Anime series 2《MMSUB》
38.2K subscribers
1.98K photos
3.26K videos
1.96K links
MMSUB

For Ads- @HARRINGTON_05
Download Telegram
The Water Magician [2025]👩‍👩‍👦‍👦

(Mizu Zokusei no Mahoutsukai Daiichibu)🇯🇵

Genres: Action, Adventure, Fantasy
🎭

Org post


Ryou ဆိုတဲ့ကောင်လေးဟာ တခြားကမ္ဘာကိုဝင်စားခဲ့ပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်း​နေရမယ်ထင်နေသူတစ်ယောက်ပေါ့။ ဒါပေမဲ့ သူဝင်စားတဲ့နေရာဟာ အန္တရာယ်များတဲ့ သားရဲတွေနဲ့ပြည့်နေတဲ့ တောအုပ်ဖြစ်နေလေရဲ့။ Ryou ဟာ ရေမှော်အစွမ်းကိုသုံးနိုင်ပြီး ထာဝရနုပျိုခြင်းအစွမ်းကို ရရှိထားသူပါ။ အနှစ် ၂၀ လောက် တောအုပ်ထဲမှာ သားရဲတွေနဲ့ ရှင်သန်တိုက်ခိုက်ရင်း ဘဝအတွက် အပြောင်းအလဲတစ်ခုဖြစ်လာပါတော့တယ်။ အဲ့ဒါကတော့ သူနေထိုင်တဲ့နေရာကို ပြင်ပလောကက Abel ဆိုတဲ့ ဉာဏ်ကြီးရှင်စစ်သည်တော်ရောက်လာတာပါပဲ။ Abel ရဲ့အကူအညီနဲ့ Ryou တစ်ယောက် ပြင်ပလောကကိုခြေဆန့်ဖို့ ဆုံးဖြတ်ခဲ့လေရာ ရေမှော်သုံးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေတဲ့ Ryou က ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ...

Episode- 7 (ongoing)
https://t.me/+xJAJ_fvpyAQwNzFl


Please open Telegram to view this post
VIEW IN TELEGRAM
My Daemon (2023)🤪

(Boku no Daemon)
🇯🇵

Rating အ​ကောင်းစား​တွေရရှိထားတဲ့ နက်ဖလစ်ရဲ့ ၂၀၂၃ခုနှစ်ထွက် animeစီးရီး​ကောင်း​လေးတစ်ခုပါ...


Genres: Fantasy, Drama, Sci-Fi 🎭

နယူကလီးယားထုတ်လုပ်ရာနေရာကနေ ပျံ့လွှင့်လာတဲ့ ဒေးမိုးနီးယန်းအမှုန်လေး​တွေကြောင့် လူသားတွေဟာ ဒေမွန်ရောဂါကို ခံစားနေကြရပါတယ်။ အဲဒီရောဂါဖြစ်ပြီးတဲ့သူတိုင်းဟာ ကင်ဆာလိုပဲ အသက်ရှည်ရှည်မနေရတော့ပါဘူး။ ဒေးမိုးနီးယန်းအမှုန်လေးတွေကနေတစ်ဆင့် ဒေမွန်ဆိုတဲ့ မကောင်းဆိုးဝါးတွေလည်း ပေါက်ဖွားပြီးတော့ လူသားတွေက ဒေမွန်တွေကို လူသားကမ္ဘာကို ပျက်စီးခြင်းတွေ ယူဆောင်လာတယ်ဆိုပြီးတော့ မြင်တာနဲ့ မြင်တဲ့နေရာမှာ သတ်ပစ်ရမယ်လို့ သတ်မှတ်ထားကြပါတယ်။ ကန်တိုဆိုတဲ့ ကောင်လေးဟာလည်း ဒေမွန်ရောဂါကို ခံစားနေရသူဖြစ်ပြီး မိခင်ဖြစ်သူမှ အလိုလိုက်ချင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ တစ်ရက် ကျောင်းက ပရောဂျက်တစ်ခုကြောင့်နဲ့ လမ်းမှာတွေ့တဲ့ ဒေးမိုးနီးယန်းအမှုန်လေးကို ကောက်ယူလာရာကနေ အန်နာဆိုတဲ့ ဒေမွန်လေးပေါက်ဖွားလာပါတော့တယ်။ သူငယ်ချင်းမရှိတဲ့ ကန်တိုလေးဟာ အန်နာလေးကိုပဲ အဖော်ပြုရင်းနေလာရာကနေ ဒေမွန်နဲ့ လူသားအတူတူ​နေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းမှုတွေကြောင့် အန်နာလေးကို ဒေမွန်သခင်တွေက လိုက်ဖမ်းတာကိုခံရရင်းနဲ့ အန်နာကိုလိုက်ဖမ်းတဲ့ ဒေမွန်သခင်နဲ့ ကန်တိုတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်း ကန်တိုလေးကို ပစ်လိုက်တဲ့ပစ်ချက်ဟာ ကန်တိုလေးကိုစိတ်မချလို့လိုက်လာတဲ့ မိခင်ဖြစ်သူကို မတော်တဆထိမှန်ပြီး မိခင်ဖြစ်သူသေဆုံးသွားရပါတော့တယ်။ ဒီနောက်မှာတော့ မိခင်ဖြစ်သူရဲ့အသက်ကို ပြန်လည်ကယ်တင်မယ်ဆိုပြီးတော့ သိမ်းဆည်းရေးဒေမွန်လေးအန်နာကို မိခင်ဖြစ်သူရဲ့အလောင်းကို သိမ်းဆည်းခိုင်းထားပြီး သတင်းသဲ့သဲ့ကြားဖူးတဲ့ အချိန်နောက်ပြန်လှည့်နိုင်တဲ့ ဒေမွန်ကို အရှာထွက်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲဖြစ်ပါတယ်...

အပိုင်း ၁၃ ပိုင်းပါဝင်မှာဖြစ်ပြီး ဖြည်းဖြည်းချင်း update လုပ်​ပေးသွားပါမယ်ဗျ File size များတာမို့ ​ဒေတာသမား​တွေလဲအဆင်​ပြေ​အောင် HD/SD ဗားရှင်းနှစ်မျိုးနဲ့တင်​ပေးသွားပါမယ်😌

Episode 3+4 update🤔
https://t.me/+TzVTvSg-J6I4MWVl


Please open Telegram to view this post
VIEW IN TELEGRAM
-
ချန်နယ်မှာ adsထည့်သွင်းလိုပါက...

telegram acc
@HARRINGTON_05 🔂

သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်
💗

-
Please open Telegram to view this post
VIEW IN TELEGRAM
Blue Lock《MMSUB》

Manga စထွက်တုန်းက အောင်မြင်တယ် မအောင်မြင်တယ် ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ဂျပန်အမျိုးသားအသင်းအကျီတောင် Adidas နဲ့ ပူးပေါင်းပြီး Blue Lock ဆီက Inspiration ယူခဲ့ကြသတဲ့...


Genres: Action, Adventure, Sport 🎭

SEASON- 1, 2🧋

Blue Lock ဆိုတဲ့ အဖွဲ့အစည်းတစ်ခုက သူတို့ ဂျပန်နိုင်ငံအသင်း ကမ္ဘာ့ဖလားကို အနိုင်ယူဖို့ဆိုရင် ဒီလိုမျိုး အစီအစဉ်စီမံကိန်း​တွေ လုပ်ဆောင်ရမယ်တဲ့။ လူကြီးတွေကို ပြကြည့်တော့ သောက်တလွဲပေါ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်းတို့ ရူးနေတာလားပေါ့။ ဦးဆောင်နေတဲ့လူကလည်း ရူးကြောင်ကြောင်နဲ့ Ego ဆိုတဲ့လူ။ စီမံကိန်းက ဘာလဲဆိုတော့ ဂျပန်နိုင်ငံက အသီးသီးထူးချွန်နေကြတဲ့ လူငယ်တိုက်စစ်မှူးတွေချည်း အယောက် ၃၀၀ ခေါ်ပြီး ကမ္ဘာ့အတော်ဆုံး တိုက်စစ်မှူးဖြစ်အောင် စခန်းသွင်းမှာ၊ ဒါပေမဲ့ သူက လူတွေကို တဖြည်းဖြည်းဖြုတ်ချသွားပြီး ဖြုတ်ချခံရတဲ့လူတွေကလည်း နောင်အနာဂတ် ဂျပန်အမျိုးသားဘောလုံးအသင်းနဲ့ မပတ်သက်ရတော့ဘူး။ ဒီလိုမျိုးဆိုတော့ အကုန်လုံးအတ္တဆန်ဆန်ပဲ ရှင်သန်နိုင်ဖို့အတွက် အများအကျိုးတွေ အသင်းအဖွဲ့စိတ်ဓာတ်တွေ မရှိပဲ ရုန်းကန်ကြရမယ့်နေရာမျိုး။ အဲဒါ Isagi ဆိုတဲ့ အဆင့်ဘိတ်ချေးနားကပ်နေတဲ့ ကောင်လေးတစ်ယောက် ဒီ Blue Lock စခန်းကြီးထဲမှာ ဘယ်လိုရုန်းကန်လှုပ်ရှားမလဲ? Sport Anime သာပြောတယ် ပွဲကန်တဲ့အချိန်တွေဆို Battle Royale စတိုင် ကိုယ်စီအစွမ်းတွေထုတ်ပြီး တိုက်ခိုက်ရေး Scene တွေ ကြည့်နေရသလားပဲ။ အကုန်လုံးကလည်း တိုက်စစ်မှူးတွေချည်းဆိုတော့ ၁၁ ယောက် ဘယ်လိုကစားကြမလဲ? တစ်ယောက်စီက ဘယ်လိုတွေထူးချွန်ပြီး ဘယ်လိုတွေအသုံးချမှာလဲ? MCရဲ့ပါဝါက ဘာတွေလဲဆိုပြီး ဇာတ်လမ်းကတောက်လျှောက် ဆွဲခေါ်သွားနိုင်မဲ့ Anime မျိုးပါ...

Please open Telegram to view this post
VIEW IN TELEGRAM
13