Aye Moh-Edu (English Classes)
3.51K subscribers
88 photos
3 videos
43 files
75 links
You can join these classes at Aye Moh-Edu!
📍One-on-one Classes
📍Small-group Classes
📍Recorded Video Lessons
Download Telegram
အင်္ဂလိပ်လို ရေးရတဲ့အခါ_

🪫 Tense 12 မျိုးတော့ သိတယ်၊ သေသေချာချာ ကွဲကွဲပြားပြားမသုံးတတ်ပြန်ဘူး။ သုံးနေကျ tense တွေပဲ ထပ်တလဲလဲသုံးနေမိတယ်။

🪫Sentence တွေက တစ်ခါလာလည်း ဒီထဲကမထွက် simple sentence, simple words တွေပဲဖြစ်နေတယ်။

ဒါတွေကတော့ အင်္ဂလိပ်စာနဲ့ ရေးရ၊ သုံးရတဲ့သူ အများစုရဲ့ အခက်အခဲတွေပါပဲ။

Grammar ခဏခဏ လေ့လာဖူး‌ပေမယ့် Rules + Exercises ပဲ လုပ်ပြီး အဲ့ဒီ Rules ကို တကယ်လက်တွေ့စာရေးတဲ့ဆီ ခေါ်မလာတဲ့အခါ၊ စာကြောင်း Pattern တွေပဲ လေ့လာပြီး အဲ့ဒီ Sentence style တွေကို ကိုယ်ရေးတဲ့စာထဲမှာ နေရာတကျ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်ထည့်သုံးဖို့ လေ့ကျင့်မှု (Practice) မလုပ်တဲ့အခါ ဘယ်လောက်ပဲ စာလုပ်တယ်ပြောပြော input ပဲရပြီး output အနေနဲ့ ပြန်မထုတ်နိုင်ပါဘူး။ အဓိကက Practice လိုနေတာပါ။

🎯 အဲ့ဒီ Practice ကို ဒီ Advanced Grammar and General Writing (Video Course) မှာ အများကြီး လေ့ကျင့်ရမှာပါ။ Grammar Rule တစ်ခုပြောပြီးတိုင်း၊ Sentence pattern တစ်ခုရှင်းပြီးတိုင်းမှာ ဒါတွေကို ပြန်သုံးနိုင်ဖို့ writing paragraph လေးတွေ၊ Essay လေးတွေ အိမ်စာအနေနဲ့ အရေးလေ့ကျင့်‌ရတဲ့သင်တန်းပါ။ သင်ကြားမယ့် Course outline ကို အောက်မှာပေးထားပါတယ်။

🎁Advanced Grammar and Writing Practice (Video Lessons)

- Tense ၁၂မျိုး ယှဉ်တွဲလေ့လာထားတဲ့ပုံစံ အနှစ်ချုပ်
- Verb အမျိုးအစားများ
- Adjectives & Adj phrases
- Adverbs & Adv phrases
- Correlative conjunctions
- Infinitive Vs Gerund
- Phrases
- Clauses
- Participles
- Past Modals
- If Conditional & Inversion
- Inversions အမျိုးမျိုး
- Cleft sentences
- Passive Voice (formal)
- Linking words
- Types of Sentences
- Paragraph writing အမျိုးမျိုး

🧭 ပုံမှန်သင်တန်းကြေး - ၇သောင်း
🎁 Special fee (၃သောင်းခွဲ) 🎁
#50 % off (Aug 7 အထိ)

စုံစမ်းရန် - Aye Moh-Edu (Page Messenger),
Ph- 09 43115607

-------------------------------
Tr. Aye Moh
B.Ed; M.Ed (YUOE)
Dip in English & Creative writing (YU)
TESOL certified by ASU
3
🎯 "used to" နှင့် "be used to"

"used to" နဲ့ "be used to" ဆိုတဲ့ စကားစုနှစ်ခုက ပုံစံချင်းဆင်ပေမဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုပုံချင်း မတူပါဘူး။ ဘယ်လိုကွာခြားလဲ....?

"used to"

အတိတ်တုန်းက ပုံမှန်လုပ်ခဲ့ဖူးတဲ့ အလေ့အကျင့်တစ်ခု ဒါမှမဟုတ် အခုလက်ရှိမှာ မဟုတ်တော့တဲ့ အခြေအနေတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။

📌 Subject + used to + Verb (base form)

* I used to play football when I was young.
(ငါ ငယ်ငယ်တုန်းက ဘောလုံးကန်လေ့ရှိတယ်၊ အခုတော့ မကန်တော့ဘူး။)
* He used to live in Yangon.
(သူ ရန်ကုန်မှာ နေခဲ့ဖူးတယ်၊ အခုတော့ မနေတော့ဘူး။)

"be used to"

အကျွမ်းတဝင်ရှိနေပြီဖြစ်တဲ့ အခြေအနေတစ်ခု ဒါမှမဟုတ် အရာတစ်ခုကို ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအခြေအနေကို ကိုယ်က အဆင်ပြေပြေနဲ့ ရင်ဆိုင်နိုင်နေပါပြီ။
"to" နောက်မှာ noun / verb-ing (gerund) လိုက်ရပါမယ်။

📌 Subject + be used to + Noun / Verb-ing

* I am used to getting up early.
(ငါ မနက်စောစောထတာကို အကျင့်ဖြစ်နေပြီ။)

* She is used to the hot weather in Myanmar.
(သူမ မြန်မာနိုင်ငံရဲ့ ရာသီဥတုပူတာကို အသားကျနေပြီ။)

🎯 အနှစ်ချုပ်

* used to + (Verb): အတိတ်က အလေ့အကျင့် (past habit)
* be used to + (Noun/Verb-ing): လက်ရှိမှာ အသားကျနေပြီ (present familiarity)

ဒီလေ့ကျင့်ခန်းလေးကို ဖြေကြည့်ပါ။

Choose the correct answer:

* He (used to / is used to) eat a lot of sweets, but now he eats healthy food.

* I (used to / am used to) working late at night, so it's not a problem for me.

----------------🍀

Tr. Aye Moh
Aye Moh - Edu
https://t.me/ayemohedu
❤‍🔥44
Speaking & Pronunciation တိုးတက်ချင်ပေမယ့် အချိန်မရလို့ သင်တန်းမတက်နိုင်သူတွေ၊ အလုပ်များသူတွေအတွက်အဆင်ပြေအောင် modified လုပ်ထားတဲ့ Shadowing Method လေးကို မျှဝေပေးချင်ပါတယ်။

📌 ပထမဆုံး App လေး တစ်ခုကို download ဆွဲပါ။ App name က "Learn English Listening" ပါ (ပုံမှာပေးထားပါတယ်)။

📌 ဒုတိယအနေနဲ့ App ထဲမှာ ကိုယ့် level ကို ရွေးပြီးဖြစ်ဖြစ်၊ American or British voice ကို ရွေးပြီးဖြစ်ဖြစ် ကိုယ်နားထောင်မယ့်တစ်ပုဒ်ကို ရွေးပါ။ (တစ်ပုဒ်ကို 2 mins or 3 mins ပဲ ကြာပါတယ်)
🔗 နားထောင်မယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး Listening exercise, Transcript, Vocab တွေလည်း ပါပါတယ်။

📌 လေ့ကျင့်ရမယ့်အပိုင်း လာပါပြီ 🤫
(နေ့အလိုက် သတ်မှတ်ပေးထားတဲ့အဆင့်အတိုင်းပဲ ဖြည်းဖြည်းမှန်မှန် လေ့ကျင့်ပေးပါ)

📌Shadowing Method (modified)

ကိုယ်ရွေးထားတဲ့ Listening တစ်ပုဒ်တည်းကိုပဲ.....

☑️ Mon - Listen 5 times
(၅ခေါက်နားထောင်ပါ)

☑️ Tue - Repeat phrase by phrase
(စကားစုလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)

☑️ Wed - Repeat sentence by sentence
စာကြောင်းလေးတွေကို pause လုပ်ပြီး နောက်ကလိုက်ဆိုပါ)

☑️ Thu - Repeat after the speaker
(Speaker နဲ့အတူတူ လိုက်ပြောကြည့်ပါ)

☑️ Fri - Record - Analyze - Record
(Listening တစ်ပုဒ်လုံးကို record လုပ်ပြီး ကိုယ့်အသံကို ပြန်ဆန်းစစ်ပါ။ လိုတဲ့နေရာ မှားတဲ့နေရာတွေမှတ်ထားပါ။ နောက်တစ်ခေါက် record ပြန်လုပ်ပါ။)

☑️ Sat - Retell the subject
(Listening အကြောင်းအရာကို ကိုယ်မှတ်မိသလို ကိုယ့်စကားနဲ့ကိုယ် ပြန်ပြောပြီး record လုပ်၊ သိမ်းထားပါ။ တစ်လကြာတဲ့အခါ ကိုယ့်ရဲ့တိုးတက်မှုကို ပြန်တွေ့ရပါလိမ့်မယ်)

☑️ Sun - Relax 🥰

*********

You will see your improvement after one month.
But .... 📍Be consistent!!!

Telegram ကနေလည်း စာတွေဖတ်နိုင်ပါတယ် ... https://t.me/ayemohedu

With best wishes,
Tr. Aye Moh
Aye Moh - Edu
3
"didn't dislike" / "isn't unnecessary" တို့လို double negatives ပုံစံရေးထားတဲ့အသုံးအနှုန်းမျိုးတွေကို မြင်ဖူးကြမှာပါ။ ဒီလိုပုံစံရေးတာကို Litotes လို့ ခေါ်ပါတယ်။

🎯 Litotes ဆိုတာ ဘာလဲ

Litotes ဆိုတာက အငြင်းသဘောဆောင်တဲ့စကားလုံး (negative word) နှစ်လုံးကို တွဲပြီး အပြုသဘောဆောင်တဲ့အဓိပ္ပာယ်ကို ဖော်ပြတဲ့ အတတ်ပညာတစ်မျိုးပါ။

ဥပမာ-
- He isn't unfriendly. (သူက မဖော်ရွေတာမဟုတ်)
သူက ဖော်ရွေတယ်။ (He is friendly. အဓိပ္ပာယ်ပါပဲ)
- It's not a bad idea. (မကောင်းတဲ့စိတ်ကူးမဟုတ်)
ဒါက ကောင်းတဲ့စိတ်ကူးပါ။ (It's a good idea.)

🎯 Litotes ကို ဘာကြောင့်သုံးကြတာလဲ

🔺အလေးအနက် မပြောလိုတဲ့အခါ (Understatement)

တိုက်ရိုက် "It's great" လို့ပြောမယ့်အစား "It's not bad." လို့ပြောလိုက်ရင် နည်းနည်းလေး ပိုပြီး လျှော့ပြောရာရောက်ပါတယ်။ ဒီလို လျှော့ပြောတာက စကားပြောတဲ့သူရဲ့ စိတ်ခံစားမှုကို ပိုပြီး နက်နက်နဲနဲ ထင်ဟပ်စေပါတယ်။

🔺 တိုက်ရိုက်မပြောလိုတဲ့အခါ (Less direct, more polite)

လူတစ်ယောက်ရဲ့အိုင်ဒီယာကို "It's a brilliant idea!" လို့ တိုက်ရိုက်ပြောမယ့်အစား "That's not a bad idea." လို့ ပြောလိုက်တာက ပိုပြီး ယဉ်ကျေးတဲ့ပုံစံမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် တခြားသူရဲ့ ခံစားချက်ကို ထိခိုက်မှုမရှိစေဖို့အတွက်လည်း သုံးကြပါတယ်။

🔺ဟာသဉာဏ်ရွှင်ဖို့ (Irony and Humor)

အထူးသဖြင့် ဆန့်ကျင်ဘက်အဓိပ္ပာယ်ကို သုံးပြီး ဟာသမြောက်အောင် ပြောလေ့ရှိပါတယ်။
ဥပမာ- ရေခဲတုံးလို အေးနေတဲ့ အခန်းထဲ ရောက်သွားတဲ့အခါ "It's a bit chilly in here" လို့ ပြောမယ့်အစား "It's not exactly warm in here" လို့ ဟာသလုပ်ပြီး ပြောလို့ရပါတယ်။

🎯 ဥပမာတွေ ဆက်လေ့လာကြည့်ပါ။

- This is not unnecessay.
ဒါက လိုအပ်တယ်။ (This is necessary.)
- It wasn't a bad movie.
အဲဒီရုပ်ရှင်က ကောင်းပါတယ်။ (It was a good movie.)
- She's not a poor writer.
သူမက စာရေးကောင်းတယ်။ (She is a good writer.)
- I can't disagree with you.
မင်းပြောတာကို သဘောတူပါတယ်။ (I agree with you.)
- The exam was not easy.
စာမေးပွဲက ခက်တယ်။ (The exam was difficult.)

Litotes ကို တိုက်ရိုက်ပြောတာထက် ပိုပြီး ယဉ်ကျေးတာ၊ နူးညံ့သိမ်မွေ့တာ၊ ဒါမှမဟုတ် ဟာသနှောတာမျိုးတွေမှာ သုံးလေ့ရှိပါတယ်။
--------------------------------

🍀
Tr. Aye Moh
Aye Moh - Edu
3
🩷 Love & Relationship 🩷

- လူငယ်တွေကြား ခုတွေ့ ခုကြိုက် ခဏနေ လမ်းခွဲကြတဲ့ ချစ်ခြင်းမျိုးက...
📍 Puppy love

- Love you so much. ဆိုတာကို ခပ်ဆန်းဆန်းလေးပြောချင်ရင် ...
📍 Be head over heels (in love)

- သူတို့က သိပ်လိုက်တာ...နတ်ဖက်တဲ့စုံတွဲတွေအတိုင်းပဲဆိုရင် ....
📍 A match made in heaven

- တစ်ယောက်ယောက်ကို ကြိတ် crush နေရင်တော့...
📍Have a crush (on someone)

- ကောင်မလေးကို လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင် ...
📍 Pop the question

- ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်သူငယ်ချင်းတွေ၊ အတွဲတွေကတော့ ...
📍Kiss and make up

- အခက်အခဲတွေ အတူတူကြုံတွေ့ဖြတ်ကျော်နေကြတယ်ဆိုရင်.....
📍 On the rocks

- ဒီတခါတော့ ပြတ်သွားကြလေပြီတဲ့...
📍 Split up

- တချို့ကတော့ ပျော်ရွှင်စွာ လက်ထပ်ပေါင်းသင်းကြလေသတည်းပေါ့....
📍Tie the knot

- အသေးအမွှားလေးတွေကအစ ငြင်းခုံနေတတ်ကြရင်တော့ ...
📍 Bicker

........

ကဲ .... ပုံထဲက story လေးကို ဖတ်ကြည့်ရအောင်ပါ 📖📖

Ref: New Headway (Upper-inter)

With best wishes,
Tr. Aye Moh
Aye Moh - Edu
Telegram : https://t.me/ayemohedu
6
တချို့ကျောင်းသားတွေက Writing ရေးရင် အိမ်စာယူပြီး တဖြည်းဖြည်းရေးကြသလို၊ တချို့ကတော့ ဆရာမနဲ့အတူတူ အတန်းထဲမှာပဲ တစ်ခါတည်းရေးကြတယ်။

မရေးခင် အတူတူ brainstorming လုပ်ကြ၊ Plan အကြမ်းစဉ်းစားခိုင်း၊ သူတို့မရရင် ကူစဉ်းစား‌ပေး၊ အပိုင်းလိုက်ကို စိတ်ရှည်ရှည်နဲ့‌ ကျောင်းသားကို ဦးဆောင်ပြီး ရေးခိုင်းတယ်။ ဆရာမက လိုနေတဲ့အချက်လေးတွေ၊ မှားနေတာလေးတွေ၊ ရေးထားတဲ့ပုံစံကို ပိုကောင်းအောင် feedback ပေးတာလေးတွေ အတူတူတွဲလုပ်ရင်း အက်ဆေးတစ်ပုဒ်ပြီးဖို့ နှစ်ချိန်နီးနီးလောက် ရေးရတယ်။

တစ်ပုဒ်လုံးပြီးသွားတဲ့အခါတော့ စိတ်ကျေနပ်စရာပါပဲ။ တစ်ခုပဲ... စိတ်ရှည်ရပါတယ် 😊

#Essay #Writing
#oneononeclass
Aye Moh - Edu
8