Anime series 3《MMSUB》
22.5K subscribers
1.62K photos
1.27K videos
1.49K links
MMSUB

For Ads- @HARRINGTON_05
Download Telegram
Spy Classroom《MMSUB》

(Spy Kyoushitsu)
🇯🇵

Genres: Action, Comedy,
Mystery, Romance
🎭

ပြင်းထန်တဲ့စစ်ပွဲတစ်ခုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာကို ပြည်သူပြည်သားတွေ ခံစားလိုက်ရတဲ့အခါမှာ တစ်ကမ္ဘာလုံးက အစိုးရတွေက သူတို့ရဲ့စစ်ဆင်ရေးကို မှန်းဆရခက်အောင် နောက်တစ်ဆင့်ထပ်တိုးမြှင့်လိုက်ပါတယ်။ မှောင်မိုက်ထဲမှာတိုက်တဲ့ တိုက်ပွဲအဖြစ်နဲ့ပေါ့၊ Lily လို့ ခေါ်တဲ့ ပန်းဖြူလေးတစ်ပွင့်ကို ပန်ဆင်လေ့ရှိတဲ့မိန်းကလေးဟာ လူငယ်လူရွယ်တွေကို စွမ်းရည်မြင့် သူလျှိုတွေဖြစ်အောင်လေ့ကျင့်ပေးတဲ့ ကျောင်းတွေထဲကတစ်ကျောင်းမှာတက်နေတဲ့ မိန်းမပျိုလေးပေါ့။ သူဟာ ရေးဖြေစာမေးပွဲတွေမှာ အမှတ်ကောင်းရနေပေမယ့်လည်း လက်တွေ့စာမေးပွဲတွေမှာ မအောင်ရုံတမယ်ဖြစ်နေတော့ သူ့ရဲ့ ကျောင်းပြီးချင်တဲ့အိမ်မက်က လက်တွေမှာ ဝေဝါးနေခဲ့တာပေါ့။ တစ်နေ့ ထူခြားဆန်းပြားတဲ့ "Tomoshibi" ခေါ် အဖွဲ့တစ်ဖွဲ့နဲ့ အောင်မြင်ဖို့ခဲယဉ်းတဲ့ စစ်ဆင်ရေးတစ်ခုမှာ ပါဝင်ခွင့်ရလာတဲ့အချိန်မှာ​တော့...ကဲ Lily တစ်ယောက် သူမထင်မှတ်ထားတဲ့ လက်ရွေးစင်စပိုင်အဖွဲ့နဲ့ အတူလက်တွဲခွင့်လုပ်ဆောင်ခွင့်ရတဲ့အချိန်မှာ သူ့အဖွဲ့ဝင် အခြားဒုက္ခအိုးမိန်းမပျိုတွေအပါအဝင် ဆန်းကြယ်တဲ့ ခေါင်းဆောင်ယောင်္ကျားနဲ့အတူ အခက်အခဲတွေကို ဘယ်လိုဆက်ပြီး ရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ...

Ep 1 to 12 END🔗
https://t.me/animemmuser2/3802

Please open Telegram to view this post
VIEW IN TELEGRAM
1
Babylon《MMSUB》🤦

Genres: Mystery, Psychological, Thriller
🎭

အဓိက ဇာတ်ကောင်တစ်ယောက်ဖြစ်သူ Zen Senzaiki ဟာ မကြာသေးခင်ကမှ တည်ဆောက်ထားတဲ့ Shinki ခရိုင်ရဲ့ ဥပဒေရုံးမှာ တာဝန်ထမ်းဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူနှင့် သူ့ရဲ့လက်ထောက် Atsuhiko Fumio တို့ဟာ Japan Supiri ဆိုတဲ့ ဆေးဝါးကုမ္ပဏီအမှုကို လိုက်ရင်းကနေ Shin Inaba ဆိုတဲ့ အမှု့မှာပါဝင်နေတဲ့ မေ့ဆေးဆရာဝန်ရဲ့ဖိုင်ကို စစ်ဆေးမိခဲ့ကြပါတယ်။ ဒီလိုနဲ့ စစ်ဆေးရင်း Zen ဟာ ဖိုင်ထဲကစာရွက်က​နေ သွေးကွက်အပြည့်နဲ့ စာရွက်တစ်ရွက်ထဲကနေ ဆံပင်၊ အသားစနဲ့ အက္ခရာ "F" ​တွေချည်းပြည့်နှက်နေတဲ့ မသင်္ကာစရာဖြစ်ရပ်ကို ရှာတွေ့သွားခဲ့ပါတယ်။ ဒီလိုနဲ့ Zen တစ်ယောက် တဖြည်းဖြည်းစုံစမ်းရင်း အမှု့ဟာ နက်သထက်နက်လာခဲ့ပြီး Zen တစ်ယောက် Shiki မှာ မကြာခင်ကျင်းပမဲ့ ရွေးကောက်ပွဲရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ဖြစ်ရပ်ကြီးကိုပါ ရှာတွေ့လာခဲ့ပါတယ်။ ဒီဖုံးကွယ်ထားတဲ့ နောက်ကွယ်ကအရာကဘာလဲ? နောက်ပြီး သွေးစွန်းနေတဲ့စာရွက်ကရော ဘယ်လိုအရာတွေထိ ဆွဲခေါ်သွားမလဲဆိုတာတော့ ကိုယ်တိုင်ဆက်လက်ရှုစားလိုက်ကြပါဦးဗျာ...

Ep 1 to 12 END🔗
https://t.me/animemmuser4/889

Please open Telegram to view this post
VIEW IN TELEGRAM
1
Rent-A-Girlfriend [2025] S4🤔

(Kanojo Okarishimasu)🇯🇵

Genres: Comdey, Romance, Slice of Life
🎭

Org post


ကိုယ့်ကိုမချစ်မနှစ်သက်တဲ့ လူတစ်ယောက်ကိုနီးစပ်ဖို့ အတင်းကာရော ကြိုးစားခဲ့ဖူးသလား? မျှော်လင့်ချက်တွေတပုံတပင်နဲ့ နီးစပ်ကာနီးမှ အငြင်းခံလိုက်ရတာမျိုးရော ခံစားဖူးသလား? ကြိုးရှည်ရှည်နဲ့ လှပ်ထားတာမျိုး၊ အကို့ကို ပြန်မချစ်နိုင်ပါဘူး၊ မောင်လေးကို ပြန်မချစ်နိုင်ပါဘူး ဆိုပြီးရော အငြင်းခံဖူးသလား? ဒီလိုကားမျိုးလေးပါ။ ဒီလောက်ဆိုလုံလောက်ပါပြီ...

Season 1 to 3 ပြန်ကြည့်ရန်နှိပ်ပါ✍️

S04E08 (ongoing)
https://t.me/+t2snKUXX_n82ZmY1


Please open Telegram to view this post
VIEW IN TELEGRAM
1
The Rising Of The Shield Hero [2025] S4🤦

(Tate no Yuusha no Nariagari)🇯🇵

Genres: Action, Adventure, Drama
🎭

Org post


​မျှော်​နေခဲ့ရတဲ့ ဒိုင်းကိုကို S4 လာပါပြီ။ Isekai ထဲမှာ တော်တော်ကြည့်ကောင်းတဲ့ကားလို့ပြောရပါမယ်။ Review သိပ်လိုမယ်မထင်​တော့ပါဘူး။ S3မှာ ရက်ဖ်တာလီယာ ကို Miko အဝတ်ဝတ်ပေးမိလို့ Q-Tenlo ကတိုက်ခိုက်တော့ Q’Tenlo ကိုသွားကြမ်းမယ့် နာအိုမီတို့အဖွဲ့၊ ဟို Bitchကရော ဘယ်လိုတွေမွှေဦးမလဲ ကြည့်သာကြည့်လိုက်ကြတော့ဗျာ...

SEASON 1 to 3 ပြန်ကြည့်ရန်နှိပ်ပါ✍️

S04E07 (ongoing)
https://t.me/+qbgNOoP6O9ExMzg1


Please open Telegram to view this post
VIEW IN TELEGRAM
I Was Reincarnated as the 7th Prince so I Can Take My Time Perfecting My Magical Ability [2025] S2🤦

(Tensei shitara Dainana Ouji Datta node, Kimama ni Majutsu wo Kiwamemasu)🇯🇵

Genres: Adventure, Fantasy, Isekai
🎭

Org post


၇ ​ယောက်​မြောက်မင်းသားအဖြစ်ပြန်ဝင်စားတဲ့​ကောင်​လေး S2 လာပါပြီ၊ မှော်ပညာကို ချစ်မြတ်နိုးပေမဲ့လည်း သာမန်ပင်ကိုစွမ်းရည်နဲ့ မွေးဖွားလာတဲ့ သာမန်လူတစ်ယောက်ဟာ အကြောင်းမသင့်ဘဲ သေဆုံးသွားပြီး အသန်မာဆုံး Bloodline ကို ပိုင်ဆိုင်ထားတဲ့ Saloum တိုင်းပြည်ရဲ့ ခုနှစ်ယောက်မြောက် မင်းသားအဖြစ် ပြန်ဝင်စားခဲ့တဲ့အခါ၊ မင်းသား​လေးဘယ်လို​တွေရှယ်ကြမ်းပြသွားဦးမလဲဆိုတာ S2မှာ ဆက်​စောင့်ကြည့်​ပေးကြပါဦးဗျာ...

SEASON-1 ပြန်ကြည့်ရန်နှိပ်ပါ🤔

S02E07 ရပါပြီ (ongoing)
https://t.me/+9iHZLtHhaqY5OTJl


Please open Telegram to view this post
VIEW IN TELEGRAM
3
Twilight Out of Focus《MMSUB》

(Tasogare Out Focus)🇯🇵

Tasogare Out Focus ဆိုတဲ့ နာမည်ကြီး BL Manga ကို ပြန်လည်ပုံဖော်ထားတဲ့ ၁၂ ပိုင်းပါ BL Anime လေးပဲဖြစ်ပါတယ်...


Genres: Drama, Romance, Slice of Life🎭

ယောက်ျားလေး အထက်တန်းကျောင်းက ရုပ်ရှင်ကလပ်လေးတစ်ခုကို အခြေခံထားပြီး စုံတွဲ ၃ တွဲ ပုံစံမျိုး တင်ဆက်ထားတာပါ။ ပထမအတွဲလေးကတော့ ဒုတိယနှစ်ကျောင်းသားလေး ၂ ယောက် အဆောင်တစ်ခန်းတည်း အတူတူကျတယ်။ ဂေးတစ်ယောက်ဖြစ်တဲ့ Ootomo ကို Mao က ဘာမှဝေဖန်ရတာမျိုးမရှိသလို Mao ကလည်း Ootomo ကို မချစ်မိအောင်နေရမယ်ဆိုပြီး ကတိလေးတွေထားပြီး နေထိုင်ခဲ့ရာကနေ ဘယ်လိုဆက်ဖြစ်ကြမလဲ…? ဒုတိယအတွဲလေးကတော့ စတွေ့ကတည်းက ဘုနဲ့ဘောက်ဆိုသလိုပဲ အရည်အချင်းရှိပြီး ဘယ်သူနဲ့မှ မတည့်တဲ့ Ichikawa ဟာ တတိယနှစ် ရုပ်ရှင်ကလပ်ဥက္ကဌနဲ့ ရန်ဖြစ်နေရာက အဆောင်တစ်ခန်းတည်း ယာယီကျပါတယ်။ ဒါပေမဲ့ အဲဒီမှာ လျှို့ဝှက်ထားတဲ့ အတိတ်လေးတစ်ခုကနေ တဖြည်းဖြည်း ရင်းနှီးလာခဲ့ရာမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ…? တတိယအတွဲလေးကတော့ ဖြတ်ဖြတ်လူးပြီး ကောင်လေးလိုချင်နေတဲ့ Shion ဆိုတာ ဘဲလိုချင်လွန်းလို့ကို ယောက်ျားလေးကျောင်းပြောင်းလာပြီး ကလပ်ပေါင်းစုံ ပတ်ဝင်ပေမဲ့ အဆင်မပြေပဲ ရုပ်ရှင်ကလပ်ထဲ ရောက်ခဲ့ရာမှာတော့ အနေအထိုင်အေး ထူးထူးခြားခြားရှိတဲ့ တတိယနှစ်အစ်ကိုကြီး Rei နဲ့ ဆုံတွေ့ခဲ့ရာကနေ ဘာတွေဆက်ဖြစ်မလဲ...? စသဖြင့် အထက်တန်းကျောင်းသား​တွေ ရုပ်ရှင်ကလပ်မှာ ဘယ်လိုတွေ ကြိုးစားကျော်ဖြတ်ကြသလဲဆိုတာကို ဗဟိုပြုပြီး BL အချစ်ဇာတ်လမ်းလေးတွေကို တင်ဆက်ပေးထားတဲ့ Anime​ ပဲဖြစ်ပါတယ်...

Ep 1 to 12 END⤵️
https://t.me/animemmuserlinkcollection/1634

Please open Telegram to view this post
VIEW IN TELEGRAM
4
The Water Magician [2025]👩‍👩‍👦‍👦

(Mizu Zokusei no Mahoutsukai Daiichibu)🇯🇵

Genres: Action, Adventure, Fantasy
🎭

Org post


Ryou ဆိုတဲ့ကောင်လေးဟာ တခြားကမ္ဘာကိုဝင်စားခဲ့ပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်း​နေရမယ်ထင်နေသူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူဝင်စားတဲ့နေရာဟာ အန္တရာယ်များတဲ့ သားရဲတွေနဲ့ပြည့်နေတဲ့ တောအုပ်ဖြစ်နေလေရဲ့။ Ryou ဟာ ရေမှော်အစွမ်းကိုသုံးနိုင်ပြီး ထာဝရနုပျိုခြင်းအစွမ်းကို ရရှိထားသူပါ။ အနှစ် ၂၀ လောက် တောအုပ်ထဲမှာ သားရဲတွေနဲ့ ရှင်သန်တိုက်ခိုက်ရင်း ဘဝအတွက် အပြောင်းအလဲတစ်ခုဖြစ်လာပါတော့တယ်။ အဲ့ဒါကတော့ သူနေထိုင်တဲ့နေရာကို ပြင်ပလောကက Abel ဆိုတဲ့ ဉာဏ်ကြီးရှင်စစ်သည်တော်ရောက်လာတာပါပဲ။ Abel ရဲ့အကူအညီနဲ့ Ryou တစ်ယောက် ပြင်ပလောကကိုခြေဆန့်ဖို့ ဆုံးဖြတ်ခဲ့လေရာ ရေမှော်သုံးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေတဲ့ Ryou က ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ...

Episode- 7 (ongoing)
https://t.me/+xJAJ_fvpyAQwNzFl


Please open Telegram to view this post
VIEW IN TELEGRAM
2
My Daemon (2023)🤪

(Boku no Daemon)
🇯🇵

Rating အ​ကောင်းစား​တွေရရှိထားတဲ့ နက်ဖလစ်ရဲ့ ၂၀၂၃ခုနှစ်ထွက် animeစီးရီး​ကောင်း​လေးတစ်ခုပါ...


Genres: Fantasy, Drama, Sci-Fi 🎭

နယူကလီးယားထုတ်လုပ်ရာနေရာကနေ ပျံ့လွှင့်လာတဲ့ ဒေးမိုးနီးယန်းအမှုန်လေး​တွေကြောင့် လူသားတွေဟာ ဒေမွန်ရောဂါကို ခံစားနေကြရပါတယ်။ အဲဒီရောဂါဖြစ်ပြီးတဲ့သူတိုင်းဟာ ကင်ဆာလိုပဲ အသက်ရှည်ရှည်မနေရတော့ပါဘူး။ ဒေးမိုးနီးယန်းအမှုန်လေးတွေကနေတစ်ဆင့် ဒေမွန်ဆိုတဲ့ မကောင်းဆိုးဝါးတွေလည်း ပေါက်ဖွားပြီးတော့ လူသားတွေက ဒေမွန်တွေကို လူသားကမ္ဘာကို ပျက်စီးခြင်းတွေ ယူဆောင်လာတယ်ဆိုပြီးတော့ မြင်တာနဲ့ မြင်တဲ့နေရာမှာ သတ်ပစ်ရမယ်လို့ သတ်မှတ်ထားကြပါတယ်။ ကန်တိုဆိုတဲ့ ကောင်လေးဟာလည်း ဒေမွန်ရောဂါကို ခံစားနေရသူဖြစ်ပြီး မိခင်ဖြစ်သူမှ အလိုလိုက်ချင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ တစ်ရက် ကျောင်းက ပရောဂျက်တစ်ခုကြောင့်နဲ့ လမ်းမှာတွေ့တဲ့ ဒေးမိုးနီးယန်းအမှုန်လေးကို ကောက်ယူလာရာကနေ အန်နာဆိုတဲ့ ဒေမွန်လေးပေါက်ဖွားလာပါတော့တယ်။ သူငယ်ချင်းမရှိတဲ့ ကန်တိုလေးဟာ အန်နာလေးကိုပဲ အဖော်ပြုရင်းနေလာရာကနေ ဒေမွန်နဲ့ လူသားအတူတူ​နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းမှုတွေကြောင့် အန်နာလေးကို ဒေမွန်သခင်တွေက လိုက်ဖမ်းတာကိုခံရရင်းနဲ့ အန်နာကိုလိုက်ဖမ်းတဲ့ ဒေမွန်သခင်နဲ့ ကန်တိုတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်း ကန်တိုလေးကို ပစ်လိုက်တဲ့ပစ်ချက်ဟာ ကန်တိုလေးကိုစိတ်မချလို့လိုက်လာတဲ့ မိခင်ဖြစ်သူကို မတော်တဆထိမှန်ပြီး မိခင်ဖြစ်သူသေဆုံးသွားရပါတော့တယ်။ ဒီနောက်မှာတော့ မိခင်ဖြစ်သူရဲ့အသက်ကို ပြန်လည်ကယ်တင်မယ်ဆိုပြီးတော့ သိမ်းဆည်းရေးဒေမွန်လေးအန်နာကို မိခင်ဖြစ်သူရဲ့အလောင်းကို သိမ်းဆည်းခိုင်းထားပြီး သတင်းသဲ့သဲ့ကြားဖူးတဲ့ အချိန်နောက်ပြန်လှည့်နိုင်တဲ့ ဒေမွန်ကို အရှာထွက်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲဖြစ်ပါတယ်...

အပိုင်း ၁၃ ပိုင်းပါဝင်မှာဖြစ်ပြီး ဖြည်းဖြည်းချင်း update လုပ်​ပေးသွားပါမယ်ဗျ File size များတာမို့ ​ဒေတာသမား​တွေလဲအဆင်​ပြေ​အောင် HD/SD ဗားရှင်းနှစ်မျိုးနဲ့တင်​ပေးသွားပါမယ်😌

Episode 3+4 update🤔
https://t.me/+TzVTvSg-J6I4MWVl


Please open Telegram to view this post
VIEW IN TELEGRAM
Honey and Clover《MMSUB》

(Hachimitsu to Clover)🇯🇵

Genres: Romance, Comedy, Drama
🎭

ဒီ anime လေးက တက္ကသိုလ်ကျောင်းသား ၅ယောက် ရဲ့ လူငယ်သဘာဝ ဟာသဆန်ဆန် အချစ်ဇာတ်လမ်းလေးပါ။ Takemato ၊ Morita နဲ့ Mayama ဆိုတဲ့ ​ကောင်​လေးသုံးယောက်ကတော့ တက္ကသိုလ်နဲ့နီးတဲ့ အဆောင်တစ်ခုမှာ တူတူနေကြတဲ့ ညီအစ်ကိုလို သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ တခြားမြိုကနေ တိုကျိုကို ကျောင်းတက်ဖိုလာတဲ့ Hagu ဆိုတဲ့ ကောင်မလေးသေးသေးလေးတစ်ယောက်ဟာ သူ့ဦးလေးနဲ့အတူ အဆောင်ကိုရောက်လာခဲ့ပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ မြေထည်လုပ်ငန်းကို စိတ်ဝင်စားတဲ့ Yamada ဆိုတဲ့မိန်းကလေးပါ။ ဝါသနာမတူ၊ စရိုက်မတူတဲ့ တက္ကသိုလ်ကျောင်းသားငါးယောက်ရဲ့ ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်လမ်း​လေးပေါ့ဗျာ...

Ep 1 to 24 END🔗
https://t.me/animemmuser2/3833

Please open Telegram to view this post
VIEW IN TELEGRAM
👍3
My Love Story with Yamada-kun at Lv999《MMSUB》

(Yamada-kun to Lv999 no Koi wo Suru)🇯🇵

Genres: Romance, Comedy, Slice of Life
🎭

ကောင်လေးဖြစ်သူကပါ ဂိမ်းထဲကကောင်မလေးဆီကနေ ခြံခုန်တာခံရပြီး စောစောစီးစီး ဂျိုပေါက်သွားရှာတဲ့ မမတစ်ယောက်ရဲ့ဖူးစာ ဘယ်ဆီမှာရှိနိုင်အုံးမလဲ? ဒီလိုနဲ့ ကောင်လေးပလစ်တာခံလိုက်ရတဲ့ မမ Akane တစ်ယောက် ရည်းစားထပ်ထားဖို့ရာ ချိတုံချတုံဖြစ်နေပါတယ်။ ပလေးခံလာရရသမျှ ဂိမ်းထဲမှာပဲလောင်​နေရပါတယ်တဲ့။ အဲ့မှာ Yamada kun ရဲ့ Character နဲ့တွေ့ပါ​တော့တယ်။ မိန်းကလေး သဘာဝမို့ မမ Akane တစ်ယောက် Yamada kun အပေါ် ခံစားချက်လေးတွေ စပြလာတာပေါ့။ Yamada kun က အပြင်မှာလဲ ကိုရေခဲတုံးမလို့ အေးတိအေးစက်နဲ့ပဲဆက်ဆံပါတယ်။ ဆက်ဆံရေးကျဲတဲ့ ကျောင်းသား Gamer လေး Yamada kun နဲ့ ဘဲပစ်ခံမမ Akane တို့ ဆက်ဆံရေးလေးက ဘယ်လိုဖြစ်လာမလဲ? Gamer ဝါသနာတူလို့ နင်မယူငါယူ ပဲများကြလေမလား? ကိုရေခဲတုံးကရော Akane အပေါ် တိမ်းညွှတ်လာမှာလား? ကျန်တာမပြောတော့ဘူး မမ Inori အသံလေးကြားရရုံနဲ့တင် Perfect ဖြစ်နေပြီမလို့ ဖင်မလေးလက်မနှေးဘဲ ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။ ကိုရေခဲတုံးနဲ့ Gamer မမ တို့ကိုကြည့်ပြီး စိတ်အပန်းပြေကြပါစေဗျာ...

Please open Telegram to view this post
VIEW IN TELEGRAM
21🍓3👍1🥰1
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi wo Suru ep2
#Credit_Senpai_Anime_MM
20👍1
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi wo Suru ep3
#Credit_Senpai_Anime_MM
21👍2
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi wo Suru ep5
#Credit_Senpai_Anime_MM
18👍1
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi wo Suru ep6
#Credit_Senpai_Anime_MM
17👍1
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi wo Suru ep7
#Credit_Senpai_Anime_MM
17👍1
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi wo Suru ep8
#Credit_Senpai_Anime_MM
17👍1
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi wo Suru ep9
#Credit_Senpai_Anime_MM
13👍1
Media is too big
VIEW IN TELEGRAM
Yamada-kun to Lv999 no Koi
wo Suru ep11

#Credit_Senpai_Anime_MM
16👍1