APS ACCA learning center
8.05K subscribers
3.11K photos
1.99K videos
879 files
581 links
Update သင်တန်းများအတွက် Website https://apsacca-course-2026-update.edgeone.dev/


@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13

ဖုန်းဆက်လိုပါက 09457085494, 09784433084
Download Telegram
Let Them Theory (လျစ်လျူရှုခြင်း အနုပညာ) ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကို အတင်းလိုက်မထိန်းချုပ်နဲ့ ကိုယ့်လက်လှမ်းမမီတဲ့ သူများကိစ္စတွေ၊ ပြင်ပအခြေအနေတွေကို လိုက်ပြင်ဖို့ ကြိုးစားပြီး အမောမခံနဲ့တော့။
သူများဆီက အရမ်းမမျှော်လင့်နဲ့၊ သူတို့ဖြစ်ချင်သလိုပဲ ဖြစ်ခွင့်ပေးလိုက် လူတွေကို ကိုယ်ဖြစ်စေချင်သလို လိုက်ပုံသွင်းမနေနဲ့။ သူတို့ဖြစ်ချင်တဲ့အတိုင်း လွှတ်ထားလိုက်မှ သူတို့ရဲ့ စရိုက်အစစ်အမှန်ကို ကိုယ်မြင်ရမှာ။
အခြေအနေတွေကို ပြောင်းလဲလို့မရပေမယ့် ကိုယ့်တုံ့ပြန်မှုကိုတော့ ကိုယ်ရွေးချယ်လို့ရတယ် သူများတွေ ဘာလုပ်လုပ် ကိုယ်တားလို့မရဘူး။ ဒါပေမယ့် အဲဒီအပေါ်မှာ ကိုယ်ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပဲ။ စိတ်အေးချမ်းဖို့က ကိုယ့်လက်ထဲမှာပဲ ရှိတယ်။
ဒေါသထွက်ပြီး စွမ်းအင်တွေအကုန်မခံနဲ့၊ ကိုယ့်ဘဝအတွက်ပဲ သုံးပါ သူများတွေအပေါ် ဒေါသထွက်ပြီး စိတ်မောလူမောဖြစ်မယ့်အစား အဲဒီခွန်အားတွေကို ကိုယ့်ဘဝတိုးတက်ဖို့အတွက်ပဲ အသုံးချလိုက်ပါ။
အချစ်ရေးမှာ တစ်ဖက်လူကို အတင်းပြောင်းလဲဖို့ မကြိုးစားနဲ့ ချစ်သူကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံထဲ အတင်းသွင်းရင် ကိုယ်ပဲ ပူလောင်ရလိမ့်မယ်။ လွှတ်ထားပေးလိုက်မှ သူက ကိုယ်နဲ့ တကယ်ထိုက်တန်ရဲ့လားဆိုတာ ပိုပြီး အဖြေပေါ်လာလိမ့်မယ်။
မိသားစုဝင်တွေ ဝေဖန်တာ၊ နားမလည်တာတွေကို လိုက်ပြီး ငြင်းခုံမနေနဲ့ အိမ်ကလူတွေ ပြောတာဆိုတာတွေကို လိုက်ပြီး ပြန်ငြင်းနေရင် စကားများရုံပဲ ရှိမယ်။ "သူတို့ကတော့ ဒီလိုပဲ မြင်တာပဲ" လို့ တွေးပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်တာက စိတ်ဒဏ်ရာမရအောင် ကာကွယ်ရာရောက်တယ်။
အလုပ်ထဲမှာ အသိအမှတ်ပြုခံရဖို့ လိုက်ပူမနေနဲ့၊ ရလဒ်နဲ့ပဲ သက်သေပြလိုက် သူဌေး သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်ကို ဘာပြောပြော စိတ်ထဲသိပ်မထားနဲ့။ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြီး အလုပ်ရလဒ်နဲ့ပဲ ပြသလိုက်တာ အကောင်းဆုံးပဲ။
အစီအစဉ်တွေ လွဲချော်သွားလည်း လက်ခံလိုက်ပါ ဘဝမှာ အရာရာကို ကြိုတင်ပြင်ဆင်ထားပေမယ့် လွဲချော်သွားတာမျိုး ရှိတတ်တယ်။ အဲဒီအခါ "ဘာလို့လဲ" လို့ တွေးပြီး စိတ်ပျက်မနေဘဲ "အိုကေ... ငါဘာဆက်လုပ်ရမလဲ" ဆိုတဲ့အချက်ကိုပဲ အာရုံစိုက်ပါ။
ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်တဲ့ အတွေးဆိုးတွေကို လွှတ်ထားပေးလိုက် "ငါက မတော်ဘူး"၊ "ငါမလုပ်နိုင်ဘူး" ဆိုတဲ့ အတွေးတွေ ဝင်လာရင် အတင်းတိုက်ထုတ်မနေပါနဲ့။ တိမ်တွေ မျောသွားသလိုပဲ ဖြတ်သန်းသွားခွင့်ပေးလိုက်ရင် သူ့အလိုလို ပျောက်သွားပါလိမ့်မယ်။
"လွှတ်ထားလိုက်" ဆိုတာ အရှုံးပေးတာမဟုတ်ဘူး၊ စည်းဘောင်တားလိုက်တာ ဒါက သူများလုပ်သမျှ ငုံ့ခံနေဖို့ မဟုတ်ဘူးနော်။ သူတို့ကို သူတို့ဖြစ်ချင်သလို လွှတ်ပေးထားပြီးမှ သူတို့ရဲ့ စရိုက်အမှန်ကို ကြည့်ပြီး ကိုယ့်ဘဝထဲ ပတ်သက်ခွင့်ပေး၊ မပေး စည်း (Boundaries) တားလိုက်တာဖြစ်တယ်။
❤11
အသံတိတ်ခြင်း သို့မဟုတ် တည်ငြိမ်ခြင်း၏ စွမ်းအာ ၁။ ကိုယ့်ကိုယ်ကိုယ် ပိုအာရုံစိုက်နိုင်မယ် - စကားနည်းနည်းပြောပြီး တိတ်တိတ်လေးနေတာက ကိုယ့်ကိုယ်ကိုယ် ပိုအာရုံစိုက်ဖြစ်စေတယ်။ ၂။ သူများပြောတာကို ပိုနားထောင်ဖြစ်မယ် - တခြားသူတွေပြောတာကို သေချာနားထောင်ပေးလိုက်လို့ ဆက်ဆံရေးတွေ ပိုကောင်းလာမယ်။ ၃။ စိတ်ဖိစီးမှု လျော့သွားမယ် - မလိုအပ်ဘဲ စကားတွေသိပ်မပြောတော့ စိတ်ပိုတည်ငြိမ်လာပြီး ဖိစီးမှုတွေ သက်သာသွားမယ်။ ၄။ ဆုံးဖြတ်ချက် ပိုမှန်လာမယ် - မပြောခင် အချိန်ယူ စဉ်းစားဖြစ်သွားတော့ အမှားကင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာမယ်။ ၅။ ပိုအေးချမ်းသွားမယ် - သိပ်မပြောဖြစ်တော့ ပြဿနာတွေ လျော့ကျသွားပြီး ပတ်ဝန်းကျင်က ပိုအေးချမ်းသွားမယ်။ ၆။ အတွေးအခေါ် ပိုနက်ရှိုင်းလာမယ် - အချိန်ယူ စဉ်းစားတွေးခေါ်နိုင်လို့ အတွေးအခေါ်တွေ ပိုကောင်းလာပြီး ဖန်တီးဉာဏ်တွေ တိုးလာမယ်။ ၇။ ယုံကြည်မှု ပိုရလာမယ် - အရေးကြီးတဲ့အချိန်မှပဲ ပြောတော့ ကိုယ်ပြောတဲ့စကားတိုင်းက ပိုပြီး အလေးအနက်ထားခံရမယ်။ ၈။ စကားမှားတာတွေ ကင်းသွားမယ် - မပြောခင် အရင်စဉ်းစားလိုက်တဲ့အတွက် မဆင်မခြင် လွတ်ခနဲ ပြောမိတဲ့ အမှားတွေ မဖြစ်တော့ဘူး။ ၉။ ဗဟုသုတတွေ ပိုတိုးလာမယ် - တိတ်တိတ်လေးနေရင်းနဲ့ သူများတွေဆီကနေ အဖိုးတန်တဲ့ အသိပညာတွေ ပိုရလာနိုင်တယ်။ ၁၀။ ကိုယ်ရည်ကိုယ်သွေး ပိုမိုက်လာမယ် - တည်ငြိမ်တဲ့သူတွေကို လူတွေက ပိုလေးစားတတ်ကြပြီး ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပိုပေါ်လွင်လာမယ်။
❤4
၁။ အတင်းဆုပ်ကိုင်မထားဘဲ လွှတ်ချတတ်အောင် လေ့ကျင့်ပါ (Practice Detachment) - ကိုယ်လိုချင်တာတွေကို အတင်းကြီး လိုက်ဆုပ်ကိုင်ပြီး ပူပန်နေမယ့်အစား စိတ်ထဲကနေ အရှိကိုအရှိအတိုင်း လွှတ်ချထားလိုက်ပါ။ ဘာကိုမှ၊ ဘယ်သူ့ကိုမှ အတင်းမစွဲလမ်းဘဲ လွှတ်ချနိုင်တဲ့အချိန်ကျမှ ကိုယ်လိုချင်တာတွေက သဘာဝကျကျ ကိုယ့်ဆီ ရောက်လာတတ်တယ်။
၂။ ရလဒ်ထက် ကိုယ်သွားနေတဲ့ လမ်းကိုပဲ အာရုံစိုက်ပါ (Focus on Progress) - လူတွေက ကိုယ်ကြိုးစားလို့ ရလာမယ့် အဆုံးသတ်ရလဒ် (ဥပမာ - ပိုက်ဆံ၊ ပန်းတိုင်) ကိုပဲ အမြဲစွဲလမ်းနေတတ်ကြတယ်။ အဲဒီရလဒ်ကို ခဏမေ့ထားပြီး လက်ရှိ ကိုယ်လုပ်နေတဲ့ အလုပ်တွေ၊ ကိုယ့်ရဲ့ တိုးတက်မှုတွေကိုပဲ အာရုံစိုက်လုပ်သင့်တယ်။
၃။ ကိုယ်လုပ်နေတဲ့အလုပ်ကို တကယ်ချစ်ပါ (Love of the Game) - ပိုက်ဆံနဲ့ အောင်မြင်မှုကိုပဲ ကြည့်လုပ်တဲ့သူထက် ကိုယ်လုပ်နေတဲ့ အလုပ်စဉ်ကြီးကို တကယ်သဘောကျပြီး လုပ်တဲ့သူက ရေရှည်မှာ ပိုအောင်မြင်တတ်တယ်။
၄။ လိုက်ဖမ်းမယ့်အစား ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှုရှိအောင် ပြင်ပါ (Attract, Don't Chase) - လိပ်ပြာကို လိုက်ဖမ်းနေမယ့်အစား ပန်းခြံလှလှလေး ဖန်တီးလိုက်ရင် လိပ်ပြာတွေ အလိုလို ရောက်လာသလိုပဲလေ။ Relationship မှာလည်း တစ်ဖက်လူကို တစ်ချိန်လုံး လိုက်ကပ်နေမယ့်အစား ကိုယ့်ရဲ့ ရုပ်ရည်၊ အရည်အချင်းနဲ့ တန်ဖိုးကိုပဲ မြှင့်တင်လိုက်ရင် တခြားသူတွေက အလိုလို စိတ်ဝင်စားလာလိမ့်မယ်။
၅။ Detachment ရဲ့ အဓိပ္ပာယ်ကို သေချာနားလည်ပါ (Understand Detachment Correctly) - လွှတ်ချတယ်ဆိုတာ ရည်မှန်းချက်တွေကို စွန့်လွှတ်လိုက်တာ၊ လုံးဝ ဂရုမစိုက်တော့ဘဲ ပစ်ထားတာကို ပြောတာမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို သေချာသိပြီး ဂရုစိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာအရ အဲဒီအပေါ် လုံးဝမှီခိုမနေဘဲ ကိုယ့်စိတ်ကို လွတ်လွတ်လပ်လပ် ထားနိုင်တာမျိုးကို ပြောတာ။
၆။ အတင်းချုပ်ကိုင်လေ ဝေးလေဆိုတာ သတိထားပါ (The Paradox of Control) - စိတ်ပညာအရ ကိုယ်က တစ်ခုခုကို အတင်းချုပ်ကိုင်ဖို့ ဒါမှမဟုတ် ဆုပ်ကိုင်ဖို့ ကြိုးစားလေလေ၊ အဲဒီအရာက ကိုယ်နဲ့ ပိုဝေးသွားလေလေပဲ။ ဒါကြောင့် စိတ်ကို လွှတ်ချထားပြီး သဘာဝအတိုင်းပဲ ဖြစ်ခွင့်ပေးလိုက်ပါ။
၇။ အတင်းလိုချင်နေတာရဲ့ နောက်ကွယ်က ကြောက်စိတ်ကို ဖယ်ပါ (Overcome the Hidden Fear) - တစ်ခုခုကို အရမ်းလိုချင်ပြီး အတင်းဖြစ်ချင်နေတာက တကယ်တော့ မရဘဲ ဆုံးရှုံးသွားမှာကို ကြောက်တဲ့စိတ်ကြောင့်ဖြစ်တာ။ အဲဒီစိုးရိမ်စိတ်ကပဲ ကိုယ့်ကို ရှေ့ဆက်မတိုးနိုင်အောင် ဆွဲထားတတ်တယ်။
၈။ "မရလည်း အဆင်ပြေတယ်" ဆိုတဲ့ စိတ်ထားမျိုး မွေးပါ (Adopt the "I'm OK" Mindset) - ကိုယ်လိုချင်တဲ့ ပန်းတိုင်နဲ့ပတ်သက်ပြီး "ငါ ဒါကို လိုချင်တယ်။ ဒါပေမဲ့ မရခဲ့ရင်တောင် ငါ့အတွက် အဆင်ပြေပါတယ်" လို့ တွေးကြည့်လိုက်။ အဲဒီလိုတွေးတာက စိတ်ကို လွတ်လပ်သွားစေပြီး ကိုယ်လိုချင်တာကို ရဖို့ အခွင့်အလမ်း ပိုများလာစေတယ်။
၉။ စိတ်ဖိစီးမှုတွေ လျှော့ချပါ (Reduce Stress & Cortisol) - တစ်ခုခုကို အရမ်းစွဲလမ်းနေရင် ဦးနှောက်က စိတ်ဖိစီးစေတဲ့ ဟော်မုန်းတွေ (Cortisol) အများကြီး ထုတ်ပေးလို့ တွေးခေါ်နိုင်စွမ်းနဲ့ ကြိုးစားအားထုတ်မှုတွေ ကျသွားတတ်တယ်။ စွဲလမ်းတာကို လွှတ်ချလိုက်မှ စိတ်ဖိစီးမှုတွေ သက်သာသွားပြီး ပိုထက်မြက်၊ ပိုတက်ကြွလာမယ်။
၁၀။ ရလဒ်ထက် လက်ရှိအလုပ်ကို အကောင်းဆုံးလုပ်ဖို့ပဲ အာရုံစိုက်ပါ (Focus on Performing Your Best) - ရော်နယ်ဒိုတို့၊ မက်ဆီတို့လို နာမည်ကြီး ကစားသမားတွေဟာ ပွဲကစားနေတုန်း နိုင်ရမယ်ဆိုတဲ့ ရလဒ်ထက် အဲဒီပွဲကို အကောင်းဆုံးကစားနိုင်ဖို့ကိုပဲ အာရုံစိုက်ကြတယ်။ ကိုယ်ကလည်း စိတ်ကို အေးအေးဆေးဆေးထားပြီး လက်ရှိအလုပ်ကိုပဲ အကောင်းဆုံးလုပ်သွားရင် လိုချင်တာတွေက အချိန်တန်ရင် သူ့အလိုလို ရောက်လာလိမ့်မယ်။
❤4
80% FA2 Congratulations UK ကနေတတ်ရတာမလို့ Time Zone ကွာဟမူတွေကြားက အမှတ်ကိုအများကြီးယူလာတဲ့ အရမ်းတော်သောလေး
Online FA2 Zoom Live Class အစအဆုံးတတ်ထားသောသူလေးပါရှင့် အတန်းပြီးတာနဲ့ချက်ချင်ဖြေ ချက်ချင် အောင်
#accounting #fyppppppppppppppppppppppp #ACCA
#accounting #LCCI #fyp #ACCA
❤3
https://related-teal-sqk0phjf.edgeone.dev/ 2025 dec FR mock exam past မေးခွန် section A , section B
❤1
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
FA2 mixed bank အမှားများ
❤1
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
FA2 provision and contingent liabaility
❤1
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
conso SOPL 433 section c 20 mark ( Conso ပြန်နွေချင်တာဆို နားထောင်ပါ)
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
conso SOPL စာမေးထားသော F3
Forwarded from Aps Learning Center
This media is not supported in your browser
VIEW IN TELEGRAM
FA1 စာမေးထားသော
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
MA2 Test 1 စာမေးထားသော
❤1
aps စီမှာတတ်ရင် စာလဲပြန်မေးလို့ရပါတယ်နော် 🥳🥳🥳🤍🤍🤍
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
F7 Section C Conso SOPL Idea
❤1
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
myACCA အကောင့်ထဲက Section c Interpretation SEPT 2025 , 25/26
❤3