Aye Moh-Edu (English Classes)
3.46K subscribers
81 photos
3 videos
43 files
68 links
You can join these classes at Aye Moh-Edu!
📍One-on-one Classes
📍Small-group Classes
📍Recorded Video Lessons
Download Telegram
ဒီ websites လေးတွေက Reading အတွက်သာမဟုတ်ဘဲ self-study လုပ်နေတဲ့သူတိုင်းအတွက် တကယ့်ကိုကောင်းတဲ့ resources တွေပါ။ Level အလိုက် graded reader တွေအပြင် grammar + four skills ရွေးပြီး သေချာလုပ်လို့ရပါတယ်။ ESL/EFL ဖြေမယ့်သူတွေအတွက်လည်း reading ပိုင်းတွေ အများကြီးအထောက်အကူရပါတယ်။

အသေးစိတ်ရေးဖို့အချိန်မရလို့ link တွေ ချပေးထားပါတယ်။ Reading skills တိုးတက်ချင်သူတွေရော language တိုးတက်ဖို့အတွက်ရော ၀င်လေ့လာပြီး သေချာလေးလုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

✅ Linguapress.com
https://linguapress.com/short-stories

✅ Learn English Through Story
https://learnenglish-new.com

✅ Free Online English Teaching and Learning Materials
https://rong-chang.com

------

🍀
Tr. Aye Moh
❤10
💥 Future Perfect vs. Future Perfect Continuous


⏳ Future Perfect Tense

📍 Subject + will have + Past Participle (V3)

အနာဂတ်မှာ သတ်မှတ်ထားတဲ့ အချိန်တစ်ခုမတိုင်ခင် action တစ်ခု ပြီးစီးသွားလိမ့်မယ်လို့ ပြောချင်တဲ့အခါ သုံးပါတယ်။ (Focus on "a completed action")

Example_

- By 5 p.m., I will have finished my work.
(ညနေ ၅ နာရီမတိုင်ခင်မှာ ငါ့အလုပ်ကို ပြီးသွားပြီ ဖြစ်လိမ့်မယ်။)
- She will have gone to the market before her mother arrives.
(သူမရဲ့ အမေမရောက်ခင်မှာ သူဈေးကို သွားနှင့်ပြီးသား ဖြစ်လိမ့်မယ်။)
- By next year, they will have built a new house.
(လာမယ့်နှစ်မှာ သူတို့ အိမ်အသစ်တစ်လုံး ဆောက်ပြီးသွားလောက်ပြီ။)

-----------

⏳ Future Perfect Continuous Tense

📍 Subject + will have been + Present Participle (V-ing)

အနာဂတ်မှာ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအထိ action တစ်ခုဟာ ကြာရှည်စွာ ဆက်လက်လုပ်ဆောင်နေပြီးဖြစ်ကြောင်း၊ ဒါမှမဟုတ် အဲ့ဒီအချိန်မှာလည်း ဆက်လုပ်နေဆဲဖြစ်နိုင်ကြောင်း ဖော်ပြချင်တဲ့အခါ သုံးပါတယ်။ (Focus on "duration" and uncompleted action)

Example_

- By 5 p.m., I will have been working for eight hours.
(ညနေ ၅ နာရီဆိုရင် ငါ ၈ နာရီကြာ အလုပ်လုပ်နေခဲ့တာ ဖြစ်လိမ့်မယ်။) (ကြာချိန်ကို အလေးထားပြသည်)
- When he graduates, he will have been studying English for ten years.
(သူကျောင်းပြီးတဲ့အခါ သူ အင်္ဂလိပ်စာကို ၁၀ နှစ်ကြာ သင်ယူနေခဲ့ပြီး ဖြစ်လိမ့်မယ်။)
- At 11 o'clock tonight, she will have been watching TV for five hours.
(ဒီနေ့ည ၁၁ နာရီမှာ သူမဟာ TV ကြည့်နေတာ ၅ နာရီ ကြာသွားပြီ ဖြစ်လိမ့်မယ်။)

--------------

💡 အနှစ်ချုပ်

✅ Future Perfect >>> အနာဂတ်အချိန်တစ်ခုတွင် ပြီးစီးမှု (**Completion) ကို အလေးထား။

✅ Future Perfect Continuous >>>> အနာဂတ်အချိန်တစ်ခုအထိ ကြာချိန် (**Duration) ကို အလေးထား။

----------

🍀

Tr. Aye Moh
Aye Moh - Edu
❤‍🔥4
📣 Writing Courses (Recorded Video)

အင်္ဂလိပ်စာ Writing Skill တိုးတက်ချင်ပေမယ့် Zoom နဲ့သင်ဖို့ အချိန်အခက်အခဲရှိသူတွေ၊ အင်တာနက်လိုင်း အဆင်မပြေသူတွေအတွက် ရည်ရွယ်ပြီး Aye Moh - Edu ကနေ Video Writing Courses တွေ ဖွင့်ပေးထားပါတယ်။ Telegram Private Groups (OR) Facebook Private Groups မှာ သင်ခန်းစာတွေကို မျှဝေထားပြီး၊ မည်သည့်အချိန်မဆို သင်ယူလို့ရပါတယ်။

🔰 မိမိရဲ့ အင်္ဂလိပ်စာ level အလိုက် ရွေးချယ်လို့ရအောင် Writing Courses နဲ့ ပတ်သက်ပြီး သင်တန်း (၃) ခု စီစဉ်ထားပါတယ်။

📌 Basic to Pre-inter level တွေက Course 1 - Grammar + Sentence Writing ကို ရွေးချယ်နိုင်ပြီး၊
📌 Pre-inter နှင့်အထက် level တွေကတော့ Course 2 - Advanced Grammar + General Writing ကို တက်သင့်ပါတယ်။
📌 Inter, Upper-inter တွေကတော့ Course 3 - Academic and Creative Writing ကို ဆက်လေ့လာလို့ရပါတယ်။ Grade 10,11,12, IGCSE, GED အတွက် ပြင်ဆင်နေတဲ့ကျောင်းသားတွေအပြင် IELTS, အလုပ်/ကျောင်း၀င်ခွင့်စာမေးပွဲပြင်ဆင်နေသူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။

☁️

✅ Course 1: Grammar + Sentence Writing ✅

📌 Basic to Pre-Intermediate Level
🏆 Grammar + Sentence Writing
💵 Fees – 60,000 MMK

-------------------------------------------------------

✅ Course 2: Advanced Grammar + General Writing ✅

📌 Pre-intermediate & Above
🏆 Advanced Grammar + Sentence Structures
🏆 Paragraph Writing
💵 Fees – 70,000 MMK
🔰Feedback - 10,000 MMK (optional)
--------------------------------------------

✅ Course 3: Academic & Creative Writing ✅

📌 Intermediate & Above
🏆 Academic Writing
🏆 Creative Writing
💵 Fees – 60,000 MMK
🔰Feedback - 20,000 MMK (optional)

✍️ Feedback အနေနဲ့ ကိုယ်ရေးထားတဲ့စာကို ဆရာမက သေချာပြန်စစ်ပေးမှာမို့ အမှားတွေသိပြီး ပိုတိုးတက်စေပါတယ်။ လိုအပ်မှ Feedback ယူလို့လည်းရပါတယ်။

☁️

📣 သင်တန်းစုံစမ်းရန် -
Facebook Page Messenger/ 0943115607
Telegram - @ayemoh1011

🍀

Tr. Aye Moh
B.Ed; M.Ed. (YUOE)
Dip; in Eng & Creative Writing (YU)
TESOL certified by ASU

Let’s write better together! ✍️

#writing
#videolessons
#grammar #writing #academic
#lifetime
❤8
💥Nov 10 အတွင်း Writing (video course) သင်တန်းအပ်သူတိုင်း Feedback free ပါ ✅
❤8
Let's write ✍️

✅ I like coffee. ဆိုတဲ့ အခြေခံအကျဆုံး ဝါကျဖွဲ့စည်းပုံ (S+V+O) နဲ့ ရေးထားတဲ့ ဒီစာကြောင်းလေးကို အဆင့်ဆင့် level မြှင့်ပြီး ရေးကြည့်ကြရအောင်....။

"like" အစား "enjoy" ကိုသုံးပြီး၊ အချိန်ပြစကားစု "every morning" ထပ်‌ထည့်လိုက်ပါမယ်။

✅ I enjoy drinking coffee every morning.

နောက်တစ်ဆင့် "Sub + find + Obj + Adj ပုံစံလေးနဲ့ ပြောင်းရေးပြီး verb - 'enjoy' အစား ပိုပြီး နူးညံ့တဲ့ Adj - "fond of" ကို ပြောင်းရေးကြည့်ပါမယ်။ "especially when..." နဲ့ စာကြောင်းနှစ်ကြောင်းကိုဆက်ပြီး အကြောင်းပြချက် ထပ်ဖြည့်လိုက်အုံးမယ်။ ဒါကတော့ idea အသစ်လေးပေါ့။

✅ I find myself quite fond of coffee, especially when I need a boost of energy.

နောက်တစ်ဆင့် Formal ပုံစံ ဆက်စဉ်းစားကြည့်မယ်။ Tense ကို Present tense ကနေ Present perfect ပြောင်းမယ်။ fond of အစား "distinct preference" ဆိုတဲ့ formal phrase လေးနဲ့ ရေးကြည့်ပါမယ်။

- I have developed a distinct preference for coffee...
ဒီလိုလေးဖြစ်သွားပြီနော်။

ကျန်တဲ့အပိုင်းကိုစာကြောင်းပိုကျစ်လစ်အောင် Participle clause သုံးပြီးရေးကြည့်ပါမယ်။ နည်းနည်းအပြောင်းအလဲ‌လေး ထပ်လုပ်မယ်ဆိုရင် ဒီလိုစာကြောင်းလေးဖြစ်သွားပါပြီ။

✅ I have developed a distinct preference for coffee, often relying on it to enhance my focus throughout the day.

ဒီလောက်ထိဆိုရင်တော့ B2 level လောက် ပြောလို့ရပါတယ်။

C1 အဆင့် ဆက်ရေးနိုင်ဖို့ကတော့ vocabulary တွေ၊ sentence structure တွေ ဒီထက်ပိုပြီး အသေးစိတ်ကျစ်လစ်ရပါမယ်။ စာများများဖတ်ပြီး လေ့လာမှုအားကောင်းလာရင် ဒီလိုအဆင့်ဆင့် စဉ်းစားပြီး လေ့ကျင့်ကြည့်ပါ။ အောက်ကစာကြောင်းလေးကို ဆက်ဖတ်ကြည့်ပါအုံး....

✅ I have a profound appreciation for a well-brewed cup of coffee, which invariably serves as an indispensable ritual to jumpstart my workday.

စကားလုံးရွေးချယ်မှုမှာ အသေးစိတ်လာတာ သတိထားမိမှာပါ။ profound appreciation, well-brewed, invariably serves, indispensable ritual ဆိုတာမျိုးတွေပေါ့။ structure ကတော့ Relative clause ကို သုံးထားပါတယ်။ မျက်လုံးထဲမှာ ပိုပြီး ကွက်ကွက်ကွင်းကွင်းမြင်လာစေတဲ့ detailed description ကို တွေ့ရမှာပါ 🎁

Writing တိုးတက်ဖို့ကတော့ စာများများဖတ်ပါ။ ဖတ်ပြီးရင် မှတ်ပါ။ မှတ်ပြီးရင် ပြန်ရေးကြည့်ပါလို့ပဲ အကြံပြုချင်ပါတယ် ...။

🍀

Tr. Aye Moh
Aye Moh - Edu
❤15🥰1
❄️💧 Subjunctive Mood ဆိုတာ…

* She insists that he come. *

Is this sentence correct? What do you think?

English Grammar ပိုင်းမှာ Subjunctive Mood နဲ့ ရေးတဲ့ ပုံစံတစ်မျိုးရှိပါတယ်။ အသုံးနည်းတာကြောင့် သေချာမလေ့လာမိဘူးဆိုရင် စာကြောင်းအမှားကြီးရေးထားတယ်လို့ ထင်မှတ်သွားနိုင်ပါတယ်။

Subjunctive Mood ဆိုတာ Infinitive verb (basic verb) ပုံစံနဲ့ရေးရတဲ့ စာကြောင်းမျိုးပါ။ စာရေးသူ/ပြောသူက သူဖြစ်စေချင်တဲ့အရာမျိုးကို ဖြစ်ဖို့သေချာသည်ဖြစ်စေ။ မသေချာသည်ဖြစ်စေ သူဖြစ်စေချင်ပါတယ်၊ ဆန္ဒရှိပါတယ်ဆိုတဲ့ ခံစားမှုကို အလေးထားပြီး ပြောချင် ရေးချင်တဲ့အခါမျိုးမှာ သုံးကြပါတယ်။

နမူနာ စာကြောင်းလေးတွေပါ။

- I suggest that he go. (... he goes ✖️)
- It is essential that we be there. (…… we are there.✖️)
- It was recommended that he make the speech. (….. he makes the speech. ✖️)

Subjunctive form က တချို့စာကြောင်းလေးတွေမှာတော့ သတိထားမိဖို့ ခက်ပါတယ်။ အထူးသဖြင့် Sub က I / We / They … တို့လို ၊ Plural Sub တွေဆိုရင် Base Verb ကို သုံးထားတာက သိပ်ထူးခြားမနေသလိုပါပဲ။

- It is important that you try to study hard.

ဒီစာကြောင်းက Subjunctive form နဲ့ ရေးထားပေမယ့် သိပ်မထူးခြားသလိုပါပဲ။ (….. you try… )

- It is important that he try to study hard.

ဒီစာကြောင်းမှာတော့ ….he try … လို့ ရေးထားတာ သတိထားမိပါလိမ့်မယ်။ စာကြောင်းမှားနေတာ မဟုတ်ပါ။ Subjunctive form နဲ့ ရေးထားတာပါ။

Subjunctive form မှန်း ဘယ်လိုသိနိုင်မလဲ…. ဘယ်လိုစကားလုံးတွေနဲ့ ရေးရမလဲ…?

✅ Subjunctive form နဲ့ ရေးချင်ရင် သုံးရမယ့် verb လေးတွေကို မှတ်ထားရမှာပါ။ အောက်မှာ ရေးပြပေးထားပါတယ်။ … that clause ရဲ့အရှေ့မှာ ဒီ verb တွေနဲ့ စပြီးရေးတတ်ပါတယ်။

📌 advise (that), ask (that), demand (that), desire (that), insist (that), propose (that), recommend (that), request (that), suggest (that), urge (that)

Example စာကြောင်းလေးတွေ လေ့လာပါ။

- The committee requested that Peter submit his proposals by the end of the week. (…requested that… submit…)

- We insist that all the trainees be on time. (…insist that ... be….)

- The company request Mr. Jones come to the meeting. (…request ... come….)

*** that Clause နောက်က စာကြောင်းမှာ Sub + Verb inf ကို သတိပြုပါ။

✅ အောက်ဖော်ပြပါ expressions တွေနဲ့ စရေးထားတဲ့ that clause ကလည်း Subjunctive form (verb inf) ပါပဲ။

📌 It is best (that), It is crucial (that), It is desirable (that), It is essential (that), It is imperative (that), It is important (that), It is recommended (that), It is urgent (that), It is vital (that), It is a good idea (that), It is a bad idea (that)

Example လေးတွေ လေ့လာပါ။

- It is important that you be there. (…. you be….)

- It is recommended that he take a month’s leave of absence. (… he take …)

✅ Negative sentence, Continuous form နဲ့ Passive form တွေနဲ့ ရေးထားတဲ့ Subjunctive sentence တွေကိုလည်း လေ့လာကြည့်ပါ။

- The company asked that their employees not accept personal calls at work. (… their employees not accept ….)

- It was recommended that she be hired for the post. (…. She be hired….)

- It is important that a car be waiting when the delegates arrive. (…. a car be waiting…)

✅ Subjunctive idea ကို ဖော်ပြနိုင်ဖို့ တခါတလေမှာ should + Vinf ပုံစံနဲ့လည်း ရေးတတ်ပါတယ်။ British English မှာ should နဲ့ သုံးတာ ပိုတွေ့ရတတ်တယ်။ 'suggest', 'recommend' and 'insist' … စတဲ့ verb တွေနဲ့ စာကြောင်းစရင် that clause နောက်မှာ ‘should Vinf’ ရေးတတ်ပါတယ်။

- It was recommended that she should see a specialist.
- The tutor suggested that Sarah should try to study harder.

###

Ref: Lesson by Tristan, teacher at EC Malta English school

With best wishes,
Tr. Aye Moh
Aye Moh - Edu
❤14🔥1🥰1
Aye Moh-Edu (English Classes) pinned «📣 Writing Courses (Recorded Video) အင်္ဂလိပ်စာ Writing Skill တိုးတက်ချင်ပေမယ့် Zoom နဲ့သင်ဖို့ အချိန်အခက်အခဲရှိသူတွေ၊ အင်တာနက်လိုင်း အဆင်မပြေသူတွေအတွက် ရည်ရွယ်ပြီး Aye Moh - Edu ကနေ Video Writing Courses တွေ ဖွင့်ပေးထားပါတယ်။ Telegram Private Groups (OR)…»
📚 အင်္ဂလိပ်စာ Level ကို ဘယ်လို ထိန်းမလဲ?

အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ် သင်ယူနေသူတွေအနေနဲ့ ဒီအချက်ကို အမြဲသတိရသင့်ပါတယ်။ အင်္ဂလိပ်စာဟာ ဘယ်တော့မှ ရပ်နားထားလို့ မရတဲ့အရာပါ...။

ဘာကြောင့်လဲဆိုတော့...


⛔️ Use It or Lose It!

လူရဲ့ဦးနှောက်ဟာ အသုံးမပြုတဲ့ အသိပညာတွေကို တဖြည်းဖြည်း မေ့ပျောက်သွားတတ်ပါတယ်။ လေ့လာထားတဲ့ ဝေါဟာရတွေ၊ သဒ္ဒါစည်းမျဉ်းတွေနဲ့ စကားပြောပုံစံတွေကို အဆက်မပြတ် အသုံးမပြုဘူးဆိုရင်၊ သင်ယူထားတဲ့ Level ဟာ ပြန်ပြီး ကျဆင်းသွားမှာ သေချာပါတယ်။


⛔️ Like a Flowing River!

ဘာသာစကားဆိုတာ ရပ်နေတဲ့ ရေအိုင်မဟုတ်ပါဘူး။ နေ့စဉ် ပြောင်းလဲနေတဲ့ ရေစီးကြောင်းလိုပါပဲ။

🔥Level မကျဖို့
🔥ပိုပြီးတိုးတက်နေစေဖို့
🔥ခေတ်နဲ့အညီ ဖြစ်နေစေဖို့

အဆက်မပြတ် ဖတ်ရှုခြင်း၊ နားထောင်ခြင်း၊ ပြောဆိုခြင်းနဲ့ ရေးသားခြင်းတွေကို နေ့စဉ် ထိတွေ့နေဖို့ လိုအပ်ပါတယ်။


⛔️ Consistency is Key!

တစ်ပတ်မှာ တစ်ရက်သာ နာရီပေါင်းများစွာ သင်ယူတာထက်၊ နေ့တိုင်း နာရီဝက် သို့မဟုတ် တစ်နာရီ အချိန်ပေးပြီး သင်ယူတာက ပိုပြီး ထိရောက်ပါတယ်။ ဒီလို အဆက်မပြတ် ထိတွေ့လေ့ကျင့်မှသာ ကိုယ့်ရဲ့ Level ကို မြဲမြံစေပြီး တဖြည်းဖြည်း တိုးတက်လာမှာပါ။


💯 အင်္ဂလိပ်စာနဲ့ Relationship ခိုင်မြဲဖို့ သူ့ကို "လျစ်လျူမရှု" လိုက်ပါနဲ့ 🥶


With love,
Tr. Aye Moh 🍀
❤15
Hello English Learners 💛

မနက်ဖြန်ဆိုရင် 2025 ရဲ့ နောက်ဆုံးလ ဒီဇင်ဘာကို ရောက်လာပါပြီ။ Year-End reflection လုပ်ဖို့နဲ့ မပြီးပြတ်သေးတဲ့ အရာတွေကို အပြီးသတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီလိုအချိန်အခါနဲ့ပတ်သက်တဲ့ အင်္ဂလိပ်စကားလုံး‌လေးတွေကို လေ့လာကြည့်ရအောင်။


🎯 The Final Stretch (အဆုံးသတ် ကာလ)

ပထမဆုံးအနေနဲ့ တစ်ခုခုရဲ့ အဆုံးသတ်ကာလကို ရောက်ရှိနေပြီလို့ ပြောချင်ရင် Final Stretch (Noun Phrase) ကို သုံးပါ။

ဥပမာ -
- "We are in the final stretch of the school year. Let’s work hard!" လို့ ပြောနိုင်ပါတယ်။


🎯 Wrap Up Your Tasks (လုပ်ငန်းများ အပြီးသတ်ခြင်း)

တစ်စုံတစ်ခုကို အဆုံးသတ် သို့မဟုတ် အပြီးသတ်လုပ်ဆောင်တာကို ဖော်ပြဖို့အတွက် Wrap Up (Phrasal Verb) ကို အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် မပြီးပြတ်သေးတဲ့ ကိစ္စတွေ၊ ပြဿနာတွေကို ဖော်ပြတဲ့အခါမှာတော့ Loose Ends (Noun Phrase) လို့ သုံးပါတယ်။

ဥပမာ -
- "I need to wrap up this assignment before the holiday,"

- "You should tie up any loose ends at work before your vacation." လို့ ရေးသားနိုင်ပါတယ်။


🎯 Reflect on (ပြန်လည် သုံးသပ်ခြင်း)

ပြီးခဲ့တဲ့ ကိစ္စရပ်တွေ၊ အတွေ့အကြုံတွေကို ပြန်လည်ဆင်ခြင်သုံးသပ်တာကို Reflect On (Phrasal Verb) လို့ခေါ်ပါတယ်။

ဥပမာ -
- "It's important to reflect on your mistakes so you can learn from them."


🎯 Clean slate (အသစ်စတင်ခြင်း)

တစ်နှစ်တာပြီးဆုံးလို့ နှစ်သစ်မှာ အတိတ်ကအရာတွေ ချန်ထားခဲ့ပြီး အသစ်စတင်ဖို့ အခွင့်အရေးကို Clean Slate (Noun Phrase) လို့ သုံးပါတယ်။

ဥပမာ -
- "New Year’s Day is a chance for a clean slate."


🎯 Geared up (အသင့်ပြင်ဆင်ထားသော)

တစ်ခုခုအတွက် အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဖော်ပြချင်ရင်တော့ Geared Up (Phrasal Verb - Adjective) ကို သုံးနိုင်ပါတယ်။

ဥပမာ -
- "Are you geared up for the job interview next week?"

⛄🍀

As we enter the final stretch of the year, make sure you wrap up those loose ends, reflect on your journey, and get geared up for a clean slate in the new year. 👌


With love
Tr. Aye Moh
Aye Moh-Edu
❤7
⭐ There vs. It ⭐

"It" နဲ့ "There" ကို အသုံးပြုတဲ့အခါ မမှားအောင် ဒီလိုလေးမှတ်ထားပါ။

🎯 "There" ကို ဘယ်အချိန်မှာ သုံးမလဲ

"There" ကို အဓိကအားဖြင့် တစ်ခုခု တကယ် ရှိ/မရှိ ကို ပြောပြတဲ့အခါ သုံးပါတယ်။
(အများအားဖြင့် Verb to be (is, are, was, were) နဲ့ တွဲသုံးပါတယ်)။

ဒီနေရာမှာ "There" က Subject နေရာမှာ ရှိပေမယ့် တကယ်တမ်း ဘာအဓိပ္ပာယ်မှ မရှိဘဲ စကားစပေးတဲ့ စကားလုံး (Dummy Subject) လိုမျိုး ဖြစ်ပါတယ်။


1️⃣ တည်ရှိမှုကို ပြောပြခြင်း

* There is a cat on the roof.
(ခေါင်မိုးပေါ်မှာ ကြောင်တစ်ကောင် ရှိတယ်။)
* There are many people in the room.
(အခန်းထဲမှာ လူတွေ အများကြီး ရှိတယ်။)
* There was a big party last night.
(မနေ့ညက ပါတီပွဲကြီးတစ်ခု ရှိခဲ့တယ်။)

2️⃣ နေရာကို ပြသခြင်း (Adverb of Place)

* The book is over there.
(စာအုပ်က ဟိုမှာ။)
* We went to Paris and stayed there for a week.
(ပါရီကို သွားပြီး အဲဒီမှာ တစ်ပတ်နေခဲ့တယ်။)

ÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽ

🎯 "It" ကို ဘယ်အချိန်မှာ သုံးမလဲ

"It" ကို အဓိကအားဖြင့် အချိန်၊ ရာသီဥတု၊ အကွာအဝေး စတဲ့ အရာတွေကို Subject နေရာမှာ သုံးဖို့ (Dummy Subject) ဒါမှမဟုတ် ပြောပြီးသားအရာ/လူ (တစ်ဦး/တစ်ခု) ကို ဖော်ထုတ်ပေးတဲ့အခါ (Real Subject ကို အစားထိုးတဲ့အခါ) သုံးပါတယ်။


1️⃣ အချိန်/ရာသီဥတု/အကွာအဝေးကို ဖော်ပြခြင်း

* It is 3 o'clock. (၃ နာရီ ရှိပြီ။)
* It is cold today. (ဒီနေ့ အေးတယ်။)
* It is 10 miles to the city. (မြို့ကို ၁၀ မိုင် ဝေးတယ်။)


2️⃣ တစ်ဦး/တစ်ခုကို ဖော်ထုတ်ပေးခြင်း

A: Look! What is that big building?
B: It is the National Museum.
(ဒါက အမျိုးသားပြတိုက် ဖြစ်ပါတယ်။)

A: Who is calling?
B: It is my mother.
(ဖုန်းခေါ်နေတာ ကျွန်တော့်အမေ ဖြစ်ပါတယ်။)


ÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽ

ဒီအချက်တွေကို သေချာမှတ်မိရင် ဘယ်အချိန်မှာ ဘယ်စကားလုံးကို သုံးရမယ်ဆိုတာကို အလွယ်တကူ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

လေ့ကျင့်ခန်းတွေ ဖြေကြည့်ပါ။

1. __ is raining heavily outside.
2. __ are five books on the table.
3. __ is cold today.
4. I saw a strange animal. __ looked like a big rat.
5. __ is a long way to walk home from here.

ÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽÂŽ

Tr. Aye Moh
1st Dec, 2025
❤4🥰1
စာကြောင်းလေးတွေကနေ "take" နဲ့ဆိုင်တဲ့ Phrasal verbs တွေ ပြန်လေ့လာကြည့်ပါမယ်။ အဓိပ္ပာယ်တွေနားလည်ပြီး မှတ်မိသွားရင် စာပိုဒ်လေးတစ်ခုမှာ ဒီ phrasal verbs တွေ ပြန်သုံးကြည့်ပါ။

1. The girl will take over the mayor's job for one day.

🍡 take over - တာ၀န်လွှဲယူသည်။

(ဒီမိန်းကလေးက မြို့တော်၀န်ရဲ့အလုပ်တွေကို တစ်ရက်တာလွှဲပြောင်းယူမယ်။)

2. The reading was too long. James couldn’t take in all the information.

🍡 take in - မှတ်သားလေ့လာသည်။

(ဖတ်လိုက်တဲ့အကြောင်းအရာက အရမ်းရှည်တော့ အချက်အလက်တွေအားလုံးကို James မမှတ်နိုင်ပါ။)

3. Samantha took apart the clock, but she couldn’t put it back together.

🍡 take apart - တစ်ခုစီဖြုတ်သည်။

(Samantha က နာရီကို တစ်ခုစီဖြုတ်ပြီး ပြန်မတပ်တတ်တော့ဘူး။)

4. Yoon’s grandmother took up knitting last year.

🍡 take up - တစ်ခုခု (ဝါသနာ) စလုပ်သည်။

(ယွန်းရဲ့အဘွားက လွန်ခဲ့တဲ့နှစ်က သိုးမွှေးစထိုးခဲ့တယ်။)

5. On January 1, Alessandro took down his calendar and put up a new one.

🍡 take down - ဖြုတ်ချသည်။

(ဇန်နဝါရီ ၁ရက်နေ့မှာ Alessandro က ပြက္ခဒိန်အဟောင်းကိုဖြုတ်ပြီး အသစ်တပ်သည်။)

6. Cheryl takes after her mother in many ways.

🍡 take after - ဆင်တူသည်။

(Cheryl က သူ့အမေနဲ့ တော်တော်များများဆင်တယ်။)

-----

Phrasal verbs အသုံးလေးတွေ မှတ်မိပြီဆိုရင် အောက်ကစာပိုဒ်လေးကို ဖြည့်ကြည့်ပါ။
[take down, take in, take after, take over, take up, take apart]

Exercise:

My older sister will move to São Paulo tomorrow to study at a university. She was very busy today. First, she .......1.... all of the posters in her bedroom. Then she ........2..... her bicycle because it won’t fit in the car. She’s very excited to go.

She ......3..... our mother, who also loves new adventures. My sister plans to ......4....... many new hobbies and sports at school. What about me? Well, I’ll ......5....... as the oldest child in the house now. It’s a lot to ......6..... , but I’m excited to help my parents more. I’m also looking forward to having my own bedroom while my sister is gone!
------


Answers:
1. took down
2. took apart
3. takes after
4. take up
5. take over
6. take in

🎄

With love,
Tr. Aye Moh
Aye Moh - Edu
❤12
အင်္ဂလိပ်စာ လေ့လာတဲ့အခါမှာ တစ်ခုခုကို focus မထားနိုင်ဘဲ ဟိုသင်တန်းက‌နေ ဒီသင်တန်း‌ပြောင်းတက်၊ ဟိုစာအုပ်ကနေ ဒီစာအုပ်ပြောင်းဖတ်၊ ဟို channel ကနေ ဒီ channel ပြောင်းကြည့်နေတာမျိုး‌တွေ၊ ဒါမှမဟုတ် ဟိုစပ်စပ် ဒီစပ်စပ်လိုက်လေ့လာပြီး ဘာမှထိထိရောက် မတိုးတက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဒီဘက်ခေတ်မှာ Consistency အားနည်းလာတာ၊ တစ်ခုခုကို တစိုက်မတ်မတ် ထပ်တလဲလဲလေ့လာဖို့ကို အားမစိုက်ချင်တော့တာတွေ ဖြစ်တတ်ပါတယ်။

💥 သေချာတာတစ်ခုကတော့ တစ်ခုတည်းကို #Repetition ထပ်တလဲလဲ လေ့ကျင့်တာဟာ မှတ်မိနိုင်စွမ်းပို‌အားကောင်းတာပါပဲ။

🎄 ဘာလို့ ထပ်တလဲလဲ လေ့ကျင့်သင့်တာလဲ?

🎯 အခြေခံခိုင်မာစေတယ်

ကိုယ်က Writing တိုးတက်ချင်တယ်ဆိုရင် Tense တစ်ခုကိုဖြစ်စေ၊ Sentence Structure တစ်မျိုးကိုဖြစ်‌စေ တစ်ခု နှစ်ခုကိုပဲ စွဲမြဲသွားအောင် တစ်ပတ်လုံး ထပ်ခါထပ်ခါ လေ့ကျင့်ပါ။ သီအိုရီမှတ်ပါ။ Notes ထုတ်ပါ။ စာကြောင်းတွေ၊ စာပိုဒ်တွေရေးကြည့်ပါ။ စကားပြောရင် ထည့်သုံးပါ။ တစ်ပတ်လုံး ကိုယ်လေ့လာထားတဲ့အကြောင်းအရာကိုပဲ ထပ်တလဲလဲ သုံးကြည့်ပါ။ သေချာနားလည်ပြီး မမေ့နိုင်တော့ပါဘူး။

🎯 အလေ့အကျင့် ဖြစ်စေတယ်

Reading မှာဆိုရင်လည်း စာတစ်ပုဒ်ကိုပဲ တစ်ပတ်လုံးနေ့စဉ် ဖတ်ကြည့်ပါ။ Notes ထုတ်ပါ။ စကားလုံးအသစ်တွေ၊ စာကြောင်းတည်ဆောက်ပုံတွေ၊ အသုံးအနှုန်းတွေကို အလွတ်နီးပါး မှတ်မိသွားပါလိမ့်မယ်။ ကိုယ်‌‌ သေချာဖတ်မှတ်ထားတဲ့ အင်္ဂလိပ်စာအသုံးအနှုန်းတွေကို တခြားနေရာမှာ ပြန်တွေ့တဲ့အခါ ဦးနှောက်ထဲမှာ ပိုပြီး စွဲမြဲသွားပါလိမ့်မယ်။

🎯 ဦးနှောက်ကို ပင်ပန်းသက်သာစေတယ်

ခေါင်းစဉ် အများကြီးကို နေ့တိုင်း လိုက်ဖတ်၊ လိုက်မှတ်နေတာက ဦးနှောက်ကို ပင်ပန်းစေပါတယ်။ တစ်ခုတည်းကိုပဲ နေ့စဉ်ပုံမှန် ထပ်တလဲလဲ လုပ်တဲ့အခါ Learning Effort နည်းသွားပြီး အကျိုးကျေးဇူးက ပိုများလာပါတယ်။ ဒါကို English မှာ "Repetition is the Mother of Skill" လို့တောင် ပြောကြပါတယ်။

---------------------------------------------

💥 ဒီနေ့ကစပြီး စမ်းကြည့်ပါ

ကိုယ် သဘောကျတဲ့ စာအုပ်ရဲ့ စာပိုဒ်တစ်ခုကိုပဲ ခုနစ်ရက် ဆက်တိုက် နေ့စဉ် ပြန်ဖတ်ကြည့်ပါ။ ခုနစ်ရက်မြောက်နေ့မှာ ကိုယ်ပထမဆုံးဖတ်တုန်းကထက် ဘယ်လောက် ပိုနားလည်သွားလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ "Less is more!" ဆိုတဲ့စကားလိုပါပဲ....။

---

Tr. Aye Moh
Aye Moh - Edu
https://t.me/ayemohedu

#EnglishLearning
#Repetition
#StudyTips
#FocusOnOne
❤7
🎄English ကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်၊ ရေးနိုင်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ 🤔

ဒီမေးခွန်းကို CEFR (Common European Framework of Reference for Languages) က သတ်မှတ်ပေးထားတဲ့အတိုင်းပဲ ပြန်ဖြေပေးပါမယ်။ CEFR ရဲ့ ဘာသာစကား level သတ်မှတ်ချက်အရ 6 levels (A1, A2, B1, B2, C1, C2) ရှိတာတော့ အားလုံးသိကြမှာပါ။ ဒီ level တစ်ခုစီပြီးဖို့ဆိုရင် ခန့်မှန်းခြေ နာရီ ၂၀၀ လေ့လာဖို့လိုပါတယ်။

ဒါကြောင့်မို့ English ဘာသာစကားကို ကျွမ်းကျင်သွားဖို့ဆိုရင် နာရီပေါင်း ၁၂၀၀ (6 levels × 200 hours = 1200 hrs) ကြာအောင် လေ့လာကြပါလို့ တိုက်တွန်းချင်ပါတယ်။

အရင်ဆုံး ကိုယ်က ဘယ် level ရောက်ပြီလဲ သိဖို့လိုပါတယ်။ ကိုယ့်ရဲ့ level ကို အရင်စစ်ကြည့်ပြီးမှ အချိန်ဘယ်လောက် ထပ်လေ့လာဖို့လိုလဲ သေသေချာချာ တွက်ကြည့်ပေါ့နော်။ ခန့်မှန်းခြေ level test စစ်ပေးတဲ့ website တွေမှာ ကိုယ့် level ကို စစ်ကြည့်ပါ။ test က four skills + grammar အားလုံးပါတဲ့ test ဆိုရင်တော့ ကိုယ့်ရဲ့ level result က အနီးစပ်ဆုံးမှန်ပါလိမ့်မယ်။ အဲ့လိုမဟုတ်ဘဲ skills အားလုံး မပါတဲ့ test တွေဖြစ်နေရင်တော့ level result ထက် တစ်ဆင့်၊ နှစ်ဆင့်လောက် ပြန်ချပြီးမှ လေ့လာပါ (ဥပမာ level result က B2 ရနေတယ်ဆိုရင် A2 or B1 က စပြီး လေ့လာသင့်ပါတယ်)။

English ဘာသာစကား လေ့လာသူအားလုံးလည်း ၃ လ၊ ၆ လလောက်နဲ့ learning zone ထဲက ထွက်ပြေးမသွားကြဘဲ ဇွဲရှိရှိနဲ့ ကျွမ်းကျင်အဆင့်ထိရောက်အောင် တစ်စိုက်မတ်မတ် လေ့လာနိုင်ကြပါစေလို့ 🌼

Tr. Aye Moh
Aye Moh - Edu

#englishCEFR
#learninghours
#A1_A2_B1_B2_C1
#Basic_Advanced
❤9
https://www.efset.org/4-skill/

Four skills အတွက် ၁နာရီခွဲ စစ်ကြည့်လို့ရပါတယ်။
❤3
Read with Me: Jan 2026 🎯

၂၀၂၆ ရဲ့ ပထမဆုံးလမှာ အင်္ဂလိပ်စာကို ပုံမှန်ထက် ထူးထူးခြားခြားလေး လေ့လာချင်သူတွေအတွက် "Read with me: Jan 2026" အစီအစဉ်လေး လုပ်‌ပေးပါမယ်။ ✨

"စာဖတ်ချင်ပေမယ့် အချိန်အကြာကြီး မပေးနိုင်ဘူး" ဆိုတဲ့သူတွေအတွက် ၃ မိနစ်စာ ဇာတ်လမ်းတို (Flash Fiction) လေးတွေကို ရွေးချယ်ဖတ်ပြပေးသွားမှာပါ။

ဒီဇန်နဝါရီလထဲမှာ "Aye Moh-Edu" YouTube Channel ကနေ ဖတ်ပြမယ့် Reading Challenge လေးက ဒီလိုပါ...💥

✅ တစ်ပတ်ကို စိတ်ဝင်စားစရာ ရသ၀တ္ထုတို ၂ ပုဒ်

✅ Native တွေသုံးတဲ့ B2/C1 level Vocab များ

✅ ဗီဒီယိုအဆုံးမှာ အပြန်အလှန်ဖြေဖို့ Quick Quiz

အပတ်စဉ် Thur & Sun တိုင်းမှာ ဇာတ်လမ်းလေးတွေအတူဖတ်ရင်း ကိုယ့်ရဲ့ English Level ကို Level up လုပ်လိုက်ရအောင်။ 🚀

English တိုးတက်ဖို့အတွက် YouTube မှာ Subscribe လုပ်ထားလို့ရတယ်နော်။

🔗 https://youtube.com/@learnenglish.ayemoh-edu?si=1X-vwOWrYrODaW_w

#AyeMohEdu #ReadWithMeJan2026 #FlashFiction #EnglishLearning #2026Resolution
❤4
Flash Fiction ဆိုတာ...

📗 Flash Fiction ဆိုတာ ဘာလဲ?

Flash Fiction ဆိုတာ စကားလုံးအရေအတွက်ကို အကန့်အသတ်နဲ့ (များသောအားဖြင့် စကားလုံး ၁,၀၀၀ အောက်) ရေးသားထားတဲ့ ပုံပြင်/ဝတ္ထုတို အမျိုးအစားကို ခေါ်တာပါ။ "Micro-fiction," "Sudden fiction," ဒါမှမဟုတ် "Short-short story" လို့လည်း လူသိများပါတယ်။

သူ့ရဲ့ ထူးခြားချက်ကတော့ စာမျက်နှာ အများကြီး ဖတ်စရာမလိုဘဲ မိနစ်ပိုင်းအတွင်းမှာတင် ဇာတ်လမ်းတစ်ပုဒ်လုံးရဲ့ အရသာကို အပြည့်အဝ ပေးနိုင်တာပဲ ဖြစ်ပါတယ်။

✨ Flash Fiction ရဲ့ အဓိက လက္ခဏာများ

Brevity (တိုတောင်းခြင်း): အချိန်အနည်းငယ်အတွင်း ဖတ်ရှုနိုင်ပါတယ်။

Complete Plot (ဇာတ်လမ်းပုံစံ ပြည့်စုံခြင်း): အတိုလေးဆိုပေမဲ့ အစ၊ အလယ်၊ အဆုံး ဆိုတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ (Plot) အပြည့်အစုံ ပါဝင်ပါတယ်။

The "Twist" (အလှည့်အပြောင်း): ဇာတ်သိမ်းပိုင်းမှာ စာဖတ်သူ မထင်မှတ်ထားတဲ့ အလှည့်အပြောင်း ဒါမှမဟုတ် ခံစားချက်တစ်ခုခုကို ရုတ်တရက် ပေးစွမ်းလေ့ရှိပါတယ်။

💡 English လေ့လာသူတွေအတွက် ဘာကြောင့် အသုံးဝင်တာလဲ?

📌 Vocabulary in Context: စာလုံးပေါင်း သောင်းနဲ့ချီ ဖတ်စရာမလိုဘဲ ဝေါဟာရအသစ်တွေကို ဇာတ်လမ်းထဲမှာ ဘယ်လိုသုံးသလဲဆိုတာ လေ့လာနိုင်ပါတယ်။

📌 Quick Reading Practice: အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် Reading Skill တက်စေဖို့ အကောင်းဆုံး အလေ့အကျင့်ပါ။

📌 Concise Writing: ကိုယ်တိုင် ပြန်ရေးကြည့်မယ်ဆိုရင်လည်း လိုရင်းတိုရှင်းနဲ့ ထိရောက်အောင် ရေးတတ်တဲ့အလေ့အကျင့် (Creative Writing) ကို ရရှိစေပါတယ်။

🌟 နာမည်ကြီး ဥပမာတစ်ခု (6-Word Story)

Flash Fiction လောကမှာ အကျော်ကြားဆုံး ဇာတ်လမ်းတိုလေးတစ်ခု ရှိပါတယ်။ အမေရိကန် စာရေးဆရာကြီး Ernest Hemingway ရေးခဲ့တယ်လို့ ယူဆကြတဲ့ စကားလုံး (၆) လုံးတည်းပါတဲ့ ဇာတ်လမ်းလေးပါ။
"For sale: Baby shoes, never worn."
(ရောင်းရန်ရှိသည် - တစ်ခါမျှ မစီးရသေးသော ကလေးဖိနပ်လေးများ။)

ဒီစကားလုံး ၆ လုံးတည်းနဲ့တင် စာဖတ်သူရဲ့ စိတ်ထဲမှာ ဝမ်းနည်းစရာကောင်းတဲ့ နောက်ခံသမိုင်းကြောင်းကို ပုံဖော်ပေးသွားနိုင်တာဟာ Flash Fiction ရဲ့ မှော်ဆန်မှုပါပဲ။

🎯 English Learning Tip:

Flash Fiction တွေကို ဖတ်တဲ့အခါ ဇာတ်လမ်းက ဘာကို ဆိုလိုတာလဲဆိုတာကို အရင်စဉ်းစားကြည့်ပါ။ ပြီးမှ မသိတဲ့ စကားလုံးတွေကို မှတ်သားပါ။ ဒါဆိုရင် Language Skill ရော၊ Critical Thinking ပါ တိုးတက်လာမှာပါ။

နှစ်သစ်မှာ စာဖတ်ရင်း အင်္ဂလိပ်စာလေ့လာကြပါစို့ 🎁

Happy New Year to you all ✨🎉✨

Tr. Aye Moh
Aye Moh - Edu

#flashfiction
#english
#ayemohedu
#readingenglish
#2026intention
❤8
✨ 1st Jan, 2026 ✨

A year has passed, and a new year is ahead of us. As always, we make small goals or intentions every New Year, but short-lived enthusiasm easily influences us, even in the early months. Why? For me, not being consistent is the main reason I lose sight of my goals.

So this year, the one word I will always keep in mind is “consistency”, all year round. Along with that, mindfulness is something I must hold onto in every moment to help me achieve my goals, focusing on only one thing at a time. The last, but most important, intention is not to be greedy, especially in areas such as multi-learning, money-making, and trying to be perfect in an overwhelming way. In my opinion, quality and slow learning are the keys to truly knowing something inside out.

Let’s grow for one more year, my beloved ones 🥰

Aye Moh - Edu
1.1.2026
Thursday
❤16
Day 1: "The Book" 📖

"The Book" ဆိုတဲ့ Flash fiction လေးကို YouTube မှာ video နဲ့ ရှင်းပြပေးထားပါတယ်။ video ကြည့်ပြီး Quiz လေးတွေဖြေဖို့လည်း ထည့်ပေးထားပါတယ်။ YouTube မှာ နားထောင်ချင်ရင် 👇
https://youtu.be/J7MIgP5zX0k?si=PAyYF9TWsLET9MBy

ကိုယ်တိုင်ဖတ်မယ့်သူ‌တွေအတွက်တော့ ဒီပုံပြင်ထဲက Highlight လုပ်ထားတဲ့ စကားလုံး‌တွေနဲ့ စကားစုတွေကို နားလည်ရလွယ်ကူအောင် ဥပမာလေးတွေနဲ့ ရှင်းပြပေးပါမယ်။

📌 Worn, tattered book: အလွန်ဟောင်းနွမ်းပြီး စုတ်ပြတ်နေသော စာအုပ်။

* I found a worn, tattered book in my grandfather's attic.
(ကျွန်တော့်အဘိုးရဲ့ ထပ်ခိုးပေါ်မှာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ စာအုပ်တစ်အုပ် တွေ့ခဲ့တယ်။)

📌 Savagely sharked: ဒါက စာရေးသူက တင်စားပြီး သုံးထားတာပါ။ စာအုပ်က ငါးမန်းအကိုက်ခံထားရသလိုမျိုး အလွန်အမင်း စုတ်ပြတ်သတ်နေတယ်လို့ ဆိုလိုတာပါ။

* The pages were so ripped it looked savagely sharked.
(စာမျက်နှာတွေက တော်တော်လေး ပြဲနေတော့ ငါးမန်းကိုက်ထားသလို စုတ်ပြတ်နေတာပဲ။)

📌 Dog-eared pages: စာမျက်နှာထောင့်လေးတွေကို အမှတ်အသားအဖြစ် ခေါက်ထားတဲ့ စာအုပ်စာမျက်နှာများ။

* I don't like dog-eared pages; I prefer using bookmarks.
(ကျွန်တော်က စာမျက်နှာထောင့်ခေါက်တာကို မကြိုက်ဘူး၊ bookmark သုံးတာကိုပဲ ပိုကြိုက်တယ်။)

📌 Humph: မကျေနပ်တာ ဒါမှမဟုတ် အယုံအကြည်မရှိတာကို ပြတဲ့ နှာခေါင်းရှုံ့သံ။

* "Humph, I don't believe a word you said," she muttered.
("ဟွန်း... နင်ပြောတာ တစ်လုံးမှ မယုံဘူး" လို့ သူမက တိုးတိုးလေးပြောလိုက်တယ်။)

📌 Covet: (အထူးသဖြင့် တခြားသူပိုင်ဆိုင်တာကို) အလွန်အမင်း လိုချင်တပ်မက်သည်။

* He began to covet his neighbor's new car.
(သူက သူ့အိမ်နီးချင်းရဲ့ ကားအသစ်ကို အရမ်းလိုချင်လာတယ်။)

📌 Quivering in anticipation: တစ်ခုခုဖြစ်တော့မယ်ဆိုတာကို သိလို့ ရင်ခုန်စိတ်လှုပ်ရှားပြီး တုန်ရင်နေခြင်း။

* The children were quivering in anticipation as they waited for the gifts.
(ကလေးတွေက လက်ဆောင်တွေရတော့မယ်ဆိုပြီး ရင်ခုန်စိတ်လှုပ်ရှားကာ တုန်ရင်နေကြတယ်။)

📌 Restlessly ruffling: မတည်မငြိမ်နဲ့ တဖျတ်ဖျတ် လှန်နေခြင်း။

* The wind was restlessly ruffling the curtains.
(လေက လိုက်ကာတွေကို မတည်မငြိမ် တဖျတ်ဖျတ် လှုပ်ခတ်နေတယ်။)

📌 Flapped: တောင်ပံခတ်သလို သို့မဟုတ် တဖျတ်ဖျတ် လှုပ်ခတ်သွားသည်။

* The bird flapped its wings and flew away.
(ငှက်က တောင်ပံခတ်ပြီး ပျံသွားတယ်။)

📌 Eldritch clerk: ထူးဆန်းအံ့သြဖွယ်ကောင်းသော (သို့မဟုတ်) ကြောက်မက်ဖွယ်ကောင်းသော ဆိုင်ဝန်ထမ်း။

* The eldritch clerk lived in a house full of ancient artifacts.
(ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ အဲဒီဝန်ထမ်းက ရှေးဟောင်းပစ္စည်းတွေ ပြည့်နေတဲ့ အိမ်ထဲမှာ နေထိုင်တယ်။)

📌 Precariously perched: ပြုတ်ကျလုနီးပါး စိုးရိမ်ရတဲ့ အနေအထားနဲ့ တင်ထားခြင်း။

* The vase was precariously perched on the edge of the table.
(ပန်းအိုးက စားပွဲအစွန်းမှာ ပြုတ်ကျလုနီးပါး တင်နေတယ်။)

📌 Scruffy whelp: ပေတေစုတ်ပဲ့နေတဲ့ လူငယ်လေး။ (Whelp ဆိုတာက တိရစ္ဆာန်လေးတွေကို ခေါ်တာဖြစ်ပေမဲ့ ဒီမှာတော့ ကလေး/လူငယ်ကို နှိမ်ပြီး ခေါ်တာပါ)။

* Get out of my yard, you scruffy whelp!
(ငါ့ခြံထဲက ထွက်သွားစမ်း၊ ပေတေစုတ်ပဲ့နေတဲ့ ကောင်လေး)

ဒီစကားစုလေးတွေကို အရင်လေ့လာပြီးမှ အောက်မှာပေးထားတဲ့စာပိုဒ်လေးကိုဖတ်ရင် ပိုပြီးလွယ်ကူပါလိမ့်မယ်။ Quiz လေးဖြေမယ်ဆိုရင်တော့ YouTube မှာ ၀င်ဖြေကြည့်နော် ...✨

📖

Tr. Aye Moh

#ayemohedu
#flashfiction
#readingchallenge
#englishlevel
#advancedwords
❤9