APS ACCA learning center
8.05K subscribers
3.11K photos
1.99K videos
879 files
581 links
Update သင်တန်းများအတွက် Website https://apsacca-course-2026-update.edgeone.dev/


@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13

ဖုန်းဆက်လိုပါက 09457085494, 09784433084
Download Telegram
🇬🇧 ဆရာမ လုပ်သက် အရ 90 ရအောင် Goals ထားပြီအတန်းတွေကိုသင်ပေးဖို့ကြိုးစားပါအုံမယ် ။
💜 ကျောင်းသာ၊ကျောင်းသူတွေထဲ စာသင်ထဲက ပထမဆုံးဖြေတာတစ်ယောက်မှ အကျမရှိအောင် ကျောင်းသူ‌တွေကော ကိုယ်ကော ကြိုးစားခဲ့ပြီ
Aps စီမှာ UK Exam တွေကိုဘယ်လိုမဆို 70 , 80 ‌နဲ့အောင်ကိုအောင်တယ်။
❤2
Market_Planned_Mixed_Economies.pdf
39.3 KB
f4 ch 2 - system burmeses notes
ဒီနေ့ international ထိတင်ပေးမယ်နော် burmeses notes လေးတွေ 🥳
🖤 Ongoing Update ACCA part1 MA Notes -https://t.me/apslearning/7656
🤍 BT Exam kit video သီသန့် - https://t.me/apslearning/6809
🖤 FA 2 BUREMSES NOTES အကုန် - https://t.me/apslearning/5596
🖤 MA 2 BURMESES NOTES အကုန် - https://t.me/apslearning/5610
🖤BT BURMESES NOTES အကုန် - https://t.me/apslearning/5990
🩵 F7 Burmeses Notes - https://t.me/apslearning/6247
🩵 IAS, IFRs Presentation Lessons - https://t.me/apslearning/7012
🤍 IFRSFORSME မြန်မာဘာသာပြန် တစ်အုပ်လုံး- https://t.me/apslearning/6914
🤍 F7 Kit video များ -https://t.me/apslearning/7600
🤍 f7 self study record အစအဆုံး - https://t.me/apslearning/7597
🤍 BT အစအဆုံး record အစအဆုံး - https://t.me/apslearning/7633
🤍 IFRS မြန်မာ notes အကုန် - https://t.me/apslearning/7369
🩵 FA ACCA part1 F3 Burmeses Notes - https://t.me/apslearning/8235


🤍 mock exam link များ - https://t.me/apslearning/8091

🩵 BT Short Notes - https://t.me/apslearning/7799
ACCA RQF Lvl 4 FA2 , MA2 Video တွေ လည်းအများကြီးတင်ပေးထားပါတယ် .

ကိုယ်အနေနဲ့ Telegram search 🔍 မှာရှာပြီလေ့လာလို့ရပါတယ်ရှင့်
Forwarded from APS ACCA learning center
F7 burmeses notes_protected.pdf
15.7 MB
F7 burmeses notes 1 အုပ်လုံး - pws - APS2026
IFRS FOR SME ပထမတွဲ.pdf
1.5 MB
မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (MSMEs) အနေနဲ့ လာမယ့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ကစပြီး IFRS for SMEs ကို မဖြစ်မနေ ပြောင်းလဲသုံးစွဲရမှာဖြစ်တာမို့ SME လုပ်ငန်းဖြစ်နေရင် IFRS ကို ကြိုလေ့လာထားသင့်ပါတယ် ရှင့်
FA2 BURMESES NOETS_watermark.pdf
7.9 MB
FA2 BURMESES NOTES ( တစ်အုပ်လုံး )
MA2 BURMESES.pdf
3.6 MB
MA 2 BURMESES NOTES ( တစ်အုပ်လုံး FREE မှာတိကာအပါ)
BT Short notes.pdf
791.3 KB
F1 UK ဖြေမယ့်လူတွေစာမေ့သွားရင် ဖတ်လို့ရအောင် 28 မျက်နှာထဲ အတိုချုပ် notes BT တစ်အုပ်လုံးစာ
IFRS NOTES.pdf
1.2 MB
telegram channel က လူတွေအတွက် လက်ဆောင် IFRS တွေကို Summary notes
❤7
APS ACCA learning center
IFRS FOR SME ပထမတွဲ.pdf
accounting မြန်မာစာအုပ်တွေဈေးကြီကြီးဝယ်ဖတ်မဲ့အစား ဒါတွေဖတ် AI ဆိုပေမဲ့ အချိန်တွေအများကြီးပေးပြီမှ ရလာတဲ့ ဆရာမကိုယ်တိုင်ပြန်စစ်ပြီ မှ ရလာတဲ့စာအုပ်တွေနော် 🥳
🥰1
စင်ကာပူနိုင်ငံဆိုတာ စည်းကမ်းအရမ်းကြီးတဲ့ နိုင်ငံပါ။ အဲ့ဒီကို သွားမယ်ဆိုရင် ကိုယ်က ဘာကိစ္စနဲ့ သွားမှာလဲ (ပညာသင်မှာလား၊ အလုပ်လုပ်မှာလား၊ အလည်သွားမှာလား) ဆိုတဲ့ ရည်ရွယ်ချက်အပေါ် မူတည်ပြီး ဝင်ခွင့်လက်မှတ် (Pass) တွေ ကွဲသွားပါတယ်။ (၁) ပညာသင်မယ့်သူတွေအတွက် (Student Pass)

စင်ကာပူက Kaplan တို့၊ LSBF တို့လို ကျောင်းကြီးတွေမှာ အချိန်ပြည့် (Full-time) သွားတက်မယ်ဆိုရင် ဒီ Student Pass ကို ကိုင်ရမှာပါ။

ဘယ်လိုလျှောက်ရလဲဆိုရင် ကိုယ်တိုင် သံရုံးမှာ သွားလျှောက်စရာမလိုပါဘူး။ ကျောင်းလခသွင်းပြီး ကျောင်းအပ်လိုက်တာနဲ့ ကျောင်းဘက်ကနေ လိုအပ်တဲ့ စာရွက်စာတမ်းတွေတောင်းပြီး စင်ကာပူ လူဝင်မှုကြီးကြပ်ရေး (ICA) ဆီမှာ လှမ်းလျှောက်ပေးတာပါ။

အရမ်းသတိထားရမယ့်အချက်က ပုဂ္ဂလိကကျောင်းတွေမှာ Student Pass နဲ့ တက်နေရင် အချိန်ပိုင်းအလုပ် (Part-time) ခိုးလုပ်လို့ လုံးဝ မရပါဘူး။ ဖမ်းမိရင် ပြည်နှင်ဒဏ် ပေးခံရနိုင်ပါတယ်။

(၂) အလုပ်လုပ်မယ့်သူတွေအတွက် (Work Visas)

ACCA ပြီးသွားလို့ဖြစ်ဖြစ်၊ အလုပ်အတွေ့အကြုံရှိလို့ဖြစ်ဖြစ် စင်ကာပူမှာ အလုပ်သွားလုပ်မယ်ဆိုရင် လစာနဲ့ ပညာအရည်အချင်းအပေါ် မူတည်ပြီး အလုပ်ဗီဇာ (၃) မျိုး ထပ်ကွဲသွားပါတယ်။

Employment Pass (EP) - ဒါကတော့ Professional တွေ၊ မန်နေဂျာတွေနဲ့ အင်ဂျင်နီယာတွေအတွက် ထုတ်ပေးတဲ့ အမြင့်ဆုံး အလုပ်ဗီဇာပါ။ ACCA အောင်ထားပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့သူတွေ၊ လစာ စင်ကာပူဒေါ်လာ ၅,၀၀၀ ကျော်လောက် ရတဲ့သူတွေဆိုရင် ကုမ္ပဏီကနေ ဒီ EP ကို လျှောက်ပေးပါတယ်။ အခုဆိုရင် အမှတ်ပေးစနစ် (COMPASS) ဆိုတာနဲ့ ကုမ္ပဏီရဲ့ အခြေအနေ၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို အမှတ်ပေးပြီးမှ သေချာစစ်ထုတ်ချပေးတာ ဖြစ်ပါတယ်။

S Pass - ဒါကတော့ အလယ်အလတ် ကျွမ်းကျင်ဝန်ထမ်းတွေအတွက်ပါ။ လစာ ၃,၁၄၀ ဝန်းကျင်လောက်ရမယ့် Audit Firm လေးတွေမှာ အလုပ်စဝင်တဲ့ Junior တွေ၊ Accountant လေးတွေဆိုရင် ဒီ S Pass နဲ့ အလုပ်လုပ်ကြတာ များပါတယ်။ ကုမ္ပဏီဘက်ကလည်း ကိုယ့်ကုမ္ပဏီမှာ လူဘယ်နှစ်ယောက်ရှိရင် S Pass ဘယ်နှစ်ယောက်ပဲ ခန့်ခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက် (Quota) တွေ ရှိပါတယ်။S Pass အတွက် ACCA ဘယ်လောက်လိုလဲ

S Pass ဆိုတာ အလယ်အလတ်အဆင့်ဖြစ်လို့ ပညာအရည်အချင်းကို အရမ်းကြီး မတင်းကျပ်ပါဘူး။ ACCA part1 ACCA Part 2 ၆ ဘာသာပြီးလို့ ရလာတဲ့ Advanced Diploma in Accounting and Business လက်မှတ်ရှိရင်ကို S Pass လျှောက်ဖို့ လုံလောက်တဲ့ ပညာအရည်အချင်းတစ်ခု ဖြစ်နေပါပြီ။ ကိုယ်က ACCA တစ်ပိုင်းတစ်စပဲ ပြီးသေးပေမယ့် မြန်မာပြည်က ရထားတဲ့ ဘွဲ့တစ်ခုခုနဲ့ ပေါင်းပြီး တင်လိုက်ရင်လည်း S Pass အတွက် အဆင်ပြေပါတယ်။S Pass လျှောက်မယ်ဆိုရင် ကိုယ်က ACCA Part 2 (Applied Skills ၆ ဘာသာ) အောင်ထားတယ်ဆိုရင်ပဲ Advanced Diploma ဆိုတဲ့ အဆင့်ကို ရနေပြီဖြစ်လို့ ဘွဲ့မရှိတဲ့နေရာမှာ အစားထိုးပြီး လျှောက်လို့ ရနေပါပြီ။

EP လျှောက်ချင်တယ်ဆိုရင်တော့ ACCA Part 2 လောက်နဲ့ မရတော့ပါဘူး။ ACCA ၁၃ ဘာသာလုံး အောင်ထားတဲ့ (Affiliate/Member) ဖြစ်သွားပြီဆိုရင်တော့ စင်ကာပူအစိုးရက အဲ့ဒီ ACCA ကို ဘွဲ့လွန် (Master Degree) ဒါမှမဟုတ် နိုင်ငံတကာ အသိအမှတ်ပြု Professional လက်မှတ်တစ်ခုအနေနဲ့ တန်းတူကို လက်ခံပေးလိုက်တာမို့လို့ ဘွဲ့မရှိတာကို လုံးဝ ပူစရာမလိုတော့ပါဘူး။ဘွဲ့မရှိတဲ့အတွက် ကိုယ်က စာရွက်စာတမ်းပိုင်းမှာ အနည်းငယ် အားနည်းနေနိုင်ပါတယ်။ ဒါကို ဘာနဲ့ပြန်ဖြည့်ရမလဲဆိုတော့ လက်တွေ့ လုပ်ငန်းအတွေ့အကြုံနဲ့ ပြန်ဖြည့်ရပါမယ်။ ဘွဲ့ရထားပြီး အလုပ်မလုပ်ဖူးတဲ့ ကလေးတစ်ယောက်ထက် ကိုယ်က စာရင်းကိုင်သက်တမ်း ၃ နှစ်၊ ၅ နှစ်လောက် ရှိထားတယ်၊ Accounting Software တွေလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တယ်၊ လုပ်ငန်းခွင် ပြဿနာတွေကိုလည်း လက်တွေ့ ဖြေရှင်းနိုင်တယ်ဆိုရင် အလုပ်ရှင်တွေက ဘွဲ့မရှိလည်း ကိုယ့်ကိုပဲ ရွေးချယ်မှာပါ။S Pass ရဖို့ဆိုရင် လစာ အနည်းဆုံး စင်ကာပူဒေါ်လာ ၃,၁၄၀ ဝန်းကျင် ရမှ လျှောက်ခွင့်ရှိပါတယ်။ ဒါက အသက်အငယ်ဆုံး သတ်မှတ်ချက်ဖြစ်ပြီး အသက်ကြီးလေလေ၊ အတွေ့အကြုံများလေလေ အစိုးရက တောင်းဆိုတဲ့ လစာသတ်မှတ်ချက် ပိုမြင့်လေလေ ပါပဲ။S Pass ပဲဖြစ်ဖြစ်၊ EP ပဲဖြစ်ဖြစ် ပထမဆုံး စရတဲ့အချိန်မှာ အစိုးရက ၁ နှစ် ဒါမှမဟုတ် ၂ နှစ် သက်တမ်း (Validity) ပေးတတ်ပါတယ်။

သက်တမ်းကုန်ခါနီးလို့ ဆက်နေချင်တယ်ဆိုရင် သက်တမ်းမကုန်ခင် အလုပ်ရှင် (ကုမ္ပဏီ) ဘက်ကနေ သက်တမ်းတိုး (Renew) လုပ်ပေးရပါတယ်။ သက်တမ်းတိုးတဲ့အခါ အစိုးရက ဘာတွေပြန်စစ်လဲဆိုရင် -

ကိုယ့်လစာက အစိုးရ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလစာနှုန်းထားကို မှီသေးရဲ့လား။ (သူတို့က လစာသတ်မှတ်ချက်ကို ခဏခဏ တိုးတတ်လို့ပါ)

ကိုယ့်ကုမ္ပဏီမှာ S Pass ဆက်ထားခွင့် (Quota) တွေ ပြည့်နေပြီလား။ (EP ကတော့ Quota မလိုပါဘူး)

Work Permit (WP) - ဒါကတော့ အခြေခံအလုပ်သမားတွေ၊ ဆောက်လုပ်ရေး၊ စက်ရုံနဲ့ စားသောက်ဆိုင်တွေမှာ လုပ်တဲ့သူတွေအတွက်ပါ။ ACCA လမ်းကြောင်းနဲ့ သွားမယ့်သူတွေနဲ့တော့ သိပ်မသက်ဆိုင်လှပါဘူး။
❤3
(၃) အလည်အပတ် သို့မဟုတ် စာမေးပွဲသွားဖြေမယ့်သူတွေအတွက် (Short-Term Visit Pass)

ကိုယ်က မြန်မာနိုင်ငံမှာပဲ စာသင်ပြီး ကွန်ပျူတာနဲ့ဖြေရတဲ့ ACCA စာမေးပွဲလေးကို စင်ကာပူမှာ ခဏသွားဖြေမယ်ဆိုရင် ဒီ Tourist Visa (အလည်အပတ်ဗီဇာ) နဲ့ သွားလို့ရပါတယ်။

လေဆိပ်ရောက်မှ လူဝင်မှုကြီးကြပ်ရေးကနေ နေခွင့် ရက် ၃၀ လောက် တုံးထုပေးလိုက်တာမျိုးပါ။ဒီဗီဇာနဲ့ စာမေးပွဲသွားဖြေတာ၊ လျှောက်လည်တာ လုပ်လို့ရပေမယ့် အလုပ်ရှာတာ၊ အလုပ်ဝင်လုပ်တာမျိုး လုံးဝ ခွင့်မပြုထားပါဘူး။

(၄) မိသားစုလိုက် နေထိုင်မယ့်သူတွေအတွက် (Dependant's Pass)

တကယ်လို့ ကိုယ်က စင်ကာပူမှာ အပေါ်ကပြောခဲ့တဲ့ EP လို အမြင့်ပိုင်းဗီဇာနဲ့ အလုပ်လုပ်နေပြီ၊ လစာကလည်း စင်ကာပူဒေါ်လာ ၆,၀၀၀ နဲ့အထက် ရနေပြီဆိုရင် ကိုယ့်ရဲ့ အမျိုးသား/အမျိုးသမီး နဲ့ ကလေးတွေကို Dependant's Pass (DP) နဲ့ စင်ကာပူကို ခေါ်ထားလို့ ရပါတယ်။ ကိုယ်က အခြေတကျဖြစ်သွားရင် မိသားစုကိုပါ ခေါ်ခွင့်ပေးတဲ့ စနစ်ပါ။ spass မှာတောင် minimium ( လစာအားများသိန်း တစ်လ မြန်မာငွေ 100 နီပါ)
❤7