Anime series 2《MMSUB》
38.6K subscribers
1.99K photos
3.27K videos
1.97K links
MMSUB

For Ads- @HARRINGTON_05
Download Telegram
Fire Force S3《MMSUB》

Genres: Action, Drama, Sci-Fi,
Supernatural
🎭

Anime ဖန်တိုင်း မကြည့်ဖူးရင်​တောင် သိပြီးသားဖြစ်​လောက်မှာပါ။ ​ရှေ့ကထွက်ခဲ့တဲ့ season နှစ်ခုမှာလဲ အရမ်းမိုက်ခဲ့တဲ့အတွက် review​တော့ ​ထွေ​ထွေထူးထူးလိုမယ်မထင်​တော့ပါဘူး။ အခု S3 မှာ​တော့ ညီအကို နှစ်ယောက်ရဲ့ အားပြိုင်မှုတွေကိုပိုမိုမြင်​တွေ့ရမှာပဲဖြစ်ပါတယ်။ ရှယ်ကြမ်းရှယ်မိုက်တဲ့ကား​ကောင်း​လေးမို့ အားလုံးပဲ လက်မလွှတ်သင့်ပါ​ကြောင်း...

S1, S2 ပြန်ကြည့်ရန်နှိပ်ပါ⬅️

S03E11 (ongoing)
https://t.me/+wF3JKw8BWPdmYzQ9

===========================
Please open Telegram to view this post
VIEW IN TELEGRAM
Deadman Wonderland《MMSUB》

Genres: Action, Drama, Horror,
Supernatural, Thriller
🎭

ဂန်တာဆိုတဲ့ကောင်လေးက ကျောင်းလေ့လာရေးခရီးစဉ်ကို Deadman wonderland ဆိုတဲ့ ကစားကွင်းကိုသွားလေ့လာဖို့ သူငယ်ချင်းတွေကို တိုင်ပင်နေပါတယ်။ ကစားကွင်းဆိုပေမယ့် အဲ့နေရာက အကျဉ်းထောင်ပါ။ သေမိန့်ကျအကျဉ်း သားနဲ့ နှစ်ရှည်အကျဉ်းသားတွေကို စည်းကမ်းတွေ၊ ဒဏ်ပေးမှုတွေနဲ့ချုပ်နှောင်ထားပြီး ကစားကွင်းအတွက်အလုပ်တွေခိုင်းတာပါ။ ကစားကွင်းလာသူတွေအတွက် ပျော်စရာနယ်မြေဖြစ်ပေမယ့် အကျဉ်းသားတွေအတွက်ကတော့ သွေးပျက်စရာငရဲထောင်ပါ။ အဲ့ဒီနေ့မှာပဲ ဂန်တာတို့အတန်းကို အစွမ်းရှိတဲ့အနီရောင်ဝတ်စုံဝတ်ထားတဲ့လူကြီးက တစ်တန်းလုံးကို သတ်သွားပါတယ်။ သူအရမ်းချစ်နေတဲ့ ကောင်မလေးနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းပါသေသွားခဲ့တယ်။ ပြီး​တော့ အနီရောင်အကောင်ကြီးက ဂန်တာကိုယ်ထဲကို စွမ်းအားအနည်းငယ်ထည့်ပေးခဲ့ပြီး မသတ်ဘဲထားခဲ့ပါတယ်။ အဲ့မှာလူတစ်ယောက်ရဲ့ ချောက်ချမှုနဲ့အတူ တစ်ယောက်ထည်းသော အသက်ရှင်တဲ့ဂန်တာဟာ လူသတ်တရားခံအနေနဲ့ Deadman wonderwomen အကျဉ်းထောင်ကို ရောက်သွားပါတယ်။ အဲ့မှာ ထောင်ရဲ့ရက်စက်မှုတွေနဲ့ ထောင်ထဲကလွှတ်အောင်လုပ်ပြီး အနီရောင်ကောင်ကြီးကို ဘယ်လိုကလဲ့စားချေမလဲ? သူ့ကိုဘယ်သူက ထောင်ကျအောင်လုပ်ပီး စွမ်းအားတွေပေးခိုင်းလဲ? ဘယ်လိုရင်သက်ရှုမောဖွယ်ရာတွေတွေ့ရဦးမလဲဆိုတာ...

Ep 1 to 12 END⤵️
https://t.me/animemmuser3/1473

Please open Telegram to view this post
VIEW IN TELEGRAM
10
Wistoria: Wand and Sword《MMSUB》

(Tsue to Tsurugi no Wistoria)
🇯🇵

Genres: Action, Adventure, Fantasy 🎭

Mc ဖြစ်တဲ့ Will Serfort ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ငယ်သူငယ်ချင်းကို မှော်ဆရာ မျှော်စင်အထက်မှာထိုင်နိုင်တဲ့ မှော်စွမ်းအားရှင်ဖြစ်ရမယ်ဆိုပြီး ကတိလေးပေးခဲ့ပါတယ်။ သို့ပေသည့် သူဟာ အရိုးရှင်းဆုံးဖြစ်တဲ့ မန္တာန်တွေကိုတောင် အသုံးချနိုင်စွမ်းမရှိပါဘူးတဲ့ဗျာ၊ တွေးကြည့်ရင် မန္တာန်တွေကိုတောင် မသုံးနိုင်မှတော့ သူရဲ့ကတိဟာလည်း တွေးလျက်နဲ့တင်ဝေးခဲ့ရပါပြီ။ ဒါပေမဲ့လည်း ဇွဲတစ်ခုကိုနှလုံးမူပြီး မန္တာန်မထုတ်လွတ်နိုင်တဲ့အခါ MCဟာ ဓားရေးကို ပိုအားစိုက်လေ့ကျင့်ပါတော့တယ်။ သားရဲတွေကိုတိုက်ခိုက်ရင်း မှော်အကယ်ဒမီက အသုံးပြုရမှတ်​​တွေစုဆောင်းရင်း သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ ပရော်ဖက်ဆာကို ဆန့်ကျင်တိုက်ခိုက်ရင်း သူ့ရဲ့ ဓားရေးကို အစွမ်းထက်သထက် ထက်လာအောင် ပြုလုပ်သွားတာကို ကြည့်ရှုကြရမှာပါ...

Please open Telegram to view this post
VIEW IN TELEGRAM
32🍓3🔥1
From Old Country Bumpkin to Master Swordsman《MMSUB》

(Katainaka no Ossan, Kensei ni Naru)🇯🇵

Genres: Action, Adventure, Fantasy
🎭

ကျေးလက်ဒေသက Dojo တစ်ခုမှာ ဓားရေးသင်ပြနေတဲ့ ဦးလေးကြီး Beryl Gardinant ဟာ ငယ်စဥ်အခါက Master Swordsman ဖြစ်ဖို့ အိမ်မက်မက်ခဲ့သူပေါ့။ ဒါပေမဲ့ အဲ့လိုနေ့ရက်တွေက သူအသက်ကြီးလာတော့ ပျောက်ကွယ်ခဲ့ပါပြီ။ တစ်နေ့ ရုတ်တရက်ကြီး သူ့တပည့်မလေး တစ်ယောက်ဆီက သတင်းတစ်ခုကြားလိုက်ရပါတယ်။ အဲ့ဒါကတော့ မြို့တော်က Liberion Order ရဲ့ အထူးနည်းပြအဖြစ် ခန့်အပ်ခံလိုက်ရပြီဆိုတာပါ။ ဘဝတစ်ဆစ်ချိုးပြောင်းသွားတဲ့ ဦးလေးကြီးဟာ မြို့တော်ရောက်တော့ အရင်ကသင်ခဲ့ဖူးတဲ့ တပည့်မလေးတွေနဲ့ ဆုံခဲ့လေရဲ့။ အံ့သြစရာက သူ့တပည့်မလေးတွေ​က လက်ရွေးစင် စစ်သည်တော်၊ Ace Wizard၊ အမြင့်ဆုံး Rank စွန့်စားသူ အစရှိတာတွေ ဖြစ်နေတဲ့အခါ...

Episode-11 (ongoing)✔️
https://t.me/+I85lp0CHypQ4MGU1

===========================
Please open Telegram to view this post
VIEW IN TELEGRAM
6
WITCH WATCH《MMSUB》

Genres: Comedy, Supernatural 🎭

Nico Wakatsuki ဆိုတဲ့စုန်းမလေးဟာ ၆ နှစ်တာ စုန်းမကျောင်းကိုတတ်ပြီးနောက်မှာတော့ တရားဝင်စုန်းမ တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ စုန်းမ အသစ်တစ်ယောက်ဖြစ်ပြီးနောက်မှာတော့ Nico ဟာ တစ်ခြားစုန်းမတွေလို တိရစ္ဆာန်တစ်ကောင်ကို ပါတနာအဖြစ်မရွေးပဲ သူ့ရဲ့ငယ်သူငယ်ချင်း Morihito "Moi" Otogi ဆိုတဲ့ကောင်လေးကိုရွေးချယ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ မှော်ကမ္ဘာကစွန့်စားခန်းအသစ်တွေစတင်လာပါတော့တယ်...

Episode- 11 (ongoing)
https://t.me/+PzPLqruEOqgwNWNl

===========================
Please open Telegram to view this post
VIEW IN TELEGRAM
4
Love Flops (Renai Flops)《MMSUB》

Genres: Comedy, Romance, Harem
🎭

Asahi Kashiwagi ဆိုတဲ့ အထက်တန်းကျောင်းသားက ကံကြမ္မာဟောတာမျိုးကို အယုံအကြည်မရှိပါဘူး။ ဒါပေမယ့် တစ်နေ့မှာသတင်းနားထောင်နေရင်း တစ်နေ့တာအတွက် ကံကြမ္မာဟောပေးတဲ့အစီအစဥ်က ဧပြီလ ၁၂ရက်နေ့မှာမွေးတဲ့သူတွေအတွက် ကံကောင်းစေမယ့်အရာတွေကိုဟောပေးနေတာဘဲဖြစ်ပါတယ်။ Asahi ကလည်းအဲ့နေ့မှာဘဲမွေးတာပါ။ သူလည်းအမှုမဲ့အမှတ်မဲ့ဘဲနားထောင်လိုက်ပါတယ်။ ပြီးတော့သူကျောင်းသွားတဲ့လမ်းမှာ ကောင်မလေး ၅ယောက်နဲ့ မထင်မှတ်ဘဲတွေ့ဆုံပါတယ်။ ကောင်မလေး၅ယောက်နဲ့တွေ့ဆုံမှုကပုံမှန်ဖြစ်မနေပါဘူး။ ပြီး​တော့ သူတို့နဲ့တွေ့ဆုံတဲ့အခါ ဗေဒင်ဆရာမဟောထားတဲ့အရာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဗေဒင်ဆရာမဟောထားသလို ဧပြီ ၁၂ရက်မှာမွေးတဲ့သူတွေအတွက် ကံကောင်းစေမယ့်အရာတွေက Asahi အတွက်​ကော တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ...

Ep 1 to 12 END🔗
https://t.me/animemmuser3/1491

Please open Telegram to view this post
VIEW IN TELEGRAM
3
Go! Go! Loser Ranger!《MMSUB》

(Sentai Daishikkaku)🇯🇵

Genres: Action, Comedy, Superhero
🎭

ကမ္ဘာပေါ်ကို ကျူးကျော်လာတဲ့ လူဆိုးခေါင်းဆောင်တွေကို ပါဝါရိန်းဂျားတွေက နှိမ်နင်းပြီးသကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ ခေါင်းဆောင်တွေမရှိတော့ ဟို လူဆိုး အကောင်လေးတွေ(နောက်လိုက်)တွေ ကျန်တာပေါ့ကွာ၊ အဲ့အကောင်လေးတွေကို လေးနှစ်တစ်ခါ လာတိုက်ချင်ယောင်ဆောင်ပြီး သူတို့ကိုအရှုံးပေးမယ်ဆိုရင် အသက်ရှင်ခွင့်ပေးမယ်ဆိုပြီး ပါဝါရိန်းဂျားတွေက ငွေရှာဖို့ကြံပါလေရော၊ တစ်နေ့တော့ လူဆိုးနောက်လိုက်ထဲက တစ်ယောက်က သည်းမခံနိုင်တော့ပဲ ပါဝါရိန်းဂျားတွေကိုဖျက်ဆီးဖို့အတွက် အတွင်းကနေဖျက်ဆီးမယ်ဆိုပြီး လူသားအသွင်ပြောင်းပြီး ပါဝါရိန်းဂျားအဖွဲ့ထဲဝင်ဖို့ ကြိုးစားရာမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ...

Ep 1 to 12 END🔗
https://t.me/animemmuser4/383

Please open Telegram to view this post
VIEW IN TELEGRAM
5
Demon Lord 2099《MMSUB》

(Maou 2099)🇯🇵

Genres: Action, Fantasy, Sci-Fi
🎭

လွန်ခဲ့တဲ့နှစ်ပေါင်း 500တုန်းက Veltol ဆိုတဲ့ မိစ္ဆာဘုရင်က မသေမျိုးတွေရဲ့နိုင်ငံ တစ်ခုကိုအုပ်ချုပ်ခဲ့ပါတယ်။ အခုတော့ သူပြန်လည်နိုးထရမယ့်အချိန်ကို တစ်ဖန်ရောက်လာပြီ။ အခုလက်ရှိကတော့ 2099 ခုနှစ်ဖြစ်ပြီး လူ့အဖွဲအစည်းတိုးတက်မှုက အထွဋ်အထိပ်အထိ ရောက်ရှိပြီးနေပြီဖြစ်ပြီး လက်ရှိအချိန်မှာကမ္ဘာကြီးဟာ အရင်က Voltol အုပ်ချုပ်နေတုန်းကလိုမဟုတ်ဘဲ ထောင်ပေါင်းများစွာသော ဗိသုကာလက်ရာတွေနဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ပြည့်နှက်နေပါတော့တယ်။ ဒါပေမယ့်လည်း Veltol ဟာ ဒီကမ္ဘာအသစ်ကြီးကိုလည်း သူ့ရဲ့လက်အောက်ရောက်အောင် ဘယ်လိုသိမ်းပိုက်မယ်ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်...

Please open Telegram to view this post
VIEW IN TELEGRAM
12🥰1