APS ACCA learning center
5.3K subscribers
2.13K photos
1.06K videos
656 files
259 links
@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13
Download Telegram
⁉️ ဘောလုံးအသင်းတွေရဲ့ စာရင်းစနစ်က ဘယ်လို အလုပ်လုပ်တာလဲ? (Football Accounting & FFP)

⚫️ ပရီးမီးယားလိဂ်မှာ ကစားသမားတွေကို ပေါင်သန်းရာချီပေးဝယ်နေကြတာ မြင်ဖူးမှာပေါ့။ ဒါပေမဲ့ အဲ့ဒီ ငွေကြေးတွေရဲ့ နောက်ကွယ်က စာရင်းကိုင်သဘောတရား (Accounting) က အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

=================================================================================
⁉️⁉️ ကစားသမားတစ်ယောက်ကို ပေါင် သန်း ၈၀ နဲ့ဝယ်ရင် တစ်နှစ်တည်း ကုန်ကျစရိတ်ပြလို့ ရလား?

⚫️ စဉ်းစားကြည့်ရအောင်။ ကလပ်အသင်းတစ်ခုက ကစားသမားတစ်ယောက်ကို ပေါင် သန်း ၈၀ နဲ့ ဝယ်လိုက်တယ်ဆိုပါစို့။
အဲ့ဒီ ၈၀ လုံးကို ဒီနှစ် အမြတ်ရှုံးစာရင်း (Statement of Profit or Loss) မှာ တစ်ထိုင်တည်း ကုန်ကျစရိတ် (Expense) အနေနဲ့ ပြလိုက်လို့ မရပါဘူး။

🔴 : ဥပမာ - ကစားသမားနဲ့ ၅ နှစ် စာချုပ်ချုပ်ထားတယ်ဆိုရင် အဲ့ဒီ ၈၀ ကို ၅ နှစ်ခွဲပြီး တစ်နှစ်ကို ပေါင် ၁၆ သန်းပဲ ကုန်ကျစရိတ်ပြရပါတယ်။ ဒါကို Accounting မှာ Amortization (ကုန်ကျစရိတ်ကို သက်တမ်းအလိုက် ခွဲဝေချထားခြင်း) လို့ ခေါ်ပါတယ်။

✍️ ဒီနေရာမှာ ချဲလ်ဆီးအသင်းက ခေါင်းသုံးသွားဖူးပါတယ်။ ၈ နှစ် စာချုပ်တွေချည်း ပေးလိုက်ရင် ပေါင်သန်း ၈၀ ကို ၈ နဲ့စားပြီး တစ်နှစ်ကို ၁၀ သန်းပဲ ကုန်ကျစရိတ်ပြရတော့မယ်လေ။ အဲ့ဒီလိုနဲ့ အမြတ်အစွန်း စည်းမျဉ်း (FFP/PSR) တွေကို ရှောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်၊ အခုတော့ အဲ့ဒီလို အလွန်အကျွံ လုပ်ခွင့်မရှိအောင် ပိတ်လိုက်ပါပြီ။

=================================================================================
⁉️⁉️⁉️ ဘာလို့ အကယ်ဒမီက ထွက်တဲ့ လူငယ်ကစားသမားတွေကို အတင်းရောင်းချင်နေကြတာလဲ?

စောစောကလို ၈ နှစ် စာချုပ်တွေပေးပြီး ကုန်ကျစရိတ်ကို ဖြည်းဖြည်းချင်းပဲ ပြနေတယ်ဆိုပါစို့။
၂ နှစ်၊ ၃ နှစ်လောက်နေလို့ အဲ့ဒီကစားသမားက ခြေစွမ်းမပြနိုင်လို့ ပြန်ရောင်းချင်ရင် ဈေးကျသွားမှာ သေချာပါတယ်။ အဲ့ဒီအခါ စာရင်းအရ အရှုံးပေါ် (Loss on disposal) သွားမှာ ဖြစ်ပါတယ်။ အရှုံးပေါ်ရင် စည်းမျဉ်းတွေနဲ့ မကိုက်တော့ဘူးလေ။

🌟 ဒါကြောင့် အခုနောက်ပိုင်း ကလပ်အသင်းတွေက လူငယ်အကယ်ဒမီကနေ တက်လာတဲ့ ကစားသမားတွေကို ပိုရောင်းလာကြပါတယ်။ ဘာလို့လဲ?
◾️ သူတို့ကို အပြင်ကနေ ပိုက်ဆံပေးဝယ်ထားခဲ့ရတာ မဟုတ်တဲ့အတွက် Balance Sheet (လက်ကျန်ရှင်းတမ်း) မှာ သူတို့ရဲ့ အရင်း (Cost) က သုည (Zero) ဖြစ်နေလို့ပါပဲ။
◾️ ဒါကြောင့် ရောင်းလိုက်ရတဲ့ ငွေအကုန်လုံးက အသင်းအတွက် သီးသန့်အမြတ် (gain on disposal) တွေကြီးပဲ ဖြစ်သွားတာပါ။ ဒါဟာ အမြတ်အစွန်း စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ကလပ်အသင်းတွေ သုံးလာတဲ့ ဗျူဟာတစ်ခု ဖြစ်ပါတယ်။

=================================================================================
⁉️ ဖလားရရင် တကယ်ပဲ အမြတ်ထွက်တာလား?

⚫️ နောက်ထပ် အရေးကြီးတာတစ်ခုက ပရီးမီးယားလိဂ် (Premier League) နဲ့ ယူအီးအက်ဖ်အေ (UEFA) တို့က ကလပ်အသင်းတွေ ဘယ်လောက် တည်ငြိမ်မှုရှိလဲဆိုတာကို သိရအောင် Balance Sheet (လက်ကျန်ရှင်းတမ်း) တွေကို ဝင်စစ်ဆေးကြပါတယ်။
ဒါပေမဲ့ အဲ့ဒီ Balance sheet ထဲမှာ မပါဝင်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါတယ်ဗျာ။ အဲ့ဒါကတော့ Contingent liabilities လို့ခေါ်တဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ငွေထွက်ပေါက် (Possible outflow) တွေပဲ ဖြစ်ပါတယ်။

🔴 အဲ့ဒါတွေက ဘာတွေလဲ?
◾️ ကစားသမားတစ်ယောက်ကို ဝယ်တုန်းက 'ပွဲအရေအတွက် ဘယ်လောက်ပြည့်ရင်၊ ဒါမှမဟုတ် ဆုဖလားရရင် ပိုက်ဆံထပ်ပေးပါ့မယ် (Add-ons)' ဆိုပြီး သဘောတူထားတာမျိုးတွေပါ။
◾️ သူတို့က လက်ရှိမှာ တကယ်မထွက်သေးတဲ့အတွက် တရားဝင် အကြွေး (Liability) အနေနဲ့ စာရင်းမသွင်းထားပါဘူး။ ဒါကြောင့် UEFA တို့ စစ်ဆေးတဲ့ Balance Sheet တွက်ချက်မှုတွေထဲမှာ မပါဝင်ပါဘူး။ (Notes အနေနဲ့ နောက်ဆက်တွဲမှာပဲ မှတ်သားထားရတာပါ)။

◾️ အရင်က ဝယ်ထားတဲ့ ကစားသမားတွေအတွက် အဲ့ဒီလို ပေးရဖို့ရှိတဲ့ အနာဂတ်ငွေပေးချေမှုတွေအရ ဆိုရင် ကလပ်အသင်းတွေမှာ ပေါင်သန်းရာချီပြီး ပေးစရာတွေ ရှိနေနိုင်ပါတယ်ဗျာ။
◾️ ဒါကြောင့် အသင်းတစ်သင်းက ဆုဖလားတွေရတိုင်း ပျော်စရာချည်းပဲ မဟုတ်ပါဘူး။ အရင်ကဝယ်ထားတဲ့ ကစားသမားတွေအတွက် အဲ့ဒီလို အပိုဆုကြေးငွေ အမြောက်အမြားကို ပြန်ပေးရနိုင်ခြေရှိလို့ ငွေကြေးပြဿနာကြီးတွေ ရုတ်တရက် ဖြစ်လာနိုင်ပါတယ်။

=================================================================================

🌟 အနှစ်ချုပ် (Conclusion)
အနှစ်ချုပ်ရရင်တော့ ဘောလုံးကလပ်တွေရဲ့ ဘဏ္ဍာရေးစာရင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် သူတို့ရဲ့ Contingencies မှတ်ချက် (Notes) လေးတွေကို သွားဖတ်ကြည့်ပါ။ အနာဂတ်မှာ ဘယ်လောက်တောင် ပေးဖို့ကျန်သေးလဲဆိုတာ တွေ့ရပါလိမ့်မယ်။ စီးပွားရေးနဲ့ ဘောလုံးဆိုတာ ခွဲခြားလို့မရအောင် ဆက်စပ်နေပြီဆိုတာ သိသာစေပါတယ်။
IFRS for SME2.pdf
739.5 KB
IFRS for SME စာအုပ်ထဲက section 7 -12 section 1 - 6 ဖတ်ရန် https://t.me/apslearning/4636
5👍1
LCCI Lvl 1 2 ပြီးသွားပြီ ACCA foundation Lvl 3 FA2 ကိုကိုယ်ကြိုက်တဲ့အချိန် study Timetable နဲ့ အချိန်တိုအတွင်းလေ့လာချင်သူတွေအတွက်


FA2 Video Lesson+ Customize Timetable+ စာပြန်မေးခွင့် ၄ လ ပါဝင်ပါတယ်ရှင့်။

သင်တန်းကြေး -100000 mmk ( 50000 mmk 2 installment )

FA2 UK Exam နဲ့ပက်သက်ပြီ A to Z လိုက်လုပ်ပေးပါတယ်ရှင့်
1
Media is too big
VIEW IN TELEGRAM
IAS 20 - goverment grant lecture part1
13
APS ACCA learning center
IAS 20 - goverment grant lecture part1
IAS , IFRS ရှင်းပြတဲ့ video တွေနားထောင်တယ်ဆိုထပ်တင်ပေးမယ်နော် 🥳🤍🤍🤍
31🥰3
APS ACCA learning center
ifrs-for-smes 3rd edition Feb 2025.pdf
IFRS တွေပဲဆိုပေမဲ့ SME တွေ Share နဲ့ပက်သက်တဲ့ IFRS တွေသိပ်ခေါင်းမစာ‌တဲ့ ဟာပဲဖတ်ချင်ရင် ဒီစာအုပ် ကိုဖတ်


မူရင်း eng book - https://t.me/apslearning/4676

Burmeses section 1-6 -https://t.me/apslearning/4636

Burmeses section 7-12 -https://t.me/apslearning/4664


ဒီပိုစ်မှာ update ဖြစ်ရင် လာ edit ပေးမယ်နော် နေ့တိုင်း section 6 ခုချင်းတင်ပေးပါမယ်ရှင့်❤️❤️💗
5
Eid Mubarak to all dear ACCA students!


❤️❤️May this blessed day bring you and your families peace, happiness, and good health. Wishing you a beautiful Eid filled with joy!❤️❤️
9🥰1
Forwarded from Aps Learning Center
Forwarded from Aps Learning Center
1