Against Sexual Violence (ASV Team)
32K subscribers
636 photos
16 videos
100 links
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာဖြင့်ခြိမ်းခြောက်အရှက်ခွဲ ခံနေရသည်ရှိသော် လာရောက်ဆွေးနွှေးနိုင်ပါတယ်ခင်ဗျာ..
Download Telegram
အောင်အောင်က အခုဖြစ်စဥ်ကို ခြိမ်းခြောက်ထားပြီး ဒါကို သူမလုပ်တော့ဘူးဆိုတဲ့ ကတိကဝတ်လည်း V ကိုသွားမပေးသလို ပြန်လည်းမတောင်းပန်ထားပါဘူး။

ကျွန်တော်နဲ့စကားပြောနေစဥ်မှာတောင် မလုပ်ပါဘူးနဲ့ ပလီပလာ ပြောနေပြီး ကောင်မလေးဆီကိုကျ ခြိမ်းခြောက်စာ ထပ်ပို့တာပါ။

ဒီစောက်ချိုးကို ကျွန်တော်တို့လွှတ်ပေးလိုက်လို့မရပါဘူး။

အခု အောင်အောင့်ဆီကနေ V ကို စိတ်လုံခြုံမှုပြန်ရစေဖို့အတွက် ကတိကဝတ်သေချာပေး ပြန်မတောင်းပန်မချင်း ပြီးပြီလို့ လက်လွတ်စပယ် ပြောခွင့်မပေးပါဘူးခင်မျာ။
🗿612🌚12648👍4
Case A 5144

Mission Complete

ကျူးလွန်သူအောင်အောင် အနေနဲ့ V အပေါ် ပြန်မတောင်းပန်ပေမယ့် မဖြန့်ဘူးဆိုတဲ့ ကတိကဝတ်ရယ် Sexual Data တွေ မရှိတော့ပါဘူးဆိုတဲ့ Record ပြထားတာရယ်ကြောင့် V ဘက်က အတိုင်းအတာတစ်ခုအထိ စိတ်လုံခြုံမှုရပြီဖြစ်လို့ Case ကို လတ်စသတ်ပြီး ASV ရဲ့ ပါဝင်ပက်သက်မှုလည်း ရပ်လိုက်ပါပြီခင်မျာ။

ဝန်းရံပြီး ဖိအားပေးကြတဲ့ မောင်မယ်တို့အားလုံး ကျေးဇူးတင်ပါတယ်ခင်မျာ။

#ASVTeam
#CaseManagementTeam
83
တိုင်ပင်ဆွေးနွေးလိုသော ညီအကိုမောင်နှမများ အောက်မှာ ချပေးထားတဲ့ အကောင့်တွေကနေ လာပြောလို့ရပါတယ် ခင်မျာ။👇👇👇

အောက်မှာ ဖော်ပြထားတဲ့ လူတွေနဲ့စကားစပြောခဲ့ရင်လည်း ASV Team မှ Admin များဖြစ်ကြောင်းကို အချက်အလက်ပြန်လည်စစ်ဆေးမေးမြန်း၍ အတည်ပြု နိုင်ပါတယ်။

https://www.facebook.com/share/15jHEoiw4k/

@aungzabu2021(တာဝန်ခံ)
@goatzaww1111
@Alita1367
@Leila_is_Ghost
@KaiTo_259
@AprilLynn33

#ASVTeam
#CaseManagementTeam
31❤‍🔥2
မနက်ဖြန်ကျရင် Content လန်းလန်းလေးတစ်ပုဒ်လာမယ်နော်။

ရေးရင်းရေးရင်း လတ်စသတ်ရင်းနဲ့ ဒီညတော့ညည့်နက်ပြီဖြစ်လို့ မနက်ဖြန်မှ ဖတ်ကြပါလေ။

#ASVTeam
53🫡3
မြန်မာနိုင်ငံမှာ အမျိုးသမီးတစ်ယောက်က Sex Education အကြောင်း ပြောဆိုဆွေးနွေးတဲ့အခါ “အကျင့်စာရိတ္တ” နဲ့ တိုက်ရိုက်ဆက်စပ်ပြီး ဝေဖန်ခံရတာဟာ အမြစ်တွယ်နေတဲ့ လူမှုရေးစံနှုန်းအမှား (Double Standard) ကြောင့်လို့ ထင်တယ်

အမျိုးသားတစ်ယောက်က ပြောရင် ဗဟုသုတအဖြစ် လက်ခံပေးကြပေမယ့် အမျိုးသမီးတစ်ယောက်ကပြောရင်တော့ “ဒါမျိုး ကြုံဖူးလို့လား” ဆိုတဲ့ အမြင်ကျဉ်းမြောင်းတဲ့ မေးခွန်းမျိုးနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။

ဒီလိုအမြင်တွေဟာ Sex Education ကို “ကာကွယ်ခြင်းနှင့် အသိပညာ” လို့ မမြင်ဘဲ “အရှက်နဲ့ သိက္ခာ” ဆိုင်ရာ ကိစ္စတစ်ခုအနေနဲ့သာ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုနေကြတာကို ပြသနေပါတယ်။

တကယ်တော့ Sex Education ဆိုတာ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ ရှင်သန်မှုဆိုင်ရာ အရည်အချင်း (Life Skill) တစ်ခုဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးငယ်တွေ အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့၊ ကိုယ်ပိုင်စည်းဘောင် (Boundary) တွေ သတ်မှတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။

ဆရာဝန်တစ်ယောက်က ရောဂါအကြောင်း ပြောတာဟာ သူကိုယ်တိုင် ရောဂါဖြစ်ဖူးလို့ မဟုတ်သလိုပဲ၊ အမျိုးသမီးတစ်ယောက်က ဒီအကြောင်းအရာတွေကို အသိပညာပေးတာဟာလည်း ကြုံဖူးလို့မဟုတ်ဘဲ သူတစ်ပါးကို အန္တရာယ်ကင်းစေချင်တဲ့ စေတနာနဲ့ အသိအမြင်ရှိလို့သာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုတံဆိပ်ကပ်ဝေဖန်မှုတွေကို လက်ခံပြီး ဆက်လက်တိတ်ဆိတ်နေမယ့်အစား အသိပညာနဲ့ ပြန်လည်တုံ့ပြန်ပြီး Sex Education ဟာ ရှက်စရာမဟုတ်ဘဲ သိထားသင့်တဲ့ အကာအကွယ်တစ်ခုဆိုတာကို လူမှုအသိုင်းအဝိုင်းတစ်ခုလုံး နားလည်လာအောင် ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်ပါတယ်။

ယနေ့ခေတ်မှာ ချစ်သူနှစ်ဦးကြား နားလည်မှုနဲ့ လိင်ဆက်ဆံ​ခြင်းဟာ သာမန်ကိစ္စရပ်တစ်ခုလို ဖြစ်လာတာကြောင့် အမျိုးသမီးငယ်တွေအနေနဲ့ မိမိကိုယ်မိမိ အကာအကွယ်ပေးနိုင်ဖို့ Sex Education အခြေခံဗဟုသုတတွေကို မဖြစ်မနေ သိရှိထားဖို့ လိုအပ်ပါတယ်။

Partner တစ်ယောက်ကို အလုံးစုံယုံကြည်ပြီး ပုံအပ်ထားတာမျိုး မဟုတ်ဘဲ မိမိဘက်ကလည်း သိသင့်သိထိုက်တဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ အချက်အလက်တွေကို နားလည်ထားရပါမယ်။

အထူးသဖြင့် အဖော်ဖြစ်သူကို ရွေးချယ်တဲ့အခါမှာလည်း သူ့မှာအခြေခံ Sex Education ရှိမရှိ၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှု ရှိမရှိဆိုတာတွေကို သေချာစွာ စဉ်းစားရမှာဖြစ်ပြီး၊ အရာရာကို လွယ်လွယ်ကူကူ “ဆေးသောက်လိုက်ပါ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ တာဝန်မဲ့တတ်သူမျိုးဆိုရင် အထူးသတိထား ဆင်ခြင်သင့်ပါတယ်။

​ဒါ့အပြင် လက်ရှိမှာ Telegram ကဲ့သို့ Platform တွေမှာ Video Leak ဖြစ်မှုတွေ များပြားလာပြီး အများစုဟာ မိမိတို့ဘာသာ ရိုက်ကူးထားမိရာကနေ အစပြုတာကြောင့်၊ ရိုက်ကူးနေတဲ့ အချိန်ကတည်းက နောင်တစ်ချိန်မှာ ပြန်လည်ခြိမ်းခြောက်တာမျိုး ဒါမှမဟုတ် Leak ဖြစ်နိုင်ခြေရှိတာကို သတိမူသင့်ပါတယ်။

အွန်လိုင်းပေါ်က ဆက်ဆံရေးတွေမှာလည်း အလားတူအန္တရာယ်တွေ ရှိနိုင်တာကြောင့် “သတိဆိုတာ ပိုတယ်မရှိဘူး” ဆိုတဲ့အတိုင်း အမြဲနိုးကြားနေဖို့ လိုပါတယ်။

တကယ်လို့ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် လူမှုပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုတွေကိုပါ ခံရနိုင်တာကြောင့် လမ်းခွဲပြီးနောက်မှာတောင် မိမိအကြောင်းကို လေးစားစွာ ထိန်းသိမ်းပေးမယ့်သူလား၊ ဒါမှမဟုတ် အရှက်ခွဲမယ့်သူလား ဆိုတာကို ကြိုတင်လေ့လာဖို့ အရေးကြီးပါတယ်။

ဒီလိုအန္တရာယ်ရှိတဲ့ အတွေးအခေါ်နဲ့ အပြုအမူမျိုးတွေဟာ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်း၊ Crush ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတွေဆီမှာတောင် ရှိနေနိုင်တာကြောင့် အမျိုးသမီးတွေအနေနဲ့ လူရွေးမမှားဖို့ သေချာလေ့လာဆင်ခြင်သင့်ပါတယ်။ အကယ်၍ အခန့်မသင့်ဘဲ ပြဿနာတစ်စုံတစ်ရာနဲ့ ကြုံတွေ့လာရရင်တောင် စိတ်ခံစားချက်နောက်ကိုပဲ မလိုက်ဘဲ အကျိုးအကြောင်း ဆင်ခြင်တုံတရားဖြင့် ခိုင်ခိုင်မာမာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားပြီး အသိပညာဖြင့် အကာအကွယ်ပေးခြင်းသည်သာ အကောင်းဆုံးသော လုံခြုံရေးပင် ဖြစ်ပါတယ်။

#ASVTeam
#XAZEL
153🫡6💯1🍓1💘1
ညနေကျရင် ASV Facebook Page အသစ်ကို မိတ်ဆက်ကြေငြာပါမယ်။

အရင် Page တွေလိုပဲ ဆက်ပြီး ဝန်းရံပေးကြပါဦးခင်မျာ။

#ASVTeam
#ZWM
72🍓6🫡2👌1🤡1
တိုင်ပင်ဆွေးနွေးလိုသော ညီအကိုမောင်နှမများ အောက်မှာ ချပေးထားတဲ့ အကောင့်တွေကနေ လာပြောလို့ရပါတယ် ခင်မျာ။👇👇👇

အောက်မှာ ဖော်ပြထားတဲ့ လူတွေနဲ့စကားစပြောခဲ့ရင်လည်း ASV Team မှ Admin များဖြစ်ကြောင်းကို အချက်အလက်ပြန်လည်စစ်ဆေးမေးမြန်း၍ အတည်ပြု နိုင်ပါတယ်။

https://www.facebook.com/share/15jHEoiw4k/

@aungzabu2021(တာဝန်ခံ)
@goatzaww1111
@Alita1367
@Leila_is_Ghost
@AprilLynn33

#ASVTeam
#CaseManagementTeam
32🫡4🔥2
Hello
အသိပေးစရာရှိလို့ပါ ကျွန်တော်ASVရဲ့ Billy သည် ဒီacc @BillyIsUrDad ဘဲ သုံးပါတယ်ခင်ဗျာ။
The Boys ထဲကဇာတ်ကောင် Billy Butcher နာမည်ယူသုံးထားတာ ဖြစ်တဲ့အတွက် နာမည်တူမရှားတွေရှိနေပါတယ်။ ကျွန်တော်ထင်ပြီး လက်ခံစကားပြောမိတာ၊ အချက်လက်တွေပေးတာတွေ လုပ်မိမှာစိုးရိမ်သဖြင့် အသိပေးရခြင်းပါ။

#ASVTeam
#TelegramRPTeam
#Billy
51🤮9👍1🤨1
ကျွန်တော်တို့ ဒီရပ်ဝန်းလေးထဲမှာရှိတဲ့ မောင်မယ်တွေအားလုံး တက်ညီလက်ညီနဲ့ Case တွေကို အားစိုက်ထုတ်ပြီး အတူတူဖေးကူ ဖြေရှင်းနေကြတာကို မြင်တွေ့ရတာ တကယ်ကို စိတ်ချမ်းသာဖို့ကောင်းသလို ဂုဏ်လည်းယူမိပါတယ်။

ဒီလို နွေးထွေးတဲ့ စုစည်းမှုမျိုးကို ရေရှည်အထိ ခိုင်ခိုင်မာမာနဲ့ ဆက်လက်မြင်တွေ့သွားချင်ပါတယ်ခင်ဗျာ။

​အလုပ်တွေ အတူတူလုပ်ကြတဲ့အခါ၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စကားပြောဆို ဆွေးနွေးကြတဲ့အခါမှာ တစ်ခါတလေ သဘောထားကွဲလွဲမှုလေးတွေ ဒါမှမဟုတ် ပွတ်တိုက်မှုလေးတွေ ရှိလာနိုင်တာ သဘာဝပါ။

အဲ့ဒီလို အခြေအနေမျိုး ကြုံလာခဲ့ရင်လည်း ကျွန်တော်တို့ အချင်းချင်း နားလည်မှုတွေနဲ့ ဝန်းရံပေးကြဖို့ လိုပါတယ်။

​တစ်ခုခုဆိုရင် အားလုံးအတူတူ ဝိုင်းဝန်းဖြေရှင်းကြမယ်၊ အခက်အခဲတွေကို အတူတူ ဖြုတ်ချကြမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရှေ့ဆက်ကြရအောင်ပါ။ ဒီလို စည်းလုံးတဲ့ အင်အားနဲ့ဆိုရင် ဘယ်လို Case မျိုးကိုမဆို ကျွန်တော်တို့ ကျော်ဖြတ်နိုင်မှာ သေချာပါတယ်။

​အားလုံးပဲ စိတ်တူကိုယ်တူနဲ့ ဆက်လက်လက်တွဲသွားကြရအောင်နော်

အားလုံး ဘုံရန်သူတွေကို မမေ့ကြဖို့သတိချပ်ကြနော်

#ASVTeam
#AdminTeam
125🤮11👍3👎2🍌2🤬1🙊1
ASV က ကိုယ်စည်းနဲ့ကိုယ်​နေတယ်။ ကိုယ့်ဘောင်နဲ့ကိုယ်​နေတယ်။
ဒါကိုတိုက်ခိုက်ချင်နေတဲ့ သူတွေ အစုအဖွဲ့နဲ့သော်လည်းကောင်း တစ်ဦးချင်းသော်လည်းကောင်း အများကြီးရှိတယ်။

ဒါတွေကို ASV က ကြောက်ပြီးပဲဖြစ်ဖြစ် ရပ်လိုက်တာမျိုး၊ နောက်ဆုတ်လိုက်တာမျိုး ASVရဲ့ ရာဇဝင်မှာမရှိခဲ့ဖူးဘူး။
အဲ့လိုကောင်တွေကို စောက်ဖက်မလုပ်ခြင်းဖြင့် ဥပက္ခာပြုထားတာကြာလှပြီ။ ASV ဆိုတာနဲ့ ဓားမိုးထားပါတယ်ဆိုတဲ့ကောင်တွေလည်း အများကြီးပဲ။

ဘာမဟုတ်တဲ့ Group တစ်ခုထောင်ပီးတော့ ပေါပေါပဲပဲတိုက်ခိုက်နေတာတွေကို ငါတို့ကအရင်ထဲကလည်းစောက်ဖက်မလုပ်ဘူး၊ အခုလဲစောက်ဖက်မလုပ်ဘူး။

ဒါမယ့်လို့ အဲ့သည် ပေါပေါပဲပဲ Group မှာ ASV ရဲ့အကူအညီကို ရယူဖူးပြီး ကိုယ်တိုင် ASVကို ပြန်တိုက်ခိုက်တာ၊ ပြန်ဘလိန်းတာတွေလုပ်နေတဲ့ Victim တစ်ယောက်ရှိလို့ သူနဲ့ဘဲရှင်းနေတာ။ ASV သက်တမ်းတစ်လျှောက်မှာ Victim က ပြန်ပြီး ဒီနည်းနဲ့ တုန့်ပြန်တာ ဒါပထမဆုံးရယ်။


အဲ့တော့ ပြောချင်တာက ဒီ Victim တောင် ငါတို့နဲ့ပက်သက်ဖူးလို့သာ ဖြေရှင်းချက်ယူနေတာ။ ဒီကိစ္စကိုတော့ ASV ရဲ့ တာဝန်ခံကိုယ်တိုင် ဖြေရှင်းချက်တစ်ခုအနေနဲ့ ထုတ်ပြန်ကြေငြာပါလိမ့်မယ်။

ASV ကို ပြင်ပကနေ မှောင်မိုက်ထဲ လက်ဝိုင်းပြနေတဲ့ ဘယ်ကောင် ဘယ်ကောင်မကိုမှ နောက်လဲစောက်ဖက်လုပ်မှာမဟုတ်ဘူး အခုလည်း စောက်ဖက်မလုပ်ဘူးနော်။

ရှင်းလားတော့မသိဘူး😁😁

#ZWM
113🤡7🔥2🍌2🤮1👨‍💻1
Case A 5018 နှင့် ဆက်လျှဉ်း၍ ASV မှ ထုတ်ပြန်ကြေညာချက်

Case A 5018 ဖြစ်စဉ်အား ကျွန်တော်တို့ ASV ထံသို့ ၂၀၂၅ ခုနှစ် (၈) လပိုင်းတွင် Victim ဖြစ်သူ —— မ မှ ရှေ့နေဖြစ်ရန် ကြိုးစားနေစဉ်အတွင်း ရည်းစားဟောင်းဖြစ်သူထံမှ မိမိ၏ ကိုယ်ရေးမှတ်တမ်းများကို အသုံးချ၍ ခြိမ်းခြောက် ဖြန့်ဝေခံနေရကြောင်း တားဆီးပေးပါရန် လာရောက် အကူအညီ တောင်းခံခဲ့ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ တာဝန်ခံအပါအဝင် Team members များက Facebook Group နှင့် Telegram Group များ ဖွဲ့စည်းကာ Case ဖြစ်စဉ်အား စိစစ်လေ့လာပြီး ကိုင်တွယ် ဖြေရှင်းခဲ့ပါသည်။

Target ဖြစ်သူမှ ငြင်းဆိုနေသည့်ကြားမှ အချက်အလက်များကို စုဆောင်းဖော်ထုတ်ကာ ထပ်မံ မဖြစ်ပေါ်စေရန် တားဆီးနိုင်ခဲ့ပြီး၊ ပြန့်နှံ့နေသော မှတ်တမ်းများကိုလည်း Team မှ အကြိမ်ကြိမ် ဖျက်ချနိုင်ခဲ့ပါသည်။

Case အဆင်ပြေသွားပြီးနောက်တွင် Case နှင့် ပတ်သက်၍ဖြစ်စေ၊ Personal အနေဖြင့်ဖြစ်စေ ဆက်သွယ် ပြောဆိုမှုများ မရှိတော့ပါ။



(ယခုဖြစ်စဉ်နှင့် ဆက်စပ်မှု)

ASV ၏ လုပ်ဆောင်ချက်များထဲမှ Leak Channels များ ဖျက်ချရာတွင် အားကောင်းလာသည်နှင့်အမျှ ယခုလပိုင်းအတွင်း ASV နှင့် ASV Admin များအပေါ် အမျိုးမျိုး အပုတ်ချခြင်း၊ လှောင်ပြောင်ပြောဆိုခြင်းများ ပိုမို ဖြစ်ပေါ်လာခဲ့ပါသည်။

ထိုအထဲတွင် Leak Channel များကို ရောင်းဝယ်နေသော Account များစွာ ပါဝင်နေသည်ကို တွေ့ရှိရပါသည်။

ထိုကဲ့သို့သော အပုတ်ချ ဝေဖန်မှုများသည် ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းနေသည့် ကိစ္စရပ်များတွင် မပါဝင်သော်လည်း၊ အဆိုပါ ဝေဖန်ပြောဆိုသူများထဲတွင် Case A 5018 မှ Victim အမျိုးသမီး ပါဝင်နေသည်ကို တွေ့ရှိရပါသည်။

ဆက်လက် လေ့လာကြည့်ရှုရာတွင် ASV အား လှောင်ပြောင်ပြောဆိုနေသူများထဲမှ ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်သော အမျိုးသားတစ်ဦးနှင့် 5018 V သည် လက်ရှိတွင် သမီးရည်းစား ဆက်ဆံရေးရှိနေသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် 5018 V မှ ASV အဖွဲ့အား “နိုင်ငံတော်ပုန်ကန်မှုနှင့် တော်လှန်ရေး လုပ်ဆောင်နေသော အဖွဲ့အစည်း” ဟု စွပ်စွဲပြောဆိုခြင်းနှင့် ရှေ့နေတစ်ဦးအနေဖြင့် တိုင်ကြား ဖမ်းဆီးနိုင်ကြောင်း အပါအဝင် ကြမ်းတမ်းသော စကားအသုံးအနှုန်းများဖြင့် ပြောဆိုနေသည်ကိုလည်း တွေ့ရှိရပါသည်။

အဆိုပါ ပြောဆိုမှုများသည် ၎င်းတို့ ဖွဲ့စည်းထားသော Group အတွင်းတွင် ဖြစ်ပေါ်နေခြင်း ဖြစ်ပါသည်။

ASV အား ထိခိုက်စေရန် ကြိုးပမ်းသူများအား ပုံမှန်အားဖြင့် အရေးတယူ မလုပ်ဆောင်သော်လည်း ယခုဖြစ်စဉ်တွင် Case နှင့် ဆက်စပ်နေသော အမျိုးသမီး ပါဝင်နေသဖြင့် အကျိုးအကြောင်း မေးမြန်းခဲ့ပါသည်။

မေးမြန်းမှုကို မူလ Case Group အတွင်းတွင် ပြုလုပ်ခဲ့ပြီး ပြန်လည် ဖြေကြားပုံ၊ ဆက်ဆံပုံတို့တွင် မထီမဲ့မြင်ပြုမှုများနှင့် စကားရိုင်းပြောဆိုမှုများ ပါဝင်နေသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် မိမိ၏ မှတ်တမ်းများကို ASV မှ ဖြန့်ဝေခြင်း ဖြစ်နိုင်ကြောင်း စွပ်စွဲမှုများကိုလည်း ပြောဆိုလာခဲ့ပါသည်။

ထိုကြောင့် အဆိုပါ အမျိုးသမီးအား နောက်နောင် ASV မှ မည်သည့် အကူအညီမျှ မပေးတော့ကြောင်း ကြေညာရခြင်း ဖြစ်ပါသည်။



ASV ၏ သဘောထား ထုတ်ပြန်ချက်
• Case A 5018 မှ အမျိုးသမီးအား ပေးခဲ့သော အကူအညီများနှင့် ဆက်စပ်သည့် လုပ်ဆောင်မှုများအားလုံးကို အပြီးတိုင် ရပ်ဆိုင်းပါသည်။
• Target ဖြစ်သူများအပေါ် စောင့်ကြည့်ခြင်း၊ ဖိအားပေးခြင်းနှင့် ထိန်းချုပ်ခြင်းများကိုလည်း ရပ်ဆိုင်းပါသည်။
• ၂၀၂၅ ခုနှစ် (၈) လပိုင်းတွင် ထုတ်ပြန်ခဲ့သော Social Punishment Post များကိုလည်း ဆက်လက် ထိန်းသိမ်းထားမည် မဟုတ်တော့ပါ။

ယခု ကြေညာချက်သည် Case 5018 မှ Victim အား သိက္ခာထိပါးစေရန် သို့မဟုတ် အရေးယူလိုသည့် ရည်ရွယ်ချက် မရှိဘဲ Team အပေါ် ထိခိုက်မှုများ ရှိလာသဖြင့် နောက်ဆုံးအကြိမ် အသိပေး ထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။



အထူးမှတ်ချက်
- ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေသော စစ်ကောင်စီအား ကိုယ်စွမ်းဉာဏ်ဏ်စွမ်းရှိသမျှတွန်းလှန်နေသည့် မိမိတို့အား
အကြမ်းဖက်သမားစစ်အုပ်စုထံ တိုင်ကြားနိုင်ကြောင်းပြောဆိုခြင်းသည် လုံးဝလင်သင့်ခံနိုင်သည့်အ
ခြေနေမဟုတ်ပါ။ ထိုစကားများ၏ နောက်ဆက်တွဲ သက်ရောက်မှု ရှာလာခဲ့ရင်တော့ ခွင့်ပြုခွင့်လွှတ်နေမည် မဟုတ်ပါ။


ASV Team
တာဝန်ခံ
Aung ZaBu Kyaw Hein
95💯5👏4🍓1
Case A 5018 က V နဲ့ နဂိုရှိပြီး Gp ထဲမှာပဲ ပြန်မေးခဲ့တာပါ။
ခုမှ Ss ရိုက်လာတာမို့ acc name ချိန်းသွားတာတွေ့ရပါတယ်။
ဖြစ်စဉ် ဖြေရှင်းမှု ဘာကြောင့်ထုတ်ပြန်ချက် တင်ရလဲ ဆိုတာတွေ သိလိုပါက ဖတ်ကြည့်ပါ။
ASV ဝန်းရံသူတွေ စိတ်အနှောက်အယှက်ဖြစ်ကြရင်တော့ အားနာပါတယ်ခင်ဗျ။
🤯11👍64🤬1🤡1