APS ACCA learning center
5.35K subscribers
2.13K photos
1.07K videos
657 files
260 links
@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13
Download Telegram
APS ACCA learning center
F1 BPP KIT.pdf
🩵🩵Free Use ACCA part1 BT UK Timetable

၁၅ ရက်နဲ့ ‌ဖြေမဲ့လူတွေအတွက် Kaplan Kit BPP Kit တွေ တစ်နေ့ 40 ပုဒ်နူန်း 2 hr အချိန်ဖြင့်

15 ရက်စာ Timetable 🩵


မည်သူမဆိုသုံးလို့ရပါတယ် ဒီလို Timetable template တွေတင်ပေးပါမယ်ရှင့်
5
Forwarded from ACCA PART1 NOV 13 FA ZOOM CLASS 🤎
Media is too big
VIEW IN TELEGRAM
IFRS 10 CONSO SOFP INTRO F3
Forwarded from ACCA PART1 NOV 13 FA ZOOM CLASS 🤎
Media is too big
VIEW IN TELEGRAM
IFRS 10 CONSO SOFP PART2
Forwarded from ACCA PART1 NOV 13 FA ZOOM CLASS 🤎
Media is too big
VIEW IN TELEGRAM
IFRS 10 F3 Conso SOFP finish
conso SOFP မရတဲ့လူတွေအတွက် SOFP အစအဆုံး
👍2
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
CH 19 MA2 ( budget and comprision)
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
CH 19 MA 2 ( VARAINCE STANDARD COSTING )
Forwarded from Aps Learning Center
MA2 CH 19 BURMESES NOTES.pdf
674 KB
reading အနေနဲ့ပြန်ဖတ်ရန်
Forwarded from Aps Learning Center
ch19 fomula notes.pdf
652 KB
စာအုပ်ထဲအကုန်ပြန်ချရေးရန်
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
MA2 variance CH 19 EXAM KIT MA 2
Forwarded from Aps Learning Center
Media is too big
VIEW IN TELEGRAM
CH 19 STANADRDS COSTING FINISH
MA2 - STANDRAD COSTING - အစအဆုံး
တစ်နေ့ ၂ နာရီ part1 FA ကို ကျောင်းတတ်ပီဲပီဆိုတဲ့လူတွေအတွက် UK ဖြေဖို့ ရက် 20 စာ TEMPLATE 🤍🤍🤍 ကျောင်းသာတွေကိုဆွဲပေးရင် လိုအပ်တဲ့လူတွေပါသုံးလို့ရအောင် ထပ် template ပုံစံတင်ပေးတာပါရှင့် BPP KIT , KAPLAN KIT FILE တွေကို အောက်မှာတင်ပေးထားပါတယ်ရှင့် 👇👇👇👇👇
🙏3
🎓‼️ ACCA ဆိုတာဘာလဲ ? CPA ဆိုတာဘာလဲ ?

ACCA နဲ့ CPA ဆိုတာ စာရင်းကိုင်ပညာလောကရဲ့ ပြိုင်ဘက်တွေမဟုတ်ဘဲ၊ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်အောင်မြင်နေကြတဲ့ " အဖွဲ့အစည်းတွေ" လို့ ပြောလို့ရပါတယ်။

📌 ACCA ကမ္ဘာ့အနှံ့အသိအမှတ်ပြုမှု (Global Recognition) - CPA ကတော့ ပြည်တွင်းရဲ့ အမြင့်ဆုံးစာရင်းကိုင်ဘွဲ့ဖြစ်ပြီး ပြည်တွင်းမှာ အလွန်တန်ဖိုးရှိပါတယ်။ အာရှဒေသမှာ အလုပ်လုပ်ဖို့ ရည်မှန်းချက်ရှိတယ်ဆိုရင်တော့ CPA Australia ဘက်ကိုပါပြောင်းလို့ရပါတယ် 📌

✔️ ACCA ရဲ့ စာမေးပွဲကြေး၊ သင်တန်းကြေးတွေကများတဲ့အတွက် အလုပ်မရှိရင် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ပါတယ်။

◾️ ACCA ဘာသာရပ်တွေက လက်တွေ့လုပ်ငန်းခွင်က ဥပမာတွေ၊ အတွေ့အကြုံတွေနဲ့ ချိတ်ဆက်ပြီး နားလည်ရတာပိုများတဲ့အတွက်၊ အလုပ်လုပ်နေတဲ့သူတွေက စာမေးပွဲတွေကို ပိုပြီးအောင်မြင်ကြတာ တွေ့ရပါတယ်။ ဒါကြောင့် အလုပ်လုံးဝမရှိဘဲ ACCA ကိုချည်းပဲ သီးသန့်သင်ယူမယ်ဆိုရင် Concept တွေကို နားလည်ဖို့ နည်းနည်းအခက်အခဲရှိနိုင်ပါတယ်။ ကုန်ကျစရိတ်ကလည်းအရမ်းကိုမှများပါတယ် ။

✔️ CPA သင်ယူဖို့အတွက်ကတော့ ဘွဲ့တစ်ခုမဖြစ်မနေလိုအပ်ပါတယ်။ ဒါက အခြေခံဝင်ခွင့်လိုအပ်ချက်တစ်ခုပါပဲ။ CPA အကောင်းဆုံးအချက်ကတော့ ကုန်ကျစရိတ် ပိုင်းမှာ ACCA ထက် အများကြီးသက်သာတာပါပဲ။ အဓိကကုန်ကျစရိတ်က အစိုးရကျောင်းလခနဲ့ ကိုယ်တက်ချင်တဲ့ Tuition Fees လောက်ပဲရှိပါတယ်။ CPA ရဲ့ သင်ရိုးက ပိုပြီး ပြင်းထန် (intensive) တတ်တဲ့အတွက်၊ အလုပ်တစ်ဖက်နဲ့ သင်ယူဖို့က ACCA ထက် ပိုပြီး အချိန်ပေးရပြီး ခက်ခဲနိုင်ပါတယ်။
============================================================================================================================================
◾️ Certified Public Accountant ကနိုင်ငံအလိုက်သွားရတာဖြစ်ပီ ကိုယ့်နိုင်ငံမှာ Accountant လုပ်ချင်သူများအတွက်ပိုအဆင်ပြေပါတယ် နားလည်အောင်ပြောရရင် US ၊ Thai , Japan , Korea နိုင်ငံမှာ စာရင်းကိုင်လိုရာထူးကို သူတို့ နိုင်ငံရဲ့ ငွေတွေကိုကိုင်ပေးချင်ရင် US CPA ၊ Thai CPA , Korea CPA ပြီးမှရပါတယ် ၊ ACCA ပီးယုံနဲ့ Local ကိုခန့်တာမျိုးမရှိပါ။ Thai CPA တတ်ချင်ရင် Thai ကဘွဲ့တစ်ခုရထားရမဲ့အပြင် နိုင်ငံသားလည်းဖြစ်မှရပါမယ် ၊ အဲ့ဒါကြောင့် CPA ကနိုင်ငံအလိုက်သွားတာလို့ပြောတာပါရှင့် ။

‼️ ထိုင်းနိုင်ငံမှာ CPA အဖြစ်ရပ်တည်ဖို့ဆိုရင် နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အဓိကလိုအပ်ချက်တွေကတော့ ထိုင်းနိုင်ငံတွင် နေထိုင်သူဖြစ်ရမယ် (Having domicile in Thailand)၊ ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာတတ်မြောက်ရမယ် (Being proficient in Thai) ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ ဒီအချက်တွေကြောင့် လက်တွေ့မှာ ထိုင်းနိုင်ငံသားမဟုတ်သူတစ်ယောက်အတွက် ထိုင်း CPA ဖြစ်ဖို့က အလွန်ပဲခက်ခဲပါတယ်။

✔️ ဒါက CPA qualification ရဲ့ အဓိက သဘောသဘာဝပါပဲ။ "CPA" ဆိုတဲ့ဘွဲ့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ အသိအမှတ်ပြုထားတဲ့ ဘွဲ့တစ်ခုဖြစ်ပါတယ်။

✔️ Myanmar CPA က မြန်မာနိုင်ငံရဲ့ စာရင်းကိုင်စံနှုန်းတွေ၊ ကုမ္ပဏီဥပဒေတွေ၊ အခွန်ဥပဒေတွေကို တတ်မြောက်ရပါတယ်။

✔️ Thai CPA ကလည်း ထိုင်းနိုင်ငံရဲ့ သက်ဆိုင်ရာဥပဒေတွေကိုပဲ အဓိကထားရပါတယ်။

============================================================================================================================================

◾️ CPA ဆိုတာ ဘာလဲ ? 📈

💢 CPA ဆိုတာ (လက်မှတ်ရပြည်သူ့စာရင်းကိုင်) ရဲ့ အတိုကောက်ဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ စာရင်းကိုင်ပညာရပ်မှာ အမြင့်ဆုံးသော အရည်အချင်းသတ်မှတ်ချက်တစ်ခု ဖြစ်ပါတယ်။

◾️ ဒါဟာ အစိုးရက လုပ်ပေးတာလားဆိုရင် "ဟုတ်ပါတယ်" လို့ပြောနိုင်ပါတယ်။ CPA သင်တန်းနဲ့ စာမေးပွဲတွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံစာရင်းကောင်စီ (Myanmar Accountancy Council - MAC) က တိုက်ရိုက် ထိန်းချုပ်ကြီးကြပ်ပြီး ချမှတ်ပေးတာဖြစ်ပါတယ်။

◾️ ဒါကြောင့် CPA လက်မှတ်ဆိုတာ နိုင်ငံတော်အလိုက်က တရားဝင်အသိအမှတ်ပြုထားတဲ့ အရည်အချင်းတစ်ခုပါ။

⁉️ ဘယ်သူတွေ CPA တက်ရောက်နိုင်လဲ? ♠️ CPA တက်ရောက်ဖို့အတွက် တက္ကသိုလ်ကဘွဲ့တစ်ခုခု ရရှိထားရပါမယ်။ ဒါပေမဲ့ ဘွဲ့‌ တွေပေါ်မူတည်ပီ ဝင်ခွင့်မှာတော့ ကွာခြားချက်ရှိပါတယ်-

◾️ တိုက်ရိုက်ဝင်ခွင့် (Entrance Exam မလို): စာရင်းကိုင်ပညာနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ B.Com, B.Act, B.B.A, B.Sc (Accounting and Finance) ဘွဲ့ရထားသူတွေ ၊ အခြားဘွဲ့ ပြီးဆုံးထားသူတွေက CPA Part I ကို တိုက်ရိုက်တက်ရောက်ခွင့်မရှိပါ။ entrance exam ဝင်ဖြေရပါမယ် ၊ entrance exam ကိုအောက်မှာဆက်ဖတ်ပါ ။
===============================================================================================================================================================================
⁉️ ACCA part2 ပြီးရင် CPA တန်းတက်လို့ရလား ?
1👍1
◾️ ACCA Part 2 ဟု လူသိများသော အရည်အချင်းမှာ တရားဝင်အားဖြင့် ACCA Advanced Diploma in Accounting and Business ဖြစ်ပါတယ်။ part,2 diploma က နိုင်ငံတကာတွင် ဘွဲ့တစ်ခုနှင့် ညီမျှသည်ဟု သတ်မှတ်သော်လည်း၊ MAC ကတော့ မြန်မာ CPA အတွက် ဘွဲ့အစားထိုးအဖြစ် အသိအမှတ်မပြုပါ။

"ACCA Part 2 ဒီပလိုမာတစ်ခုတည်းဖြင့် CPA ဝင်ခွင့်ကင်းလွတ်ခွင့်ရပါသလား" အဖြေမှာ မရပါ။

◾️ MACတရားဝင်စည်းမျဉ်းတွင် "ဘွဲ့ရတစ်ဦး" (any graduate) ဆိုသည့် စကားလုံးပါရှိသောကြောင့် ACCA ဒီပလိုမာအပြင် အသိအမှတ်ပြုတက္ကသိုလ်ဘွဲ့တစ်ခု မဖြစ်မနေလိုအပ်ပါတယ်။
===============================================================================================================================================================================
‼️‼️‼️‼️ CPA လျှောက်ဖို့ဘာတွေလိုအပ်လဲ ?

🎓 လိုအပ်သော စာရွက်စာတမ်းများ သတ်မှတ်လျှောက်လွှာပုံစံ
မြန်မာနိုင်ငံစာရင်းကောင်စီရုံး (website) မှာ ဝယ်ယူဖြည့်စွက်ရပါမယ်။

🎓 ဘွဲ့လက်မှတ်တက္ကသိုလ်တစ်ခုခုမှ ရရှိထားသော ဘွဲ့လက်မှတ် (မူရင်း နှင့် မိတ္တူ)။(Direct Entry သမားတွေကတော့ B.Com, B.Act စတဲ့ သက်ဆိုင်ရာဘွဲ့လက်မှတ် ဖြစ်ရပါမယ်။)

🎓 မှတ်ပုံတင် (NRC)နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း နှင့် မိတ္တူ)။ လိုင်စင်ဓာတ်ပုံနောက်ခံအပြာ (သို့) အဖြူဖြင့် ရိုက်ကူးထားသော (၁) လက်မ x (၁.၅) လက်မ အရွယ် ဓာတ်ပုံ (၃) ပုံ (သို့မဟုတ်) (၄) ပုံ (အရေအတွက်က ကြေညာစာအပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်ပါတယ်)။

🎓 အလုပ်သမားမှတ်ပုံတင် (Labor Card)
မြို့နယ်အလုပ်သမားရုံးက ထုတ်ပေးတဲ့ အလုပ်သမားမှတ်ပုံတင်ကတ် (မူရင်း နှင့် မိတ္တူ) (ဒါက အလုပ်မရှိသေးသူတွေအတွက် အဓိကလိုအပ်လေ့ရှိပါတယ်)။

🎓 ဝန်ထမ်းဖြစ်ပါကအစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ ခွင့်ပြုချက်/ထောက်ခံစာ မူရင်း ပါရှိရပါမယ်။

🎓 ဝင်ခွင့်စာမေးပွဲအောင်မြင်ကြောင်း အထောက်အထား (Entrance Exam ဖြေထားရသူများအတွက်)တိုက်ရိုက်တက်ခွင့်မဟုတ်ဘဲ ဝင်ခွင့်ဖြေထားရသူဆိုရင်တော့ ဝင်ခွင့်စာမေးပွဲအောင်မြင်ကြောင်း အထောက်အထား/ခုံနံပါတ် လိုအပ်ပါမယ်။

🎓 လျှောက်လွှာခေါ်ချိန်: ပုံမှန်အားဖြင့် နှစ်စဉ် အောက်တိုဘာလ (သို့မဟုတ်) နိုဝင်ဘာလ ဝန်းကျင်တွေမှာ သင်တန်းသားခေါ်ယူလေ့ရှိပြီး သတင်းစာတွေနဲ့ MAC Website မှာ ကြေညာလေ့ရှိပါတယ်။
==================================================================================================================================================================================================================
⬛️ ဘွဲ့မရှိသေးသော ACCA ကျောင်းသားများအတွက် အထိရောက်ဆုံး နည်းလမ်းများမှာ-

◾️ University of London (UoL): ယခင်က Oxford Brookes University (OBU) လမ်းကြောင်းရှိခဲ့သော်လည်း ၂၀၂၆ တွင် ပိတ်သိမ်းတော့မည်ဖြစ်၍၊ University of London မှပေးအပ်သော MSc in Professional Accountancy ဘွဲ့ကို ACCA နှင့်တွဲဖက်ပြီး Online မှ Remote စနစ်ဖြင့် ရယူနိုင်ပါတယ်။

⁉️ အခြားမြန်မာရိုးရိုးဘွဲ့တွေအတွက် CPA Myanmar ဝင်ခွင့်စာမေးပွဲ (Entrance Exam)ဘယ်အချိန်မှာ ဝင်ခွင့်ခေါ်ယူလဲ။

💢 CPA ဝင်ခွင့်ကို တစ်နှစ်တစ်ခါ ခေါ်ယူလေ့ရှိပါတယ်။ များသောအားဖြင့် နှစ်ကုန်ပိုင်းဖြစ်တဲ့ နိုဝင်ဘာလ ဝန်းကျင်မှာ ဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူပါတယ်။ဒီဇင်ဘာလကုန်ပိုင်းမှာ စာမေးပွဲကို ကျင်းပလေ့ရှိပါတယ်။ ဒါကြောင့် နောက်ဆုံးရက်စွဲတွေကို သိရှိနိုင်ဖို့ မြန်မာနိုင်ငံစာရင်းကောင်စီ (MAC) ရဲ့ တရားဝင် Website ဖြစ်တဲ့ အရာတွေကို အမြဲတမ်း စောင့်ကြည့်နေဖို့ အကြံပေးချင်ပါတယ်။

=========================================================================================================

⁉️ ဘယ်သူတွေ ဝင်ခွင့်ဖြေဆိုခွင့်ရှိလဲ။

◾️ တက္ကသိုလ်ဘွဲ့တစ်ခုခု ရရှိထားသူတိုင်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ရှိပါတယ်။ B.Com, B.Act လို စာရင်းကိုင်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ဘွဲ့ရထားသူတွေကတော့ ဝင်ခွင့်ဖြေစရာမလိုဘဲ CPA Part I ကို တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။

◾️ လက်တွေ့မှာတော့ ဝင်ခွင့်စာမေးပွဲဖြေဆိုမယ့်သူတစ်ယောက်အနေနဲ့ အနည်းဆုံး LCCI Level 3 ဒါမှမဟုတ် ACCA RQF Level 3 လောက်တော့ ပြီးဆုံးထားသင့်တယ်လို့ သတ်မှတ်လေ့ရှိပါတယ်။

============================================================================================================================================
‼️⁉️ ဝင်ခွင့်စာမေးပွဲမှာ ဘာတွေမေးလဲ။

ဝင်ခွင့်စာမေးပွဲက ၂ နာရီ ကြာမြင့်ပြီး၊ အောက်ပါ အဓိက ဘာသာရပ် ၃ ခုကို စစ်ဆေးပါတယ်။
◾️ Financial Accounting
◾️ Cost & Management Accounting
◾️ Auditing

⁉️ အောင်မြင်ဖို့ ဘာတွေကြိုတင်လေ့ကျင့်ရမလဲ။ ဘာသာရပ် ၃ ခုရဲ့ အခြေခံကိုလေ့လာပါ: အထူးသဖြင့် LCCI Level 3 မှာ သင်ခဲ့ရတဲ့ အကြောင်းအရာတွေကို သေချာပြန်နွှေးဖို့ လိုအပ်ပါတယ်။
1
===============================================================================================================================================================================
◾️ CPA Program က ဘယ်လိုဖွဲ့စည်းထားလဲ။

CPA Program က ၂ နှစ်ကြာမြင့်ပြီး အပိုင်းနှစ်ပိုင်းခွဲထားပါတယ်။

CPA Part I (ပထမပိုင်း): ဘာသာရပ် ၆ ခု ရှိပါတယ်။
◾️ Advanced Accounting - I
◾️ Cost and Management Accounting - I
◾️ Auditing - I
◾️ Commercial and Industrial Law (စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းဥပဒေ)
◾️ Economics (ဘောဂဗေဒ)
◾️ Business Mathematics & Statistics (စာရင်းအင်းပညာ)
============================================================================================================================================
🔥 CPA Part II (ဒုတိယပိုင်း): ဘာသာရပ် ၆ ခု ရှိပါတယ်။
◾️ Advanced Accounting - II
◾️ Cost and Management Accounting - II
◾️ Auditing - I
I ◾️ Banking and Financial Affairs (ဘဏ်နှင့် ငွေကြေးရေးရာ)
◾️ General Management (အထွေထွေစီမံခန့်ခွဲမှု)
◾️ Taxation (အခွန်ပညာ)

🔥 စာမေးပွဲအားလုံးအောင်မြင်ပြီးတဲ့အခါမှာ CPA Myanmar (Passed) ဖြစ်လာပြီး၊ လုပ်ငန်းခွင်အတွေ့အကြုံ ၃ နှစ်ပြည့်တဲ့အခါ CPA (Qualified) ဆိုတဲ့ လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အပြည့်အဝရပ်တည်ခွင့်ရမှာဖြစ်ပါတယ်။
===============================================================================================================================================================================
⁉️ CPA တစ်ယောက်ရဲ့ ပြည်တွင်းလစာ ဘယ်လောက်ရှိနိုင်မလဲ ? ◾️ လစာကတော့ ကုမ္ပဏီ၊ လုပ်ငန်းအတွေ့အကြုံနဲ့ တာဝန်ယူရမှုအပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ CPA လက်မှတ်ရှိသူဟာ အရည်အချင်းမြင့်မားသူတစ်ယောက်ဖြစ်တဲ့အတွက် market မှာ လစာကောင်းကောင်းရရှိနိုင်ပါတယ်။

◾️ လက်ရှိအလုပ်ခေါ်စာတွေအရ၊ CPA လက်မှတ်ရှိတဲ့ Finance Manager တစ်ယောက်ရဲ့လစာဟာ တစ်လကို ကျပ် သိန်း ၂၀ (2,000,000 MMK) နဲ့အထက် ရှိနိုင်ပါတယ်။ Chief Accountant လို ရာထူးမျိုးမှာဆိုရင်လည်း ကျပ် သိန်း ၁၅ သိန်း (1,500,000 MMK) ဝန်းကျင် ရရှိနိုင်ပါတယ်။
=========================================================================================================
⁉️ Myanmar CPA ကနေ CPA Australia ကို ပြောင်းလို့ရလား ?

💢 Myanmar CPA နဲ့ CPA Australia ကြားမှာ တိုက်ရိုက်အပြန်အလှန်အသိအမှတ်ပြုတဲ့ သဘောတူညီချက် (Mutual Recognition Agreement - MRA) ရှိထားပါတယ်။ ဒါကြောင့် Myanmar CPA (Qualified) ဖြစ်ပြီးပါက CPA Australia သို့ လျှောက်ထားရာတွင် ပိုမိုလွယ်ကူသော လမ်းကြောင်းမှ သွားရောက်နိုင်ပါတယ်။

◾️ CPA Australia ၏ Member Pathway Agreement (MPA) အရ Myanmar CPA တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံတွေကို တင်ပြပြီး အသင်းဝင်ခွင့် လျှောက်ထားနိုင်ပါတယ်။

‼️ CPA Australia ဘက်ကနေ လိုအပ်တဲ့ Ethics module လိုမျိုး အနည်းငယ်သော လိုအပ်ချက်များကိုသာ ဖြည့်စွက်ပြီး အသိအမှတ်ပြု CPA Australia member အဖြစ် ခံယူနိုင်သည့် အခွင့်အလမ်းများ ရှိပါသည်။

◾️ CPA Australia ဘာလို့ပြောင်းမှာလဲ ? 💢 CPA Australia ဟာ ကမ္ဘာမှာ အကြီးဆုံးစာရင်းကိုင်ပညာရှင်အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး၊ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသမှာ အလွန်ခိုင်မာတဲ့ ကွန်ရက်ရှိပါတယ်။

သူတို့ဟာ စင်ကာပူ (ISCA) နဲ့ ဟောင်ကောင် (HKICPA) လို အာရှရဲ့ အဓိက ဘဏ္ဍာရေးအချက်အချာကျတဲ့ နိုင်ငံတွေက စာရင်းကိုင်အဖွဲ့အစည်းတွေနဲ့ MRA တွေ ရှိပါတယ်။

💢 ဒါကြောင့် CPA Australia လက်မှတ်တစ်ခုရှိရင် ဒီနိုင်ငံတွေမှာ အလုပ်လုပ်ဖို့နဲ့ အသိအမှတ်ပြုခံရဖို့ အလွန်လွယ်ကူပါတယ်။

============================================================================================================================================

⁉️ ACCA ဆိုတာဘာလဲ - ကမ္ဘာ့အဆင့်မီ စာရင်းကိုင်ပညာရှင်တစ်ယောက်ရဲ့ ခရီးလမ်း

ACCA ဆိုတာ the Association of Chartered Certified Accountants ရဲ့ အတိုကောက်ဖြစ်ပြီး၊ ၁၉၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ UK အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ စာရင်းကိုင်ပညာရှင်များအဖွဲ့အစည်း ဖြစ်ပါတယ်။

⬛️ ဒါဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးနဲ့ ဩဇာအရှိဆုံး စာရင်းကိုင်ပညာရှင်အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး၊ လက်ရှိမှာ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ အသိအမှတ်ပြုထားတဲ့အပြင်၊ အဖွဲ့ဝင် ၂၄၁,၀၀၀ ကျော်နဲ့ ကျောင်းသား ၅၄၂,၀၀၀ ကျော် ရှိပါတယ်။

⬛️ ACCA ရဲ့ အဓိကရည်မှန်းချက်ကတော့ ကမ္ဘာတစ်ဝှမ်းက အရည်အချင်းရှိတဲ့ လူငယ်တွေအတွက် စွမ်းရည်၊ အသုံးချနိုင်စွမ်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ ထူးချွန်တဲ့ စာရင်းကိုင်ပညာရှင်တွေဖြစ်လာစေဖို့ပါပဲ။
3
============================================================================================================================================
⬛️ ACCA Qualification ရဲ့ ဖွဲ့စည်းပုံ

ACCA qualification ပြည့်မီဖို့အတွက် အဓိက အပိုင်း ၃ ပိုင်းကို ဖြတ်ကျော်ရပါတယ်။ ACCA ရဲ့တကယ့်အစလို့တင်စားခေါ်ခံရတဲ့ part1 ကနေစပြောပေးပါ့မယ် ။ Foundations Lvl လေးတွေတော့‌မပြောပေးတော့ပါဘူးရှင့်။

✔️ ACCA Exams (စာမေးပွဲများ): စုစုပေါင်း စာမေးပွဲ ၁၃ ခု ပါဝင်ပြီး၊ အဆင့် ၃ ဆင့်ခွဲခြားထားပါတယ်။

✔️ Part2 မှာ Ethics and Professional Skills Module (EPSM): ကျင့်ဝတ်နဲ့ ကျွမ်းကျင်မှုဆိုင်ရာ အွန်လိုင်းသင်ခန်းစာဖြစ်ပြီး၊ လက်တွေ့လုပ်ငန်းခွင်မှာ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်ကြားပေးပါတယ်။

✔️ Practical Experience Requirement (PER): သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ၃ နှစ် (၃၆ လ) လုပ်ငန်းအတွေ့အကြုံရှိဖို့ လိုအပ်ပါတယ်။
============================================================================================================================================
⁉️ ACCA စာမေးပွဲ အဆင့်များ

Applied Knowledge (အသုံးချဗဟုသုတအဆင့်): ဒါကတော့ အခြေခံအကျဆုံးအဆင့်ဖြစ်ပြီး၊ စာရင်းကိုင်ပညာရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဘာသာရပ် ၃ ခုပါဝင်ပါတယ်။
⬛️ Business and Technology (BT)
⬛️ Management Accounting (MA)
⬛️ Financial Accounting (FA)

⁉️ Applied Skills (အသုံးချကျွမ်းကျင်မှုအဆင့်): ဒီအဆင့်မှာတော့ ပိုပြီးအဆင့်မြင့်တဲ့ နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ် ၆ ခု ပါဝင်ပါတယ်။ ⬛️ Corporate and Business Law (LW) ⬛️ Performance Management (PM) ⬛️ Taxation (TX) ⬛️ Financial Reporting (FR) ⬛️ Audit and Assurance (AA) ⬛️ Financial Management (FM)

Strategic Professional (မဟာဗျူဟာမြောက် ပညာရှင်အဆင့်): ဒါကတော့ အမြင့်ဆုံးအဆင့်ဖြစ်ပြီး၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မဟာဗျူဟာကျကျ တွေးခေါ်ဆုံးဖြတ်နိုင်ဖို့ လေ့ကျင့်ပေးတဲ့ ဘာသာရပ်တွေဖြစ်ပါတယ်။

Essentials (မဖြစ်မနေဖြေဆိုရမည့် ဘာသာရပ်များ): ⬛️ Strategic Business Leader (SBL) ⬛️ Strategic Business Reporting (SBR)

Options (ရွေးချယ်ဖြေဆိုနိုင်သော ဘာသာရပ်များ): ၄ ခုထဲက ၂ ခုကို ရွေးချယ်ရပါမယ်။ ⬛️ Advanced Financial Management (AFM) ⬛️ Advanced Performance Management (APM) ⬛️ Advanced Taxation (ATX) ⬛️ Advanced Audit and Assurance (AAA)

◾️ ACCA ဟာ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ အသိအမှတ်ပြုခံထားရတဲ့အတွက်၊ ACCA member တစ်ယောက်ဟာ နိုင်ငံတကာမှာ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရရှိနိုင်ပါတယ်။ ဒါဟာ တကယ့် "Global Passport" တစ်ခုပါပဲ။
==================================================================================================================================================================================================================
◾️ ကျယ်ပြန့်သော အလုပ်အကိုင်အခွင့်အလမ်းများ (Wide Career Opportunities): ACCA qualification ဟာ စာရင်းစစ်လုပ်ငန်း (Auditing)၊ အခွန်အတိုင်ပင်ခံ (Taxation)၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု (Financial Management)၊ စီမံခန့်ခွဲမှုစာရင်းအင်း (Management Accounting) နဲ့ ယေဘုယျစီမံခန့်ခွဲမှု (General Management) စတဲ့ နယ်ပယ်မျိုးစုံမှာ အသက်မွေးဝမ်းကျောင်းပြုနိုင်စေပါတယ်။

◾️ ပညာရေးဆိုင်ရာ ချိတ်ဆက်မှုများ (Academic Partnerships): ACCA ဟာ ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် ACCA ကျောင်းသားတစ်ယောက်အနေနဲ့ University of London ကနေ MSc in Professional Accountancy ဘွဲ့ကိုရယူနိုင်တဲ့ အခွင့်အလမ်းတွေလည်း ရှိပါတယ်။

◾️ ACCA စာမေးပွဲတွေကို ကိုယ့်ရဲ့အဆင်ပြေမှုပေါ်မူတည်ပြီး တစ်ဘာသာချင်းစီ ဖြေဆိုသွားနိုင်သလို၊ ကိုယ့်မှာရှိပြီးသား ဘွဲ့လက်မှတ်တွေပေါ်မူတည်ပြီး ဘာသာရပ်အချို့ကို ကင်းလွတ်ခွင့် (Exemptions) လျှောက်ထားနိုင်ခြင်းကလည်း ACCA ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။

💢 ACCA qualification ဆိုတာဟာ ကမ္ဘာ့ဘယ်နေရာမှာမဆို ရပ်တည်နိုင်မယ့် စာရင်းကိုင်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို သင်ကြားပေးပြီး၊ ခိုင်မာတဲ့ ကျင့်ဝတ်အခြေခံတွေနဲ့အတူ အောင်မြင်တဲ့ ပညာရှင်တစ်ယောက်ဖြစ်လာဖို့ လမ်းဖွင့်ပေးတဲ့ နိုင်ငံတကာအဆင့်မီ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

=====================================================================================================================================================================================================================================================
ACCA Foundation Lvl 2 ကနေစပြီ ACCA part1 , Part2 F7 ဘာသာစုံသင်တန်းကြေးကို တစ်ခါတည်းပေးစရာမလိုဘဲ၊ လစဉ် အရစ်ကျပေးသွင်းနိုင်တဲ့ စနစ် ကို စီစဉ်ပေးထားပါတယ်။
3