Anime series 3《MMSUB》
22.6K subscribers
1.63K photos
1.27K videos
1.5K links
MMSUB

For Ads- @HARRINGTON_05
Download Telegram
The Fragrant Flower Blooms with Dignity [2025]🌸

(Kaoru Hana wa Rin to Saku)🇯🇵

Genres: Romance, Drama
🎭

Org post


ယောကျာ်းလေးသီးသန့်ကျောင်း Chidori နဲ့ မိန်းကလေးသီးသန့်ကျောင်း Kikyo တို့ဟာ ဘေးချင်းကပ်ရပ်တွေဆိုပေမဲ့ တစ်ကျောင်းနဲ့တစ်ကျောင်းက မသင့်မြတ်ကြပါဘူး။ တစ်နေ့မှာ Chidori ကျောင်းက ဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟာ မိဘတွေရဲ့မုန့်ဆိုင်မှာ အလုပ်ကူလုပ်ရင်း Kaoruko Waguri ဆိုသူ ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ်။ ကြောက်ဖို့ကောင်းတယ်ဆိုပြီး အမြဲအထင်လွဲခံရတဲ့ Rintaro ဟာ Waguri က သူ့ကို အပေါ်ယံကြည့်ပြီးမဆုံးဖြတ်တာကြောင့် ပျော်ရွင်နေခဲ့လေရဲ့၊ ဒါပေမဲ့လည်း Rintaro တစ်ယောက် Waguri က Kikyo ကျောင်းသူဖြစ်တယ်ဆိုတာကိုသိသွားလေရဲ့၊ ထပ်ပြီးတော့ ရေစက်မပါတော့ဘူးလို့ထင်နေတဲ့ Rintaro ဆီ နေထိုင်တဲ့ကမ္ဘာချင်းတူနေပေမဲ့ အလှမ်းဝေးနေတဲ့ ကောင်မလေး Waguri က သူ့ဆိုင်ကို နောက်တစ်ကြိမ်ရောက်လာတဲ့အခါ...

Episode-7 ရပါပြီ (ongoing)
https://t.me/+8LUVuU4YgmA0M2Nl


Please open Telegram to view this post
VIEW IN TELEGRAM
2
Mononoke the Movie:🎨
Chapter II- The Ashes of Rage (2025)


ဒုတိယမြောက် ဒီရုပ်ရှင်က ပထမကားအပြီး ၁ လအကြာလောက်မှာ ဇာတ်လမ်းဆင်ထားပါတယ်။ ဒါကြောင့် ပထမကား မကြည့်ရသေးရင် အရင်ကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ။ ပထမကား​ရော စီးရီး​ရော link ပြန်ထည့်​ပေးထားပါမယ်...


Genres: Horror, Mystery, Fantasy 🎭

ပထမကားထဲက Ōoku (အပျိုတော် နန်းတွင်းဆောင်) ထဲမှာ Mononoke ကို သုတ်သင်ရှင်းလင်းအပြီး ဒီနေရာမှာပဲ ထပ်မံဖြစ်ပေါ်လာတဲ့ မကောင်းဆိုးဝါးကို အပနှင်ရဦးမှာဖြစ်ပါတယ်။ အခြေအ​နေအရ ပထမကားမှာ Ōoku အုပ်ချုပ်ရေးမှူးသေဆုံးပြီးတဲ့နောက် ဒီရာထူးတာဝန် လစ်ဟာနေပါတယ်။ အဲဒီမှာ အာဏာရှိကောင်စီဝန်ချုပ်ကြီးက ဒီရာထူးနေရာတွေကို ဘယ်လိုမျိုးကစားဦးမလဲ? ဘုရင်မင်းမြတ်က နှစ်သက်နေတာကြောင့် ပစားပေးခံနေရတဲ့ အဝတ်ထည်ကုန်သည်သမီးဖြစ်သူ ကိုယ်လုပ်တော်ကရော မနာလိုဖြစ်နေကြတဲ့ တခြားကိုယ်လုပ်တော်တွေကြားထဲ ဘယ်လိုတွေဖြစ်လာမလဲ? ထူးဆန်းတဲ့ မီးတောက်သဏ္ဍာန် သရဲဝိဉာဉ်တွေဟာ လူတွေကို အလွန်အမင်းလောင်ကျွမ်းစေပြီး သူ့ သွင်ပြင်သဏ္ဍာန် အမှန်တရားအကြောင်းရင်းတို့ဟာ ဘာတွေဖြစ်နေဦးမလဲ? ထုံးစံအတိုင်း ဆေးကုန်သည် အပနှင်သူကြီးတစ်ယောက် ဂိတ်မှူးနဲ့ အတိုက်အခံတွေလုပ်ရင်း ဘယ်လိုဖြေရှင်းပေးရဦးမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရပါဦးမယ်။ နောက်လာမယ့် ၃ ကားမြောက်ကိုလည်း နောက်နှစ်ထဲ ရုံတင်မယ်လို့ ကြေငြာထားတာဖြစ်လို့ တောက်လျှောက် အဆက်မပြတ်ပဲ ခံစားနိုင်ဦးမှာပါ...

2007 Series ပြန်ကြည့်ရန်နှိပ်ပါ🤔

2024 Movie-1 ပြန်ကြည့်ရန်နှိပ်ပါ🤔

Movie-2 (2025)🔗
https://t.me/+7l4e545jkoo2ZjI1


Please open Telegram to view this post
VIEW IN TELEGRAM
Kaiju No.8 (2025) S2👩‍👩‍👦‍👦

Animationကောင်းကောင်း Fight Scenes ကောင်းကောင်းတွေမှ ကြည့်တဲ့သူဆိုရင် ဒီ anime ကို ကြည့်ဖူးကြပါလိမ့်မယ်...


Genres: Action, Sci-Fi🎭

S1 တုန်းကလဲ ရှယ်လန်းခဲ့ပြီး အခု S2 မှာ​တော့ Kafkaတို့တစ်တပ်လုံး တခြားတပ်ဖွဲ့တွေဆီ သွားလေ့ကျင့်ဖို့ဖြစ်လာပါတယ်။ Kaijuဆိုတာပေါ်သွားတဲ့ Kafkaကို Kaijuနှိပ်နင်းရေးအဖွဲ့အစည်းရဲ့ အသန်မာဆုံးတပ်မှုးရှိရာ အဖွဲ့တစ်ဆီကို ပြောင်းရွှေ့လိုက်ပါတယ်။ တစ်ဖက်မှာလည်း လွတ်သွားတဲ့ Kaiju no.9က ပိုပိုအင်အားကောင်းလာပြီး ဘယ်လိုအကြံတွေနဲ့ တိုက်ခိုက်လာမလဲ? Kafkaတစ်ယောက် Kaiju no.8ရဲ့အစွမ်းကို ဘယ်လိုတွေသုံးပြီး ထိုက်တန်ကြောင်း သက်သေပြသွားမလဲဆိုတာ ကြည့်ရှုရမှာပါ...

SEASON-1 ပြန်ကြည့်ရန်နှိပ်ပါ✍️

S02E05 (ongoing)🤔
https://t.me/+4erRM33o5jw2OTRl


Please open Telegram to view this post
VIEW IN TELEGRAM
The Summer Hikaru Died [2025]🤦

(Hikaru ga Shinda Natsu)
🇯🇵

Rating အကောင်းစားတွေ ရရှိထားတဲ့ Bl မကျ၊ Bromance မကျ၊ Horror ဆန်ဆန် Ongoing စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...


Genres: Horror, Supernatural, Mystery 🎭

ရွာတစ်ရွာမှာ ငယ်ငယ်လေးကတည်း တစ်ပူးပူး တစ်တွဲတွဲနေခဲ့ကြတဲ့ Hikaru နဲ့ Yoshiki ဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသေးအဖွဲလေးတွေကအစ သတိပြုမိတဲ့အထိ ရင်းနှီးကြတဲ့ဆက်ဆံရေးမျိုးပါ။ ဆောင်းရာသီတစ်နေ့မှာ Hikaru က တစ်ယောက်တည်း တောင်တက်ဖို့ထွက်သွားရင်း သေလောက်တဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ သူသေခါနီးအချိန်မှာ ထူးဆန်းတဲ့ မွန်းစတားတစ်ကောင်က သူ့ကိုဝါးမြိုလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်၊ ပုံပန်းသွင်ပြင်နဲ့ မှတ်ဉာဏ်တွေကိုပါ ရယူလိုက်ပါတယ်တဲ့။ ဒီလိုနဲ့ တောင်ပေါ်ကပြန်ရောက်လာခဲ့ပြီး နွေရာသီရောက်လာခဲ့ပေမယ့် Yoshiki ကတော့ ဒါက Hikaru မဟုတ်ဘူးဆိုတာ ခံစားမိနေပါတယ်တဲ့။ Yoshiki အ‌နေနဲ့ ပြန်ရောက်လာတဲ့လူရဲ့ရုပ်ရည်၊ အသံနဲ့မှတ်ဉာဏ်တွေက Hikaru နဲ့ တူနေပြီး Hikaru အစစ်မဟုတ်ဘဲ မွန်းစတားဆိုတာသိနေခဲ့ပေမယ့် သူ့ဘေးမှာ ရှိနေပေးရင် ရပြီဆိုတဲ့အတွေးနဲ့ အကုန်လုံးကိုလက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် ရွာထဲမှာ ထူးဆန်းတဲ့ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် Hikaru ရဲ့ ဖြစ်တည်မှုနဲ့ဆက်စပ်ပြီး ရှာဖွေရမှာတွေရှိလာခဲ့တဲ့အခါ၊ Hikaru နေရာကို အစားထိုးဝင်လာခဲ့တဲ့အရာက အမှန်တကယ်ဘာကြီးလဲ? ရွာထဲမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကရော တကယ်ပဲ သူနဲ့သက်ဆိုင်နေတာလား? နံဘေးမှာ ရှိနေပေးရင်ရပြီဆိုတဲ့ Yoshiki ကရော သူ့သူငယ်ချင်းနဲ့ ဆက်ပြီးအတူရှိနိုင်ပါ့မလား? သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက​ရော ဘယ်လိုဖြစ်သွားမလဲ? Horror vibe ကိုမှ သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးကို BL romance ဆန်ဆန်လေးနဲ့ ရောစပ်ထားတာဆိုတော့ ကြည့်ရတာ အသစ်အဆန်းလေးဖြစ်​နေမှာပါ...

Episode-7 ရပါပြီ (ongoing)🤔
https://t.me/+0w5esztcQDY3NmVl


Please open Telegram to view this post
VIEW IN TELEGRAM
1
Great Pretender《MMSUB》

သာမာန်သမာရိုးကျ anime တွေနဲ့မတူပဲ Hollywood မှာဇာတ်အိမ်တည်ထားပြီး အန်နီ​မေးရှင်းအမိုက်စားနဲ့ လူသိနည်းတဲ့ underrated anime ​​ကောင်းတစ်ကားပါ...


Genres: Comedy, Crime, Adventure🎭

Org post


Makoto Edamura ဟာ ဂျပန်မှာအခြေချနေထိုင်ကာ scammer အလုပ်တွေဖြစ်တဲ့ လိမ်လည်ခြင်း၊ ခါးပိုက်နှိုက်ခြင်း စတဲ့အလုပ်တွေကိုလုပ်ကိုင်ပြီး ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးလူလိမ်ဟု သူ့ကိုယ်သူခံယူထားသူပါ။ တစ်နေ့မှာတော့ ပြင်သစ်နိုင်ငံခြားသားတစ်ဦးဖြစ်တဲ့ Laurent Thierry ထံမှ ခါးပိုက်နှိုက် လူလည်ကျရန်ကြိုးစားရာမှ သူကိုယ်တိုင်လူလည်ကျ အနှိုက်ခံလိုက်ရပါတယ်။ Laurent ရဲ့သရုပ်မှန်ကတော့ နိုင်ငံတကာဒုစရိုက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ လူလိမ်အကြီးအစားကြီးဖြစ်ပြီး အကွက်ကျော်ရိုက်ခံလိုက်ရတဲ့ Edamura ဟာ မကျေမနပ်ဖြစ်ကာ Laurent ကို စိန်ခေါ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး Hollywood က မူးယစ်ဆေးရောင်းဝယ်မှုတစ်ခုမှာ ဘယ်လိုလူလည်ဖျံကျ ကွက်ကျော်ရိုက်ကြမလည်းဆိုတာတွေကို ရှုစားရမှာပဲဖြစ်ပါတယ်...

Please open Telegram to view this post
VIEW IN TELEGRAM
8