APS ACCA learning center
5.42K subscribers
2.14K photos
1.08K videos
657 files
263 links
@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13
Download Telegram
APS ACCA learning center
Photo
Decision Making with Data" ဆိုတဲ့နာမည်အတိုင်းပါပဲ။ အတန်းကြီးမမတွေ ACCA part1 မှာ management ကိုခက်တယ်ပြောနေတာ အခု အခြေခံသမားတွေ ဆို foundation မှာတင် 2027 မှာ စသင်ရတော့မယ်
◼️ ဒီဘာသာရပ်ဟာ လက်ရှိ RQF Level 2 က Recording Financial Transactions (FA1) နဲ့ Management Information (MA1) တို့ကို ပေါင်းစပ်ပြီး ပိုမိုခေတ်မီအောင် အဆင့်မြှင့်ထားတာဖြစ်ပါတယ်။ အဓိကအားဖြင့် အပိုင်းသုံးပိုင်းခွဲပြီး သင်ကြားရနိုင်ပါတယ်-
1. Data နှင့် Information ၏ အခြေခံသဘောတရား (Fundamentals of Data & Information)
Data အမျိုးအစားများ: Quantitative (အရေအတွက်)၊ Qualitative (အရည်အသွေး) data ဆိုတာဘာလဲ။ Internal (လုပ်ငန်းတွင်း)၊ External (လုပ်ငန်းပြင်ပ) data တွေက ဘာတွေလဲ။
Data ရင်းမြစ်များ (Data Sources): လုပ်ငန်းတစ်ခုအတွက် data တွေကို ဘယ်ကနေ ဘယ်လိုရယူမလဲ။ ဥပမာ - အရောင်းမှတ်တမ်း၊ ဝယ်ယူသူ survey၊ Social media analytics။
Data မှ Information သို့: Data အစိမ်း (raw data) တွေကို အသုံးဝင်တဲ့ Information ဖြစ်အောင် ဘယ်လို ပြုပြင်မလဲ။
Data Security နှင့် Ethics: Data တွေကို လုံခြုံအောင် ဘယ်လိုသိမ်းဆည်းမလဲ၊ ကျင့်ဝတ်နဲ့အညီ ဘယ်လိုအသုံးပြုမလဲ ဆိုတဲ့ အခြေခံသဘောတရားတွေ ပါဝင်ပါမယ်။
2. Data ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် Tools များ (Data Analysis & Tools)
Spreadsheets (Excel): ဒီဘာသာရပ်ရဲ့ အဓိကအပိုင်းက Spreadsheet အသုံးပြုမှုဖြစ်လာပါလိမ့်မယ်။ အခြေခံ Excel function တွေဖြစ်တဲ့ Sorting, Filtering, SUM, AVERAGE တို့အပြင်၊ ရိုးရှင်းတဲ့ Chart တွေ (Bar Chart, Pie Chart, Line Graph) ဆွဲတာ၊ အဓိပ္ပာယ်ဖော်တာတွေ သင်ကြားရပါမယ်။
(Basic Statistics): ပျမ်းမျှကိန်း (Mean), အလယ်ကိန်း (Median), အများဆုံးကိန်း (Mode) လို အခြေခံကျတဲ့ statistical concepts တွေနဲ့ data trend တွေကို နားလည်အောင် သင်ကြားရပါမယ်။
Data Visualization: Data တွေကို ရှင်းလင်းမြင်သာအောင် ဂရပ်တွေ၊ ဇယားတွေနဲ့ ဘယ်လိုဖော်ပြမလဲဆိုတာကို အဓိကထား သင်ကြားပါမယ်။
3. စီးပွားရေးဆုံးဖြတ်ချက်များချမှတ်ခြင်း (Business Decision Making)
လုပ်ငန်းဆောင်တာများတွင် Data အသုံးပြုမှု: Marketing, Finance, Operations လို လုပ်ငန်းရဲ့ မတူညီတဲ့ဌာနတွေမှာ data တွေကို ဘယ်လိုအသုံးချပြီး ဆုံးဖြတ်ချက်ချလဲဆိုတာကို case study အသေးစားလေးတွေနဲ့ လေ့လာရပါမယ်။
ရိုးရှင်းသော ဆုံးဖြတ်ချက်များချမှတ်ခြင်း: "ဒီအရောင်း data အရ ဘယ်ကုန်ပစ္စည်းက အမြတ်အစွန်းအများဆုံးလဲ"၊ "ဒီကုန်ကျစရိတ် data တွေအရ ဘယ်အပိုင်းမှာ ကုန်ကျစရိတ်လျှော့ချသင့်လဲ" ဆိုတာမျိုးတွေကို data ကိုကြည့်ပြီး အဖြေထုတ်ရပါမယ်။
(Communicating Findings): ကိုယ်ခွဲခြမ်းစိတ်ဖြာထားတဲ့ data နဲ့ အဲ့ဒီအပေါ်မူတည်ပြီး ချထားတဲ့ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာလူကြီးမင်းတွေ နားလည်အောင် ဘယ်လိုရှင်းပြမလဲဆိုတာကိုပါ လေ့ကျင့်ရပါမယ်။
ဘာကြောင့် ဒီဘာသာရပ်ကို Foundation ကလေးတွေ Lvl ထဲ ပြောင်းလဲရသလဲ။
ACCA က ဒီဘာသာရပ်ကို အသစ်ထည့်သွင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ ခေတ်သစ်စာရင်းကိုင်ပညာရှင်တွေဟာ စာရင်းဇယားသက်သက်ကို ရေးမှတ်ထိန်းသိမ်းတဲ့သူတွေ မဟုတ်တော့ဘဲ၊ လုပ်ငန်းရဲ့ data တွေကို နားလည်သုံးသပ်ပြီး အနာဂတ်အတွက် ဆုံးဖြတ်ချက်ကောင်းတွေချနိုင်အောင် ကူညီပေးရတဲ့ Business Advisor အခန်းကဏ္ဍကို ရောက်လာလို့ဖြစ်ပါတယ်။
◼️ ဒါကြောင့် ဒီအရည်အချင်းကို အခြေခံအဆင့်ကတည်းက စတင်လေ့ကျင့်ပေးလိုက်တာဖြစ်ပါတယ်။
🫂 အခုအခြေခံစတက်မယ်ဆို ACCA foundation lvl+ LCC lvl 1 2 FA1 ပဲလာတတ်နော် အခြေခံကနေ တစ်ဖြည်ဖြည်ချင်းသင်ပေးမယ် 😞 zoom class နဲ့သင်မှာပါ စနေ ၊ တနင်ဂနွေပါ ၊ ‌acca လိုအပ်တာတွေအကုန်ပြောပြပေးမှာပါနော်။
ACCA part1 RQF lvl 4 MA- management accountings Congratulations 👏🥳
- UK exam မှာ ‌အမှတ်အများကြီသယ်လာလို့ ဂုဏ်ပြုပါတယ်နော် ။
- ACCA part1 diploma ရပြီ လစာ ကောင်းတဲ့အလုပ်တွေ အမြန်ဆုံးရပါစေညီမလေးရှင့် 💕
- MA လိုခက်တဲ့ မေးခွန်တွေတောင်ရအောင်ဖြေခဲ့တာကိုလည်း ကျေးချုအများကြီးတင်ပါတယ်ရှင့် 🥳🥳
congratulations pr nyi ma lyyyy 👏🎉 ဒီ Results လေးကတော့ တင်နေကျ results တွေလို တစ်ယောက်ထဲသင်ထားတာမဟုတ်ပါဘူးရှင့် 😁 Revesion Guide လေးအတွက်ပဲ Run ပေးထားတာပါ။
ပုံမှန်က Guide လုပ်ပေးလာဆိုရင် ACCA part1 UK exam အတွက်ဆို ပြန်လုပ်ပေးပါတယ် တတ်ထားတာအရမ်းကြာ နေတာဆို F3 , F2, F1 pre recording class access ရပြီ campus guide ပါယူလို့ရပါတယ်။ တတ်ထားတာအရမ်းကြာနေရင်လည်း စာတွေမေ့သွားတယ်ဆိုလည်းလာခဲ့ပါ ။
8 လပိုင်းထဲမှာလည်း ACCA part1 အစအဆုံးသင်ကြားပေးမည့် zoom အတန်းလေးတွေလဲရှိပါတယ်ရှင့် အဲ့ဒါလေး‌ကတော့‌ ဒီလ ထဲ ကြော်ငြာပိုစ်တင်ပေးမယ်နော် 💕💕