APS ACCA learning center
8.05K subscribers
3.12K photos
2K videos
879 files
583 links
Update သင်တန်းများအတွက် Website https://apsacca-course-2026-update.edgeone.dev/


@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13

ဖုန်းဆက်လိုပါက 09457085494, 09784433084
Download Telegram
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
conso SOPL 433 section c 20 mark ( Conso ပြန်နွေချင်တာဆို နားထောင်ပါ)
Civil Law (တရားမဥပဒေ) နှင့် Criminal Law (ရာဇဝတ်မှုဥပဒေ)၁။ သဘောသဘာဝနှင့် ရည်ရွယ်ချက် (Nature & Purpose)
Civil Law: Private Law အမျိုးအစားဖြစ်ပြီး လူတစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့အစည်းအချင်းချင်းကြား စာချုပ်ပါ စည်းကမ်းပျက်ကွက်မှု၊ စီးပွားရေး၊ အမွေကိစ္စနှင့် ကွာရှင်းမှုဆိုင်ရာ အငြင်းပွားမှုများ (Disputes) ကို ဖြေရှင်းရန်ဖြစ်သည်။ နစ်နာသူပါတီ (Injured/Wronged party) ထိခိုက်မှုအတွက် လျှော်ကြေးဥပဒေအရ နစ်နာကြေး (Damages/Compensation) သို့မဟုတ် မျှတသော ကုစားမှု (Equitable remedies) ရရှိစေရန် ရည်ရွယ်ပြီး ထောင်ဒဏ်ချမှတ်ခြင်းမရှိပါ။
Criminal Law: Public Law အမျိုးအစားဖြစ်ပြီး ဥပဒေကို ချိုးဖောက်ခြင်း (Broken the law) သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး (Society) ကို ထိခိုက်စေသော ပြစ်မှုများ (ဥပမာ - လူသတ်မှု၊ ခိုးမှု၊ မဒိန်းမှု၊ ငွေကြေးခဝါချမှု၊ ပတ်ဝန်းကျင် ဘေးအန္တရာယ်ဖြစ်စေမှု) ကို အရေးယူရန်ဖြစ်သည်။
၂။ တရားစွဲဆိုမှုဆိုင်ရာ သုံးနှုန်းချက်များနှင့် ပါဝင်သူများ (Legal Actions & Parties)
Civil Law:
တရားစွဲဆိုခြင်းကို "Sue" ဟု သုံးနှုန်းသည်။
တရားလို (တရားစွဲဆိုသူ) ကို Claimant သို့မဟုတ် Plaintiff ဟု ခေါ်သည်။
တရားပြိုင် (တရားစွဲဆိုခံရသူ) ကို Defendant ဟု ခေါ်သည်။
Criminal Law:
တရားစွဲဆိုခြင်းကို "Prosecute" ဟု သုံးနှုန်းသည်။
တရားလိုအဖြစ် ရဲတပ်ဖွဲ့ သို့မဟုတ် အစိုးရ (State / Government / Police) က Prosecutor အဖြစ် တရားစွဲဆိုပေးသည်။
တရားစွဲဆိုခံရသူကို Accused (တရားခံ/သံသယရှိသူ) ဟု ခေါ်သည်။
၃။ စီရင်ချက်နှင့် ပြစ်ဒဏ်များ (Remedies & Punishments)
Civil Law: ထောင်ဒဏ် (Imprisonment) ချမှတ်ခြင်း လုံးဝမရှိပါ။ နစ်နာကြေးပေးလျော်စေခြင်း (Damages)، စာချုပ်ကို ပျက်ပြယ်စေခြင်း သို့မဟုတ် ပြန်လည်ပြင်ဆင်စေခြင်း စသည့် သင့်တော်သော ကုစားမှုများ (Equitable remedies) သာ ချမှတ်သည်။
Criminal Law: ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရန်အတွက် ထောင်ဒဏ် (Imprisonment)، အလုပ်ကြမ်းနှင့် ထောင်ဒဏ် (Community service / Hard labour) သို့မဟုတ် ငွေဒဏ် (Fine) စသည့် ပြစ်ဒဏ်များ ချမှတ်သည်။
၄။ သက်သေပြချက် စံနှုန်း (Standard of Proof)
Civil Law: "Balance of probability" (ဖြစ်နိုင်ခြေ အလေးသာမှု) ပေါ်တွင် အခြေခံ၍ ဆုံးဖြတ်သည်။
Criminal Law: "Beyond reasonable doubt" (သံသယဖြစ်ဖွယ်မရှိ လွန်မြောက်အောင် သက်သေပြနိုင်ခြင်း) ရှိရမည် ဖြစ်သည်။
၅။ တရားခွင် ကြားနာစစ်ဆေးမှု (Public Access)
Civil Law: Private Law ဖြစ်သဖြင့် ပြင်ပသတင်းထောက်များ သို့မဟုတ် အများပြည်သူများ တရားခွင်သို့ ဝင်ရောက်ကြည့်ရှု သတင်းယူပိုင်ခွင့် မရှိပါ။
Criminal Law: Public Law ဖြစ်သဖြင့် တရားခွင်ကို ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီး အများပြည်သူနှင့် သတင်းထောက်များ ဝင်ရောက်ကြည့်ရှုနိုင်သည်။
❤1
"Focus on Solutions, Not Your Problems" ပြဿနာ မရှိတဲ့ ဘဝဆိုတာ မရှိဘူး ဘဝမှာ အခက်အခဲဆိုတာ လူတိုင်းကြုံရမှာပါပဲ။ အရေးကြီးတာက ပြဿနာ မရှိအောင် ရှောင်နေဖို့ မဟုတ်ဘဲ၊ ကြုံလာတဲ့ ပြဿနာကို ဘယ်လို စိတ်အေးအေးနဲ့ တုံ့ပြန်မလဲဆိုတာပဲ ဖြစ်ပါတယ်။
"ဘာလို့ ငါ့မှ ဖြစ်ရတာလဲ" လို့ မမေးနဲ့ အခက်အခဲကြုံတဲ့အခါ "ဘာလို့ ငါ့မှ ဖြစ်ရတာလဲ" လို့ ညည်းတွားမယ့်အစား "ငါ အခု ဘာလုပ်နိုင်လဲ" ဆိုတဲ့ မေးခွန်းကို ပြောင်းမေးလိုက်တာနဲ့ အရာရာ ပြောင်းလဲသွားပါလိမ့်မယ်။
မြင်ကွင်းအမြင် (Perspective) ကို ပြောင်းလိုက်ပါ အလုပ်ပြုတ်တာချင်း တူရင်တောင် "ငါ့ဘဝတော့ သွားပြီ" လို့ တွေးတာနဲ့ "ဒါ ငါ့အတွက် အခွင့်အလမ်းသစ်ပဲ" လို့ တွေးတာဟာ တုံ့ပြန်ပုံနဲ့ ရလဒ်ချင်း လုံးဝ မတူပါဘူး။
နေ့စဉ် အလေ့အကျင့်ဆိုတာ မျိုးစေ့ပဲ ဘာမှ မစိုက်ပျိုးဘဲ ရိတ်သိမ်းချင်လို့ မရပါဘူး။ ဆင်ခြေနဲ့ အပျင်းထူတာတွေကို စိုက်ပျိုးနေရင် အဆင်မပြေတာပဲ ရမှာမို့ စည်းကမ်းနဲ့ သင်ယူမှုကို နေ့စဉ် ပုံမှန် စိုက်ပျိုးပါ။
အသေးအဖွဲ အလေ့အကျင့်လေးတွေကနေ စပါ ဘဝတစ်ခုလုံးကို တစ်ပတ်တည်းနဲ့ ချက်ချင်း ပြောင်းလဲဖို့ မလိုပါဘူး။ အသုံးဝင်တဲ့ အလေ့အကျင့်ကောင်း တစ်ခုတည်းကို နေ့စဉ် ပုံမှန် စတင်လိုက်ပါ။
အဖြေရှာမယ့် မေးခွန်းကောင်းတွေပဲ မေးပါ အဆင်မပြေတာ ကြုံရင် စိတ်ဓာတ်ကျမနေဘဲ "ငါ့ထိန်းချုပ်မှုအောက်မှာ ဘာရှိလဲ" သို့မဟုတ် "ဒါကို ၁၀% ပိုကောင်းအောင် ဘာလုပ်လို့ရလဲ" ဆိုတဲ့ အဖြေရှာ မေးခွန်းတွေကိုပဲ မေးပါ။
ယုံကြည်မှု ရလာအောင် စောင့်မနေနဲ့၊ လက်တွေ့ စလုပ်လိုက်ပါ လူတော်တော်များများက ယုံကြည်မှု ရှိမှ စလုပ်ချင်ကြပေမဲ့ တကယ်တော့ လက်တွေ့ စလုပ်လိုက်မှ ယုံကြည်မှုဆိုတာ လိုက်လာတာပါ။
ခြေလှမ်းတစ်လှမ်းချင်းစီပဲ သွားပါ ပြဿနာအားလုံးကို မွန်းလွဲပိုင်း တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ဒီနေ့ လုပ်ဆောင်နိုင်တဲ့ နောက်ထပ် အသုံးဝင်မယ့် ခြေလှမ်းတစ်လှမ်းကိုပဲ အာရုံစိုက်ပြီး လုပ်လိုက်ပါ။
ပိုသန်မာတဲ့သူ ဖြစ်အောင် တည်ဆောက်ပါ ပြဿနာတွေ နည်းသွားဖို့ ဒါမှမဟုတ် လွယ်ကူတဲ့ အခြေအနေတွေကို စောင့်မနေပါနဲ့။ အဲဒီအစား ကိုယ်တိုင် ပြဿနာတွေကို ရင်ဆိုင်နိုင်တဲ့ ပိုမို ပညာရှိပြီး သန်မာတဲ့သူ ဖြစ်အောင် တည်ဆောက်ပါ။
"Why me" မဟုတ်ဘူး၊ "What now" ပဲ "ဘာလို့ ငါလဲ" လို့ မေးမနေဘဲ "အခု ငါ ဘာဆက်လုပ်ရမလဲ" လို့ မေးပါ။ အရာရာ ပြည့်စုံမယ့် အချိန်ကို စောင့်မနေဘဲ ဒီနေ့ကစပြီး အတွေးတစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုနဲ့ ရှေ့ဆက်သွားပါ။
❤1
လူမှုဘဝမှာ ကတိတစ်ခုကို မတည်ရင် "ယုံကြည်မှု" (Trust) ပျက်စီးသွားပြီး Relationship တွေ ပြိုကွဲတတ်ပါတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ Accounting လောက (IAS 37 - Provisions, Contingent Liabilities and Contingent Assets) မှာတော့ ကုမ္ပဏီတစ်ခုက ကတိပေးလိုက်တာဟာ စကားသက်သက်မဟုတ်တော့ဘဲ "Liability" (ပေးရန်တာဝန်/အကြွေး) အဖြစ် စာရင်းထဲမှာ ဖော်ပြရတဲ့အထိ အရေးကြီးသွားပါတယ်။ ဘာကြောင့်လဲ?IAS 37 မှာ Obligation (တာဝန်) ကို (၂) မျိုးခွဲထားပါတယ်။ ၁။ Legal Obligation: စာချုပ်စာတမ်း၊ ဥပဒေအရ မလုပ်မနေရ တာဝန်ယူရတာမျိုးပါ။ (ဥပမာ - Contract ချုပ်ထားခြင်း) ၂။ Constructive Obligation: ဒါက IAS 37 ရဲ့ အသက်ပါပဲ။ ဥပဒေအရ စာချုပ်မရှိပေမယ့် ကုမ္ပဏီရဲ့ လုပ်ငန်းစဉ် (Past practice)၊ ကြေညာချက် (Published policies) ဒါမှမဟုတ် "တိကျတဲ့ ကတိပေးမှု (Promise)" တွေကြောင့် ဖြစ်လာတဲ့ တာဝန်ပါ။ဘာလို့ Constructive Obligation ကို Liability လို့ သတ်မှတ်လဲ? ကုမ္ပဏီက ကတိပေးလိုက်တဲ့အတွက် တစ်ဖက်လူ (Third Party) မှာ "Valid Expectation" (ခိုင်လုံတဲ့ မျှော်လင့်ချက်) ဖြစ်သွားလို့ပါပဲ။ "သူတို့ ကတိပေးထားတာပဲ၊ လုပ်ပေးမှာပါ" လို့ ယုံကြည်သွားတဲ့အတွက် ကုမ္ပဏီဘက်က မလုပ်ပေးလို့ မရတော့ပါဘူး။လှည်းတန်းက နာမည်ကြီး ဖုန်းဆိုင်တစ်ဆိုင်။
Action: ဆိုင်က ဥပဒေအရ ဖုန်းမှန်ကွဲရင် လဲပေးရမယ်လို့ မရှိပါဘူး။ ဒါပေမယ့် ဆိုင်ရှင်က Customer တွေကို ဆွဲဆောင်ချင်လို့ Facebook Page ကနေ "ကျွန်တော်တို့ဆီမှာ ဝယ်တဲ့ဖုန်း (၇) ရက်အတွင်း မှန်ကွဲရင် အခမဲ့ လဲပေးပါတယ်" လို့ ကတိ (Promise) ပေးလိုက်ပါတယ်။
Result: ဝယ်သူတွေဆီမှာ "မှန်ကွဲရင် လဲပေးမှာပဲ" ဆိုတဲ့ Valid Expectation အပြည့်အဝ ဖြစ်သွားပါပြီ။Past Event (အတိတ်ကဖြစ်ရပ်): ဖုန်းတွေကို ကတိပေးပြီး ရောင်းချလိုက်ခြင်း။
Present Obligation (လက်ရှိတာဝန်): Facebook ကနေ ကတိပေးထားလို့ ဖုန်းမှန်ကွဲလာရင် လဲပေးရမယ့် "Constructive Obligation" ဖြစ်နေခြင်း။
Probable Outflow (ငွေထွက်ရန်သေချာခြင်း): မှန်လဲပေးဖို့ ပိုက်ဆံထွက်ရတော့မှာ သေချာသလောက်ရှိနေခြင်း။
Conclusion: ဒီဆိုင်အနေနဲ့ မှန်လဲပေးဖို့ ခန့်မှန်းကုန်ကျစရိတ်ကို Provision (Liability) အဖြစ် Statement of Financial Position (SOFP) မှာ မဖြစ်မနေ စာရင်းသွင်းရပါတော့မယ်။
❤1
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
ch 25 invetsment apprisal kit
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
ch 25 investment apprisal NPV , IRR - kit
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
ch 25 invtestment apprisal bpp kit ( assig မတင်ခင်အရင်နားထောင်ပါနော်)
Forwarded from Aps Learning Center
This media is not supported in your browser
VIEW IN TELEGRAM
ch 25 invetsment apprisal 10 mark
APS ACCA learning center
ch 25 investment apprisal NPV , IRR - kit
F2 MA ထဲက npv, irr တို့အတွက် kit သီသန့် 3 ပုဒ်
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
ch 18 forcasting - data analsyic lecture သီသန့်
❤1
APS ACCA learning center
ch 18 forcasting - data analsyic lecture သီသန့်
MA F2 Video Lesson တတ်ချင်သူတွေအတွက် sample Video Lesson

သင်တန်းစုံစမ်းရန် - @aps_learning_center13
❤1
Forwarded from Aps Learning Center