APS ACCA learning center
5.35K subscribers
2.13K photos
1.07K videos
657 files
260 links
@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13
Download Telegram
APS ACCA learning center
Photo
💢 LCCI lvl 3 IAS accounting or ACCA RQF lvl 3 FA2 ပြီးထားယုံနဲ့ တတ်ရောက်လို့ရမည့် ACCA part1 program ထဲက F3 - Financial accounting ဘာသာရပ်

လချင်းပေးစနစ်၊ UK exam အတွက်အဓိကထားပီတစ်နှစ်မှာ ၂ ကြိမ်လောက်ပဲဖွင့်သော ACCA part1 တစ်ဘာသာချင်း Zoom Live Teaching

🎉 100% Zoom Live Teaching ACCA part1 FA

🔰 FA 💯 Timetable ထွက်ပါပြီရှင့် Nov 13 ရက်နေ့စမည်ဖြစ်ပါတယ်ရှင့် လုပ်ငန်းခွင်တွေထဲမှာ ရာထူးတိုးဖို့ဆိုတာက အဆင့်မြှင့်တဲ့ပညာအရေးအချင်း ၊ professional behavior တွေ ၊ skill set များစွာရှိနေမှ လစာကောင်းမွန်တဲ့ position တွေနဲ့လုပ်ကိုင်လို့ရမှာပါ ။

🔰 ACCA part1 Zoom Class စတက်ချင်ပေမဲ့ သင်တန်းကြေးတွေ တစ်ခါထဲပေးသွင်းနေရလို့ စိတ်မညစ်ပဲ aps learning center ဆီမှာ market ထဲမှာ ဈေးအသက်သာဆုံးနဲ့ တန်နေစေရမဲ့ service တွေကိုပေးနေပါတယ်ရှင့် ။
======================================================================
🔰 LCCI lvl 3 ထိပြီးထားပြီ နေ့စဉ် Day book, Ledger, Trial balance တွေနဲ့ပဲ အချိန်ကုန်နေပြီး၊ ကိုယ်လုပ်နေတဲ့အလုပ်က ကုမ္ပဏီရဲ့ "ပုံကြီး" တစ်ခုလုံးနဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာကို မမြင်တွေ့လို့ စိတ်ကုန်နေပြီလား?

🔰 Financial Statements တွေကို ကိုယ်တိုင်ရေးဆွဲနိုင်ပြီး၊ အဲ့ဒီထဲက ကိန်းဂဏန်းတွေက ပြောပြနေတဲ့ "စီးပွားရေးဇာတ်လမ်း" ကို နားလည်တတ်ကျွမ်းချင်ပါသလား?

🔰 လက်ရှိမှာသိထားတာတွေက အနည်းငယ်သာဖြစ်နိုင်ပေမယ့်၊ ဒီ F3 (Financial Accounting) သင်တန်းက သင့်ကို သာမန်စာရင်းကိုင်တစ်ယောက်ဘဝကနေ၊ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်တဲ့ Professional Accountant တစ်ယောက်ဖြစ်လာဖို့အတွက် အခိုင်မာဆုံးသော အုတ်မြစ်ကို ချပေးမှာဖြစ်ပါတယ်။
============================================================================================================================================
🔰 အရင်ဆုံး၊ စာရင်းကိုင်ပညာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Double Entry, Ledger Accounts, Trial Balance, Control Accounts တွေကိုလုပ်တတ်ရုံ" မဟုတ်ဘဲ၊ "ဘာကြောင့်" ဒီလိုလုပ်ရလဲဆိုတဲ့ အဆင့်ထိ ပြန်လည်ခိုင်မာအောင်တည်ဆောက်ပေးမှာပါ။ ဒါက နောက်ပိုင်းမှာ ဘယ်လောက်ရှုပ်ထွေးတဲ့ စာရင်းတွေနဲ့တွေ့တွေ့၊ အခြေခံမပျောက်သွားစေဖို့အတွက်ပါ။

🔰 ပြီးရင်၊ တကယ့်လုပ်ငန်းခွင်မှာနေ့စဉ်ကြုံတွေ့နေရတဲ့ ရှုပ်ထွေးတဲ့ပြဿနာတွေကို နိုင်ငံတကာစာရင်းကိုင်စံနှုန်း IAS (IFRS) တွေနဲ့အညီ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို သင်ယူရမှာပါ-

🔰 Inventory (IAS 2) တွေကို ဘယ်လိုတန်ဖိုးဖြတ်မလဲ?Non-current Assets (IAS 16) တွေရဲ့ Depreciation ကို ဘယ်လိုတွက်မလဲ?Provisions (IAS 37) တွေကို ဘယ်အချိန်မှာ စာရင်းထဲထည့်ရမလဲ?စာရင်းပိတ်ပြီးမှဖြစ်လာတဲ့ Events After the Reporting Period (IAS 10) တွေကို ဘယ်လိုကိုင်တွယ်မလဲ?

🔰 ကုမ္ပဏီတစ်ခုရဲ့ ကျန်းမာရေးကိုပြတဲ့ Financial Statements (Statement of Financial Position, Statement of Profit or Loss) နဲ့ Statement of Cash Flows (SOCF) တွေကို ကိုယ်တိုင်ရေးဆွဲနိုင်တဲ့အဆင့်ကို ရောက်ရှိမှာပါ။ကုမ္ပဏီအုပ်စုတစ်ခုလုံးရဲ့ ဘဏ္ဍာရေးအခြေအနေကိုပြတဲ့ Consolidated Financial Statements (Conso) တွေကိုပါ ရေးဆွဲနိုင်တဲ့အထိ သင်ကြားပေးသွားမှာပါ။ ဒါ့အပြင်၊ အဲ့ဒီ Financial Statements တွေကို Ratio Analysis သုံးပြီး၊ ကုမ္ပဏီရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဘယ်လိုသုံးသပ်ရမလဲဆိုတာကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်။

🔰 ဒီအဆင့်မှာ သင်ဟာ "စာရင်းသွင်းသူ" ဘဝကနေ "စာရင်းပြုစုသူ" ဘဝကို တက်လှမ်းနိုင်ပါပြီ။
နောက်ဆုံးမှာတော့၊ Senior Accountant တွေရဲ့ အဓိကတာဝန် တွေကိုလေ့လာရမှာပါ ။

=====================================,==================================

🔰 ACCA part1 FA Zoom Live Teaching Only
ဒီအတန်းကို APS Founder ဖြစ်တဲ့ Tr. Mabel က တိုက်ရိုက်သင်ကြားပေးမှာဖြစ်ပြီး...
ကြာမြင့်ချိန် (Duration) ကတော့ (၄) လ ဖြစ်ပါတယ်။
FA2 ရဲ့ Revision Basics တွေကိုပါ ပြန်လည်နွှေးပေးဦးမှာမို့ Foundation အားနည်းမှာ မစိုးရိမ်ရပါဘူး။
သင်ကြားမှုအားလုံးကို Zoom Live Teaching နဲ့ အပြန်အလှန်မေးမြန်းပြီး သင်ယူရမှာပါ။

Class Timetable ကတော့...
🗓 ကြာသပတေး: ည ၇:၃၀ - ၁၀:၃၀
🗓 သောကြာ: ည ၇:၃၀ - ၁၀:၀၀
🗓 စနေ: ည ၆:၀၀ - ၇:၃၀ ဖြစ်ပါတယ်။သင်တန်းကြေးအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့...
💰 Fees: သင်တန်းကြေးကို တစ်ခါတည်းအများကြီးသွင်းစရာမလိုဘဲ၊ တစ်လ 60,000 ကျပ် နှုန်းနဲ့ (၃) ကြိမ်ခွဲ သွင်းရုံပါပဲ။

သင်တန်းကြေး - 3 ကြိမ်သာသွင်းပေးရန်

Nov 6- 60000 mmk
Dec 6-60000 mmk
Jan 6- 60000 mmk

Start data - Nov 13

🔰 သင်တန်းတွင် UK exam ဖြေဆိုဖို့ကိစ္စရပ်အားလုံးလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့် UK exam ဖြေမဲ့လူတွေအနေနဲ့ဘာမှ Stress မရှိအောင်စီစဉ်ပေးထားပါတယ် ။
2
APS ACCA learning center
Photo
📚 Book Fees: စာအုပ်ကြေးအတွက် 20,000 ကျပ် သီးသန့်ကျသင့်ပါမယ်။ printed out book အသစ်တွေရပါမယ်။ မြန်မာဘာသာပြန် စာအုပ် ပါပေးတာ ကြောင့် စာသင်ပြီးရင် notes မရမှာစိုရိမ်စရာမလိုဘူးရှင့် November 13 ရက်နေ့မှာ အတန်းစတော့မှာဖြစ်လို့ ဒီနေ့ပဲ Page Messenger မှာ "FA" လို့ စာပို့ပြီး သင့်နေရာကို အမြန်ဆုံးစာရင်းပေးသွင်းလိုက်ပါ။
======================================================================

F3 ဘာသာရပ်အတွက် သင်ကြားပေးမည့် သင်ရိုးများ

1 Introduction to financial accounting
2 The qualitative characteristics of financial information
3 Records and books of prime entry
4 Ledger accounts and double entry
5 The regulatory framework
6 The trial balance, errors and suspense accounts
7 Sales tax
8 Inventory
9 Tangible Non-current assets
10 . Intangible non current assets
11.Receivable and payable
12.accruals and payable
13. bank reconciliation
14.capital structure and finance cost
15.provision and contingencies
16.control account
17.events after reporting period
18. preparing basic financial statement
19.incomplete record
20.interpretation of financial statements
21.consoliadted statements of financial position
22. Statement of cash flows
23.consoliadted statement of profit or loss

အပိုအနေနဲ့ 24 . Disclosure, + Revenue From Contract With Customer, income tax , impairment loss IAS36

🔰 စာသင်ကြားရေး Zoom Live Interaction အတန်း၊ Duration, Chapter End Test Assignment file, Test File တွေဖြင့် သေချာ structure ကျကျ ရေးဆွဲပေးထားပါတယ်

🔰 သင်ကြာပြီရင်ပြန်ဖတ်ဖို့ burmese Explanation Book ကိုလည်း chapter 23 ခန်းစား Free Pdf File ရပါတယ်ရှင့်

🔰 Zoom နဲ့သင်ပြီသား Recording တွေကို Telegram Private Group ထဲမှာအကုန်ပြန်တင်ပေးပါတယ်ရှင့်

🔰 သင်တန်းတက်နေတဲ့တစ်လျှောက်လုံး Sunday Campus မှာစာလာလုပ်လို့ရပါတယ်၊ သင်တန်းတက်တာ များသွားရင် Timetable လာဆွဲခိုင်းလို့ရပါတယ်ရှင့်

🔰 UK exam အတွက် Final Test ဖြေဆိုပြီရင် Specimen, Open Tuttion, Mixed Bank, Mock 2 စုံ ထပ်ဖြေပြီမှ UK စာမေပွဲကြီးထဲကို သွားခိုင်ပါတယ်ရှင့်

‼️ လူဦရေး ၂၀ ပဲလက်ခံတာမို့ အခုပဲနာမည်စရင်းကြိုပေးထားပြီ Nov ကျ Invoice ကျမှ payment ချေလို့ရပါပြီရှင့်၊ သင်တန်းအသေးစိတ်ကို
09457085494 or 09443043202 ကိုဆက်သွယ်မေးမြန်လို့ရပါတယ်ရှင့် ။ Nov လထဲ ACCA part1 စပြီ F3 ကနေ တက်မဲ့လူတွေကိုလည်းစာရင်းစတင်အပ်ထားလို့ရပါပြီရှင့်

သင်တန်းအသေးစိတ် - page chat box
----------------------------------------------------------------------------------------------------------------------------------------------------

ACCA part1 အတန်းအပ်နှံရန်- @aps_learning_center13
APS ACCA learning center pinned «📚 Book Fees: စာအုပ်ကြေးအတွက် 20,000 ကျပ် သီးသန့်ကျသင့်ပါမယ်။ printed out book အသစ်တွေရပါမယ်။ မြန်မာဘာသာပြန် စာအုပ် ပါပေးတာ ကြောင့် စာသင်ပြီးရင် notes မရမှာစိုရိမ်စရာမလိုဘူးရှင့် November 13 ရက်နေ့မှာ အတန်းစတော့မှာဖြစ်လို့ ဒီနေ့ပဲ Page Messenger မှာ "FA" လို့…»
APS ACCA learning center pinned «💢 LCCI lvl 3 IAS accounting or ACCA RQF lvl 3 FA2 ပြီးထားယုံနဲ့ တတ်ရောက်လို့ရမည့် ACCA part1 program ထဲက F3 - Financial accounting ဘာသာရပ် လချင်းပေးစနစ်၊ UK exam အတွက်အဓိကထားပီတစ်နှစ်မှာ ၂ ကြိမ်လောက်ပဲဖွင့်သော ACCA part1 တစ်ဘာသာချင်း Zoom Live Teaching…»
PART 2 FR ရဲ့ IAS 8 မှာ လျှမ်းရျေးမိတတ်တဲ့ "Transaction Change" (လုပ်ငန်းဆောင်ရွက်မှု အပြောင်းအလဲ) ဥပမာများ

"Transaction Change" ဆိုတာက "စီးပွားရေး ဆုံးဖြတ်ချက်" (Business Decision) အသစ်တစ်ခုကြောင့် လုပ်ငန်းရဲ့ လုပ်ဆောင်မှု (Transaction) ပုံစံပြောင်းသွားတာ ဖြစ်ပါတယ်။ ဒါဟာ စာရင်းကိုင် "နည်းလမ်း" (Policy) ဒါမှမဟုတ် "ခန့်မှန်းဂဏန်း" (Estimate) ကို ပြောင်းတာ မဟုတ်ပါဘူး။

ဒါတွေအားလုံးက IAS 8 Policy Change လည်း မဟုတ်၊ Estimate Change လည်း မဟုတ်ပါဘူး။


ဥပမာ ၁ - ကုန်ပစ္စည်း ထုတ်လုပ်ပုံ ပြောင်းလဲခြင်း

အရင်က Transaction: လုပ်ငန်းက ပစ္စည်းတွေကို ကိုယ်ပိုင်စက်ရုံ (In-house) မှာ "ကိုယ်တိုင်" ထုတ်လုပ်တယ်။

(စာရင်းသွင်းပုံ: ကုန်ကြမ်း၊ လုပ်သားခ၊ စက်ရုံစရိတ်တွေကို IAS 2 - Inventories အနေနဲ့ စာရင်းသွင်းရပါတယ်။)

အခု Transaction: စက်ရုံကို ပိတ်လိုက်ပြီး၊ အဲ့ဒီပစ္စည်းကို "အပြင်ကုမ္ပဏီ" (Outsource) ကို "အပ်ပြီး" ထုတ်ခိုင်းတယ်။

(စာရင်းသွင်းပုံ: ကိုယ့်ဆီကို "အသင့်ပြီး ပစ္စည်း" (Finished Good) ကို ဝယ်ဈေး (Purchase Cost) နဲ့ပဲ စာရင်းသွင်းရပါတယ်။)


ဘာကြောင့် Policy Change မဟုတ်တာလဲ?
သင်က ပစ္စည်းထုတ်လုပ်တဲ့ "နည်းလမ်း" (Policy) ကို ပြောင်းတာ မဟုတ်ပါဘူး။ သင်က "ကိုယ်တိုင်ထုတ်လုပ်တာ" (Manufacturing) ကို "ရပ်လိုက်ပြီး"၊ "အသင့်ဝယ်တဲ့" (Purchasing) လုပ်ငန်းပုံစံကို "ပြောင်းလိုက်တာ" ပါ။ ဒါက စီးပွားရေး စီမံခန့်ခွဲမှု (Operational) ဆုံးဖြတ်ချက်ပါ။


ဥပမာ ၂ - ကုန်ပစ္စည်း ရောင်းချပုံ ပြောင်းလဲခြင်း

အရင်က Transaction: ပစ္စည်းတွေကို ကိုယ်ပိုင်ဆိုင်ခန်း (Physical Store) မှာ "တိုက်ရိုက်" ရောင်းချတယ်။

(စာရင်းသွင်းပုံ: ပစ္စည်းရောင်းလိုက်တာနဲ့ ဝင်ငွေ (Revenue) တန်းပြပါတယ်။)

အခု Transaction: ဆိုင်ခန်းပိတ်လိုက်ပြီး၊ တခြားဆိုင်တွေမှာ "အပ်ရောင်း" (Consignment) စနစ်နဲ့ ရောင်းခိုင်းတယ်။

(စာရင်းသွင်းပုံ: ကိုယ့်ပစ္စည်းကို တခြားဆိုင်ပို့ရုံနဲ့ ဝင်ငွေ (Revenue) ပြလို့မရသေးပါဘူး။ အဲ့ဒီဆိုင်က နောက်ဆုံး Customer ကို "တကယ်ရောင်းပြီးမှ" ဝင်ငွေ ပြရပါတယ်။)


ဘာကြောင့် Policy Change မဟုတ်တာလဲ?
ဒါက ဝင်ငွေ (Revenue) ကို စာရင်းသွင်းတဲ့ "ပေါ်လစီ" ပြောင်းတာ မဟုတ်ပါဘူး။ ဝင်ငွေ "ရတဲ့ ပုံစံ" (Sales Model) ကိုယ်တိုင် ပြောင်းသွားတာပါ။ "တိုက်ရိုက်ရောင်းတာ" နဲ့ "အပ်ရောင်းတာ" က အခြေခံ Transaction ကတည်းက မတူပါဘူး။

ဥပမာ ၃ - လုပ်ငန်းအတွက် ငွေကြေးရှာဖွေပုံ ပြောင်းလဲခြင်း

အရင်က Transaction: လုပ်ငန်းအတွက် ငွေလိုတဲ့အခါ ဘဏ်ကနေ "ချေးငွေ" (Bank Loan) ယူတယ်။

(စာရင်းသွင်းပုံ: Liability (ကြွေး) ပြရပြီး၊ Interest (အတိုး) ကို Expense အဖြစ် နှစ်တိုင်း ရှင်းရပါတယ်။)

အခု Transaction: ဘဏ်ကနေ ငွေမချေးတော့ဘဲ၊ "ရှယ်ယာအသစ်တွေ" (New Shares) ထုတ်ရောင်းပြီး ငွေရှာတယ်။

(စာရင်းသွင်းပုံ: Equity (မတည်ငွေ) အနေနဲ့ ပြရပြီး၊ အမြတ်ဝေစု (Dividends) ခွဲပေးရပါတယ်။)

ဘာကြောင့် Policy Change မဟုတ်တာလဲ?
ဒါက "ငွေရှာတဲ့ ပေါ်လစီ" ပြောင်းတာ မဟုတ်ပါဘူး။ "ငွေရှာတဲ့ နည်းလမ်း" (Financing Method) ကိုယ်တိုင် ပြောင်းသွားတာပါ။ "ချေးငွေ" (Debt) နဲ့ "ရှယ်ယာ" (Equity) က အခြေခံကတည်းက လုံးဝမတူတဲ့ ငွေကြေး Transaction တွေ ဖြစ်ပါတယ်။

ဥပမာ ၄ - ဝန်ထမ်း လစာပေးပုံ ပြောင်းလဲခြင်း

အရင်က Transaction: ဝန်ထမ်းတွေကို လစဉ် "လစာ" (Salary) နဲ့ နှစ်ကုန်မှာ "ငွေသား ဘောနပ်စ်" (Cash Bonus) ပေးတယ်။

(စာရင်းသွင်းပုံ: Expense အဖြစ် တိုက်ရိုက် စာရင်းသွင်းပါတယ်။)

အခု Transaction: "ငွေသား ဘောနပ်စ်" မပေးတော့ဘဲ၊ အဲ့ဒီအစား ကုမ္ပဏီရဲ့ "ရှယ်ယာ ဝယ်ယူခွင့်" (Share Options) ကို ပေးတယ်။

(စာရင်းသွင်းပုံ: IFRS 2 - Share-based Payment အရ ရှုပ်ထွေးတဲ့ Fair Value တွက်ချက်မှုတွေနဲ့ Expense ကို ခွဲပြီး သွင်းရပါတယ်။)


ဘာကြောင့် Policy Change မဟုတ်တာလဲ?
ဒါက ဝန်ထမ်းကို ပေးတဲ့ "အကျိုးခံစားခွင့်" (Compensation) ရဲ့ "အမျိုးအစား" (Type) ကိုယ်တိုင် ပြောင်းသွားတာပါ။ "ငွေသား" ပေးတာကနေ "ရှယ်ယာ" ပေးတာကို ပြောင်းလိုက်တာဖြစ်လို့ Transaction ကိုယ်တိုင်က လုံးဝ မတူတော့ပါဘူး။
Forwarded from Aps Learning Center
APS ACCA learning center
Voice message
F3 တစ်ပတ်အလို UK ဖြေမဲ့လူတွေအတွက် Advise Tips ❤️
Forwarded from Aps Learning Center
APS ACCA learning center
Voice message
Revesion သမားတွေအတွက် ❤️
This media is not supported in your browser
VIEW IN TELEGRAM
Other : ဆရာမအချင်းချင်း ဘာတွေပြောကြလဲ ?

USS
🤣2
For study Instrumental Music ❤️
2
Western Music recommend 🐳
Burmese Song for study>>>
APS ACCA learning center
Other : ဆရာမအချင်းချင်း ဘာတွေပြောကြလဲ ? USS
IAS 41 ဆိုတာဘာလဲ။


IAS 41 (International Accounting Standard 41) ဆိုတာ Biological Assets (ဇီဝဆိုင်ရာ ပိုင်ဆိုင်မှုများ) နဲ့ သက်ဆိုင်တဲ့ စာရင်းကိုင်စံနှုန်း ဖြစ်ပါတယ်။
Biological Asset (ဇီဝဆိုင်ရာ ပိုင်ဆိုင်မှု): ဆိုတာ အသက်ရှိနေတဲ့ တိရစ္ဆာန် (ဥပမာ- နွား၊ သိုး၊ ဝက်) ဒါမှမဟုတ် အပင် (ဥပမာ- သစ်ပင်၊ သီးနှံပင်) ကို ခေါ်ပါတယ်။
Agricultural Activity (စိုက်ပျိုးမွေးမြူရေး လုပ်ငန်း): ဆိုတာ အဲဒီ အသက်ရှိတဲ့ အပင်/တိရစ္ဆာန်တွေကို စီမံခန့်ခွဲပြီး (Biological Transformation) ကုန်ပစ္စည်းအသစ် (Agricultural Produce) တွေ ထုတ်လုပ်၊ ရိတ်သိမ်း၊ ရောင်းချတာကို ပြောတာပါ။
Biological Transformation: ဆိုတာ ကြီးထွားခြင်း (Growth)၊ မျိုးပွားခြင်း (Procreation)၊ အိုမင်းခြင်း (Degeneration) စတဲ့ အသက်ရှင်သန်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေပါ။
IAS 41 က အဓိကအားဖြင့် ဒီ Biological Assets တွေကို ဘယ်လို စာရင်းသွင်းမလဲ၊ ဘယ်လိုတန်ဖိုးဖြတ်မလဲ ဆိုတာကို သတ်မှတ်ပေးပါတယ်။
၂။ Consumable Plant နှင့် Bearer Plant (အဓိက ကွာခြားချက်)
ဒါက IAS 41 မှာ အရေးကြီးဆုံး ခွဲခြားမှုတစ်ခု ဖြစ်ပါတယ်။
(
က) Consumable Plants (စားသုံး/အသုံးပြုရန် အပင်များ)
ဆိုလိုရင်း: ဒီအပင်တွေကို စိုက်ထားတာက အပင်လိုက် ရိတ်သိမ်းဖို့ ဒါမှမဟုတ် တစ်ကြိမ်ရိတ်သိမ်းပြီးရင် အပင်က သေသွား/ပြန်သုံးမရတော့တဲ့ အပင်မျိုးတွေပါ။
ဥပမာ: စပါးပင် (စပါးရိတ်ပြီးရင် အပင်က ပြီးပြီ)၊ ဂျုံ၊ ပြောင်းဖူး၊ ဟင်းသီးဟင်းရွက်ပင်များ။
စာရင်းကိုင်ခြင်း: ဒါတွေက IAS 41 (Biological Assets) အောက်မှာ အပြည့်အဝ ရှိပါတယ်။

(ခ) Bearer Plants (သီး/ထွက်ကုန် ပေးသော အပင်များ)
ဆိုလိုရင်း: ဒီအပင်တွေကို စိုက်ထားတာက သူ့ဆီကနေ ထွက်ကုန် (Produce) တွေ အကြိမ်ကြိမ် ရဖို့ ဖြစ်ပါတယ်။ အပင်ကိုယ်တိုင်ကို ရောင်းဖို့ မဟုတ်ပါဘူး (သက်တမ်းကုန်မှ Schrap အဖြစ် ရောင်းတာကလွဲရင်)။
ဥပမာ: ပန်းသီးပင် (ပန်းသီးတွေ အကြိမ်ကြိမ် ခူးရတယ်၊ အပင်ကြီးကို ရောင်းတာမဟုတ်)၊ စပျစ်ခြံက စပျစ်နွယ်ပင်တွေ၊ ရာဘာပင်၊ ဆီအုန်းပင်။


၃။
Bearer Plant ကို ဘာလို့ IAS 16 (PPE) မှာ ပြတာလဲ။
အရင်တုန်းက Bearer Plants တွေက IAS 41 အောက်မှာပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ Standard ကို ပြင်ဆင်ခဲ့ပါတယ်။
အကြောင်းရင်း:
Bearer Plant တွေရဲ့ အလုပ်လုပ်ပုံ (Function) က စက်ရုံတစ်ရုံက စက်ပစ္စည်း (Machine) တစ်ခုနဲ့ သွားတူနေလို့ပါပဲ။
စက် (Machine) - IAS 16 (PPE): ကုန်ပစ္စည်းတွေထုတ်ဖို့ နှစ်ရှည် (more than one period) သုံးတယ်။ စက်ကို ပြန်ရောင်းဖို့ မဟုတ်ဘူး။ စက်ကနေ ကုန်ပစ္စည်း (Product) တွေ ထွက်လာတယ်။
ပန်းသီးပင် (Bearer Plant) - IAS 16 (PPE): ပန်းသီးတွေထုတ်ဖို့ နှစ်ရှည် (more than one period) သုံးတယ်။ အပင်ကို ပြန်ရောင်းဖို့ မဟုတ်ဘူး။ အပင်ကနေ ပန်းသီး (Product) တွေ ထွက်လာတယ်။
ဒီလို အလုပ်လုပ်ပုံချင်း တူညီနေတဲ့အတွက်၊ Bearer Plants တွေကို စက်ပစ္စည်းတွေလိုပဲ IAS 16 (Property, Plant and Equipment - PPE) အောက်မှာ ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါဆို Bearer Plant က IAS 41 Definition ထဲ မဝင်ဘူးလား။ (မေးခွန်း ၃)
ဝင်ပါတယ်။ Bearer Plant (ဥပမာ - ပန်းသီးပင်) က "အသက်ရှိတဲ့ အပင်" (Living Plant) ဖြစ်တဲ့အတွက် Biological Asset ရဲ့ Definition ထဲကို ဝင်ပါတယ်။
ဒါပေမဲ့၊ IAS 41 Standard ရဲ့ Scope (အတိုင်းအတာ) ကဏ္ဍမှာ "Bearer Plants တွေက IAS 16 (PPE) နဲ့ သက်ဆိုင်ပါတယ်၊ ဒီ Standard (IAS 41) နဲ့ မသက်ဆိုင်ပါဘူး" လို့ ခြွင်းချက် (Scope Out) အနေနဲ့ အတိအလင်း ပြန်ထုတ်ထားတာပါ။
အရေးကြီးတဲ့ ခွဲခြားမှု:
ဒါပေမဲ့... Bearer Plant (ပန်းသီးပင်) ပေါ်မှာ သီးနေတဲ့ Produce (ပန်းသီး အလုံး) ကတော့ ရိတ်သိမ်းခါနီးအထိ IAS 41 (Biological Asset) အောက်မှာ ရှိနေဆဲပါ။
အနှစ်ချုပ် (Bearer Plant Example):
ပန်းသီးပင် (The Tree): IAS 16 (PPE) (Cost Model or Revaluation Model နဲ့ ပြမယ်၊ နှစ်စဉ် Depreciation နှုတ်ရမယ်)။
ပင်ပေါ်မှာ သီးနေတဲ့ ပန်းသီး (Growing Apple): IAS 41 (Biological Asset) (Fair Value less Cost to Sell နဲ့ ပြမယ်)။
ခူးလိုက်တဲ့ ပန်းသီး (Harvested Apple): IAS 2 (Inventory) (ခူးလိုက်တဲ့အချိန်က FVLCTS က သူ့ရဲ့ Cost ဖြစ်သွားမယ်)။
2
Forwarded from Aps Learning Center
This media is not supported in your browser
VIEW IN TELEGRAM
မြေပြင်က record လေးပါ BT ထဲက လူတစ်ယောက်က သူ့ရဲ့ Budget ကို သုံးတဲ့အခါမှာ၊ သူသုံးလိုက်တဲ့ ပိုက်ဆံတစ်ကျပ်ချင်းစီကနေ အကျိုးကျေးဇူး (Utility) အများဆုံး ပြန်ရမယ့် ပစ္စည်း/ဝန်ဆောင်မှုကို အရင်ဆုံးရွေးချယ်သင့်ပါတယ်။ ဒီလိုရွေးချယ်သွားရင်းနဲ့ Budget ကုန်သွားတဲ့အထိ သုံးစွဲခြင်းက စုစုပေါင်း ကျေနပ်မှုအများဆုံးကို ရရှိစေပါတယ်။

ဒါကို ပိုပြီးတိတိကျကျပြောရရင်၊ "တစ်ဒေါ်လာ သုံးလိုက်တိုင်း ရရှိမယ့် အပိုကျေနပ်မှု (Marginal Utility per Dollar - MU/$)"