Anime series 2《MMSUB》
38.5K subscribers
1.99K photos
3.27K videos
1.96K links
MMSUB

For Ads- @HARRINGTON_05
Download Telegram
The Fragrant Flower Blooms with Dignity [2025]🌸

(Kaoru Hana wa Rin to Saku)🇯🇵

Genres: Romance, Drama
🎭

Org post


ယောကျာ်းလေးသီးသန့်ကျောင်း Chidori နဲ့ မိန်းကလေးသီးသန့်ကျောင်း Kikyo တို့ဟာ ဘေးချင်းကပ်ရပ်တွေဆိုပေမဲ့ တစ်ကျောင်းနဲ့တစ်ကျောင်းက မသင့်မြတ်ကြပါဘူး။ တစ်နေ့မှာ Chidori ကျောင်းက ဒုတိယနှစ်ကျောင်းသား Rintaro Tsumugi ဟာ မိဘတွေရဲ့မုန့်ဆိုင်မှာ အလုပ်ကူလုပ်ရင်း Kaoruko Waguri ဆိုသူ ကောင်မလေးနဲ့တွေ့ဆုံခဲ့ပါတယ်။ ကြောက်ဖို့ကောင်းတယ်ဆိုပြီး အမြဲအထင်လွဲခံရတဲ့ Rintaro ဟာ Waguri က သူ့ကို အပေါ်ယံကြည့်ပြီးမဆုံးဖြတ်တာကြောင့် ပျော်ရွင်နေခဲ့လေရဲ့၊ ဒါပေမဲ့လည်း Rintaro တစ်ယောက် Waguri က Kikyo ကျောင်းသူဖြစ်တယ်ဆိုတာကိုသိသွားလေရဲ့၊ ထပ်ပြီးတော့ ရေစက်မပါတော့ဘူးလို့ထင်နေတဲ့ Rintaro ဆီ နေထိုင်တဲ့ကမ္ဘာချင်းတူနေပေမဲ့ အလှမ်းဝေးနေတဲ့ ကောင်မလေး Waguri က သူ့ဆိုင်ကို နောက်တစ်ကြိမ်ရောက်လာတဲ့အခါ...

Episode-1 ရပါပြီ (ongoing)
https://t.me/+8LUVuU4YgmA0M2Nl


Please open Telegram to view this post
VIEW IN TELEGRAM
11🍓1
From Old Country Bumpkin to Master Swordsman《MMSUB》

(Katainaka no Ossan, Kensei ni Naru)🇯🇵

Genres: Action, Adventure, Fantasy
🎭

ကျေးလက်ဒေသက Dojo တစ်ခုမှာ ဓားရေးသင်ပြနေတဲ့ ဦးလေးကြီး Beryl Gardinant ဟာ ငယ်စဥ်အခါက Master Swordsman ဖြစ်ဖို့ အိမ်မက်မက်ခဲ့သူပေါ့။ ဒါပေမဲ့ အဲ့လိုနေ့ရက်တွေက သူအသက်ကြီးလာတော့ ပျောက်ကွယ်ခဲ့ပါပြီ။ တစ်နေ့ ရုတ်တရက်ကြီး သူ့တပည့်မလေး တစ်ယောက်ဆီက သတင်းတစ်ခုကြားလိုက်ရပါတယ်။ အဲ့ဒါကတော့ မြို့တော်က Liberion Order ရဲ့ အထူးနည်းပြအဖြစ် ခန့်အပ်ခံလိုက်ရပြီဆိုတာပါ။ ဘဝတစ်ဆစ်ချိုးပြောင်းသွားတဲ့ ဦးလေးကြီးဟာ မြို့တော်ရောက်တော့ အရင်ကသင်ခဲ့ဖူးတဲ့ တပည့်မလေးတွေနဲ့ ဆုံခဲ့လေရဲ့။ အံ့သြစရာက သူ့တပည့်မလေးတွေ​က လက်ရွေးစင် စစ်သည်တော်၊ Ace Wizard၊ အမြင့်ဆုံး Rank စွန့်စားသူ အစရှိတာတွေ ဖြစ်နေတဲ့အခါ...

Ep 1 to 12 စဆုံး⤵️
https://t.me/+I85lp0CHypQ4MGU1

Please open Telegram to view this post
VIEW IN TELEGRAM
3
WITCH WATCH《MMSUB》

Genres: Comedy, Supernatural 🎭

Nico Wakatsuki ဆိုတဲ့စုန်းမလေးဟာ ၆ နှစ်တာ စုန်းမကျောင်းကိုတတ်ပြီးနောက်မှာတော့ တရားဝင်စုန်းမ တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ စုန်းမ အသစ်တစ်ယောက်ဖြစ်ပြီးနောက်မှာတော့ Nico ဟာ တစ်ခြားစုန်းမတွေလို တိရစ္ဆာန်တစ်ကောင်ကို ပါတနာအဖြစ်မရွေးပဲ သူ့ရဲ့ငယ်သူငယ်ချင်း Morihito "Moi" Otogi ဆိုတဲ့ကောင်လေးကိုရွေးချယ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ မှော်ကမ္ဘာကစွန့်စားခန်းအသစ်တွေစတင်လာပါတော့တယ်...

Episode- 14 (ongoing)
https://t.me/+PzPLqruEOqgwNWNl

===========================
Please open Telegram to view this post
VIEW IN TELEGRAM
The King of Pigs (2011)💀

Webtoon မှာ​ရော Kdrama မှာပါ နာမည်ကြီးပြီးသားဖြစ်တဲ့ ဇာတ်လမ်း​ကောင်း​လေးမို့ animation အ​နေနဲ့တင်ဆက်​ပေးလိုက်ပါတယ်...


Genres: Action, Thriller, Drama🎭

ကျောင်းမှာ အားကြီးတဲ့သူက အားနည်းသူကို အနိုင်ကျင့်နေကြဖြစ်တဲ့ Bully case တွေ၊ အဲဒါတွေကို အောင့်အီးသည်းခံ​နေတတ်တဲ့ အငိုသန်သူဂုဏ်ပုဒ်ရ ဟွမ်ဂယောင်မင်း၊ ဟွမ်ဂယောင်မင်းနဲ့အတူ မူလတန်းကတည်းက ကျောင်းနေဖက်ဖြစ်သူ ဂျောင်ဂျုံဆော့နဲ့ သူတို့ကြားကိုဝင်ရောက်လာတဲ့ လောကကြီးကိုအရွဲ့တိုက်တတ်သူ ငချွတ်လေး ဂင်ချောလ်၊ ဒီကောင်လေး သုံးယောက်က သူတို့ရော တခြားသူတွေပါခံစားနေရတဲ့ Bully case တွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားကြသလဲဆိုတာနဲ့ အဲဒီကိစ္စရပ်ကြောင့် လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို ဘယ်လိုတွေခံစားရမလဲဆိုတာကို စောင့်ကြည့်ခံစားရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်...

Movie Link⤵️
https://t.me/animemmuserlinkcollection/1428

Please open Telegram to view this post
VIEW IN TELEGRAM
1
Dekin No Mogura: The Earthbound Mole [2025]🤦

ဇာတ်အိမ်ထူးထူးခြားခြား​လေးကို ဟာသ​လေး​နှောရင်း စိတ်ဝင်စားဖွယ်ရှုစားရမှာပါ...


Genres: Mystery, Supernatural, Drama 🎭

Org post


Hyakuan Momoyumi လို့ခေါ်တဲ့ မှော်ဆရာတစ်ယောက်ဟာ တမလွန်ကနေ ဘဝကူးခွင့်ကို ပိတ်ပင်ခံထားရသူတစ်ဦးဖြစ်ပါတယ်။ သူဟာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ကမ္ဘာကြီးအနှံ့လှည့်လည်သွားနေရင်း အိမ်ပြန်ရဖို့အတွက်​မျှော်လင့်ချက်နဲ့အတူ သူ့ရဲ့မီးအိမ်ထဲကို တစ္ဆေတွေစုဆောင်းရင်း တစ္ဆေမီးအိမ်ကို ဖန်တီးနေရတဲ့လူတစ်ယောက်ပါ။ ဒီလိုမျိုး မဖြစ်သင့်တဲ့ဖြစ်တည်မှုတွေက ဒီလိုမျိုးလွတ်မြောက်နေတဲ့အခါမှာ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်ဆန်းလေးတွေဖြစ်လာတာကို ဟာသလေးနှောပြီးကြည့်ရှုရမှာပါ...

Episode-1 ရပါပြီ (ongoing)
https://t.me/+vJYwvqRGN8Y0Yjc1


Please open Telegram to view this post
VIEW IN TELEGRAM
The Summer Hikaru Died [2025]🤦

(Hikaru ga Shinda Natsu)
🇯🇵

Rating အကောင်းစားတွေ ရရှိထားတဲ့ Bl မကျ၊ Bromance မကျ၊ Horror ဆန်ဆန် Ongoing စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...


Genres: Horror, Supernatural, Mystery 🎭

ရွာတစ်ရွာမှာ ငယ်ငယ်လေးကတည်း တစ်ပူးပူး တစ်တွဲတွဲနေခဲ့ကြတဲ့ Hikaru နဲ့ Yoshiki ဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသေးအဖွဲလေးတွေကအစ သတိပြုမိတဲ့အထိ ရင်းနှီးကြတဲ့ဆက်ဆံရေးမျိုးပါ။ ဆောင်းရာသီတစ်နေ့မှာ Hikaru က တစ်ယောက်တည်း တောင်တက်ဖို့ထွက်သွားရင်း သေလောက်တဲ့ ဒဏ်ရာရသွားခဲ့ပါတယ်။ သူသေခါနီးအချိန်မှာ ထူးဆန်းတဲ့ မွန်းစတားတစ်ကောင်က သူ့ကိုဝါးမြိုလိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်၊ ပုံပန်းသွင်ပြင်နဲ့ မှတ်ဉာဏ်တွေကိုပါ ရယူလိုက်ပါတယ်တဲ့။ ဒီလိုနဲ့ တောင်ပေါ်ကပြန်ရောက်လာခဲ့ပြီး နွေရာသီရောက်လာခဲ့ပေမယ့် Yoshiki ကတော့ ဒါက Hikaru မဟုတ်ဘူးဆိုတာ ခံစားမိနေပါတယ်တဲ့။ Yoshiki အ‌နေနဲ့ ပြန်ရောက်လာတဲ့လူရဲ့ရုပ်ရည်၊ အသံနဲ့မှတ်ဉာဏ်တွေက Hikaru နဲ့ တူနေပြီး Hikaru အစစ်မဟုတ်ဘဲ မွန်းစတားဆိုတာသိနေခဲ့ပေမယ့် သူ့ဘေးမှာ ရှိနေပေးရင် ရပြီဆိုတဲ့အတွေးနဲ့ အကုန်လုံးကိုလက်ခံပေးခဲ့ပါတယ်။ ဒါပေမယ့် ရွာထဲမှာ ထူးဆန်းတဲ့ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပြီးနောက် Hikaru ရဲ့ ဖြစ်တည်မှုနဲ့ဆက်စပ်ပြီး ရှာဖွေရမှာတွေရှိလာခဲ့တဲ့အခါ၊ Hikaru နေရာကို အစားထိုးဝင်လာခဲ့တဲ့အရာက အမှန်တကယ်ဘာကြီးလဲ? ရွာထဲမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကရော တကယ်ပဲ သူနဲ့သက်ဆိုင်နေတာလား? နံဘေးမှာ ရှိနေပေးရင်ရပြီဆိုတဲ့ Yoshiki ကရော သူ့သူငယ်ချင်းနဲ့ ဆက်ပြီးအတူရှိနိုင်ပါ့မလား? သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက​ရော ဘယ်လိုဖြစ်သွားမလဲ? Horror vibe ကိုမှ သူငယ်ချင်းနှစ်ယောက်ကြားက ဆက်ဆံရေးကို BL romance ဆန်ဆန်လေးနဲ့ ရောစပ်ထားတာဆိုတော့ ကြည့်ရတာ အသစ်အဆန်းလေးဖြစ်​နေမှာပါ...

Episode-1 ရပါပြီ (ongoing)🤔
https://t.me/+0w5esztcQDY3NmVl


Please open Telegram to view this post
VIEW IN TELEGRAM
6
The Devil is a Part-Timer《MMSUB》

(Hataraku Maou-sama!)🇯🇵

Genres: Comedy, Fantasy, Supernatural
🎭

➡️SEASON- 1+2

[ မြန်မာစာတန်းထိုး ]
🤑

Please open Telegram to view this post
VIEW IN TELEGRAM
10🥰4
This media is not supported in your browser
VIEW IN TELEGRAM