⁉️ Spotify ရဲ့ တန်ဖိုးအကြီးဆုံး ပိုင်ဆိုင်မှုတွေက Balance Sheet ပေါ်မှာ ဘာလို့ ပျောက်နေတာလဲ?
⚫️ IAS-38 စံနှုန်းကြောင့် လုပ်ငန်းတွေ၊ အထူးသဖြင့် နည်းပညာနဲ့ ဒေတာကို အဓိကထားတဲ့ ကုမ္ပဏီတွေရဲ့ တကယ့်တန်ဖိုး (True Value) ဟာ သူတို့ရဲ့ ငွေစာရင်းရှင်းတမ်း (Balance Sheet) ပေါ်မှာ အပြည့်အဝ မပေါ်လွင်ဘဲ ပျောက်နေတတ်ပါတယ်။
◾️ လုပ်ငန်းပိုင်းဆိုင်ရာ ဥပမာအနေနဲ့ ကျနော်တို့ Spotify ကိုပဲ ကြည့်ကြမယ်။ Spotify ရဲ့ အဓိက ပိုင်ဆိုင်မှု (Assets) တွေက ဘာတွေဖြစ်မလဲလို့ တွေးကြည့်ရင် သူတို့ဆီမှာရှိတဲ့ သီချင်း Database တွေ၊ သူတို့သုံးနေတဲ့ Algorithm တွေနဲ့ Data တွေပဲ ဖြစ်ပါတယ်။
❌❌ ဒါပေမယ့် တကယ့် လက်တွေ့ Spotify ရဲ့ Balance Sheet ကို ကြည့်လိုက်ရင် အဲ့ဒီလို ကိုင်တွယ်လို့မရတဲ့ ပိုင်ဆိုင်မှု (Intangible Assets) တွေက စုစုပေါင်းပိုင်ဆိုင်မှုရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်တာကို အံ့ဩစရာ တွေ့ရမှာ ဖြစ်ပါတယ်။ (အများဆုံးရှိနေတာက လစဉ်ကြေးသွင်းတဲ့ Customer တွေဆီက ရတဲ့ ငွေသား (Cash) တွေပဲ ဖြစ်နေပါတယ်)။
=================================================================================
⁉️⁉️ ဘာလို့ အဲ့ဒီလို ဖြစ်ရတာလဲ?
🔴 ဒီလို အရေးကြီးတဲ့ အသက်သွေးကြော ပိုင်ဆိုင်မှုတွေ ဘာလို့ Balance Sheet ပေါ်မှာ နည်းနေရတာလဲဆိုရင် နိုင်ငံတကာ စာရင်းကိုင် စံသတ်မှတ်ချက် IAS 38 ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစံနှုန်းအရ ကိုယ့်ဘာသာ အတွင်းမှာ ဖန်တီးတည်ဆောက်ထားတဲ့ (Internally generated) ပိုင်ဆိုင်မှုတွေကို Asset အနေနဲ့ စာရင်းသွင်းခွင့်မပေးပါဘူး။
✍️ (Algorithm တွေ၊ Data တွေဆိုတာ မျက်စိထဲ မြင်ယောင်ရခက်နေရင် လူတိုင်းသိတဲ့ BTS အဖွဲ့နဲ့ ဥပမာပေးကြည့်မယ်ဗျာ)
◾️ HYBE ကုမ္ပဏီက အောက်ခြေကနေ ကိုယ်တိုင် ပျိုးထောင်ခဲ့တဲ့ (Internally generated) BTS ရဲ့ Brand တန်ဖိုးဟာ ဘီလီယံချီ တန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီတန်ဖိုးကြီးလှတဲ့ Brand ဟာ သူတို့ရဲ့ Balance Sheet ပေါ်မှာကျတော့ "သုည (Zero)" ဖြစ်နေပါတယ်။
◾️ ဒါပေမဲ့ HYBE က Justin Bieber တို့ကို ပိုင်တဲ့ အမေရိကန် အေဂျင်စီတစ်ခုကို ပိုက်ဆံပေးပြီး သွားဝယ်လိုက်တဲ့ (Acquired) အခါကျတော့မှသာ အဲ့ဒီဝယ်လိုက်တဲ့ Brand တွေကို Asset အဖြစ် စာရင်းသွင်းခွင့် ရသွားပါတယ်။
🌟 Spotify မှာလည်း ဒီသဘောတရားပါပဲ။ Spotify ရဲ့ အသက်သွေးကြောဖြစ်တဲ့ Database တွေ၊ ဒေတာတွေနဲ့ လူတိုင်းကြိုက်ကြတဲ့ "Spotify Wrapped" လိုမျိုး အရာတွေဟာ Balance Sheet ပေါ်မှာ လုံးဝ မပါဝင်နိုင်ပါဘူး။ အခြား Podcast ကုမ္ပဏီ ဒါမှမဟုတ် Algorithm ကုမ္ပဏီတွေကို ငွေပေးပြီး သွားဝယ်လိုက်တဲ့ (Acquired) အခါမျိုးကျမှသာ သူတို့ကို Asset အဖြစ် စာရင်းသွင်းခွင့်ရတာ ဖြစ်ပါတယ်။

⁉️⁉️⁉️ လေထဲလွင့်သွားတဲ့ ဒေါ်လာ ၁.၆ ထရီလီယံ
⚫️ ဒီစံနှုန်းကြောင့် တကယ့်လက်တွေ့ စီးပွားရေးလောကမှာ ဘယ်လောက်တောင် နစ်နာမှု (ပျောက်ဆုံးနေတဲ့ တန်ဖိုး) တွေ ကြီးမားနေလဲဆိုတာ ကြည့်မယ်ဗျာ။
◾️ Deloitte ရဲ့ လေ့လာချက်တစ်ခုအရဆိုရင် ဩစတြေးလျ စတော့အိတ်ချိန်း (ASX) က ထိပ်တန်းကုမ္ပဏီ ၁၀၀ ရဲ့ Balance Sheet တွေမှာ ဒေါ်လာ ၁.၆ ထရီလီယံလောက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေက လုံးဝပျောက်ဆုံးနေပါတယ်။
🔴 ကုမ္ပဏီတစ်ခုရဲ့ အမှတ်တံဆိပ် (Brand)၊ မူပိုင်ခွင့် (IP) နဲ့ သူတို့ပိုင်တဲ့ ဒေတာ (Data) တွေဆိုတာ တကယ့်ကို တန်ဖိုးအကြီးဆုံးအရာတွေလေ။ ဒါပေမယ့် လက်ရှိစာရင်းကိုင် စည်းမျဉ်းတွေအရဆိုရင် စာရင်းကိုင်တွေက ကိုယ်ပိုင် Data တွေ၊ Brand တွေရဲ့ တန်ဖိုးကို "သုည (Zero)" လို့ သတ်မှတ်ပစ်လိုက်တာမျိုးတွေ ရှိပါတယ်။
❌❌ တခြားကုမ္ပဏီတစ်ခုကို သွားဝယ်လိုက်တဲ့ အခါမျိုးကျမှသာ ဘာမှန်းတိတိကျကျ မသိတဲ့ "Goodwill" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောကြိတ်ပြီး ထည့်လိုက်ရပါတယ်။ ဒါက တကယ်တော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကုမ္ပဏီတစ်ခုကို လေ့လာတဲ့အခါ သိပ်ပြီး အသုံးမဝင်တဲ့ အချက်အလက်ပါပဲဗျာ။

⁉️ Tech ကုမ္ပဏီတွေရဲ့ အသက်သွေးကြော R&D စရိတ်တွေကရော ဘယ်ရောက်သွားလဲ?
⚫️ နောက်ဥပမာတစ်ခုက နည်းပညာ (Tech) ကုမ္ပဏီတွေ၊ ကိုယ်ပိုင် Software တွေ၊ Platform တွေ တည်ဆောက်တဲ့ ကုမ္ပဏီတွေပါ။
◾️ ကုမ္ပဏီက ကိုယ်ပိုင် App တွေ၊ နည်းပညာတွေ စမ်းသပ်လုပ်ဆောင်နေတဲ့ Research (သုတေသန) အဆင့်မှာ သုံးသမျှ ပိုက်ဆံတွေကို Asset (ပိုင်ဆိုင်မှု) အနေနဲ့ စာရင်းပြခွင့် မရှိပါဘူး။ အဲ့ဒီစရိတ်တွေ အကုန်လုံးကို အရှုံးအမြတ်စာရင်းမှာ အသုံးစရိတ် (Expense) အနေနဲ့ပဲ ဖြတ်ပစ်ရပါတယ်။
◾️ တကယ်တမ်း စီးပွားရေးအရ အကျိုးအမြတ်ရနိုင်ခြေရှိပြီဆိုတဲ့ Development (ဖွံ့ဖြိုးတိုးတက်ရေး) အဆင့်ရောက်ပြီဆိုတာကို သက်သေပြနိုင်မှသာ Asset အဖြစ် စတင် သတ်မှတ်ခွင့် ရတာပါ။

❤2
Spotify ဆိုရင် R&D အတွက် တစ်နှစ်ကို ယူရို ၁ ဘီလီယံ ကနေ ၂ ဘီလီယံအထိ အများကြီး သုံးနေပေမယ့်၊ စာရင်းထဲမှာ Asset အဖြစ် ပြနိုင်တာက ယူရို ၈ သန်းလောက်ပဲ ရှိပါတယ်ဗျာ။ ဒါကြောင့် နည်းပညာကုမ္ပဏီတွေရဲ့ စာရင်းတွေမှာ တကယ့်အစစ်အမှန် တန်ဖိုး (True Value) ထက် အများကြီး လျော့နည်းပြီး ပြသနေသလို ဖြစ်နေတတ်ပါတယ်။
=================================================================================
⁉️ နိုင်ငံတကာက ဒီပြဿနာကို ဘယ်လို ဖြေရှင်းနေလဲ?
⚫️ ဒီလို ပြဿနာတွေ ရှိနေတော့ နိုင်ငံတကာမှာ ဘယ်လို ဖြေရှင်းဖို့ ကြိုးစားနေကြလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဥပမာအနေနဲ့ စင်ကာပူနိုင်ငံကို ကြည့်မယ်ဗျာ။
◾️ စင်ကာပူ ဉာဏမူပိုင်ခွင့်ရုံး (IPOS) ကနေ ၂၀၂၃ ခုနှစ်မှာ Intangibles Disclosure Framework (IDF) ဆိုတာကို စတင် မိတ်ဆက်ခဲ့ပါတယ်။
🔴 IDF ဆိုတာ ဘာလဲ?
ဒါက ကုမ္ပဏီတွေအနေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ Brand တွေ၊ Data တွေ၊ လူသားအရင်းအမြစ် (Human Capital) စတဲ့ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးကို Balance Sheet အပြင်ဘက်မှာ ဘယ်လိုမျိုး အသေးစိတ် ရှင်းပြပြီး ဖော်ပြလို့ရမလဲဆိုတဲ့ လမ်းညွှန်ချက်လေး လုပ်ပေးလိုက်တာပါ။
🌟 ဒါမှလည်း ရင်းနှီးမြှုပ်နှံမယ့်သူတွေက ကုမ္ပဏီတစ်ခုလုံးရဲ့ တကယ့်တန်ဖိုး အစစ်အမှန်ကို ခြုံငုံ (Holistic view) မြင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေရယူမှုတွေ ပိုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။

🌟 အနှစ်ချုပ် (Conclusion)
အချုပ်ပြောရရင်တော့ဗျာ လက်ရှိ IAS-38 လိုမျိုး စံနှုန်းတွေဟာ ဒီနေ့ခေတ် Digital ခေတ်ကြီးနဲ့ သိပ်မကိုက်ညီတော့ဘဲ နှစ် ၂၀ ကျော်လောက် ခေတ်နောက်ကျနေပြီလို့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုအသုံးဝင်မယ့် စာရင်းတွေ ထုတ်ပြန်နိုင်ဖို့ နိုင်ငံတကာ စာရင်းကိုင်စံနှုန်းများအဖွဲ့ (IASB) က တစ်ကမ္ဘာလုံးက စံနှုန်းတွေကို ပြန်လည်လေ့လာ ပြင်ဆင်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်ဗျာ။

⁉️ ဘောလုံးအသင်းတွေရဲ့ စာရင်းစနစ်က ဘယ်လို အလုပ်လုပ်တာလဲ? (Football Accounting & FFP)
⚫️ ပရီးမီးယားလိဂ်မှာ ကစားသမားတွေကို ပေါင်သန်းရာချီပေးဝယ်နေကြတာ မြင်ဖူးမှာပေါ့။ ဒါပေမဲ့ အဲ့ဒီ ငွေကြေးတွေရဲ့ နောက်ကွယ်က စာရင်းကိုင်သဘောတရား (Accounting) က အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။
=================================================================================
⁉️⁉️ ကစားသမားတစ်ယောက်ကို ပေါင် သန်း ၈၀ နဲ့ဝယ်ရင် တစ်နှစ်တည်း ကုန်ကျစရိတ်ပြလို့ ရလား?
⚫️ စဉ်းစားကြည့်ရအောင်။ ကလပ်အသင်းတစ်ခုက ကစားသမားတစ်ယောက်ကို ပေါင် သန်း ၈၀ နဲ့ ဝယ်လိုက်တယ်ဆိုပါစို့။
❌❌ အဲ့ဒီ ၈၀ လုံးကို ဒီနှစ် အမြတ်ရှုံးစာရင်း (Statement of Profit or Loss) မှာ တစ်ထိုင်တည်း ကုန်ကျစရိတ် (Expense) အနေနဲ့ ပြလိုက်လို့ မရပါဘူး။
🔴 : ဥပမာ - ကစားသမားနဲ့ ၅ နှစ် စာချုပ်ချုပ်ထားတယ်ဆိုရင် အဲ့ဒီ ၈၀ ကို ၅ နှစ်ခွဲပြီး တစ်နှစ်ကို ပေါင် ၁၆ သန်းပဲ ကုန်ကျစရိတ်ပြရပါတယ်။ ဒါကို Accounting မှာ Amortization (ကုန်ကျစရိတ်ကို သက်တမ်းအလိုက် ခွဲဝေချထားခြင်း) လို့ ခေါ်ပါတယ်။
✍️ ဒီနေရာမှာ ချဲလ်ဆီးအသင်းက ခေါင်းသုံးသွားဖူးပါတယ်။ ၈ နှစ် စာချုပ်တွေချည်း ပေးလိုက်ရင် ပေါင်သန်း ၈၀ ကို ၈ နဲ့စားပြီး တစ်နှစ်ကို ၁၀ သန်းပဲ ကုန်ကျစရိတ်ပြရတော့မယ်လေ။ အဲ့ဒီလိုနဲ့ အမြတ်အစွန်း စည်းမျဉ်း (FFP/PSR) တွေကို ရှောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်၊ အခုတော့ အဲ့ဒီလို အလွန်အကျွံ လုပ်ခွင့်မရှိအောင် ပိတ်လိုက်ပါပြီ။

⁉️⁉️⁉️ ဘာလို့ အကယ်ဒမီက ထွက်တဲ့ လူငယ်ကစားသမားတွေကို အတင်းရောင်းချင်နေကြတာလဲ?
စောစောကလို ၈ နှစ် စာချုပ်တွေပေးပြီး ကုန်ကျစရိတ်ကို ဖြည်းဖြည်းချင်းပဲ ပြနေတယ်ဆိုပါစို့။
❌❌ ၂ နှစ်၊ ၃ နှစ်လောက်နေလို့ အဲ့ဒီကစားသမားက ခြေစွမ်းမပြနိုင်လို့ ပြန်ရောင်းချင်ရင် ဈေးကျသွားမှာ သေချာပါတယ်။ အဲ့ဒီအခါ စာရင်းအရ အရှုံးပေါ် (Loss on disposal) သွားမှာ ဖြစ်ပါတယ်။ အရှုံးပေါ်ရင် စည်းမျဉ်းတွေနဲ့ မကိုက်တော့ဘူးလေ။
🌟 ဒါကြောင့် အခုနောက်ပိုင်း ကလပ်အသင်းတွေက လူငယ်အကယ်ဒမီကနေ တက်လာတဲ့ ကစားသမားတွေကို ပိုရောင်းလာကြပါတယ်။ ဘာလို့လဲ?
◾️ သူတို့ကို အပြင်ကနေ ပိုက်ဆံပေးဝယ်ထားခဲ့ရတာ မဟုတ်တဲ့အတွက် Balance Sheet (လက်ကျန်ရှင်းတမ်း) မှာ သူတို့ရဲ့ အရင်း (Cost) က သုည (Zero) ဖြစ်နေလို့ပါပဲ။
◾️ ဒါကြောင့် ရောင်းလိုက်ရတဲ့ ငွေအကုန်လုံးက အသင်းအတွက် သီးသန့်အမြတ် (gain on disposal) တွေကြီးပဲ ဖြစ်သွားတာပါ။ ဒါဟာ အမြတ်အစွန်း စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ကလပ်အသင်းတွေ သုံးလာတဲ့ ဗျူဟာတစ်ခု ဖြစ်ပါတယ်။

⁉️ ဖလားရရင် တကယ်ပဲ အမြတ်ထွက်တာလား?
⚫️ နောက်ထပ် အရေးကြီးတာတစ်ခုက ပရီးမီးယားလိဂ် (Premier League) နဲ့ ယူအီးအက်ဖ်အေ (UEFA) တို့က ကလပ်အသင်းတွေ ဘယ်လောက် တည်ငြိမ်မှုရှိလဲဆိုတာကို သိရအောင် Balance Sheet (လက်ကျန်ရှင်းတမ်း) တွေကို ဝင်စစ်ဆေးကြပါတယ်။
❌❌ ဒါပေမဲ့ အဲ့ဒီ Balance sheet ထဲမှာ မပါဝင်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါတယ်ဗျာ။ အဲ့ဒါကတော့ Contingent liabilities လို့ခေါ်တဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ငွေထွက်ပေါက် (Possible outflow) တွေပဲ ဖြစ်ပါတယ်။
🔴 အဲ့ဒါတွေက ဘာတွေလဲ?
◾️ ကစားသမားတစ်ယောက်ကို ဝယ်တုန်းက 'ပွဲအရေအတွက် ဘယ်လောက်ပြည့်ရင်၊ ဒါမှမဟုတ် ဆုဖလားရရင် ပိုက်ဆံထပ်ပေးပါ့မယ် (Add-ons)' ဆိုပြီး သဘောတူထားတာမျိုးတွေပါ။
◾️ သူတို့က လက်ရှိမှာ တကယ်မထွက်သေးတဲ့အတွက် တရားဝင် အကြွေး (Liability) အနေနဲ့ စာရင်းမသွင်းထားပါဘူး။ ဒါကြောင့် UEFA တို့ စစ်ဆေးတဲ့ Balance Sheet တွက်ချက်မှုတွေထဲမှာ မပါဝင်ပါဘူး။ (Notes အနေနဲ့ နောက်ဆက်တွဲမှာပဲ မှတ်သားထားရတာပါ)။
◾️ အရင်က ဝယ်ထားတဲ့ ကစားသမားတွေအတွက် အဲ့ဒီလို ပေးရဖို့ရှိတဲ့ အနာဂတ်ငွေပေးချေမှုတွေအရ ဆိုရင် ကလပ်အသင်းတွေမှာ ပေါင်သန်းရာချီပြီး ပေးစရာတွေ ရှိနေနိုင်ပါတယ်ဗျာ။
◾️ ဒါကြောင့် အသင်းတစ်သင်းက ဆုဖလားတွေရတိုင်း ပျော်စရာချည်းပဲ မဟုတ်ပါဘူး။ အရင်ကဝယ်ထားတဲ့ ကစားသမားတွေအတွက် အဲ့ဒီလို အပိုဆုကြေးငွေ အမြောက်အမြားကို ပြန်ပေးရနိုင်ခြေရှိလို့ ငွေကြေးပြဿနာကြီးတွေ ရုတ်တရက် ဖြစ်လာနိုင်ပါတယ်။
=================================================================================
🌟 အနှစ်ချုပ် (Conclusion)
အနှစ်ချုပ်ရရင်တော့ ဘောလုံးကလပ်တွေရဲ့ ဘဏ္ဍာရေးစာရင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် သူတို့ရဲ့ Contingencies မှတ်ချက် (Notes) လေးတွေကို သွားဖတ်ကြည့်ပါ။ အနာဂတ်မှာ ဘယ်လောက်တောင် ပေးဖို့ကျန်သေးလဲဆိုတာ တွေ့ရပါလိမ့်မယ်။ စီးပွားရေးနဲ့ ဘောလုံးဆိုတာ ခွဲခြားလို့မရအောင် ဆက်စပ်နေပြီဆိုတာ သိသာစေပါတယ်။

IFRS for SME2.pdf
739.5 KB
IFRS for SME စာအုပ်ထဲက section 7 -12 section 1 - 6 ဖတ်ရန် https://t.me/apslearning/4636
❤5👍1
LCCI Lvl 1 2 ပြီးသွားပြီ ACCA foundation Lvl 3 FA2 ကိုကိုယ်ကြိုက်တဲ့အချိန် study Timetable နဲ့ အချိန်တိုအတွင်းလေ့လာချင်သူတွေအတွက်
FA2 Video Lesson+ Customize Timetable+ စာပြန်မေးခွင့် ၄ လ ပါဝင်ပါတယ်ရှင့်။
သင်တန်းကြေး -100000 mmk ( 50000 mmk 2 installment )
✅✅ FA2 UK Exam နဲ့ပက်သက်ပြီ A to Z လိုက်လုပ်ပေးပါတယ်ရှင့်

❤1
APS ACCA learning center
LCCI Lvl 1 2 ပြီးသွားပြီ ACCA foundation Lvl 3 FA2 ကိုကိုယ်ကြိုက်တဲ့အချိန် study Timetable နဲ့ အချိန်တိုအတွင်းလေ့လာချင်သူတွေအတွက် FA2 Video Lesson+ Customize Timetable+ စာပြန်မေးခွင့် ၄ လ ပါဝင်ပါတယ်ရှင့်။ သင်တန်းကြေး -100000 mmk ( 50000 mmk 2 installment…
သင်တန်းများစုံစမ်းရန် @aps_learning_center13