Anime series 2《MMSUB》
38.5K subscribers
1.99K photos
3.27K videos
1.96K links
MMSUB

For Ads- @HARRINGTON_05
Download Telegram
My Dress-Up Darling [2025] S2

(Sono Bisque Doll wa Koi wo Suru)
🇯🇵

Genres: Romance, School, Slice of Life 🎭

Org post


Cosplay မမ S2 လာပါပြီ၊ အထွေးထူးညွှန်းစရာလိုမယ်​တော့မထင်ပါဘူးဗျာ၊ S1 မှာကတည်းက အတော်လေးကောင်းခဲ့တာဆိုတော့ အခု S2 မှာလည်း Marin နဲ့ Gojo တို့နှစ်ယောက်ရဲ့ ဘယ်လိုမျိုး cosplayတွေလုပ်မယ်၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံ​ရေးက​ရော ဘယ်လိုမျိုး roကြမလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျ...

SEASON-1 ပြန်ကြည့်ရန်နှိပ်ပါ✍️

S02E06 (ongoing)
https://t.me/+-g3FGU3Iwdg1YTA1


Please open Telegram to view this post
VIEW IN TELEGRAM
2
Kaiju No.8 (2025) S2👩‍👩‍👦‍👦

Animationကောင်းကောင်း Fight Scenes ကောင်းကောင်းတွေမှ ကြည့်တဲ့သူဆိုရင် ဒီ anime ကို ကြည့်ဖူးကြပါလိမ့်မယ်...


Genres: Action, Sci-Fi🎭

S1 တုန်းကလဲ ရှယ်လန်းခဲ့ပြီး အခု S2 မှာ​တော့ Kafkaတို့တစ်တပ်လုံး တခြားတပ်ဖွဲ့တွေဆီ သွားလေ့ကျင့်ဖို့ဖြစ်လာပါတယ်။ Kaijuဆိုတာပေါ်သွားတဲ့ Kafkaကို Kaijuနှိပ်နင်းရေးအဖွဲ့အစည်းရဲ့ အသန်မာဆုံးတပ်မှုးရှိရာ အဖွဲ့တစ်ဆီကို ပြောင်းရွှေ့လိုက်ပါတယ်။ တစ်ဖက်မှာလည်း လွတ်သွားတဲ့ Kaiju no.9က ပိုပိုအင်အားကောင်းလာပြီး ဘယ်လိုအကြံတွေနဲ့ တိုက်ခိုက်လာမလဲ? Kafkaတစ်ယောက် Kaiju no.8ရဲ့အစွမ်းကို ဘယ်လိုတွေသုံးပြီး ထိုက်တန်ကြောင်း သက်သေပြသွားမလဲဆိုတာ ကြည့်ရှုရမှာပါ...

SEASON-1 ပြန်ကြည့်ရန်နှိပ်ပါ✍️

S02E04 (ongoing)🤔
https://t.me/+4erRM33o5jw2OTRl


Please open Telegram to view this post
VIEW IN TELEGRAM
1
The Summer Hikaru Died [2025]🤦

(Hikaru ga Shinda Natsu)
🇯🇵

Rating အကောင်းစားတွေ ရရှိထားတဲ့ Bl မကျ၊ Bromance မကျ၊ Horror ဆန်ဆန် Ongoing စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...


Genres: Horror, Supernatural, Mystery 🎭

ရွာတစ်ရွာမှာ ငယ်ငယ်လေးကတည်း တစ်ပူးပူး တစ်တွဲတွဲနေခဲ့ကြတဲ့ Hikaru နဲ့ Yoshiki ဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသေးအဖွဲလေးတွေကအစ သတိပြုမိတဲ့အထိ ရင်းနှီးကြတဲ့ဆက်ဆံရေးမျိုးပါ။ ဆောင်းရာသီတစ်နေ့မှာ Hikaru က တစ်ယောက်တည်း တောင်တက်ဖို့ထွက်သွားရင်း သေလောက်တဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ သူသေခါနီးအချိန်မှာ ထူးဆန်းတဲ့ မွန်းစတားတစ်ကောင်က သူ့ကိုဝါးမြိုလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်၊ ပုံပန်းသွင်ပြင်နဲ့ မှတ်ဉာဏ်တွေကိုပါ ရယူလိုက်ပါတယ်တဲ့။ ဒီလိုနဲ့ တောင်ပေါ်ကပြန်ရောက်လာခဲ့ပြီး နွေရာသီရောက်လာခဲ့ပေမယ့် Yoshiki ကတော့ ဒါက Hikaru မဟုတ်ဘူးဆိုတာ ခံစားမိနေပါတယ်တဲ့။ Yoshiki အ‌နေနဲ့ ပြန်ရောက်လာတဲ့လူရဲ့ရုပ်ရည်၊ အသံနဲ့မှတ်ဉာဏ်တွေက Hikaru နဲ့ တူနေပြီး Hikaru အစစ်မဟုတ်ဘဲ မွန်းစတားဆိုတာသိနေခဲ့ပေမယ့် သူ့ဘေးမှာ ရှိနေပေးရင် ရပြီဆိုတဲ့အတွေးနဲ့ အကုန်လုံးကိုလက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် ရွာထဲမှာ ထူးဆန်းတဲ့ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် Hikaru ရဲ့ ဖြစ်တည်မှုနဲ့ဆက်စပ်ပြီး ရှာဖွေရမှာတွေရှိလာခဲ့တဲ့အခါ၊ Hikaru နေရာကို အစားထိုးဝင်လာခဲ့တဲ့အရာက အမှန်တကယ်ဘာကြီးလဲ? ရွာထဲမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကရော တကယ်ပဲ သူနဲ့သက်ဆိုင်နေတာလား? နံဘေးမှာ ရှိနေပေးရင်ရပြီဆိုတဲ့ Yoshiki ကရော သူ့သူငယ်ချင်းနဲ့ ဆက်ပြီးအတူရှိနိုင်ပါ့မလား? သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက​ရော ဘယ်လိုဖြစ်သွားမလဲ? Horror vibe ကိုမှ သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးကို BL romance ဆန်ဆန်လေးနဲ့ ရောစပ်ထားတာဆိုတော့ ကြည့်ရတာ အသစ်အဆန်းလေးဖြစ်​နေမှာပါ...

Episode-6 ရပါပြီ (ongoing)🤔
https://t.me/+0w5esztcQDY3NmVl


Please open Telegram to view this post
VIEW IN TELEGRAM
1
The Fragrant Flower Blooms with Dignity [2025]🌸

(Kaoru Hana wa Rin to Saku)🇯🇵

Genres: Romance, Drama
🎭

Org post


ယောကျာ်းလေးသီးသန့်ကျောင်း Chidori နဲ့ မိန်းကလေးသီးသန့်ကျောင်း Kikyo တို့ဟာ ဘေးချင်းကပ်ရပ်တွေဆိုပေမဲ့ တစ်ကျောင်းနဲ့တစ်ကျောင်းက မသင့်မြတ်ကြပါဘူး။ တစ်နေ့မှာ Chidori ကျောင်းက ဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟာ မိဘတွေရဲ့မုန့်ဆိုင်မှာ အလုပ်ကူလုပ်ရင်း Kaoruko Waguri ဆိုသူ ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ်။ ကြောက်ဖို့ကောင်းတယ်ဆိုပြီး အမြဲအထင်လွဲခံရတဲ့ Rintaro ဟာ Waguri က သူ့ကို အပေါ်ယံကြည့်ပြီးမဆုံးဖြတ်တာကြောင့် ပျော်ရွင်နေခဲ့လေရဲ့၊ ဒါပေမဲ့လည်း Rintaro တစ်ယောက် Waguri က Kikyo ကျောင်းသူဖြစ်တယ်ဆိုတာကိုသိသွားလေရဲ့၊ ထပ်ပြီးတော့ ရေစက်မပါတော့ဘူးလို့ထင်နေတဲ့ Rintaro ဆီ နေထိုင်တဲ့ကမ္ဘာချင်းတူနေပေမဲ့ အလှမ်းဝေးနေတဲ့ ကောင်မလေး Waguri က သူ့ဆိုင်ကို နောက်တစ်ကြိမ်ရောက်လာတဲ့အခါ...

Episode-6 ရပါပြီ (ongoing)
https://t.me/+8LUVuU4YgmA0M2Nl


Please open Telegram to view this post
VIEW IN TELEGRAM
6
Tsukihime, Lunar Legend《MMSUB》

(Shingetsutan Tsukihime)

Genres: Horror, Mystery, Romance, Drama, Supernatural
🎭

Org post


Shiki ဆိုတဲ့သူဟာ တစ်နေ့မှာ သာမန်လူ​တွေမမြင်နိုင်တဲ့ အနီရောင်အပ်ချည်လို မျဥ်းလေးတွေမြင်နိုင်ပြီး နိုးထလာခဲ့ပါတယ်။ Shingetsutan မှာရှိတဲ့ အရာအားလုံးနဲ့ချိတ်ဆက်ထားတဲ့ အနီရောင်မျဥ်းလေးတွေဟာ ပျက်သွားတာနဲ့ အဲ့အရာဟာ ပေါက်ကွဲသွားပါတော့တယ်။ ဒါမလို့ Shiki ဟာ လူတစ်ယောက်ပျက်စီးတော့မယ်ဆိုရင် အာရုံခံနိုင်တာမလို့ အဲ့အစွမ်းကိုဖုံးကွယ်ရင်း သူ့ရဲ့ကျောင်းသားဘဝကို ဖြတ်သန်းနေပါတော့တယ်။ ဒါပေမယ့် တစ်နေ့မှာတော့ ကျောင်းကပြန်လာတုန်းမှာပဲ မျက်စိကြီးကနီနေတဲ့ ထူးဆန်းတဲ့အမျိုးသမီးကိုတွေ့လိုက်ရပီး အဲ့အမျိုးသမီးကို ရုတ်တရက် that ပစ်လိုက်မိပါတယ်။ အဲ့နောက်နေ့မှာ Shiki ဟာ မကောင်းဆိုးဝါးခွေး​တွေ တိုက်ခိုက်တာခံခဲ့ရပီး သူ that ခဲ့တဲ့အမျိုးသမီးက ကယ်တင်တာကိုခံလိုက်ရပါတော့တယ်။ ထို့နောက်မှာတော့ အဲ့အမျိုးသမီးက သူ့ကိုယ်သူ Vampire မျိုးနွယ်စုရဲ့မင်းသမီး Arcueid Brunestud ဖြစ်ကြောင်းမိတ်ဆက်ခဲ့ပီး Shiki နဲ့ အဖွဲ့ဖွဲ့ခဲ့ကြပါတယ်။ Shikiရဲ့ မြို့မှာဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့လူ thay မှုတွေနဲ့ Vampire ​တွေရဲ့ လျှို့ဝှတ်ချက်တွေကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာ...

Please open Telegram to view this post
VIEW IN TELEGRAM
3