင်ဖောက်ပြီး ဝင်ရောက်စီးနင်းကာ ဒေသခံအချို့ကိုလည်း ဖမ်းဆီးထားကြောင်း သိရှိရသည်။

"တံတားဘက်အသွားမှာ ရွာထဲဝင်လာပြီး လူငယ်တွေကို ဖမ်းဆီးသွားတာပါ။ ဖမ်းတဲ့လူတွေကို ရွာထဲက အိမ်တစ်အိမ်မှာ စုခိုင်းထားတယ်။ စစ်သားတွေ တံတားဖောက်ခွဲပြီးအပြန်မှာ အကုန်လုံးပြန်လွတ်ပေးတယ်။"ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တီးတိန်မြို့တွင် ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးသည့် အရပ်သား နေအိမ် ၈၀ ထက်မနည်း မီးလောင်ပြာကျသွားပြီး ဒေသခံပြည်သူများသည် ဘေးရာကို ထွက်ပြေးတိမ်းရှောင်ရာမှ ပြန်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

#တီးတိန်ရိဒ် #မံဆောင်းတံတား #စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး #Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
"မြန်မာ့ချန်ပီယံ သွေးသစ်ဝင်းလှိုင် ဘာကြောင့် ထိုင်းဖိုက်တာကို ရှုံးခဲ့သလဲ"(အသံလွှင့်ဆောင်းပါး)

ဧရာ၀တီတိုင်းမ်
ဇွန် ၈ ရက်

ဒီတပတ်မှာတော့ ဆောင်းပါးရှင် စစ်ဝေးသော် ရေးသားထားတဲ့ "မြန်မာ့ချန်ပီယံ သွေးသစ်ဝင်းလှိုင် ဘာကြောင့် ထိုင်းဖိုက်တာကို ရှုံးခဲ့သလဲ"ဆိုတဲ့ ဆောင်းပါးကို အသံလွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
စစ်မှုထမ်းရန်အတွက် စာရင်းမပေးတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ လစာနဲ့ အသုံးစရိတ် အဖြတ်ခံရ

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဇွန်လပထမအပတ်ကစပြီး စစ်မှုထမ်းရန်အတွက် စာရင်းမတင်သွင်းတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ စာရေးဝန်ထမ်းတွေကို လစာနဲ့ အသုံးစရိတ် ဖြတ်တောက်ထားတယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times
ပြည်သူများသည် နိုင်ငံကိုပျက်စီးစေရန် လုပ်ဆောင်နေသည့် အရိပ်နေနေ အခက်ချိုးချိုး အကြမ်းဖက် အဖျက်သမားများဟု စစ်ခေါင်းဆောင်ပြော

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ခုခံတော်လှန်စစ်နှင့်ပတ်သက်၍ ပြည်သူလူထုသည် အရိပ်နေနေ အခက်ချိုးချိုး အကြမ်းဖက် အဖျက်သမားများဟု စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ ယမန်နေ့ ဇွန် ၇ ရက်က ပြုလုပ်သော စစ်ကောင်စီ အစည်းအဝေး (၃/၂၀၂၄)တွင် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ခုခံတော်လှန်စစ်ကို သက်ဆိုင်ရာ ဒေသခံပြည်သူများကသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့သည် မိမိဒေသကို ဖျက်ဆီးနေသော အရိပ်နေနေ၊ အခက်ချိုးချိုး ပြုလုပ်သူများဖြစ်ကြောင်း စစ်ခေါင်း ဆောင်က ထည့်သွင်းပြောဆိုသည်။

“ဒီလိုစကားမျိုး (စစ်ခေါင်းဆောင်) မင်းအောင်လှိုင် ပြောတာကတော့ ပြည်သူကို အတော်လေး စော်ကားရာ ရောက်ပါတယ်။ သူ့စိတ်ရင်းကို ဖော်ပြလိုက်သလိုပါပဲ။ ပြည်သူကျွေးတဲ့ ထမင်းကို စားနေသူတစ်‌‌ယောက်အနေနဲ့ ဒီစကားမျိုး မအောင့်နိုင်ဘဲ ထွက်လာတာ။ ဂရုစိုက်ရမှာ တစ်ခုတော့ရှိတယ်၊ သူ့ရဲ့ လက်ကိုင်တုတ်တွေက ပိုပြီး အတင့်ရဲလာမှာကိုပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း ရောက်ရာဒေသများတွင် ထိုအချက်ကို ပြည်သူလူထု သဘောပေါက်နားလည်အောင် စည်းရုံးပြောဆိုရန်နှင့် ၎င်းတို့အနေဖြင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

ယင်းကဲ့သို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုနေသော်လည်း အာဏာသိမ်းချိန်မှ ပြီးခဲ့သည့် ဇွန် ၇ ရက်အထိ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၅၂၄၀ ဦး သေဆုံးခဲ့ပြီး မတရား သဖြင့် ဖမ်းဆီးခံရသူ ၂၆၈၃၇ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားသည်။

“သေချာပါတယ်၊ အခုထက်ပို ပြင်းထန်အောင် လုပ်မယ့်အနေအထားပေါ့။ ဒါပေမယ့် ဒီထက်လဲ လုပ်စရာ လက်နက်ရော ဗျူဟာရော ကုန်နေပါပြီ။ ဒါထက် လုပ်လို့ ရသေးတယ်လို့ ခြိမ်းခြောက်ထားတာပါ။ တကယ်တော့ မရှိတော့ပါဘူး” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေ ၁ ရက်မှ ယခု ၂၀၂၄ ခုနှစ်၊ မေ ၁၅ ရက်အထိ ၂ နှစ် ကျော်ကာလအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၉၄ မြို့နယ်တွင် ၁၅၄ မှုရှိလာပြီး အရပ်သား ၁၅၀၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း စစ်ရေးပဋိပက္ခများကို လေ့လာစောင့်ကြည့်နေသည့် BNI - Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များအတွင်း အရပ်သား ၁၄၄၆ ဦးအထိ သေဆုံးခဲ့ရပြီး ထိုအနက် စစ်ကိုင်းနှင့် ရခိုင်တွင် အများဆုံးဖြစ်ကာ အရပ်သားများကို တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်မှုသည်လည်း ၇၆ ခုရှိ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ ၅၀ ရာခိုင်နှုန်း နီးပါးရှိကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ

#ပြည်သူများ #နိုင်ငံကိုပျက်စီးစေရန် #လုပ်ဆောင် #အရိပ်နေနေ #အခက်ချိုးချိုး #အကြမ်းဖက် #အဖျက်သမားများ #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times
စစ်ခေါင်းဆောင်က ဘင်းမ်စတက်အဖွဲ့ ၂၇ နှစ်ပြည့်ထံပေးပို့သည့်သဝဏ်လွှာ ဘင်းမ်စတက် ဝဘ်ဆိုဘ် တွင်ဖော်ပြဟု စစ်ကောင်စီ သတင်းထုတ်

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

စစ်ကောင်စီကိုအသိအမှတ်ပြုအစည်းဝေးများဖိတ်ကြားသော ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်-BIMSTEC) အဖွဲ့တည်ထောင်မှု ၂၇ နှစ်ပြည့်ကို စစ်ခေါင်းဆောင်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင် ယင်းအဖွဲ့ဝက်ဆိုဘ်တွင်ဖော်ပြခံထား ရကြောင်း ယနေ့ ဇွန် ၈ ရက်နေ့ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွင် ဖော်ပြထားသည်။

စစ်ခေါင်းဆောင်ပေးပို့သော သဝဏ်လွှာကို အခြားအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်များ၏ သဝဏ်လွှာနှင့်အတူ ဘင်းမ်စတက်အတွင်းရေးမှူးရုံး၏ တရားဝင်ဝက်ဆိုက်တွင် ဖော်ပြခံရကြောင်း ပါဝင်သည်။

အဆိုပါသဝဏ်လွှာတွင် ဘင်းမ်စတက်သည် ဒေသတွင်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအတွက် စင်္ကြံတစ်ခုအဖြစ်သာမက အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်နားလည်လေးစားမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု များကိုလည်း တိုးတက်ခိုင်မာစေကြောင်းပါဝင်သည်။

ထို့ပြင် အပြန်အလှန်အထောက်အကူပြုခြင်းဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းပြီး ဒေသတွင်းလူမှု စီးပွားတိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်းပါဝင်သည်။

ဘင်းမ်စတက် အဖွဲ့အစည်းတွင် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) တွင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံပါဝင်ပြီး ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်တွင်တည်ထောင်မှု ၂၇ နှစ်ပြည့်ပြီဖြစ်သည်။

ဘင်းမ်စတက် အဖွဲ့၏ လက်ရှိဥက္ကဌမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း တွင်ကျင်းပသော ထိပ်သီးညီလခံတက်ရောက်ရန် စစ်ကောင်စီခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားရန်ပြင်ဆင်ရာတွင် ထိုင်းနိုင်ငံရေးသမားများ၏ ကန့်ကွက်ခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ဘင်းမ်စတက် နိုင်ငံများကြား စားနပ် ရိက္ခာဖူလုံမှုရှိစေရေးနှင့်စားနပ်ရိက္ခာစနစ် ရေရှည်တည်တံ့ စေရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲကျင်းပပြီး အဖွဲ့ဝင်နိုင်ငံများ ဦးဆောင်ကျင်းပသော အစည်းအဝေးများ တက်ရောက်လျက်ရှိသည်။

ဓာတ်ပုံ - လူမှုကွန်ရက်

#ဘင်းမ်စတက် #၂၇ပြည့် #စစ်ခေါင်းဆောင်သဝဏ်လွှာပို့ #Ayeyarwaddy_Times