Aye Moh-Edu (English Classes)
3.46K subscribers
81 photos
3 videos
43 files
68 links
You can join these classes at Aye Moh-Edu!
📍One-on-one Classes
📍Small-group Classes
📍Recorded Video Lessons
Download Telegram
Aye Moh-Edu (English Classes) pinned «📣 Writing Courses (Recorded Video) အင်္ဂလိပ်စာ Writing Skill တိုးတက်ချင်ပေမယ့် Zoom နဲ့သင်ဖို့ အချိန်အခက်အခဲရှိသူတွေ၊ အင်တာနက်လိုင်း အဆင်မပြေသူတွေအတွက် ရည်ရွယ်ပြီး Aye Moh - Edu ကနေ Video Writing Courses တွေ ဖွင့်ပေးထားပါတယ်။ Telegram Private Groups (OR)…»
📚 အင်္ဂလိပ်စာ Level ကို ဘယ်လို ထိန်းမလဲ?

အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် သင်ယူနေသူတွေအနေနဲ့ ဒီအချက်ကို အမြဲသတိရသင့်ပါတယ်။ အင်္ဂလိပ်စာဟာ ဘယ်တော့မှ ရပ်နားထားလို့ မရတဲ့အရာပါ...။

ဘာကြောင့်လဲဆိုတော့...


⛔️ Use It or Lose It!

လူရဲ့ဦးနှောက်ဟာ အသုံးမပြုတဲ့ အသိပညာတွေကို တဖြည်းဖြည်း မေ့ပျောက်သွားတတ်ပါတယ်။ လေ့လာထားတဲ့ ဝေါဟာရတွေ၊ သဒ္ဒါစည်းမျဉ်းတွေနဲ့ စကားပြောပုံစံတွေကို အဆက်မပြတ် အသုံးမပြုဘူးဆိုရင်၊ သင်ယူထားတဲ့ Level ဟာ ပြန်ပြီး ကျဆင်းသွားမှာ သေချာပါတယ်။


⛔️ Like a Flowing River!

ဘာသာစကားဆိုတာ ရပ်နေတဲ့ ရေအိုင်မဟုတ်ပါဘူး။ နေ့စဉ် ပြောင်းလဲနေတဲ့ ရေစီးကြောင်းလိုပါပဲ။

🔥Level မကျဖို့
🔥ပိုပြီးတိုးတက်နေစေဖို့
🔥ခေတ်နဲ့အညီ ဖြစ်နေစေဖို့

အဆက်မပြတ် ဖတ်ရှုခြင်း၊ နားထောင်ခြင်း၊ ပြောဆိုခြင်းနဲ့ ရေးသားခြင်းတွေကို နေ့စဉ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။


⛔️ Consistency is Key!

တစ်ပတ်မှာ တစ်ရက်သာ နာရီပေါင်းများစွာ သင်ယူတာထက်၊ နေ့တိုင်း နာရီဝက် သို့မဟုတ် တစ်နာရီ အချိန်ပေးပြီး သင်ယူတာက ပိုပြီး ထိရောက်ပါတယ်။ ဒီလို အဆက်မပြတ် ထိတွေ့လေ့ကျင့်မှသာ ကိုယ့်ရဲ့ Level ကို မြဲမြံစေပြီး တဖြည်းဖြည်း တိုးတက်လာမှာပါ။


💯 အင်္ဂလိပ်စာနဲ့ Relationship ခိုင်မြဲဖို့ သူ့ကို "လျစ်လျူမရှု" လိုက်ပါနဲ့ 🥶


With love,
Tr. Aye Moh 🍀
❤15
Hello English Learners 💛

မနက်ဖြန်ဆိုရင် 2025 ရဲ့ နောက်ဆုံးလ ဒီဇင်ဘာကို ရောက်လာပါပြီ။ Year-End reflection လုပ်ဖို့နဲ့ မပြီးပြတ်သေးတဲ့ အရာတွေကို အပြီးသတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီလိုအချိန်အခါနဲ့ပတ်သက်တဲ့ အင်္ဂလိပ်စကားလုံး‌လေးတွေကို လေ့လာကြည့်ရအောင်။


🎯 The Final Stretch (အဆုံးသတ် ကာလ)

ပထမဆုံးအနေနဲ့ တစ်ခုခုရဲ့ အဆုံးသတ်ကာလကို ရောက်ရှိနေပြီလို့ ပြောချင်ရင် Final Stretch (Noun Phrase) ကို သုံးပါ။

ဥပမာ -
- "We are in the final stretch of the school year. Let’s work hard!" လို့ ပြောနိုင်ပါတယ်။


🎯 Wrap Up Your Tasks (လုပ်ငန်းများ အပြီးသတ်ခြင်း)

တစ်စုံတစ်ခုကို အဆုံးသတ် သို့မဟုတ် အပြီးသတ်လုပ်ဆောင်တာကို ဖော်ပြဖို့အတွက် Wrap Up (Phrasal Verb) ကို အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် မပြီးပြတ်သေးတဲ့ ကိစ္စတွေ၊ ပြဿနာတွေကို ဖော်ပြတဲ့အခါမှာတော့ Loose Ends (Noun Phrase) လို့ သုံးပါတယ်။

ဥပမာ -
- "I need to wrap up this assignment before the holiday,"

- "You should tie up any loose ends at work before your vacation." လို့ ရေးသားနိုင်ပါတယ်။


🎯 Reflect on (ပြန်လည် သုံးသပ်ခြင်း)

ပြီးခဲ့တဲ့ ကိစ္စရပ်တွေ၊ အတွေ့အကြုံတွေကို ပြန်လည်ဆင်ခြင်သုံးသပ်တာကို Reflect On (Phrasal Verb) လို့ခေါ်ပါတယ်။

ဥပမာ -
- "It's important to reflect on your mistakes so you can learn from them."


🎯 Clean slate (အသစ်စတင်ခြင်း)

တစ်နှစ်တာပြီးဆုံးလို့ နှစ်သစ်မှာ အတိတ်ကအရာတွေ ချန်ထားခဲ့ပြီး အသစ်စတင်ဖို့ အခွင့်အရေးကို Clean Slate (Noun Phrase) လို့ သုံးပါတယ်။

ဥပမာ -
- "New Year’s Day is a chance for a clean slate."


🎯 Geared up (အသင့်ပြင်ဆင်ထားသော)

တစ်ခုခုအတွက် အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဖော်ပြချင်ရင်တော့ Geared Up (Phrasal Verb - Adjective) ကို သုံးနိုင်ပါတယ်။

ဥပမာ -
- "Are you geared up for the job interview next week?"

⛄🍀

As we enter the final stretch of the year, make sure you wrap up those loose ends, reflect on your journey, and get geared up for a clean slate in the new year. 👌


With love
Tr. Aye Moh
Aye Moh-Edu
❤7
⭐ There vs. It ⭐

"It" နဲ့ "There" ကို အသုံးပြုတဲ့အခါ မမှားအောင် ဒီလိုလေးမှတ်ထားပါ။

🎯 "There" ကို ဘယ်အချိန်မှာ သုံးမလဲ

"There" ကို အဓိကအားဖြင့် တစ်ခုခု တကယ် ရှိ/မရှိ ကို ပြောပြတဲ့အခါ သုံးပါတယ်။
(အများအားဖြင့် Verb to be (is, are, was, were) နဲ့ တွဲသုံးပါတယ်)။

ဒီနေရာမှာ "There" က Subject နေရာမှာ ရှိပေမယ့် တကယ်တမ်း ဘာအဓိပ္ပာယ်မှ မရှိဘဲ စကားစပေးတဲ့ စကားလုံး (Dummy Subject) လိုမျိုး ဖြစ်ပါတယ်။


1️⃣ တည်ရှိမှုကို ပြောပြခြင်း

* There is a cat on the roof.
(ခေါင်မိုးပေါ်မှာ ကြောင်တစ်ကောင် ရှိတယ်။)
* There are many people in the room.
(အခန်းထဲမှာ လူတွေ အများကြီး ရှိတယ်။)
* There was a big party last night.
(မနေ့ညက ပါတီပွဲကြီးတစ်ခု ရှိခဲ့တယ်။)

2️⃣ နေရာကို ပြသခြင်း (Adverb of Place)

* The book is over there.
(စာအုပ်က ဟိုမှာ။)
* We went to Paris and stayed there for a week.
(ပါရီကို သွားပြီး အဲဒီမှာ တစ်ပတ်နေခဲ့တယ်။)

ÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽ

🎯 "It" ကို ဘယ်အချိန်မှာ သုံးမလဲ

"It" ကို အဓိကအားဖြင့် အချိန်၊ ရာသီဥတု၊ အကွာအဝေး စတဲ့ အရာတွေကို Subject နေရာမှာ သုံးဖို့ (Dummy Subject) ဒါမှမဟုတ် ပြောပြီးသားအရာ/လူ (တစ်ဦး/တစ်ခု) ကို ဖော်ထုတ်ပေးတဲ့အခါ (Real Subject ကို အစားထိုးတဲ့အခါ) သုံးပါတယ်။


1️⃣ အချိန်/ရာသီဥတု/အကွာအဝေးကို ဖော်ပြခြင်း

* It is 3 o'clock. (၃ နာရီ ရှိပြီ။)
* It is cold today. (ဒီနေ့ အေးတယ်။)
* It is 10 miles to the city. (မြို့ကို ၁၀ မိုင် ဝေးတယ်။)


2️⃣ တစ်ဦး/တစ်ခုကို ဖော်ထုတ်ပေးခြင်း

A: Look! What is that big building?
B: It is the National Museum.
(ဒါက အမျိုးသားပြတိုက် ဖြစ်ပါတယ်။)

A: Who is calling?
B: It is my mother.
(ဖုန်းခေါ်နေတာ ကျွန်တော့်အမေ ဖြစ်ပါတယ်။)


ÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽ

ဒီအချက်တွေကို သေချာမှတ်မိရင် ဘယ်အချိန်မှာ ဘယ်စကားလုံးကို သုံးရမယ်ဆိုတာကို အလွယ်တကူ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

လေ့ကျင့်ခန်းတွေ ဖြေကြည့်ပါ။

1. __ is raining heavily outside.
2. __ are five books on the table.
3. __ is cold today.
4. I saw a strange animal. __ looked like a big rat.
5. __ is a long way to walk home from here.

ÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽ

Tr. Aye Moh
1st Dec, 2025
❤4🥰1
စာကြောင်းလေးတွေကနေ "take" နဲ့ဆိုင်တဲ့ Phrasal verbs တွေ ပြန်လေ့လာကြည့်ပါမယ်။ အဓိပ္ပာယ်တွေနားလည်ပြီး မှတ်မိသွားရင် စာပိုဒ်လေးတစ်ခုမှာ ဒီ phrasal verbs တွေ ပြန်သုံးကြည့်ပါ။

1. The girl will take over the mayor's job for one day.

🍡 take over - တာ၀န်လွှဲယူသည်။

(ဒီမိန်းကလေးက မြို့တော်၀န်ရဲ့အလုပ်တွေကို တစ်ရက်တာလွှဲပြောင်းယူမယ်။)

2. The reading was too long. James couldn’t take in all the information.

🍡 take in - မှတ်သားလေ့လာသည်။

(ဖတ်လိုက်တဲ့အကြောင်းအရာက အရမ်းရှည်တော့ အချက်အလက်တွေအားလုံးကို James မမှတ်နိုင်ပါ။)

3. Samantha took apart the clock, but she couldn’t put it back together.

🍡 take apart - တစ်ခုစီဖြုတ်သည်။

(Samantha က နာရီကို တစ်ခုစီဖြုတ်ပြီး ပြန်မတပ်တတ်တော့ဘူး။)

4. Yoon’s grandmother took up knitting last year.

🍡 take up - တစ်ခုခု (ဝါသနာ) စလုပ်သည်။

(ယွန်းရဲ့အဘွားက လွန်ခဲ့တဲ့နှစ်က သိုးမွှေးစထိုးခဲ့တယ်။)

5. On January 1, Alessandro took down his calendar and put up a new one.

🍡 take down - ဖြုတ်ချသည်။

(ဇန်နဝါရီ ၁ရက်နေ့မှာ Alessandro က ပြက္ခဒိန်အဟောင်းကိုဖြုတ်ပြီး အသစ်တပ်သည်။)

6. Cheryl takes after her mother in many ways.

🍡 take after - ဆင်တူသည်။

(Cheryl က သူ့အမေနဲ့ တော်တော်များများဆင်တယ်။)

-----

Phrasal verbs အသုံးလေးတွေ မှတ်မိပြီဆိုရင် အောက်ကစာပိုဒ်လေးကို ဖြည့်ကြည့်ပါ။
[take down, take in, take after, take over, take up, take apart]

Exercise:

My older sister will move to São Paulo tomorrow to study at a university. She was very busy today. First, she .......1.... all of the posters in her bedroom. Then she ........2..... her bicycle because it won’t fit in the car. She’s very excited to go.

She ......3..... our mother, who also loves new adventures. My sister plans to ......4....... many new hobbies and sports at school. What about me? Well, I’ll ......5....... as the oldest child in the house now. It’s a lot to ......6..... , but I’m excited to help my parents more. I’m also looking forward to having my own bedroom while my sister is gone!
------


Answers:
1. took down
2. took apart
3. takes after
4. take up
5. take over
6. take in

🎄

With love,
Tr. Aye Moh
Aye Moh - Edu
❤12
အင်္ဂလိပ်စာ လေ့လာတဲ့အခါမှာ တစ်ခုခုကို focus မထားနိုင်ဘဲ ဟိုသင်တန်းက‌နေ ဒီသင်တန်း‌ပြောင်းတက်၊ ဟိုစာအုပ်ကနေ ဒီစာအုပ်ပြောင်းဖတ်၊ ဟို channel ကနေ ဒီ channel ပြောင်းကြည့်နေတာမျိုး‌တွေ၊ ဒါမှမဟုတ် ဟိုစပ်စပ် ဒီစပ်စပ်လိုက်လေ့လာပြီး ဘာမှထိထိရောက် မတိုးတက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒီဘက်ခေတ်မှာ Consistency အားနည်းလာတာ၊ တစ်ခုခုကို တစိုက်မတ်မတ် ထပ်တလဲလဲလေ့လာဖို့ကို အားမစိုက်ချင်တော့တာတွေ ဖြစ်တတ်ပါတယ်။

💥 သေချာတာတစ်ခုကတော့ တစ်ခုတည်းကို #Repetition ထပ်တလဲလဲ လေ့ကျင့်တာဟာ မှတ်မိနိုင်စွမ်းပို‌အားကောင်းတာပါပဲ။

🎄 ဘာလို့ ထပ်တလဲလဲ လေ့ကျင့်သင့်တာလဲ?

🎯 အခြေခံခိုင်မာစေတယ်

ကိုယ်က Writing တိုးတက်ချင်တယ်ဆိုရင် Tense တစ်ခုကိုဖြစ်စေ၊ Sentence Structure တစ်မျိုးကိုဖြစ်‌စေ တစ်ခု နှစ်ခုကိုပဲ စွဲမြဲသွားအောင် တစ်ပတ်လုံး ထပ်ခါထပ်ခါ လေ့ကျင့်ပါ။ သီအိုရီမှတ်ပါ။ Notes ထုတ်ပါ။ စာကြောင်းတွေ၊ စာပိုဒ်တွေရေးကြည့်ပါ။ စကားပြောရင် ထည့်သုံးပါ။ တစ်ပတ်လုံး ကိုယ်လေ့လာထားတဲ့အကြောင်းအရာကိုပဲ ထပ်တလဲလဲ သုံးကြည့်ပါ။ သေချာနားလည်ပြီး မမေ့နိုင်တော့ပါဘူး။

🎯 အလေ့အကျင့် ဖြစ်စေတယ်

Reading မှာဆိုရင်လည်း စာတစ်ပုဒ်ကိုပဲ တစ်ပတ်လုံးနေ့စဉ် ဖတ်ကြည့်ပါ။ Notes ထုတ်ပါ။ စကားလုံးအသစ်တွေ၊ စာကြောင်းတည်ဆောက်ပုံတွေ၊ အသုံးအနှုန်းတွေကို အလွတ်နီးပါး မှတ်မိသွားပါလိမ့်မယ်။ ကိုယ်‌‌ သေချာဖတ်မှတ်ထားတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းတွေကို တခြားနေရာမှာ ပြန်တွေ့တဲ့အခါ ဦးနှောက်ထဲမှာ ပိုပြီး စွဲမြဲသွားပါလိမ့်မယ်။

🎯 ဦးနှောက်ကို ပင်ပန်းသက်သာစေတယ်

ခေါင်းစဉ် အများကြီးကို နေ့တိုင်း လိုက်ဖတ်၊ လိုက်မှတ်နေတာက ဦးနှောက်ကို ပင်ပန်းစေပါတယ်။ တစ်ခုတည်းကိုပဲ နေ့စဉ်ပုံမှန် ထပ်တလဲလဲ လုပ်တဲ့အခါ Learning Effort နည်းသွားပြီး အကျိုးကျေးဇူးက ပိုများလာပါတယ်။ ဒါကို English မှာ "Repetition is the Mother of Skill" လို့တောင် ပြောကြပါတယ်။

---------------------------------------------

💥 ဒီနေ့ကစပြီး စမ်းကြည့်ပါ

ကိုယ် သဘောကျတဲ့ စာအုပ်ရဲ့ စာပိုဒ်တစ်ခုကိုပဲ ခုနစ်ရက် ဆက်တိုက် နေ့စဉ် ပြန်ဖတ်ကြည့်ပါ။ ခုနစ်ရက်မြောက်နေ့မှာ ကိုယ်ပထမဆုံးဖတ်တုန်းကထက် ဘယ်လောက် ပိုနားလည်သွားလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ "Less is more!" ဆိုတဲ့စကားလိုပါပဲ....။

---

Tr. Aye Moh
Aye Moh - Edu
https://t.me/ayemohedu

#EnglishLearning
#Repetition
#StudyTips
#FocusOnOne
❤7
🎄English ကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်၊ ရေးနိုင်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ 🤔

ဒီမေးခွန်းကို CEFR (Common European Framework of Reference for Languages) က သတ်မှတ်ပေးထားတဲ့အတိုင်းပဲ ပြန်ဖြေပေးပါမယ်။ CEFR ရဲ့ ဘာသာစကား level သတ်မှတ်ချက်အရ 6 levels (A1, A2, B1, B2, C1, C2) ရှိတာတော့ အားလုံးသိကြမှာပါ။ ဒီ level တစ်ခုစီပြီးဖို့ဆိုရင် ခန့်မှန်းခြေ နာရီ ၂၀၀ လေ့လာဖို့လိုပါတယ်။

ဒါကြောင့်မို့ English ဘာသာစကားကို ကျွမ်းကျင်သွားဖို့ဆိုရင် နာရီပေါင်း ၁၂၀၀ (6 levels × 200 hours = 1200 hrs) ကြာအောင် လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။

အရင်ဆုံး ကိုယ်က ဘယ် level ရောက်ပြီလဲ သိဖို့လိုပါတယ်။ ကိုယ့်ရဲ့ level ကို အရင်စစ်ကြည့်ပြီးမှ အချိန်ဘယ်လောက် ထပ်လေ့လာဖို့လိုလဲ သေသေချာချာ တွက်ကြည့်ပေါ့နော်။ ခန့်မှန်းခြေ level test စစ်ပေးတဲ့ website တွေမှာ ကိုယ့် level ကို စစ်ကြည့်ပါ။ test က four skills + grammar အားလုံးပါတဲ့ test ဆိုရင်တော့ ကိုယ့်ရဲ့ level result က အနီးစပ်ဆုံးမှန်ပါလိမ့်မယ်။ အဲ့လိုမဟုတ်ဘဲ skills အားလုံး မပါတဲ့ test တွေဖြစ်နေရင်တော့ level result ထက် တစ်ဆင့်၊ နှစ်ဆင့်လောက် ပြန်ချပြီးမှ လေ့လာပါ (ဥပမာ level result က B2 ရနေတယ်ဆိုရင် A2 or B1 က စပြီး လေ့လာသင့်ပါတယ်)။

English ဘာသာစကား လေ့လာသူအားလုံးလည်း ၃ လ၊ ၆ လလောက်နဲ့ learning zone ထဲက ထွက်ပြေးမသွားကြဘဲ ဇွဲရှိရှိနဲ့ ကျွမ်းကျင်အဆင့်ထိရောက်အောင် တစ်စိုက်မတ်မတ် လေ့လာနိုင်ကြပါစေလို့ 🌼

Tr. Aye Moh
Aye Moh - Edu

#englishCEFR
#learninghours
#A1_A2_B1_B2_C1
#Basic_Advanced
❤9
https://www.efset.org/4-skill/

Four skills အတွက် ၁နာရီခွဲ စစ်ကြည့်လို့ရပါတယ်။
❤3
Read with Me: Jan 2026 🎯

၂၀၂၆ ရဲ့ ပထမဆုံးလမှာ အင်္ဂလိပ်စာကို ပုံမှန်ထက် ထူးထူးခြားခြားလေး လေ့လာချင်သူတွေအတွက် "Read with me: Jan 2026" အစီအစဉ်လေး လုပ်‌ပေးပါမယ်။ ✨

"စာဖတ်ချင်ပေမယ့် အချိန်အကြာကြီး မပေးနိုင်ဘူး" ဆိုတဲ့သူတွေအတွက် ၃ မိနစ်စာ ဇာတ်လမ်းတို (Flash Fiction) လေးတွေကို ရွေးချယ်ဖတ်ပြပေးသွားမှာပါ။

ဒီဇန်နဝါရီလထဲမှာ "Aye Moh-Edu" YouTube Channel ကနေ ဖတ်ပြမယ့် Reading Challenge လေးက ဒီလိုပါ...💥

✅ တစ်ပတ်ကို စိတ်ဝင်စားစရာ ရသ၀တ္ထုတို ၂ ပုဒ်

✅ Native တွေသုံးတဲ့ B2/C1 level Vocab များ

✅ ဗီဒီယိုအဆုံးမှာ အပြန်အလှန်ဖြေဖို့ Quick Quiz

အပတ်စဉ် Thur & Sun တိုင်းမှာ ဇာတ်လမ်းလေးတွေအတူဖတ်ရင်း ကိုယ့်ရဲ့ English Level ကို Level up လုပ်လိုက်ရအောင်။ 🚀

English တိုးတက်ဖို့အတွက် YouTube မှာ Subscribe လုပ်ထားလို့ရတယ်နော်။

🔗 https://youtube.com/@learnenglish.ayemoh-edu?si=1X-vwOWrYrODaW_w

#AyeMohEdu #ReadWithMeJan2026 #FlashFiction #EnglishLearning #2026Resolution
❤4
Flash Fiction ဆိုတာ...

📗 Flash Fiction ဆိုတာ ဘာလဲ?

Flash Fiction ဆိုတာ စကားလုံးအရေအတွက်ကို အကန့်အသတ်နဲ့ (များသောအားဖြင့် စကားလုံး ၁,၀၀၀ အောက်) ရေးသားထားတဲ့ ပုံပြင်/ဝတ္ထုတို အမျိုးအစားကို ခေါ်တာပါ။ "Micro-fiction," "Sudden fiction," ဒါမှမဟုတ် "Short-short story" လို့လည်း လူသိများပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ စာမျက်နှာ အများကြီး ဖတ်စရာမလိုဘဲ မိနစ်ပိုင်းအတွင်းမှာတင် ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ အရသာကို အပြည့်အဝ ပေးနိုင်တာပဲ ဖြစ်ပါတယ်။

✨ Flash Fiction ရဲ့ အဓိက လက္ခဏာများ

Brevity (တိုတောင်းခြင်း): အချိန်အနည်းငယ်အတွင်း ဖတ်ရှုနိုင်ပါတယ်။

Complete Plot (ဇာတ်လမ်းပုံစံ ပြည့်စုံခြင်း): အတိုလေးဆိုပေမဲ့ အစ၊ အလယ်၊ အဆုံး ဆိုတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ (Plot) အပြည့်အစုံ ပါဝင်ပါတယ်။

The "Twist" (အလှည့်အပြောင်း): ဇာတ်သိမ်းပိုင်းမှာ စာဖတ်သူ မထင်မှတ်ထားတဲ့ အလှည့်အပြောင်း ဒါမှမဟုတ် ခံစားချက်တစ်ခုခုကို ရုတ်တရက် ပေးစွမ်းလေ့ရှိပါတယ်။

💡 English လေ့လာသူတွေအတွက် ဘာကြောင့် အသုံးဝင်တာလဲ?

📌 Vocabulary in Context: စာလုံးပေါင်း သောင်းနဲ့ချီ ဖတ်စရာမလိုဘဲ ဝေါဟာရအသစ်တွေကို ဇာတ်လမ်းထဲမှာ ဘယ်လိုသုံးသလဲဆိုတာ လေ့လာနိုင်ပါတယ်။

📌 Quick Reading Practice: အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် Reading Skill တက်စေဖို့ အကောင်းဆုံး အလေ့အကျင့်ပါ။

📌 Concise Writing: ကိုယ်တိုင် ပြန်ရေးကြည့်မယ်ဆိုရင်လည်း လိုရင်းတိုရှင်းနဲ့ ထိရောက်အောင် ရေးတတ်တဲ့အလေ့အကျင့် (Creative Writing) ကို ရရှိစေပါတယ်။

🌟 နာမည်ကြီး ဥပမာတစ်ခု (6-Word Story)

Flash Fiction လောကမှာ အကျော်ကြားဆုံး ဇာတ်လမ်းတိုလေးတစ်ခု ရှိပါတယ်။ အမေရိကန် စာရေးဆရာကြီး Ernest Hemingway ရေးခဲ့တယ်လို့ ယူဆကြတဲ့ စကားလုံး (၆) လုံးတည်းပါတဲ့ ဇာတ်လမ်းလေးပါ။
"For sale: Baby shoes, never worn."
(ရောင်းရန်ရှိသည် - တစ်ခါမျှ မစီးရသေးသော ကလေးဖိနပ်လေးများ။)

ဒီစကားလုံး ၆ လုံးတည်းနဲ့တင် စာဖတ်သူရဲ့ စိတ်ထဲမှာ ဝမ်းနည်းစရာကောင်းတဲ့ နောက်ခံသမိုင်းကြောင်းကို ပုံဖော်ပေးသွားနိုင်တာဟာ Flash Fiction ရဲ့ မှော်ဆန်မှုပါပဲ။

🎯 English Learning Tip:

Flash Fiction တွေကို ဖတ်တဲ့အခါ ဇာတ်လမ်းက ဘာကို ဆိုလိုတာလဲဆိုတာကို အရင်စဉ်းစားကြည့်ပါ။ ပြီးမှ မသိတဲ့ စကားလုံးတွေကို မှတ်သားပါ။ ဒါဆိုရင် Language Skill ရော၊ Critical Thinking ပါ တိုးတက်လာမှာပါ။

နှစ်သစ်မှာ စာဖတ်ရင်း အင်္ဂလိပ်စာလေ့လာကြပါစို့ 🎁

Happy New Year to you all ✨🎉✨

Tr. Aye Moh
Aye Moh - Edu

#flashfiction
#english
#ayemohedu
#readingenglish
#2026intention
❤8
✨ 1st Jan, 2026 ✨

A year has passed, and a new year is ahead of us. As always, we make small goals or intentions every New Year, but short-lived enthusiasm easily influences us, even in the early months. Why? For me, not being consistent is the main reason I lose sight of my goals.

So this year, the one word I will always keep in mind is “consistency”, all year round. Along with that, mindfulness is something I must hold onto in every moment to help me achieve my goals, focusing on only one thing at a time. The last, but most important, intention is not to be greedy, especially in areas such as multi-learning, money-making, and trying to be perfect in an overwhelming way. In my opinion, quality and slow learning are the keys to truly knowing something inside out.

Let’s grow for one more year, my beloved ones 🥰

Aye Moh - Edu
1.1.2026
Thursday
❤16
Day 1: "The Book" 📖

"The Book" ဆိုတဲ့ Flash fiction လေးကို YouTube မှာ video နဲ့ ရှင်းပြပေးထားပါတယ်။ video ကြည့်ပြီး Quiz လေးတွေဖြေဖို့လည်း ထည့်ပေးထားပါတယ်။ YouTube မှာ နားထောင်ချင်ရင် 👇
https://youtu.be/J7MIgP5zX0k?si=PAyYF9TWsLET9MBy

ကိုယ်တိုင်ဖတ်မယ့်သူ‌တွေအတွက်တော့ ဒီပုံပြင်ထဲက Highlight လုပ်ထားတဲ့ စကားလုံး‌တွေနဲ့ စကားစုတွေကို နားလည်ရလွယ်ကူအောင် ဥပမာလေးတွေနဲ့ ရှင်းပြပေးပါမယ်။

📌 Worn, tattered book: အလွန်ဟောင်းနွမ်းပြီး စုတ်ပြတ်နေသော စာအုပ်။

* I found a worn, tattered book in my grandfather's attic.
(ကျွန်တော့်အဘိုးရဲ့ ထပ်ခိုးပေါ်မှာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ စာအုပ်တစ်အုပ် တွေ့ခဲ့တယ်။)

📌 Savagely sharked: ဒါက စာရေးသူက တင်စားပြီး သုံးထားတာပါ။ စာအုပ်က ငါးမန်းအကိုက်ခံထားရသလိုမျိုး အလွန်အမင်း စုတ်ပြတ်သတ်နေတယ်လို့ ဆိုလိုတာပါ။

* The pages were so ripped it looked savagely sharked.
(စာမျက်နှာတွေက တော်တော်လေး ပြဲနေတော့ ငါးမန်းကိုက်ထားသလို စုတ်ပြတ်နေတာပဲ။)

📌 Dog-eared pages: စာမျက်နှာထောင့်လေးတွေကို အမှတ်အသားအဖြစ် ခေါက်ထားတဲ့ စာအုပ်စာမျက်နှာများ။

* I don't like dog-eared pages; I prefer using bookmarks.
(ကျွန်တော်က စာမျက်နှာထောင့်ခေါက်တာကို မကြိုက်ဘူး၊ bookmark သုံးတာကိုပဲ ပိုကြိုက်တယ်။)

📌 Humph: မကျေနပ်တာ ဒါမှမဟုတ် အယုံအကြည်မရှိတာကို ပြတဲ့ နှာခေါင်းရှုံ့သံ။

* "Humph, I don't believe a word you said," she muttered.
("ဟွန်း... နင်ပြောတာ တစ်လုံးမှ မယုံဘူး" လို့ သူမက တိုးတိုးလေးပြောလိုက်တယ်။)

📌 Covet: (အထူးသဖြင့် တခြားသူပိုင်ဆိုင်တာကို) အလွန်အမင်း လိုချင်တပ်မက်သည်။

* He began to covet his neighbor's new car.
(သူက သူ့အိမ်နီးချင်းရဲ့ ကားအသစ်ကို အရမ်းလိုချင်လာတယ်။)

📌 Quivering in anticipation: တစ်ခုခုဖြစ်တော့မယ်ဆိုတာကို သိလို့ ရင်ခုန်စိတ်လှုပ်ရှားပြီး တုန်ရင်နေခြင်း။

* The children were quivering in anticipation as they waited for the gifts.
(ကလေးတွေက လက်ဆောင်တွေရတော့မယ်ဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားကာ တုန်ရင်နေကြတယ်။)

📌 Restlessly ruffling: မတည်မငြိမ်နဲ့ တဖျတ်ဖျတ် လှန်နေခြင်း။

* The wind was restlessly ruffling the curtains.
(လေက လိုက်ကာတွေကို မတည်မငြိမ် တဖျတ်ဖျတ် လှုပ်ခတ်နေတယ်။)

📌 Flapped: တောင်ပံခတ်သလို သို့မဟုတ် တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။

* The bird flapped its wings and flew away.
(ငှက်က တောင်ပံခတ်ပြီး ပျံသွားတယ်။)

📌 Eldritch clerk: ထူးဆန်းအံ့သြဖွယ်ကောင်းသော (သို့မဟုတ်) ကြောက်မက်ဖွယ်ကောင်းသော ဆိုင်ဝန်ထမ်း။

* The eldritch clerk lived in a house full of ancient artifacts.
(ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အဲဒီဝန်ထမ်းက ရှေးဟောင်းပစ္စည်းတွေ ပြည့်နေတဲ့ အိမ်ထဲမှာ နေထိုင်တယ်။)

📌 Precariously perched: ပြုတ်ကျလုနီးပါး စိုးရိမ်ရတဲ့ အနေအထားနဲ့ တင်ထားခြင်း။

* The vase was precariously perched on the edge of the table.
(ပန်းအိုးက စားပွဲအစွန်းမှာ ပြုတ်ကျလုနီးပါး တင်နေတယ်။)

📌 Scruffy whelp: ပေတေစုတ်ပဲ့နေတဲ့ လူငယ်လေး။ (Whelp ဆိုတာက တိရစ္ဆာန်လေးတွေကို ခေါ်တာဖြစ်ပေမဲ့ ဒီမှာတော့ ကလေး/လူငယ်ကို နှိမ်ပြီး ခေါ်တာပါ)။

* Get out of my yard, you scruffy whelp!
(ငါ့ခြံထဲက ထွက်သွားစမ်း၊ ပေတေစုတ်ပဲ့နေတဲ့ ကောင်လေး)

ဒီစကားစုလေးတွေကို အရင်လေ့လာပြီးမှ အောက်မှာပေးထားတဲ့စာပိုဒ်လေးကိုဖတ်ရင် ပိုပြီးလွယ်ကူပါလိမ့်မယ်။ Quiz လေးဖြေမယ်ဆိုရင်တော့ YouTube မှာ ၀င်ဖြေကြည့်နော် ...✨

📖

Tr. Aye Moh

#ayemohedu
#flashfiction
#readingchallenge
#englishlevel
#advancedwords
❤9
Quiz လေးတွေဖြေချင်ရင်တော့ video ရဲ့ နောက်ဆုံးမှာ ထည့်ပေးထားပါတယ်။
အင်္ဂလိပ်စာ B2 Level ရောက်လာတဲ့အခါ စကားပြောတာပဲဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ် "Very" ကို အလွန်အကျွံ သုံးမယ့်အစား ပိုမိုထိရောက်တဲ့ စကားလုံးတွေကို သုံးဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ အသုံးများတဲ့ အခြေအနေ (၅) ခုအတွက် Level မြင့်စကားလုံးတွေကို လေ့လာကြည့်ရအောင်။

📒 "Very Important" အစား 👉 Crucial (/'kruː.ʃəl/)

အောင်မြင်မှုအတွက် အဆုံးအဖြတ်ပေးနိုင်လောက်အောင် အရေးကြီးတဲ့ အခါမှာ သုံးပါတယ်။

Example:
Effective communication is crucial for a successful career.
(အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအတွက် ထိရောက်တဲ့ ဆက်သွယ်ပြောဆိုမှုက အရေးကြီးဆုံး အဆုံးအဖြတ်ဖြစ်ပါတယ်။)

📒 "Very Big/Large" အစား 👉 Enormous (/ɪˈnɔː.məs/)

ပမာဏ ဒါမှမဟုတ် အရွယ်အစားက သာမန်ထက် သိသိသာသာ ကြီးမားနေတဲ့အခါ သုံးပါတယ်။

Example:
The new shopping mall is enormous, with over 500 shops.
(ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိတဲ့ အဲဒီကုန်တိုက်ကြီးက တကယ်ကို ကြီးမားလွန်းပါတယ်။)

📒 "Very Busy" အစား 👉 Swamped (/swɒmpt/)

အလုပ်တွေ လက်မလည်အောင် များနေတာ၊ နစ်မြုပ်နေတာမျိုးကို ဆိုလိုပါတယ်။ (လုပ်ငန်းခွင်မှာ အသုံးများပါတယ်)။

Example:
I’m sorry I can’t meet you today; I’m absolutely swamped with work.
(တောင်းပန်ပါတယ်၊ ဒီနေ့ မတွေ့နိုင်တော့ဘူး။ အလုပ်တွေ လက်မလည်အောင် များနေလို့ပါ။)

📒 "Very Beautiful" အစား 👉 Stunning (/'stʌn.ɪŋ/)

မြင်လိုက်တာနဲ့ မှင်သက်သွားရလောက်အောင်၊ အံ့သြသွားရလောက်အောင် လှပတဲ့အခါမှာ သုံးပါတယ်။

Example:
The view from the top of the mountain was absolutely stunning.
(တောင်ထိပ်ကနေ မြင်ရတဲ့ ရှုခင်းက တကယ့်ကို ရင်သပ်ရှုမောဖွယ် လှပပါတယ်။)

📒 "Very Happy" အစား 👉 Thrilled (/θrɪld/)

တစ်ခုခုအတွက် အရမ်းကို စိတ်လှုပ်ရှားပြီး ဝမ်းသာနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

Example:
I was thrilled to hear that I got the job.
(အလုပ်ရသွားပြီဆိုတဲ့ သတင်းကြားတော့ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားပြီး ဝမ်းသာမိပါတယ်။)

✍️ Quiz

အပေါ်က စကားလုံးတွေထဲက တစ်လုံးကို သုံးပြီး အောက်က ကွက်လပ်ကို ဖြည့်ကြည့်ရအောင်။

I have a lot of assignments this week, so I am totally ____.

(ဘယ်စကားလုံးက အသင့်တော်ဆုံး ဖြစ်မလဲ? Comment မှာ ဖြေခဲ့ပေးပါဦးနော်။ 👇)

Aye Moh - Edu

#EnglishB2 #VocabularyUpgrade #LearnEnglishWithUs #EnglishTips
❤12
အင်္ဂလိပ်စာလေ့လာသူအများစုက Passive Vocabulary အဆင့်မှာပဲ တစ်နေတတ်ကြပါတယ်။ စာတွေဖတ်၊ vocab တွေ ကျက်ထားပေမယ့် လက်တွေ့မှာ ပြန်မသုံးနိုင်တာမျိုးပါ။ ဒါကို Active Vocabulary ဖြစ်လာအောင် အောက်ပါ အဆင့် (၄) ဆင့်နဲ့ ပြောင်းလဲကြည့်ပါ။

1️⃣ Context (အခြေအနေ) နဲ့တွဲမှတ်ပါ

စကားလုံးတစ်လုံးချင်းစီကို မြန်မာအဓိပ္ပာယ်နဲ့ အလွတ်ကျက်တာက အမြန်ဆုံး မေ့စေတဲ့ နည်းလမ်းပါ။

ဘယ်လိုလုပ်မလဲ 🤔

🎯 စကားလုံးတစ်လုံးကို တွေ့ရင် သူနဲ့တွဲသုံးလေ့ရှိတဲ့ စာကြောင်း (Sentence) ကိုပါ မှတ်ပါ။
ဥပမာ - Decide ဆိုတဲ့ စကားလုံးကို မှတ်မယ့်အစား “I decided to go” ဆိုတဲ့ phrase လေးကိုပါ တွဲမှတ်တာမျိုးပါ။

2️⃣ Spaced Repetition (အချိန်ခြားပြီး ပြန်နွှေးခြင်း)

ဒီနေ့ကျက်၊ မနက်ဖြန်မေ့တာက သဘာဝပါ။ ဦးနှောက်က မသုံးတဲ့ အချက်အလက်ကို ဖျက်ပစ်တတ်ပါတယ်။

ဘယ်လိုလုပ်မလဲ 🤔

🎯 ဒီနေ့လေ့လာတဲ့ စကားလုံးကို (၁) ရက်အကြာ၊ (၃) ရက်အကြာ၊ (၁) ပတ်အကြာ စသဖြင့် အချိန်ခြားပြီး ပြန်နွှေးပေးပါ။

3️⃣ Personalized Sentences (ကိုယ့်အကြောင်းနဲ့ကိုယ် စာကြောင်းဖွဲ့ပါ)

ကိုယ်ဖတ်တဲ့ Text ထဲက စာကြောင်းတွေက ကိုယ်နဲ့မဆိုင်သလို ခံစားရရင် မှတ်မိဖို့ ခက်ပါတယ်။

ဘယ်လိုလုပ်မလဲ 🤔

🎯 အသစ်သိလိုက်တဲ့ Vocab တစ်လုံးကို ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ့်ခံစားချက်၊ ကိုယ့်အလုပ် နဲ့ ပတ်သက်ပြီး စာကြောင်းအသစ် (၃) ကြောင်း ပြန်ဖွဲ့ကြည့်ပါ။ ကိုယ်နဲ့နီးစပ်တဲ့ အကြောင်းအရာဖြစ်လေ ဦးနှောက်က ပိုမှတ်မိလေပါပဲ။

4️⃣ Input and Output Balance

စာဖတ်တာ၊ နားထောင်တာ (Input) တွေချည်းပဲ လုပ်နေရင် Vocab က စာအုပ်ထဲမှာပဲ ကျန်နေမှာပါ။

ဘယ်လိုလုပ်မလဲ 🤔

🎯 Shadowing
ဗီဒီယိုကြည့်ရင်း သူတို့ပြောတဲ့ စကားလုံးတွေကို လိုက်အသံထွက်ဆိုကြည့်ပါ။

🎯 Journaling
ဒီနေ့သင်လိုက်တဲ့ စကားလုံး (၃) လုံးကို သုံးပြီး ကိုယ့်ရဲ့တစ်နေ့တာ အကြောင်းကို Diary ရေးကြည့်ပါ။

📌 စကားလုံးအသစ် ၁၀၀ ကို တစ်ခါပဲမြင်ဖူးတာထက်၊ စကားလုံး ၁၀ လုံးကို အကြိမ် ၁၀၀ သုံးဖူးတာက ပိုပြီး ထိရောက်ပါတယ်။

----------------

Tr. Aye Moh
#ayemohedu
#vocab_to_remember
❤10