Mg Kaung 1xbet Service
5.86K subscribers
347 photos
333 links
Download Telegram
The Boys (2023)
ဇာတ်လမ်းအကျဉ်း
မြို့လေးတစ်မြို့က အူရီ စူပါမားကတ်မှာ ခိုးယူမှုနဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်။အသက်မပြည့်ကြသေးတဲ့ ကောင်လေးသုံးယောက်ဖြစ်တဲ့ ချန်းဟို, ဆွန်းအူနဲ့ ဗြောင်းဝန်းတို့ကအဲဒီအမှုအတွက် တရားခံအဖြစ် စွပ်စွဲခံလိုက်ရပြီး အမှုစစ်တွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့်ကောင်လေးတွေဟာ ဒဏ်မခံနိုင်တော့ဘဲမကျူးလွန်ထားတဲ့ပြစ်မှုကိုဝန်ခံလိုက်ရတယ်။ဒါပေမဲ့ ဒုရဲအုပ်ဖြစ်တဲ့ဟွမ်ဂျွန်ချောကတော့သူတို့ရဲ့ဝန်ခံချက်ကို သံသယဖြစ်ပြီးအမှုကိုပြန်လည်စစ်ဆေးမှုလုပ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘဲကောင်လေးသုံးယောက်ဟာအပြစ်ဒဏ်ခံယူလိုက်ရတယ်။နှစ်များစွာထောင်ထဲမှာ အပြစ်ဒဏ်ခံယူပြီးလို့ထွက်လာကြတဲ့အချိန်မှာလည်းကောင်လေးတွေဟာပြစ်မှုမှတ်တမ်းဟောင်းရှိသူတွေအဖြစ် အပြင်လောကမှာပါ ခွဲခြားဆက်ဆံမှုတွေကိုကြုံတွေ့ခဲ့ရသလိုသူတို့ဘက်မှာရပ်တည်ပေးခဲ့တဲ့ ဒုရဲအုပ်ဟွမ်ဂျွန်ချောကလည်း ရာထူးချခံလိုက်ရတယ်။မတရားခံလိုက်ရတဲ့သူတို့တွေတရားမျှတမှုရအောင် ပြန်လည်ကြားနာမှုလုပ်ဖို့ ကြိုးစားကြတဲ့အခါဒီကြိုးစားမှုမှာ ဘယ်သူတွေကဘယ်လိုကူညီပေးသွားကြမလဲတရားခံအစစ်ကရော ဘယ်သူဖြစ်နေမလဲတရားခံက ဘယ်လိုလူဖြစ်နေလို့ အမှုစစ်တွေကပါ ပေါင်းကြံခဲ့ကြတာလဲဆိုတာ
Movie Link
https://t.me/augasianmovie13/149
Transcendence(2014)
2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ…
Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်….PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး…
နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်…နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့..သူတို့ကတော့ “Revolutionary Independence From Technology” (R.I.F.T.)ပါ..လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်..အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…ဒါအပြင် Morgan Freemanလည်းပါနေပါသေးတယ်

Movie Link
https://t.me/augmovies13/139
2
The Miranda Brothers 2024 Imdb 6.6
နိုင်ငံကျော်ဘောလုံးသမားဖြစ်လာချင်တဲ့ ဂျူလီယိုနဲ့ ရီဂါလို
အမေနဲ့ပဲကြီးပြင်းလာရပြီး ဘောလုံးကိုဝါသနာပါကြတဲ့ ညီအစ်ကို၂ယောက်ပေါ့ဒါပေမဲ့အရင်းတွေမဟုတ်ကြပါဘူး ဂျူလီယိုလေးကိုကလမ်းဘေးကကောက်ယူမွေးစားခဲ့ပြီး
သားအရင်းလိုပြုစုပျိုးထောင်ပေးခဲ့တာပါ ‌သူတို့ဒေသမှာက
ဘောလုံးအစား ခရစ်ကတ်က ပိုနာမည်ကြီးပါတယ်ဒီတော့ခရစ်ကတ်ကစားသူတွေက ဘောလုံးဘက်ကသူတို့ကို
အမြဲအထင်သေးတဲ့စကားတွေပဲပြောတတ်ကြပါသေးတယ်
တစ်နေ့တော့ သူတို့၂ယောက်ကစားတာကို
ဂိုအာရဲ့နာမည်အကြီးဆုံးကစားသမားကတွေ့သွားပြီး
သူတို့အဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းလာတော့
ဒီညီကို၂ယောက်အတွက်တော့ ကောင်းကင်ဆီတက်ဖို့
လှေကားဖြစ်လာခဲ့တာပေါ့ ဒါပေမဲ့လည်း
ဒီလိုအောင်မြင်မှုရဲ့နောက်မှာပေးဆပ်မှုရှိစမြဲမို့
သူတို့အောင်မြင်မလား ဘာတွေပေးဆပ်ရမယ်ဆိုတာကိုတော့။
Movie Link
https://t.me/augasianmovie13/151
1
Swag (2024) “အမွေလုပွဲ”
IMBD 6.5/10

ကျား၊မ တန်းတူညီမျှရေးဆိုတာကို သရော်ထားတဲ့ တလေဂူးရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။
အမျိုးသမီးတွေပဲကြီးစိုးနေတဲ့ ခေတ်ကာလတစ်ခု။ အဲဒါကိုဖောက်ဖျက်ပစ်ခဲ့တဲ့ ယောကျ်ားတစ်ယောက်။
မျိုးရိုးစဉ်ဆက် သားတွေကိုပဲ အမွေဆက်ခံဖို့စည်းမျဉ်းချထားခဲ့တဲ့ ဆွက်ဂါနီကာမျိုးဆက်။
ကာလရှည်လျားလာတာနဲ့အမျှ ဒီမျိုးဆက်က ယောကျ်ားလေးအမွေခံကိုရှာဖို့အတွက်တာဝန်က
အိမ်တော်ထိန်းသားမိနှစ်ယောက်ပဲကျန်ရစ်ခဲ့ပါတယ်။အိမ်တော်ထိန်းသားဖြစ်သူက အမွေတွေအပေါ်လောဘတက်ပြီး အပိုင်သိမ်းဖို့ကြံပေမဲ့
မိခင်ဖြစ်သူကို မလွန်ဆန်နိုင်တာကြောင့် အမွေခံယောကျ်ားလေးကိုရှာမတွေ့စေဖို့ကြိုးစားပေမဲ့
လူ့ချဉ်ဖတ် စုံစမ်းရေးမှူးကြီး ဘာဗာဘူသီက အမွေခံဆိုပြီး ရောက်ချလာတဲ့အခါမှာတော့…။
တကယ့်အမွေခံကို ရှာတွေ့မှာလား…။ အိမ်တော်ထိန်းသားဖြစ်သူ ဒါမှမဟုတ် ဘာဗာဘူသီကပဲ
အမွေတွေကိုအပိုင်သိမ်းလိုက်မှာလားဆိုတာ ကြည့်ရှု့လိုက်ရအောင်

Movie Link

https://t.me/augasianmovie13/153
Meiyazhagan(2024) စစ်မှန်သောအလှပိုင်ရှင် လူသား မီယာဇ်ဟာဂန်


IMBD 7.5/10


၂၀၂၄ ထွကိ ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။
ဆွေမျိုးတွေအကြား အမွေစားအမွေခံခွဲဝေမှုတွေကြောင့်ဘိုးဘွားပိုင်အိမ်လေးနဲ့
မွေးရပ်မြေမြို့လေးကို စိတ်နာနာနဲ့ခွဲခွာနှုတ်ဆက်ပြီး အပြီးအပိုင်ထွက်သွားခဲ့တဲ့
အာရူလ်တစ်ယောက် …တစ်ဝမ်းကွဲညီမဖြစ်သူမှ သူ့ရဲ့မင်္ဂလာဆောင်ကို တက်ပေးဖို့ စာပို့လာတဲ့အခါမှာတော့
နှစ်ပေါင်း(၂၀) အကြာခွဲခွာခဲ့ရတဲ့ မွေးရပ်မြေဇာတိမြို့လေးကို
ပြန်ရဖို့အကြောင်းဖန်လာပါတော့တယိ။ဘဝမှာထပ်မတွေ့ချင်တော့တဲ့ လူတွေရှိတဲ့ ချစ်ရတဲ့မြို့လေးကို
အာရူလ်တစ်ယောက်ပြန်ရောက်အပြီး
တစ်စုံတစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံပြီးတဲ့နောက်မှာ
သူ့ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာရတဲ့အခါ…..
ကြည့်ပြီးရင် နောင်တမရစေမယ့် မိသားစု
ဒရမ်မာကားကောင်းလေးတစ်ကားမလို့
ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။

Movie Link
https://t.me/augasianmovie13/155
Coach Carter (2005)

Movie Link
https://t.me/augmovies13/141
Lee (2024)
IMBD 7/10
ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက်
ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ်
စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်တစ်ယောက်ပါ။ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီးစစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီးရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာEternal Sunshine of the Spotless Mind ရဲ့ Cinematographerဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်ကသရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်

Movie Link
https://t.me/augmovies13/143
👍3🤔2
The Town (2010)
IMBD 7.5/10

FBI ရဲတွေ ဒေါသအရမ်းထွက်နေကြတယ်…FBIအဖွဲ့ခေါင်းဆောင်ကလည်း ဆဲဆိုသံနဲ့အတူ” ဒီသောက်ဘဏ်ဓားပြတွေက သောက်ချဉ်တော့မဟုတ်ဘူးကွ” ဆိုပြီးအော်ဟစ်နေတယ်…ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ ဘဏ်ကိုဓားပြတိုက်ခံရပြီး အချိန်မီ အချက်ပေးသံကြောင့်
ဘဏ်ကိုရဲတွေဝိုင်းခဲ့ပေမယ့် တစ်ယောက်မှမမိလိုက်ဘူး....မှုခင်းသဲလွန်စတွေရှာပြန်တော့လည်း cctv မှတ်တမ်းတွေဖျက်ဆီးသွားတဲ့အပြင် လက်ဗွေရာတစ်စွန်းတစ်စတောင်မကျန်အောင် ဆပ်ပြာရည်တွေ ဘဏ်အတွင်းပက်ပြန်းသွားလို့ပါပဲ….တစ်ခုတော့ရှိတယ် …ဘဏ်ဓားပြတွေက ဓားစာခံအဖြစ် ဘဏ်စာရေးမတစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်....ဒီကားရဲ့ ဒါရိုက်တာက Ben Affleck ဖြစ်ပါတယ်… Gone Baby Gone ကိုလည်း သူကိုယ်တိုင်ရိုက်ကူးခဲ့ပြီးအဲ့ဒီကားမှာ သူ့ရဲ့အရည်အချင်းကိုကြည့်ဖူးသူတိုင်းမချီးကျူးဘဲမနေနိုင်အောင်ဖြစ်ခဲ့ကြမှာပါ…မှုခင်း ဘဏ်ဓားပြ နဲ့အချစ်ဇာတ်လမ်းလေးတွေ အချိုးကျတင်ဆက်ထားလေတော့ ခံစားကြည့်လိုက်ပါဦးလို့….

Movie Link
https://t.me/augmovies13/147
1
Jump Street (2012)IMDb Rating (7.2) / Rotten Tomatoes (85%)
ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့်
နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။
စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်…
ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။
အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး
လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး
ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။

Movie Link
https://t.me/augmovies13/149
1👍1
Jump Street (2014)IMDb Rating (7.0) / Rotten Tomatoes (84%)
ဒီကားကတော့ ၂၀၁၂ တုန်းက အောင်မြင်ခဲ့တဲ့ 21 jump street ရဲ့ အဆက်ဖြစ်ပြီး ပထမကားလိုပဲ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ပါ။ပထမ ကားမှာ အထက်တန်းကျောင်းရဲ့ မူးယစ်ဆေးဖန်တီးနေသူတွေကို ရှာဖွေ ဖမ်းဆီးနိုင်လိုက်ပြီးနောက်မှာတော့
ဒီတစ်ခေါက် ရှမစ် နဲ့ ဂျန်ကို တို့ ကောလိပ် က မူးယစ်ဆေးဖြန့်နေတဲ့ အဖွဲ့ကို ဖော်ထုတ်ဖို့ တာဝန်ကျလာပါတော့တယ်။
ဒီတစ်ခေါက်မှာတော့ ကောလိပ်ကျောင်းသားအဖြစ်ဟန်ဆောင်ရင်း ရှမစ်ကလည်း ကောင်မလေးအသစ် ရလာသလို
ဂျန်ကိုကလည်း သူငယ်ချင်းအသစ်တွေ ရလာတဲ့ အတွက် သူတို့အချင်းချင်း သဘောထားမတိုက်ဆိုင်မှု တွေ ပိုများလာပါတယ်။
အဲ့လို အခြေအနေကနေ ကောလိပ်က မူးယစ်ဆေး တွေဟာ တစ်နိုင်ငံလုံး ဆီ ပျံ့သွားမယ့် အရေး နဲ့ ကြုံလာတဲ့အခါ
သူတို့နှစ်ယောက် အတူတူ ပြန်လက်တွဲပြီး တားဆီးဖို့ ဖြစ်လာပါတော့တယ်။21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။
Movie Link
https://t.me/augmovies13/151
1
Kingsman ; The Secret Service (2014)
Movie Link
https://t.me/augmovies13/153
3👍1
Kingsman The Golden Circle (2017)

Movie Link
https://t.me/augmovies13/155
1
Aashiqui 2 (2013)
IMDb Rating (7.1)ဘောလိ၀ုဒ်ပရိသတ်တွေကြားမှာမသိတဲ့သူ မရှိသလောက်ရှားမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့
Aashiqui 2 ကိုပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းကတော့
အရက်စွဲပြီးပြဿနာပေါင်းစုနဲ့နာမည်ကျစပြုနေတဲ့ ရာဟူးဆိုတဲ့ တစ်ချိန်ကဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်၊
နယ်မြို့လေးတစ်မြို့မှာရှိုးပွဲသွားဆိုရင်း အဲ့ဒီမြို့က ခပ်နုပ်နုပ်ဘားတစ်ခုမှာ
သီချင်းဆိုနေတဲ့ အာရိုနီဆိုတဲ့ ကောင်မလေးကိုအမှတ်မထင်တွေ့ပြီး စွဲလန်းသွားခဲ့မိပါတယ်။အစပိုင်းမှာ သူစွဲလန်းမိတာ လူကိုလား အနုပညာကိုလား မဝေခွဲတတ်ခဲ့ပေမယ့်
အဲ့ဒီစွဲလန်းစိတ်နဲ့ပဲ ကောင်မလေးကိုမြို့ပေါ်ခေါ်သွားပြီးမြေတောင်မြှောက်ပေးဖို့စဉ်းစားခဲ့ပါတယ်။
တစ်ဖြည်းဖြည်းအတူနေရင်း သံယောဇဉ်တွေ ရင့်သန်လာကြရင်းနဲ့ ရာဟူးနဲ့ အာရိုနီရဲ့ ဘ၀အနိမ့်အမြင့်အတက်အကျတွေ
ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေနဲ့ ရာဟူးရဲ့စွဲလန်းမှုပြဿနာတွေကြားက သူတို့ရဲ့ဇာတ်လမ်းကိုရှုစားကြရမှာပါ။ဒီကားကဇာတ်လမ်းပေါက်ခဲ့သလို သီချင်းတွေလည်းအကုန်ပေါက်ခဲ့တဲ့ကားပါ။
ဇာတ်ကားမကြည့်ဖူးတဲ့ သူတွေတောင်သီချင်းတွေကိုတော့ နားစွဲနေမှာဖြစ်တဲ့အတွက်


Movie Link
https://t.me/augasianmovie13/157
4👍3
The Buckingham Murders ( 2024 )

ဇာတ်လမ်းအကျဉ်း
ဂျက်စ်မိဘမ်ရာလို့အမည်ရတဲ့ စုံထောက်တစ်ဦးပေါ်အခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဂျက်စ်ဟာ လတ်တလောတင်မှ ကလေးဆုံးရှုံးထားတဲ့မိခင်တစ်ဦးဖြစ်ပြီး
တခြားမြို့ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့မှပဲ ၁၀ နှစ်သားကောင်လေးတစ်ဦးပျောက်ဆုံးတဲ့အမှုနဲ့
တည့်တည့်တိုးပါတော့တယ်။သူက ဒီအမှုကိုလိုက်ရင်း သူ့ကလေးကိုဆုံးရှုံးခဲ့ရတဲ့ ကြေကွဲဝမ်းနည်းမှုတွေကို
ပြန်လည်သတိရတာကြောင့် သူ့အတွက် ထိရှလွယ်တဲ့အမှုဖြစ်လို့နေပါတယ်။
ဒါကြောင့် သူ့အတွက် ဒီအမှုကို အောင်မြင်စွာဖြေရှင်းနိုင်ပါ့မလား။
ပျောက်ဆုံးနေတဲ့ကောင်လေးကိုရော အသက်ရှင်လျက်ရှာတွေ့နိုင်ပါ့မလားဆိုတာကို
ဇာတ်ကွက်အရမ်းနိုင်တဲ့ ဒါရိုက်တာ Hensal Mehta ရဲ့လက်ရာကိုကြည့်ရှုခံစားရင်း
ရင်ခုန်စွာကြည့်ရှုခံစားပေးပါဦးဗျာ။ဒီဇာတ်ကားဟာ သရုပ်ဆောင်ချက်ကောင်းမွန်မှုကြောင့် အထူးချီးကျူးမှုတွေရရှိထားတာဖြစ်ပြီး
သားသမီးဆုံးရှုံးထားတဲ့မိခင်ရဲ့စိတ်ဒဏ်ရာ ၊ နောင်တတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတို့ရဲ့အတွေ့အကြုံတို့ကိုပါ
စုံလင်စွာရိုက်ကူးထားတာဖြစ်လို့ အချိန်ကုန်ဘေကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။

Movie Link
https://t.me/augasianmovie13/159
3
Dirty Money (2024)

Reply 1994, Hospital Playlist, Kingdom စတဲ့ နာမည်ကြီးကားတွေထဲမှသရုပ်ဆောင် Jung Woo, Kim Dae-myung, Park Byeong-eunတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Dirty Money ဆိုတဲ့ ပရိသတ်ကြီးတို့အကြိုက်
Crime-action အမျိုးအစား ရုပ်ရှင်အသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ဇာတ်လမ်းအညွှန်း-သမီးဖြစ်သူရဲ့ ခွဲစိတ်စရိတ်ကြောင့် ပူပန်နေရတဲ့ စုံထောက်နဲ့ အကြွေးကြောင့် သူငယ်ချင်းဆီမှာခြေချုပ်မိခံနေရပြီး သူလျှိုလုပ်နေရတဲ့ တွဲဖက်စုံထောက်တို့ အခင်းဖြစ်နေရာက ရခဲ့တဲ့သက်သေပစ္စည်းကို ဖြတ်လုပြီး ပိုက်ဆံတွေကိုခိုးယူဖို့ ကြံစည်ကြတဲ့ စုံထောက်နှစ်ယောက်ပိုက်ဆံသယ်ဖို့ အကူတစ်ယောက်ကို ခေါ် ပြီး ဓါးပြသွားတိုက်တဲ့အခါ နောက်ကွယ်ကနေလုပ်ကြံ ပစ်ခတ်လိုက်တဲ့ကျည်ဆံကြောင့် အကူကောင်လေးသေဆုံးသွားပြီးစုံထောက်ဘဝကနေ ရုတ်ချည်း တရားခံဘဝကို ရောက်သွားပါတော့တယ်။ဝရမ်းပြေးဖြစ်သွားတဲ့ စုံထောက်နှစ်ယောက် အကျပ်အတည်းတွေကနေ လွတ်မြောက်ဖို့တရုတ်ဂိုဏ်းနဲ့ အကြမ်းဖက်မှုခင်းဌာနကနေ ရုန်းထွက်နိုင်ဖို့ ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။

Movie Link

https://t.me/augasianmovie13/161
1
Cheta Singh 2023 (ချီတာဆင်းဂ်)
IMBD 7.4/10

ပါလေနဲ့နီမီတို့ဟာ မိဘတွေမရှိတော့ဘဲ
အဒေါ်နဲ့အတူနေနေတဲ့ မောင်နှမနှစ်ယောက်၊
အစ်ကိုတစ်ခုညီမတစ်ခုဘဝဆိုတော့ သိပ်ချစ်ကြတဲ့မောင်နှမနှစ်ယောက်ပေါ့လေ။
ပါလေကတော့ စာအုပ်ဆိုင်မှာအလုပ်လုပ်ပြီး နီမီလေးကို
အစစအရာရာပံ့ပိုးပေးသလို နီမီကလည်း အစ်ကိုဖြစ်စေချင်သလို
စာမှာရော အားကစားမှာပါတော်တဲ့ စံပြကျောင်းသူတစ်ယောက်၊
တစ်နေ့ သူ့အစ်ကိုဆန္ဒအတိုင်း ရဲအရာရှိဖြစ်လာအောင် ကြိုးစားနေသူရယ်ပါ။ဒီလိုနဲ့ တစ်နေ့ သူတို့ရွာကို ဆေးအတုလုပ်ချင်တဲ့ လူတစ်စုရောက်လာပြီး
သူကြီးနဲ့ပေါင်းလို့ မကောင်းတာတွေအစုံလုပ်ဖို့
ကြိုးစားတာကြောင့် ပါလေတို့မိသားစုကိုထိခိုက်လာတဲ့အခါ…ညီမနဲ့အဒေါ်အတွက်ပဲ တစ်သက်လုံးရှင်သန်လာခဲ့တဲ့သူ၊
မိသားစုကို အသက်ထက်ပိုတန်ဖိုးထားတဲ့ပါလေတစ်ယောက်
မိသားစုကိုလာထိပါးချိန်မှာ သားရဲတစ်ကောင်လိုပြောင်းလဲသွားပြီး
ဘယ်လိုလက်စားချေမလဲဆိုတာ ရှုစားရအောင်ပါ။

Movie Link
https://t.me/augasianmovie13/163
👍1
Striking Rescue (2024)

ong bak မင်းသား တိုနာဂျားပါတဲ့ တရုတ် အက်ရှင် ရုပ်ရှင်အသစ်ပါ။
မွေ့ထိုင်းသမားနဲ့ တရုတ်သိုင်းသမားတွေတွေ့တာပေါ့။ဒါရိုက်တာကလည်း အက်ရှင်ဒါရိုက်တာ Siyu Cheng မို့အတိုက်အခိုက်ခန်းတွေ ကောင်းပါတယ်။
ဇာတ်လမ်းအကျဉ်း+++++++++ပိုင်အန်းဆိုတဲ့လူဟာ ဂိုထောင်ညစောင့်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့သမီးနဲ့မိန်းမကို ဘိန်းမှောင်ခိုဂိုဏ်းတစ်ခုကသတ်တာ ခံလိုက်ရယ်။ အဲဒီသတ်တဲ့လူတွေနောက်ကို လိုက်ရင်ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်တဲ့အထိလိုက်ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာပဲ သူသတ်ရမဲ့သူရဲ့သမီးကို ကယ်ဖို့အကြောင်းဖန်လာပြီး သူနဲ့ ကလေးမလေးနဲ့နှစ်ယောက် အခြားရန်သူတွေလက်ကလည်းလွတ်အောင်ပြေးရင်းသူ့အဖေကို ကယ်ဖို့နဲ့ သတ်ဖို့ အတူတူကြိုးစားကြရပါတော့တယ်။

Movie Link
https://t.me/augasianmovie13/165
1
Gone Baby Gone (2007)

Movie Link
https://t.me/augmovies13/157
2
Rampant (2018)
IMBD 6.7/10

ဇာတ်လမ်းအကျဥ်းကတော့ အရည်အချင်းမရှိတဲ့ဘုရင်ကြောင့် ချင်နိုင်ငံရဲ့လက်အောက်ခံနိုင်ငံအဖြစ် သွတ်သွင်းခံထားရတဲ့ ဂျိုဆွန်းပြည်ကို လွတ်မြောက်ဖို့ကြိုးစားနေတဲ့စစ်မက်ရေးရာအမတ်ဂင်ရဲ့ လျှို့ဝှက်ကြံစည်မှုကြောင့် အိမ်ရှေ့စံမင်းသားသေဆုံးသွားပြီးညသရဲလို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေ ရောက်ရှိလာပါတော့တယ်။တစ်ဖက်မှာလည်း ဂျိုဆွန်းမှာမွေးပြီး ချင်နိုင်ငံမှာ ကြီးပြင်းလာတဲ့ မင်းသားဂန်ရင်းကအိမ်ရှေ့စံရဲ့ သေတမ်းစာကို ရရှိပြီး ဂျိုဆွန်းကိုပြန်ရောက်လာပါတော့တယ်။ရောက်ရောက်ချင်းပဲ အမတ်ဂင်ရဲ့ လုပ်ကြံရေးအဖွဲ့အပြင် ညသရဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးအိမ်ရှေ့စံရဲ့ အစေခံရဲမက်နဲ့ တွေ့ဆုံကာ အခြေအနေတွေကို တဖြည်းဖြည်းချင်းနားလည်လာပါတော့တယ်။နောက်ဆုံး အမတ်ဂင်ရဲ့ အကြံအစည်တွေကြောင့် မင်းကြီးသေဆုံးကာနန်းတော်တစ်ခုလုံး ညသရဲအဖြစ် ပြောင်းလဲသွားပြီး ဂျိုဆွန်းတစ်ပြည်လုံးကိုကယ်တင်ဖို့ မင်းသားဂန်ရင်းရဲ့ တာဝန်ဖြစ်လာတဲ့အခါမှာတော့…မင်းသားဂန်ရင်းက သူ့တာဝန်ဖြစ်တဲ့ ဂျိုဆွန်းကို ကယ်တင်ပြီး ညသရဲတွေကိုဘယ်လိုနှိမ်နင်းသွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Movie Link

https://t.me/augasianmovie13/167
5
Now You See Me (2013)
Imbd 7.3/10

ဒါရိုက်တာ Louis Leterrier က ရိုက်ကူးပေးထားပြီး နာမည်ကျော်Hulk သရုပ်ဆောင် Mark Ruffalo,Woody Harrelson, Jesse Eisenberg, Morgan Freeman တို့က
အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ လှည့်ကွက်တိုင်းမှာ လှည့်ကွက်တွေထပ်ထပ်ဆင့်နေတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ လမ်းပေါ်မှာ လှည့်လည်ပြသနေကြတဲ့ မျက်လှည့်ဆရာလေးဦးကိုတစ်ရက်မှာ ဘယ်ကမှန်းမသိတဲ့ ကတ်လေးတစ်ကတ် ရောက်လာပြီးနေရာတစ်ခုကို ချိန်းလိုက်ပါတယ်။ သူတို့လေးယောက်ကို ခေါ်လိုက်တဲ့အဖွဲ့က ဒဏ္ဍာရီလာ မျက်လုံးတော်ဆိုတဲ့အသင်းတော်တစ်ခုက ဖြစ်ပါတယ်။ ဒီအသင်းတော်က မြန်မာလိုသဘောအရဆိုငတက်ပြားရာဇဝင်နဲ့ ခပ်ဆင်ဆင် တူပါတယ်။သူဌေးတွေထဲက ခိုးယူပြီး ဆင်းရဲသူတွေကိုမျှဝေတဲ့သူတွေကနေ စတင်ခဲ့ကြတာပေါ့။ အီဂျစ်ခေတ်ကတည်းက စတင်ခဲ့တဲ့ ဒီအသင်းတော်ကထူးချွန်တဲ့ လူငယ်မျက်လှည့်ဆရာတွေကိုအသင်းတော်ထဲ ဝင်ခွင့်ပေးပါတယ်။ အခု ဒီလေးယောက်ကိုလည်း မြင်းစီးသမားလေးယောက်ရယ်လို့အမည်ပေးပြီး ဘယ်လို မကောင်းမှုတွေကို ထုတ်ဖော်သွားမလဲဆိုတာကိုစိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
Movie Link
https://t.me/augmovies13/160
👍3🔥1
Veteran(2015)
IMBD 7/10
စုံထောက်လောကရဲ့ခွေးရူးလိုဖြစ်နေတဲ့ စုံထောက်ဆောဒိုချောဟာအမှုကြီးတစ်ခုဖြေရှင်းအပြီးမှာ ချမ်းသာတဲ့သူတွေ တက်ရောက်ကြတဲ့ပါတီတစ်ခုကို ဖိတ်ကြားခံခဲ့ရပါတယ်။ ဂျိုထယ်အိုဆိုတဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ သားဖြစ်သူက ပါတီကိုဦးဆောင်တာဖြစ်ပြီး အဲဒီပါတီမှာကတည်းက ဂျိုထယ်အိုရဲ့နိုင်ထက်စီးနင်းအပြုအမူတွေကြောင့်စုံထောက်ဆောဒိုချောနဲ့ အခြေအတင်ဖြစ်ခဲ့ကြပါတယ်။နောက်ရက်အနည်းငယ်အကြာမှာတော့ စုံထောက်ဆောဒိုချောတိုအဖွဲကို အမှုဖြေရှင်းရာမှာကူညီပေးခဲ့တဲ့ ဒရိုင်ဘာဘဲ့ဆိုတဲ့လူကဂျိုထယ်အိုရဲ့ကုမ္ပဏီမှာ သေကြောင်းကြံစည်သွားပါတယ်။အဲဒီသတင်းကိုကြားတဲ့စုံထောက်ဆောဒိုချောက အဖြစ်မှန်ကိုဖော်ထုတ်ဖို ကြိုးစားပါတော့တယ်။ချမ်းသာတဲ့မျိုးဆက်က သားဖြစ်သူဂျိုထယ်အိုရဲ့ ကောက်ကျစ်တဲ့နည်းလမ်းတွေကြားမှာ စုံထောက်ဒိုချောတိုအဖွဲ အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားကြတာကို ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Movie Link 👇

https://t.me/augasianmovie13/169
👍3