Ayeyarwaddy Times
32K subscribers
19.4K photos
439 videos
3 files
2.03K links
For Freedom Justice & Peace
Download Telegram
ရေဘေးနဲ့မြေပြိုမှုကြောင့် သေဆုံးသူ ၁၆ ဉီးအထိ ရှိလာလို့ သီရိလင်္ကာအစိုးရက စာသင်ကျောင်းတွေပိတ်လိုက်ပြီ

ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

သီရိလင်္ကာနိုင်ငံက နယ်မြေများစွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပွားတဲ့ ရေကြီးရေ လျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူဉီးရေဟာ ၁၆ ဉီးအထိ မြင့်တက်လာခဲ့ရာ စာသင်ကျောင်းတွေကို ပိတ်ပစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရာသီဥတု အခြေအနေပေါ်မူတည်ပြီး စာသင်ကျောင်းတွေကို ပြန်ဖွင့်မယ်လို့ သီရိလင်္ကာ ပညာ ရေးဝန်ကြီးဌာနက ကြေညာပါတယ်။

တနင်္ဂနွေနေ့နောက်ပိုင်း သီရိလင်္ကာနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ နေအိမ်တွေ၊ လယ်ကွင်းတွေနဲ့ လမ်းမကြီးတွေ ရေနစ်မြှုပ်ခဲ့လို့ ကြိုတင်ကာကွယ်မှုအဖြစ် အာဏာပိုင်တွေက လျှပ်စစ် ဓာတ်အား ဖြတ်တောက်ခဲ့ရပါတယ်။

ကိုလံဘိုမြို့တော်အနီးနဲ့ ခရိုင် ၃ ခုမှာ လူ ၁၂ ဉီး ရေနစ်သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ် စီမံ ခန့်ခွဲရေးဗဟိုဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။ နေအိမ်ပေါ် မြေပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံး ခဲ့သလို သစ်ပင်လဲလို့ လူတစ်ဉီး သေဆုံးခဲ့ပါတယ်။

ကိုလံဘိုမြို့တော်ရဲ့ အရှေ့တောင်ဘက် ၅၃ မိုင်ခန့်အကွာ ရတ်နာပူရမြို့မှာ နေအိမ်နှစ်လုံးပေါ် မြေပြိုကျမှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာနက ပြောပါတယ်။

ဇွန်လ ၃ ရက်မတိုင်မီ ပြည်သူ ၆၀၀၀ ကျော်ကို ရေဘေးရှောင်စင်တာတွေကို ရွှေ့ပြောင်းပေးခဲ့ပြီး နေအိမ် ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာနက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်ဖို့နဲ့ စားနပ်ရိက္ခာနဲ့ အခြားလိုအပ်တာတွေ ထောက်ပံ့ဖို့ ရေတပ်နဲ့ကြည်းတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေလလယ်ကတည်းက ဆိုးရွားသော ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်နေရပါတယ်။ အစောပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဒေသ များစွာမှာ သစ်ပင်တွေ ကျိုးကျခဲ့ရာ လူ ၉ ဦး သေဆုံးခဲ့ပါတယ်။

ကိုးကား - AP
Ref; Sri Lanka closes schools as the death toll from floods and mudslides rises to 16

#Ayeyarwaddy_Times
ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင်စာသင်ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူများရှိသလို ထိခိုက်ဒဏ်ရာရသည့် ကျောင်သားများပြား

ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၄ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်မြို့အဝင်တွင်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ ဇွန်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း မြို့ခံများထံမှသိရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကျောင်းသည် ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက် တွင်ရှိသည့် အခြေခံပညာမူလတန်းကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ နေ့လယ်ထမင်းစားဆင်းပြီး ကျောင်းပြန်တက်အချိန်ကြားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

"ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ကလေးတွေ ထိခိုက်ဒဏ်ရာရသူတွေကတော့ အရမ်းများတယ်" ဟု အိမ်ရှေ့ပြင်ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၂၀ ကျော် ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး သေဆုံးသူ များလည်း ရှိကြောင်း မြို့ခံများက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ကျောင်းသား ၊ကျောင်းသူများကို အရေးပေါ်လူနာတင်ယာဥ်များဖြင့် ထားဝယ်ဆေးရုံကြီးနှင့် တပ်နယ်ဆေးရုံများသို့ သယ်ဆောင်သွားကြောင်း သိရသည်။

"အရေးပေါ် ကားတွေနဲ့ ကလေးတွေကို ဆေးရုံသို့ ပို့နေကြတယ်။ အရေးပေါ်ကားတွေ ကလည်းအများကြီးပဲ။ ခြောက်စီးလောက်ရှိတယ်။ ဒဏ်ရာရတဲ့ သူနဲ့ သေဆုံးသူတွေကို သယ်နေကြတယ်"ဟု ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့အစည်းကပြုလုပ်ခဲ့ခြင်းဖြစ်သည်ကိုမူ ဧရာ၀တီ တိုင်းမ် သတင်းဌာနအနေဖြင့် သိရှိရခြင်း မရှိသေးပေ။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာမူလတန်းစာသင်ကျောင်း အနီးရှိ အိမ်ရှေ့ပြင်ဂိတ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့ရောညပါ အချိန်ပြည့် ကင်းပုန်းဝပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-အိမ်ရှေ့ပြင်ရပ်ကွက် ၊လမ်းဆုံ(ပုံဟောင်း)

#ထားဝယ်မြို့ #အိမ်ရှေ့ပြင်စာသင်ကျောင်း #ဗုံးပေါက်ကွဲမှုဖြစ်ပွား #သေဆုံး #ထိခိုက်ဒဏ် #ကျောင်းသားများပြား #Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
"အမေ..ဒီည အိုတီဆင်းရဦးမှာလား"(အမျိုးသမီးကဏ္ဍ အသံလွှင့်ဆောင်းပါး)

ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

ဒီတပတ်မှာတော့ ဆောင်းပါးရှင် မြရာနဲ့ နိုရာရေးသားထားတဲ့ "အမေ..ဒီည အိုတီဆင်းရဦးမှာလား"ဆိုတဲ့ အမျိုးသမီးကဏ္ဍဆောင်းပါးကို အသံလွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#အမျိုးသမီးကဏ္ဍ #အသံလွှင့်ဆောင်းပါး
#Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင် နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုး သမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစား သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိ ပေးအပ်ပါသည်။)
သိမ်ဇရပ်ရှိ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ ခရစ်ယာန် သီလရှင်အပါအဝင်၂ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းမ်
(သိမ်ဇရပ်)၊ ဇွန် ၄ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ် အမတ-၃၁၀ တပ်ရင်းနှင့် စစ်ဆေးရေးဂိတ်စခန်းတို့ ပြီးခဲ့သည့် ဇွန် ၂ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများနေထိုင်ရာ ကျေးရွာများ အတွင်း သို့ လက်နက်ကြီးအများအပြားဖြင့် ပစ်ခတ်ခဲ့ရာ ခရစ်ယာန်သီလရှင် တစ်ဦးအပါအဝင် နှစ် ဦး ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

တော်လှန်ရေးတပ်ဖွဲ့များက အမြောက်တပ် အမတ-၃၁၀ တပ်ရင်း နှင့် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများ အီနာဂါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီ တပ်သားအချို့ ထိခိုက်မှုများရှိခဲ့သည့်အတွက် အမတ-၃၁၀ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" အမတ-၃၁၀ တပ်ရင်းက ၁၂၀-မမ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကွင်းရွာက နေအိမ်တစ်လုံး လုံးဝပျက်စီးသွားပြီး အိမ် နှစ် လုံး လက်နက်ကြီးအစ ထိမှန်ခဲ့တယ်။ စစ်ကွင်းတစ်ရွာထဲကိုပဲ လက်နက်ကြီး ခြောက်လုံး ကျရောက် ပေါက်ကွဲ ခဲ့တယ်" ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများမှာ သုံးခွကျေးရွာရှိ ခရစ်ယာန် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် သီလရှင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့ပြီး ဝါးဒတ်ကွင်းကျေးရွာရှိ မောင်ဟိန်းမင်းသူ ဆိုသူမှာလည်း လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ တစ်နေ့ တည်းတွင် စစ်ကောင်စီ၏ အမတ-၃၁၀ တပ်ရင်းမှ လက်နက်ကြီး အလုံးရေ ၄၀ ကျော် ရမ်းသန်းပစ်ခတ်ခဲ့ပြီး မုက္ခမော့၊ ဝါးဂေါက်ကွင်းလမ်း၊ သုံးခွ၊ ဝါးဒတ်ကွင်းနှင့် ခရွဲကျေးရွာများ ဝန်းကျင်သို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲကြောင်း သိရသည်။

အမတ-၃၁၀ တပ်ရင်းသည် ယမန်နေ့ ဇွန် ၃ ရက်နေ့တွင်လည်း ၈၁-မမ လက်နက်ကြီး လေးလုံးဖြင့် ထပ်မံပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ မုက္ခမော့ နှင့် ခရွဲ ကျေးရွာ ဝန်းကျင် များသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ပုံစာ- ၁၂၀-မမ လက်နက်ကြီးထိမှန်ခဲ့သည့် နေအိမ်။

#သိမ်ဇရပ် #လက်နက်ကြီးကျရောက်ပေါက်ကွဲ #ဒေသခံနေအိမ် #အမတ၃၁၀ #ခရစ်ယာန်ဘုရားကျောင်း #Ayeyarwaddy_Times
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို ၁ ရက်အတွင်း ကျပ် ၇ သိန်းကျော်အထိ ဆွဲတင်

ဧရာဝတီတိုင်းမ်
‌ဇွန် ၄ ရက်

နာမည်ကြီးရွှေလုပ်ငန်းရှင်များ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA) က နေ့စဉ်သက်မှတ်သည့် အခေါက်ရွှေစျေးကို ၁ ရက်အတွင်း ကျပ် ခုနစ်သိန်းကျော်ဈေးဆွဲတင်ခဲ့သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းသည် ယနေ့ ဇွန် ၄ ရက်နေ့တွင် မီးလင်းရွှေ (အခေါက်) တစ်ကျပ်သားဈေးကို ကျပ် ၄,၈၇၁,ဝဝဝ ကျပ် အဖြစ် သတ်မှတ်ခဲ့ပြီး ယမန်နေ့ ဇွန် ၃ ရက်နေ့ ဈေးသတ်မှတ်ချက်တွင် အကယ်ဒမီ မီးလင်းရွှေ (အခေါက်) တစ်ကျပ်သားကို ၄,၁၃၆,၇၀၀ ကျပ်သတ်မှတ်ထားသဖြင့် တစ်ရက်အတွင်း ကျပ်ခုနစ်သိန်းကျော်မြှင့်တင်လိုက်ခြင်းဖြစ်သည်။

ပြင်ပရွှေဈေးကွက်တွင်မူ အကယ်ဒမီအခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ကျပ် သိန်း ၅၀ ပတ်ဝန်း ကျင်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ရွှေဆိုင်များအနေဖြင့် YGEA က သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချရန်‌ ထုတ်ပြန်ထားသော်လည်း ဈေးကွက်အတွင်း အကယ်ဒမီအခေါက်ရွှေ အရောင်း၊ အဝယ်မရှိကြောင်း ရွှေဆိုင်များထံက သိရသည်။

" ဒီကာလမှာ ကုန်သည်တွေကဆုံးမှာကြောက်တယ်။ ကြောက်တော့ အသင်းသတ်မှတ်‌ ဈေးထက် သုံးသိန်း၊ လေးသိန်းတင်ရောင်းကြတယ်။ အသင်းသတ်မှတ်ဈေးအတိုင်း ရောင်းရင်ကိုဖြစ်ပါတယ်။ ကြောက်တော့ ဈေးတအားခွာယူလိုက်ကြတယ်။ အဲဒီကြားထဲ ဈေးတက်ရင် ကြောက်ပြီးဝယ်ကြတယ်။ ဈေးကျတော့ ကြောက်ပြီးပြန်ရောင်းကြတယ်။ ဈေးက မထိန်းနိုင်တာဖြစ်နေတာ " ဟု မြောက်ဥက္ကလာရှိ အသေးစားရွှေဆိုင်ပိုင်ရှင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ရွှေဆိုင်အများစုမှနေ၍ အခေါက်‌ရွှေ အတုံး၊ အခဲများဝယ်ယူရာတွင် အဖမ်းခံရမည်စိုးရိမ်သဖြင့် ဈေးဝယ်ဘောင်ချာတွင် ပြင်ပ ပေါက်ဈေး အမှန်ကို ရေးခြင်းမရှိကြောင်း ရွှေဝယ်သူများထံက သိရသည်။

စစ်ကောင်စီက ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတုံးရောင်းချရာတွင် နာမည်ကြီးသည့် အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ အောင်သမာဓိရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်၊ ခရမ်းသုံးခွဲရွှေဆိုင်၊ စိန်ကျော်မိုးရွှေဆိုင်၊ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းပိုင်ရှင်တို့နှင့် ပွဲစားသုံးဦးကို အရေယူရန် ဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်နေသဖြင့် လျှို့ဝှက်သတင်းပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်လျက်ရှိသော တရားမဝင် ရွှေအရောင်းအဝယ်ပြုနေသည့် ပွဲစားများအပါအဝင်စုစုပေါင်း ၂၁ ဦးကို ဖမ်းဆီး ထားကြောင်း စစ်ကောင်စီကဆိုသည်။

ဓာတ်ပုံ - ဧရာဝတီတိုင်းမ်

#YGEA #ရွှေဈေးသတ်မှတ် #အကယ်ဒမီအခေါက်ရွှေ #တစ်ကျပ်သား #ကျပ်၄၈သိန်းသတ်မှတ် #Ayeyarwaddy_Times
နေပြည်တော်တိုင်းမှူးနှင့် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များကို အရန်အင်အားပို့ထားပြီး စကခမှူးများကို အခြေချစစ်ဗျူဟာများသို့ ပို့ဆောင်

မြရာ/ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ရေးအရ အရေးပါသည့် နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် ဗိုလ်ချုပ်များကို အရန်အင်အားသို့ပို့ဆောင်ပြီး အခြားအရေးကြီးသည့် ရာထူးနေရာများကိုပါ အပြောင်း‌အရွှေ့ပြုလုပ်ခဲ့သည်။

နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကို အရန်အင်အားသို့ပို့ပြီး ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းကို နေပြည်တော်တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး၊ စစ်လက်နက် ပစ္စည်း ညွှန်ကြားရေးမှူး၊ သံချပ်ကာ ယန္တယားတပ်ဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဆက်သွယ်ရေးရုံးညွှန် ကြားရေးမှူးများဖြစ်သည့် ဗိုလ်ချုပ် လေးဦးကိုလည်း အရန်အင် အားသို့ ပို့လိုက်ကြောင်း သိရသည်။

စစ်ကောင်စီက တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီးများကို အရန်အင် အားသို့ပို့၍ အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး အရန် အင်အားပို့ခံရသည့်အထဲမှ အချို့ကို တရား စွဲဆို ထောင်ချမည့် အစီအစဉ်များ လည်းရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

"စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉၊ စကခ ၁၇၊ စကခ ၁၅၊ စကခ ၈၊ စကခ ၆ က လူတွေကို လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ သုတေသန စစ်ရုံးချုပ်၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်၊ စစ်ဌာနချုပ်တွေကို ပြောင်းထားတယ်။ ဒုတပ်မမှူးတွေနေရာကို လေ့ကျင့်ရေးအရာရှိချုပ်(လကခ)တို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (နကတ) ပြောင်းလာတဲ့နေရာကလူတွေနဲ့ အစားထိုးထားတယ်။ ပြီးတော့ တပ်ရင်းမှူးတွေကိုလည်း အခြေချစစ်ဗျူဟာတွေကို ပို့ပစ်တယ်။ တစ်မြုံတစ်မကြီး အရွှေ့ခံရသလို ဖမ်းဆီးစစ် ဆေးတာတွေလည်းရှိတော့ တပ်အတွင်းမှာ တော်တော်လေး ဂယက်ထနေတယ်"ဟု ကာကွယ်‌ရေးစစ်ရုံးချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတာဝန်‌ထမ်းဆောင်နေသည့် လက်ရုံးတပ်မှ ညွှန်ကြားရေးမှူးများဖြစ်သည့် ဗိုလ်ချုပ်သက်အောင်၊ ဗိုလ်ချုပ်ထွန်းထွန်းဦး၊ ဗိုလ်ချုပ်ဝင်းလွင်တို့ကို အရန်အင်အားသို့ပို့ပြီး လစ်လပ်သွားသည့်နေရာများတွင် အခြားဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ် များကို အစားထိုးခန့် အပ်ခဲ့ကြောင်း သိရသည်။

ရာထူးမှဖြုတ်၍ အရန်အင်အားသို့ ပို့ဆောင်ထားသည့် ဗိုလ်ချုပ်များကို အဂတိ လိုက်စားမှု၊ ကျားဖြန့်လုပ် ငန်းများနှင့်ပတ်သက်ပြီး အရေးယူရန်ရှိကြောင်း သိရသည်။

ထို့အပြင် တပ်မမှူးအချို့နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခမှူး)၊ စစ်ဦးစီးတက္ကသိုလ် (ဥစတ)ရှိ စစ်ဦးစီး(ပထမတန်း) G1 များကိုလည်း ရာထူးအပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီး စုစု ပေါင်း ၃၆ ဦးခန့်ရှိကြောင်း သိရသည်။

တပ်ရင်းမှူး ဥစတ G 1 များကို အခြေချစစ်ဗျူဟာများ ဖြစ်သည့် တန့်ယန်း၊ မိုးမိတ်၊ ပူတာအိုစသည့် စစ်ရေးပြင်းထန်နေသည့် နေရာများသို့ ပြောင်းရွှေ့ခန့် ထားလိုက်ကြောင်း သိရသည်။

ထို့ပြင် စကခမှူးအများစုကိုလည်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်များသို့ ပြောင်းရွှေ့ ခန့်ထားမှုများလည်း ပြု လုပ်ထားသည်။

ယင်းအပြင် နိုင်ငံတော်စစ်ရုံးချုပ် ဒုတိယဗိုလ်မှူးကြီး ဘုန်းမြင့်ကိုလည်း ရာထူး အပြောင်းအရွှေ့စာရင်းတွင် ထည့်သွင်းထားကြောင်း သိရပြီး အလားတူ တပ်မ ၃၃၊ တပ်မ ၄၄၊ တပ်မ ၅၅ ၏ တပ်မမှူးနှင့် ဒုတပ်မမှူး နေရာများကိုလည်းပြောင်းလဲခန့် အပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ အပြောင်းအလဲများမပြုလုပ်ခင် ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို ရာထူးမှဖြုတ်ချပြီး ‌၎င်းနေရာကို ဗိုလ်ချုပ်ကိုကိုဖြင့် အစားထိုး ခန့်အပ်ထားသည်။

စစ်ကောင်စီသည် ဗိုလ်ချုပ်အောင်လင်းထွန်းကို လောက်ကိုင်အခြေစိုက် ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်း များ နှင့်ဆက်စပ်၍ ထောင်နှစ်ရှည်ချမှတ်ခဲ့သည်။

ထို့ပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်ချုပ်လှမိုးကိုလည်း တရုတ် အစိုးရ၏ ဖိအားပေးမှုအရ ဖမ်းဆီး၍ ပိုင်ဆိုင်မှုများကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။

ဓာတ်ပုံ -အရန်အင်အားပို့ခံရသည့် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်

#စစ်ကောင်စီ #နေပြည်တော် #တိုင်းမှူး #ဗိုလ်ချုပ်များ #အရန်အင်အားပို့ #ခံရ #G1 #အခြေချစစ်ဗျူဟာ #ပြောင်းရွှေ့ #Ayeyarwaddy_Times
အိမ်မဲမြို့တွင် စည်ပင်ဝန်ထမ်းများမှ ဆိုင် ကယ်များကိုဖမ်းဆီးစစ်ဆေးပြီ ဘီးခွန်ဒဏ်ရိုက်

ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

အိမ်မဲမြို့တွင် စည်ပင်ဝန်ထမ်းများမှ ဆိုငကယ်ယာဉ်လိုင်စင်များကို ဖမ်းဆီးစစ်ဆေးပြီ ဘီးခွန်များဒဏ်ရိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။

မြောင်းမြခရိုင် ၊ အိမ်မဲမြို့တွင်မေလ မှစပြီးဆိုင်ကယ်ဦးထုပ်ဖမ်းဆီခြင်းအပြင် စည်ပင်ဝန်ထမ်းများမှ ယာဥ်လိုင်စင်များစစ်ဆေးကာ ဘီးခွန်းများဖမ်းဆီးဒဏ်ရိုက်နေကြခြင်း ဖြစ်သည်။

"အရင်ကဆို ဦးထုပ်ပဲဖမ်းတာ ဒါကလက်ခံလို့ရပါတယ်။ အခုက စည်ပင်က ယာဉ်ထိန်းရဲလိုလုပ်နေတာ ဆိုင်ကယ်တွေတားတယ် ပြီးရင် ယာဉ်လိုင်စင်ပြခိုင်းတယ် လိုင်စင်မပါတာတို့ သက်တမ်းကျော်တာတို့ဆို ချလံဖြတ်ပြီးဒဏ် ၅၀၀၀ ရိုက်ပါတယ် "ဟု အိမ်မဲမြို့နယ်ရှိဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စည်ပင်မှ ယာဉ်ထိန်းရဲများကဲ့သို့ ဖမ်းဆီနေသောကြောင့် တစ်ရက်လျှင် ဆိုင်ကယ် အစီး ၃၀ ကျော်အထိ ဒဏ်ရိုက်ခံနေကြရကြောင်း ဒေသခံများက ပြောသည်။

"ဒီကောင်တွေက ဖမ်းတာက ပေါ်တင်မဟုတ်ဘူး ။ ရဲတွေဆို ဦးထုပ်ဖမ်းတယ်၊စည်ပင်က လိုင်စင်စစ်မယ် လို့ ဘယ်သူမှမထင်ဘူးလေ ဖြတ်တော့မှတားပြီဖမ်းတာ ကုန်စျေးနှုန်းတွေတတ်နေတဲ့ကြားထဲ သူတို့က ပြည်သူဆီကနည်းအမျိုးမျိုးနဲ့ ငွေညှစ်နေကြတာ “ ဟုအိမ်မဲမြို့နယ်ရှိ အသက်၄၀ ကျော်ဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီလက်ထက်အတွင် ပြည်သူများသည် နည်းလမ်းမျိုးစုံဖြင့် အခွန်းထမ်းဆောင်နေရပြီ ယာဥ်လိုင်စင်များ စစ်ဆေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ ဖမ်းစီးခြင်းအပြင် စည်ပင်ကပါ ဘီးခွန်းများထပ်မံဖမ်းဆ်ီး ပေးဆောင်ခိုင်းနေသည့်အတွက် ဒေသခံများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။

#အိမ်မဲမြို့တွင် #စည်ပင်ဝန်ထမ်းများမှ #ဆိုင်
ကယ်များကိုဖမ်းဆီးစစ်ဆေးပြီ #ဘီးခွန်ဒဏ်
ရိုက် #Ayeyarwaddy_Times
ကျိုက်မရောထောင်အပါအဝင် အကျဉ်းထောင်များရှိ အကျဉ်းသူအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများနှင့်လူ့အခွင့်‌ရေးချိုးဖောက်ခံရမှုများ ပိုမိုခံစား လာရ (အမျိုးသမီးကဏ္ဍ-သတင်း)

ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

ကျိုက်အရောထောင်အပါအဝင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီးတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ အပါအဝင် အကျဉ်းသူများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် လူ့အခွင့် ရေးချိုးဖာက်ခံရမှုများ ခံစားနရကြာင်း သိရသည်။

စစ်ကောင်စီသည် လုံခြုံရေးအကြောင်းပြကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေပြီးအကျဉ်းထောင်များရှိ အကျဉ်းသူအမျိုးသမီးများအပါအဝင် အသက် မပြည့်သေးသည့် ကလေးငယ်များအတွက် အကျဉ်းထောင်များဖြစ်သည့် အမျိုး သမီးလူငယ်ထိန်းသိမ်းရေး သင်တန်းကျောင်းများတွင်ပါ ပြုလုပ်နေကြခြင်းဖြစ် ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။

လက်ရှိတွင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများ အများစုရှိသည့် ကျိုက်မရောအကျဉ်းထောင်တွင် အမျိုးသမီးများကို ထောင်တွင်း ရှာဖွေစစ်ဆေးရေး၊ လုံခြုံရေးကို အကြောင်းပြ၍ မိန်းမကိုယ်ထဲနှိုက်၍ စစ်ဆေးခြင်း၊ အမျိုးသမီးခန္ဓာကိုယ်အပေါ်ပိုင်းကို ကိုင်တွယ်စစ် ဆေးခြင်းများ ပြုလုပ် နေကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံက သိရသည်။

"အဲ့ဒီ ကျိုက်မရောထောင်က နိုင်ငံရေးအကျဉ်းသူတွေကို ဖိနှိပ်တယ်လို့ အသံ ကြားရတယ်။ လိင်အကြမ်းဖက်တယ်ဆိုတာထက် ရှာဖွေရေးလုပ်တာပေါ့နော်။ မိန်းမကိုယ်တွေကအစ အတင်းနိုက်စစ်တာမျိုး၊ ပြောရရင် အပေါ်ပိုင်းတွေကိုလည်း အတင်းကိုင်ရှာတာပေါ့နော်။ ရှာတာက သာမန်မဟုတ်တော့ဘူးလေ အတင်းကာရော ရှာသလိုဖြစ်နေတာပေါ့။ ဒါဟာလူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင်လည်း ဥပဒေ ချိုးဖောက်နေတာပဲ။ အင်းစိန်ထောင်မှာလည်း ဒီလိုမျိုးစစ်တယ်။ အခုက ကျိုက်မရော ထောင်မှာ ဒီထက်ပိုဆိုးလာတယ်။ ထောင်တိုင်းမှာစစ်ကြတာနော်" Women's Organization of Political Prisoners အဖွဲ့ ဦးဆောင် အကြံပေးအဖွဲ့ဝင်တစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကျိုက်မရော ထောင်တွင် အကျဥ်းသူ အမျိုးသမီးများကို ရှာဖွေရေးအကြောင်းပြကာ စစ်ဆေးမှုများအပြင် ရုံးချိန်းသွားရမည့် အမျိုးသမီးများကို ဝတ်လစ်စလစ်ဖြင့် မှန်များပေါ်ထိုင်ခိုင်းခြင်း၊ ကြည့်ခြင်း များပြုလုပ်လျက်ရှိ ကြောင်းလည်း သိရသည်။

ထို့ပြင် ခန္ဓာကိုယ်အတွင်း ရှာဖွေသည်ဟုဆိုကာ ကိုင်တွယ်စစ်ဆေးခြင်းများ ပြုလုပ် ရာတွင်လည်း လက်အိတ်အသုံးပြုခြင်း စသည့် အခြေခံကျန်းမာရေး ကျင့်ဝတ်များကို ကျင့်သုံးခြင်း မရှိသည့်အတွက် အကျဉ်းသူ အမျိုးသမီးများ၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်ရကြောင်းလည်း အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးထံက သိရသည်။

"လိင်အကြမ်းဖက် ကျူးလွန်လို့ ကျူးလွန်မှန်း သူတို့တောင်မသိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီး မိန်းမကိုယ်ကို လက်နဲ့နိုက်တယ်ဆိုတည်းက ဘယ်လောက် ဆိုးရွားတဲ့ လုပ်ရပ်လဲ။ ရင်ဘတ်တွေကိုကိုင်တယ်ဆိုတာက ရိုးရိုးသာမန်စမ်းနည်းတွေ မဟုတ်ဘဲနဲ့ အရမ်းစမ်းတာ။ သူတို့ဟာသူတို့တောင် မသိဘူး။ အကြမ်းဖက်နေလား၊ အကြမ်းမဖက်နေလားဆိုတာ။ ဒါပေမယ့် တစ်ဖက်ကနေ အစ်မတို့ ကြည့်မယ်ဆိုရင် ဒါဟာတကယ့်အကြမ်းဖက်မှု‌မြောက်နေတာပဲ။ အစ်မတို့အနေနဲ့လည်း အကြိမ်ကြိမ်‌ ပြောတယ်။ အော်တယ်။ ဒါပေမယ့်မရဘူး။ သူတို့စစ်ဆေးမှုတွေက ဒီထက်ပိုဆိုး လာတယ်" ဟု အဆိုပါ WOPP ဦးဆောင် အကြံပေးအဖွဲ့ဝင် က ဆက်လက် ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်သည့် လုပ်ရပ်များနှင့် လူ့အခွင့် အရေးချိုးဖောက်သည့် လုပ်ရပ်များမှာ အကျဉ်းထောင်များအပြင် အမျိုးသမီး လူငယ်ထိန်းသိမ်း ရေးသင်တန်းကျာင်းများ ဖြစ်သည့် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေး သင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်း၊ ပုသိမ်ကြီးအမျိုးသမီးလူငယ် သင်တန်းကျောင်းတို့တွင်လည်း ကျူးလွန်လျက် ရှိကြောင်း သိရသည်။

ဗဟန်းအမျိုးသမီးသင်တန်း ကျောင်းရှိ မိန်းကလးငယ်များမှာ ၎င်းတို့ နေထိုင်ရာ အခန်း၊ ရေချိုးခန်း၊ အိမ်သာ စသည့်နေရာများတွင် CCTV ကင်မရာများကို မျက်နှာချင်းဆိုင် ထား၍ တပ်ဆင်ထားခြင်း၊ အပြစ်ပေး အရေးယူရာတွင် ဝတ်ဆင်ထားသည့် အဝတ် အစားများ အကုန်ချွတ်၍အပြစ် ပေးခြင်းများပြုလုပ် နေသည့်အတွက် အမျိုးသမီး ငယ်များ အနေဖြင့် စိတ်မလုံခြုံ မှုများကို ခံစားနေရကြောင်း သိရသည်။

"မိခင်ရဲ့ရင်ခွင်၊ မိဘအုပ်ထိန်းမှုအောက်မှာရှိနေရမယ့် အရွယ် တွေက မိဘနဲ့ဝေးကွာတဲ့ သင်တန်းကျောင်းအမည်ခံထားတဲ့ ကလေးသူငယ်အကျဉ်းထောင်တွေမှာ နေထိုင် ကြရတယ်။ သူတို့ ပျိုဖော်ဝင်ကာစအရွယ်တွေမှာ မိဘကအနားမှာမရှိတဲ့အခါမျိုးမှာ သူတို့တွေအတွက် ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေရင်ဆိုင်ကြရတယ်" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ပြင် ကော့မှူးအမျိုးသမီး ထိန်းသိမ်းရေးစခန်းတွင်လည်း ထောင်တွင်းစစ်ဆေးချိန် များတွင် ထောင်ဝန်ထမ်းအမျိုးသမီးများ၏ ယောကျာ်းလေးဆွေမျိုးနှင့် သူငယ်ချင်း များပါ ဝင်ရောက်စစ်‌ဆေးမှုများရှိနေပြီး အဝတ်လဲချိန်များပါ ၎င်းတို့ဝင်ရောက်မှု များကြောင့် မိန်းကလေးငယ်မျာအနေဖြင့် ရေချိုးချိန်များ၊ အိမ်သာသွားချိန်များတွင် စိတ်မလုံခြုံမှုများနှင့် ရင်ဆိုင်နေရကြောင်း PPNM ထံက သိရသည်။

အကျဉ်းထောင်များတွင် ယခုကဲ့သို့ အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ရပ်တန့်ရန် တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း စစ်ကောင်စီအနေဖြင့် ဂရုစိုက်ခြင်းမရှိဘဲ ပိုမို၍ တင်းကျပ် စွာစစ်ဆေးခြင်း၊ ထောင်ဝင်စာပိတ်ပင်ခြင်းများအပြင် ယခုအခါ ဦးဆောင်နိုင်ငံရေး အကျဉ်းသူတချို့ကို တိုက်ပိတ်ရန်အစီအစဉ်များပင် အကောင်ထည်ဖော်ရန် ကြိုးစား နေကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်း ခြင်းခံထားရသည့် အမျိုးသမီး အရေအတွက်သည် ၃၉၇၃ ဦးအထိရှိကြောင်း ယနေ့ ဇွန် ၄ ရက်နေ့တွင် ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

#အကျဉ်းထောင် #ကျိုက်မရောထောင် #အမျိုးသမီး #လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု #လူငယ်ထိန်းသိမ်းရေးစခန်း #စစ်ကောင်စီ #Ayeyarwaddy_Times

(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့်အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင်နေသည့် အကြောင်းအရာများကို "အမျိုးသမီးကဏ္ဍ" အနေဖြင့် အပတ်စဉ် အင်္ဂါနေတိုင်း တင်ဆက်ပေးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အသိပေးအပ်ပါသည်။)