📢 Official Announcement
ASV Team ၏ Official Facebook Page နှင့် TikTok Account များကို အသိပေးကြေညာချက် ထုတ်ပြန်ခြင်း။
Against Sexual Violence (ASV) အဖွဲ့သည် အမျိုးသမီးများနှင့် လူမှုအသိုင်းအဝိုင်းအတွက် လိုအပ်သော အကူအညီများပေးအပ်ခြင်း၊ အသိပညာပေးအကြောင်းအရာများကို တက်ကြွစွာ ဖြန့်ဝေခြင်းနှင့် အရေးကြီးသောအခြေအနေများတွင် ဝန်းရံပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် ယခု Official Channels များမှတစ်ဆင့် ASV ၏ လှုပ်ရှားမှုများ၊ သက်ဆိုင်ရာ အသိပေးချက်များ၊ Campaign များနှင့် အသိပညာပေး အကြောင်းအရာများကို ပိုမိုတိကျမှန်ကန်စွာနှင့် စနစ်တကျ မျှဝေတင်ပြသွားမည်ဖြစ်ပါသည်။
ထို့အပြင် ASV နှင့်ပတ်သက်သော သတင်းအချက်အလက်များကို မှန်ကန်စွာ ရရှိနိုင်ရန်နှင့် မမှန်မကန် သတင်းများမှ ကာကွယ်နိုင်ရန်အတွက် Official Page နှင့် TikTok Account များကိုသာ ယုံကြည်စိတ်ချရသော တရားဝင်ထုတ်ပြန်ချက်များအဖြစ် အသုံးပြုကြပါရန်လည်း အထူးအကြံပြုလိုပါသည်။
ASV ၏ လုပ်ငန်းဆောင်တာများအား Support ပေးလိုလျှင် Official Facebook Page နှင့် TikTok Account များကို Like and Follow Share လုပ်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ဝန်းရံသူများ၏ အားပေးမှုများသည် ASV အဖွဲ့၏ လုပ်ဆောင်ချက်များကို ပိုမိုထိရောက်စေပြီး လူမှုအသိုင်းအဝိုင်းအတွက် အကျိုးပြုမှုများ ဆက်လက်တိုးချဲ့လုပ်ဆောင်နိုင်ရန် အရေးကြီးသော အားဖြည့်မှုတစ်ခုဖြစ်ပါသည်။
ရှေ့ဆက်ပြီးလည်း ASV Team သည် ယုံကြည်စိတ်ချရသော အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ဝန်းရံသူများနှင့်အတူ ပိုမိုလုံခြုံပြီး အားကောင်းသော လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်ရန် မျှော်လင့်ပါသည်။
ASV Official Facebook Page 👇👇👇
https://www.facebook.com/profile.php?id=100083073171638&mibextid=ZbWKwL
ASV Official Tiktok Account 👇👇👇
https://www.tiktok.com/@against.sexual.vi?_r=1&_t=ZS-95S2E3O9qC4
#ASVTeam

Facebook
Against Sexual Violence - ASV
Against Sexual Violence - ASV. 4,268 likes · 98 talking about this. Personal blog
❤59👏3🍌1
Case A 5156 အတွက် အသိပေးကြေငြာချက်။
ကျူးလွန်သူနှင့် ၎င်း၏ဇနီးဖြစ်သူမှ နစ်နာသူ အမျိုးသမီးငယ် တစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးချကာ အကျပ်ကိုင် ခြိမ်းခြောက်ခြင်း
နစ်နာသူ အမျိုးသမီးငယ် အနေဖြင့် အသက် (၁၈/၁၉) နှစ်အရွယ်၊ လူ့လောကအကြောင်း နားမလည်သေးသည့် အချိန်တွင် ကျူးလွန်သူ သည် အိမ်ထောင်မရှိကြောင်း လိမ်ညာကာ ချဉ်းကပ်ခဲ့ပါသည်။ နောက်ပိုင်းတွင် အိမ်ထောင်ရှိမှန်း သိရှိရ၍ လမ်းခွဲရန် ကြိုးစားသော်လည်း ကျူးလွန်သူ သည် နည်းမျိုးစုံဖြင့် ထပ်မံလိမ်ညာခြင်း၊ နစ်နာသူ အမျိုးသမီးငယ် ၏ လူမှုကွန်ရက်အကောင့်များ၏ (FB, Gmail, TG) နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဓာတ်ပုံ/ဗီဒီယိုများကို အတင်းအကြပ် တောင်းယူသိမ်းဆည်းကာ လက်နက်သဖွယ် အသုံးချခဲ့ပါသည်။
ယခုအခါ နစ်နာသူ အမျိုးသမီးငယ် ဘက်မှ ပြတ်ပြတ်သားသား လမ်းခွဲထားသော်လည်း ကျူးလွန်သူသည် လက်မခံဘဲ သိမ်းဆည်းထားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ဗီဒီယိုများကို အသုံးပြု၍ "မိသားစုနှင့် ပတ်ဝန်းကျင်ကို ဖြန့်ဝေမည်" ဟု အကြိမ်ကြိမ် အကျပ်ကိုင် (Blackmail) လုပ်နေပါသည်။ ထို့အပြင် နစ်နာသူ အမျိုးသမီးငယ် ၏ မိသားစုဝင်များထံ ဖုန်းဆက်နှောင့်ယှက်ခြင်း၊ ဆဲဆိုခြိမ်းခြောက်ခြင်းများဖြင့် လူမှုဘဝလုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်အောင် ပြုလုပ်နေပါသည်။
ထို့အပြင် ကျူးလွန်သူ၏ ဇနီးဖြစ်သူသည်လည်း ၎င်း၏ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်လိမ်ညာမှုများကို သိရှိသော်လည်း ကျူးလွန်သူကို တားဆီးခြင်းမပြုဘဲ နစ်နာသူ အမျိုးသမီးငယ် ကိုသာ ဦးတည်၍ ရန်ရှာခြင်း၊ ဆဲဆိုခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဗီဒီယိုများကို နစ်နာသူ၏ မိသားစုဝင်များထံသို့ ပေးပို့ကာ အရှက်ခွဲခြင်းများကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြုလုပ်နေပါသည်။
#ASVTeam
#CaseManagementTeam

❤37
Against Sexual Violence (ASV Team)
Case A 5156 အတွက် အသိပေးကြေငြာချက်။ ကျူးလွန်သူနှင့် ၎င်း၏ဇနီးဖြစ်သူမှ နစ်နာသူ အမျိုးသမီးငယ် တစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို အသုံးချကာ အကျပ်ကိုင် ခြိမ်းခြောက်ခြင်း နစ်နာသူ အမျိုးသမီးငယ် အနေဖြင့် အသက် (၁၈/၁၉) နှစ်အရွယ်၊ လူ့လောကအကြောင်း နားမလည်သေးသည့်…
ဒီကောင်က နည်းနည်းတော့ အဆိပ်ပြင်းချင်ယောင်ဆောင်နေတာ။ ဒီကောင့်ကြောင့် မိန်းကလေးနှစ်ယောက်က နစ်နာသူဖြစ်လာခဲ့ရတာ။ ဒါမို့ မနက်ကျရင်တော့ ဒီကောင့်ကိုပဲ Sp ဆက်ကြေငြာပါမယ်။ ကျွန်တော် ဒေတာတစ်ချို့ရထားပြီးပြီဆိုပေမယ့် ဆက်လိုက်စရာကျန်သေးတယ်။ မနက်ကျရင်တော့ အကုန်ရပါပြီ။
ဒီညတော့ နားကျတော့နော် မောင်မယ်တို့။
#ASVTeam
ဒီညတော့ နားကျတော့နော် မောင်မယ်တို့။
#ASVTeam
❤53👏7
ဂျပန် သံချပ် ကိစ္စ ဟော့နေလို့ ဝင်နားထောင်မိ၊
နားထောင်ရင်း နဲ့ တွေးမိတာက
သရော်တာနဲ့ သိက္ခာချတာ လောက်ကို ခွဲမသိရလောက်အောင်
ဘယ်ကောင်တွေက ရေးပြီး ဘယ်ကောင်က ဒါတွေကို ခွင့်ပြုထားတာလဲပေါ့..
ဂျပန်ရောက် ပြည်ပရောက်နေတဲ့ အမျိုးသမီးတွေကို တော်တော် ဆိုးဆိုးရွားရွားပြောဆိုထားတာ ၊
ဒါကို ဒိုးထည့် ပြီး သံချပ်ခေါင်းစဉ်တပ်ထားတာ၊
ပွဲစီစဉ်တဲ့ထဲက သံချပ်ရေးထားတဲ့သူ ထင်တယ် ၊
အနာထိတဲ့သူ စပ်ကြပြီပေါ့ ခု ထိမှ နာကြပြီမဟုတ်လား..
မတောင်းပန်နိုင်ဘူးဆိုတာ တင်ထားတာတွေ့ရဲ့..
တော်တော်ကို အငုံစိတ်ဖိုဝါဒမှိုင်းမိနေတဲ့အခြေနေပဲ။
သံချပ်ရွတ်တဲ့အထဲ အမျိုးသမီးတွေပါ ပါနေတယ်။
အမျိုးသားရေးဆိုတဲ့ ခေါင်းစဉ်အောက်က သောက်တလွဲ အတွေးနဲ့ ဒီလို မျိုးစိပ်လက်ကျံတွေက ရှိကိုရှိနေသေးတာ ၊
စနစ်အပြင် ဒီလို သောက်တလွဲ အတွေးအခေါ်တွေကိုပါ ပြင်ကြဖို့လိုကြောင်း နာရင်းအုပ်ပြီး ပြောချင်မိသား။
—
အမျိုးသမီးတစ်ဦးရဲ့ ဘုန်းဆိုတာနဲ့
ရင်ဖုံးနဲ့ ဆံထုံးကို ပြေးမြင်ရလောက်အောင်ထိ
လက်ဆင့်ကမ်းခဲ့ကြခြင်းတွေအပေါ်…
လင်ကို ဘုရားလို
အရာထားခဲ့ကြရတဲ့ ခေတ်…
တံခွန်မရှိတဲ့ ရထား၊ လင်မရှိတဲ့ မယား၊
မတင့်တယ်ပေဘူး ဆိုတဲ့ စောက်တလွဲဓလေ့တွေနဲ့
ကြီးပြင်းခဲ့ကြလေတော့…
အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို
ပေါင်ကြားက ခန္ဓာအင်္ဂါတစ်ခုမှာ လမ်းဆုံးပြီလို့ ထင်နေတဲ့
လူ့အဖွဲ့အစည်းကြီး ရှိနေတာလည်း မဆန်းတော့ မဆန်းပါဘူး…
မိန်းမတစ်ယောက်ရဲ့ ဘဝနဲ့ ကိုယ်ကျင့်သိက္ခာကို
ပေါင်ကြားမှာ သွားတိုင်းတာတတ်ကြတဲ့
စောက်ကျိုးနည်း လူစဉ်မမှီတဲ့ အတွေးအမြင်တွေကို
ကျွန်တော်တို့ နောင်မျိုးဆက်မှာ လက်ဆင့်မကမ်းမိဖို့ လိုတယ်…
လူတစ်ယောက်၊ အထူးသဖြင့် မိန်းမတစ်ယောက်ရဲ့ ဘုန်းဆိုတာ
အဝတ်အစားနဲ့ ဘဝဖြစ်တည်မှုမှာ မူတည်တာ မဟုတ်ကြောင်း၊
ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းနဲ့
လွတ်လပ်စွာ ရှင်သန်ရဲရင့်နေထိုင်နိုင်တဲ့
သဘာဝ မိခင်စိတ်ရင်းကသာ ဘုန်းတန်ခိုး ဖြစ်ကြောင်း…
နှစ်သက်ပါက ဘာသာ လူမျိုး မျိုးရိုးမရှိ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့် ရှိကြောင်း..
အဲ့တာ လူသားတစ်ဦးရဲ့ မွေးရာပါ ကိုယိပိုင် လွတ်လပ်ခွင့်သာဖြစ်ကြောင်း..
ကိုယ်ကျင့်တရားဆိုသည်မှာလည်း
ပေါင်ကြားက အပြား အပိုင်းအခြားနဲ့ ဘာမှ မသက်ဆိုင်ကြောင်း…
ယောကျာ်းတစ်ယောက်ရဲ့ ဘုန်းဆိုတာလည်း
ယောကျာ်းအမည်ခွဲတဲ့ လိင်အင်္ဂါဖြစ်တည်မှု မဟုတ်ကြောင်း၊
ဗလတောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့် ခန္ဓာကိုယ်ကိုလည်း မဆိုလိုကြောင်း…
တာဝန်ယူတတ်ခြင်း၊ တာဝန်သိခြင်း၊
လူသားဆန်ခြင်း—တစ်နည်းအားဖြင့် ယောကျာ်းဆန်ခြင်းသည်သာ
ဘုန်းတန်ခိုး ဖြစ်ကြောင်း…
ယောင်္ကျားတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဆိုသည်မှာလည်း
ကိုယ်ရည်ကျင့်တရား တစ်ခုသာ ဖြစ်ပါကြောင်း…
ကျွန်တော်တို့၊ ခင်ဗျားတို့ ကိုယ်တိုင် သိနားလည်ထားမှသာ
ပိုမိုကောင်းမွန်ပြီး သာတူညီမျှရှိတဲ့
အကျင့်ကောင်းပြည့်ဝတဲ့ လူ့အဖွဲ့အစည်းကို
အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်…
Aung ZaBu Kyaw Hein

❤163👍6💯2👎1🔥1🍓1
မောင်မယ်တို့အားလုံးမင်္ဂလာရှိသော ပျော်ရွှင်စရာ နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့အခါ သမယလေးဖြစ်ပါစေခင်မျာ။
နှစ်ဟောင်းက အညစ်အကြေးများ အားလုံးကင်းစင်ပြီး နှစ်သစ်မှာ အစစအရာရာတိုင်းအတွက် နှစ်လိုဖွယ်ကောင်းသောအချိန်ကောင်းများကိုပိုင်ဆိုင်၍ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ ကြွယ်ဝခြင်း၊ စတဲ့ကောင်းခြင်းအဖြာဖြာများ ဆထက်တပိုး ရရှိပါစေ။
မလုံခြုံသော ဒီခေတ်စနစ်ဆိုးတွေကနေ အမြန်ဆုံးလွတ်မြောက်၍ ဘေးမကင်းသော အရပ်ဌာနေတွေလည်း အသက်အိုးအိမ်စည်းစိမ်များ အမြန်ဆုံးဘေးကင်းလုံခြုံပါစေခင်မျာ။
ပြီးခဲ့တဲ့ တစ်နှစ်တာကာလပတ်လုံးတစ်လျှောက်မှာ ASV နဲ့အတူရပ်တည်ပြီး ဝန်းရံပေးခဲ့ကြသော ဝန်းရံသူမောင်မယ်များ၊ Admin Team မှ ရဲဘော်များ၊ Telegram Report Team မှ ဖိုက်တာများ အားလုံး နစ်နာသူအမျိုးငယ်များနှင့်အတူရပ်တည်၍ အတူတကွ ရှိနေပေးခဲ့ခြင်းအတွက် တစ်ယောက်ခြင်းစီတိုင်းအား လေးလေးနက်နက် ကျေးဇူးတင်စကားလေးပြောချင်ပါတယ်။
ရှေ့ဆက်ပြီးလည်း အဆဲပေါင်းစုံနဲ့ အကုသိုလ်တွေမကင်းတဲ့ ဒီရပ်ဝန်းလေးမှာ အားလုံးအတူတူ ဆက်ရှိနေကြရအောင်ပါခင်မျာ 🤭🤭
#ASVTeam
#AdminTeam

❤146🙏7❤🔥3🐳2🫡2
ည က ASV မှ ထုတ်ပြန်
Speak Out ခဲ့သော
✅Case 5158 ပြီးပြတ် ပြီးစီးကြောင်း တင်ပြချက်။
လူမှုရေးအခြေအနေကို ကျော်လွန်၍ နစ်နာမှု ဖြစ်စေခဲ့သောကိစ္စရပ်အား ကိုလင်းထက်ဦးဘက်တို့ဘက်မှ နစ်နာသူ V အား ကျေနပ်အောင် တောင်းပန်မှု၊
နစ်နာစေခဲ့သော မှတ်တမ်းများအတွက်လုံလောက်သော ကတိကဝတ်ပြုမှုနှင့်အတူ
ASV ဘက်က V အတွက် စိတ်ချနိုင်ပြီဟု သတ်မှတ်နိုင်ပြီ ဖြစ်သောကြောင့်
ယခု Case အား ဖိအားပေးခြင်း ထုတ်ပြန်ခြင်း မလုပ်တော့ဘဲ ရပ်လိုက်လို့ရပါပြီခင်ဗျာ။
ကူညီ အသံထွက်ခဲ့ကြသော မောင်မယ်များအားလုံးအား V ကိုယ်စား ကျေးဇူးပါခင်ဗျာ။
တာဝန်ခံမှု အပါအဝင် စိတ်ချရပြီမို့ ၊
V အတွက် ထပ်မံ မနစ်နာစေရေး ဦးစားပေးမို့ ကျနော်တို့ ထပ်မံဖိအားပေး ပြန်တင်တာမျိုး မန့်တာမျိုးကစ ရပ်လိုက်ကြမယ်နော်။
လိုအပ်ပါမှ ASV မှ ထပ်မံ အသိပေးအကြောင်းကြားပါ့မယ်ခင်ဗျာ ။
ကျေးဇူးပါ ✊
—-
ASV …
Case Management Team

❤70🐳1