အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ၏ မြစ်ငယ်ရုံးခွဲနှင့် ဝမ်းတွင်းရုံးခွဲများတွင် တာဝန်ထမ်းဆောင်ရန် အောက်ဖော်ပြပါဝန်ထမ်းများအား ခေါ်ယူလျက်ရှိပါသည်။
➤ လုံခြုံရေးဝန်ထမ်း - အမျိုးသား(၁)ဦး (မြစ်ငယ်ရုံးခွဲ)
🏢 မြစ်ငယ်ရုံးခွဲလိပ်စာ - မြစ်လောင်းရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ မြစ်ငယ်တိုးဂိတ်အနီး၊ အမရပူရမြို့နယ်၊ မန္တလေးမြို့။
☎️ ဆက်သွယ်ရန် - 09-969777474, 09-977095460
➤ သန့်ရှင်းရေးဝန်ထမ်း - အမျိုးသမီး(၁)ဦး (ဝမ်းတွင်းရုံးခွဲ)
🏢 ဝမ်းတွင်းရုံးခွဲလိပ်စာ - အမှတ်(၁)၊ ညောင်ပင်ရပ်ကွက်၊ ဝမ်းတွင်းမြို့။
☎️ ဆက်သွယ်ရန် - 09-969777487, 09-949211901
✦ အလိုင်းရင့်စ်၏ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်ရန် ဖော်ပြပါလင့်ခ် https://linktr.ee/alliancemicrofinance မှာ ပါဝင်သော 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚 𝐂𝐡𝐚𝐧𝐧𝐞𝐥များကို 𝐅𝐨𝐥𝐥𝐨𝐰 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞လုပ်ကာ ဝင်ရောက်ထားနိုင်ပါသည်။

❤3
"𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐚𝐲𝐦𝐞𝐧𝐭စနစ်အားသာချက်နှင့် လုံခြုံရေးဆိုင်ရာသတိပြုစရာများ"
ယနေ့ခေတ်မှာ မိုဘိုင်းလ်ဖုန်းတစ်လုံးရှိရုံနဲ့တင် ငွေလွှဲတာ၊ ကုန်ပစ္စည်းဖိုးပေးချေတာတွေကို ဘယ်နေရာကမဆို အချိန်တိုအတွင်း လုပ်ဆောင်နိုင်နေပါပြီ။ ဒါကို ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ် (𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐚𝐲𝐦𝐞𝐧𝐭)လို့ ခေါ်ပါတယ်။ ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေလွှဲ၊ ငွေချေတာဟာ 𝐒𝐌𝐄လုပ်ငန်းရှင်တွေနဲ့ အသင်းဝင်တို့အတွက် တကယ့်ကို အဆင်ပြေစေတဲ့ ခေတ်မီနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်တာတွေ ရှိနေကြတဲ့အတွက် သေချာသတိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတပတ်𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐅𝐫𝐢𝐝𝐚𝐲အစီအစဉ်မှာ “𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐚𝐲𝐦𝐞𝐧𝐭စနစ်အားသာချက်နှင့် လုံခြုံရေးဆိုင်ရာသတိပြုစရာများ” အကြောင်းအရာကို မျှဝေပေးလိုက်ပါတယ်။
ဒီဂျစ်တယ်ငွေပေးချေခြင်းရဲ့ အားသာချက်များ
✅ ဘဏ်တွေ၊ ချေးငွေရုံးခွဲတွေအထိ သွားပြီး စောင့်ဆိုင်းစရာ မလိုအပ်တော့ပါဘူး။ အိမ်မှာနေရင်း ဒါမှမဟုတ် လုပ်ငန်းခွင်ထဲကနေ လွှဲနိုင်တဲ့အတွက် အချိန်ကုန်၊ လူပင်ပန်း သက်သာပါတယ်။
✅ ငွေကြေးကို တစ်ကျပ်၊ နှစ်ကျပ်ကအစ အတိအကျလွှဲပေးလို့ရတဲ့အတွက် အကြွေလိုအပ်တဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။
✅မိမိတို့မိုဘိုင်းလ်ဖုန်းထဲမှာပဲ ငွေဘယ်လောက်ဝင်တယ်၊ ငွေဘယ်လောက်လွှဲလိုက်တယ်ဆိုတဲ့ ငွေအဝင်အထွက်မှတ်တမ်း(𝐇𝐢𝐬𝐭𝐨𝐫𝐲)အတိအကျရှိနေတဲ့အတွက် စာရင်းပြန်စစ်ရတာ သိပ်လွယ်ပါတယ်။
✅ 𝐒𝐌𝐄လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းဖိုးတွေကို ချက်ချင်းရ၊ ချက်ချင်းပေးလုပ်နိုင်လို့ ငွေကြေးလည်ပတ်မှုပိုသွက်လာစေပြီး လုပ်ငန်းလည်ပတ်မှုမြန်ဆန်လာပါတယ်။
အထူးသတိပြုရမယ့် လုံခြုံရေးအချက်များ ⚠️
𝟏. 𝐎𝐓𝐏ကုဒ်နှင့် လျို့ဝှက်နံပါတ်(𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝)ကို ဘယ်သူ့ကိုမှ မပြောပါနှင့်။ 𝐎𝐓𝐏ဆိုတာ သင့်ဖုန်းထဲကို မက်ဆေ့ခ်ျ(𝐒𝐌𝐒)နဲ့ လာတတ်တဲ့ ဂဏန်း(၆)လုံး သို့မဟုတ် (၄)လုံးကုဒ်ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ဘဏ်ဝန်ထမ်း၊ အဖွဲ့အစည်းဝန်ထမ်း သို့မဟုတ် အလိုင်းရင့်စ်ဝန်ထမ်းလို့ပဲ ပြောပြော၊ မည်သူ့ကိုမှ ကုဒ်နဲ့ အကောင့်စကားဝှက်(𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝/𝐏𝐈𝐍)ကို မပြောပြရပါဘူး။ ဝန်ထမ်းအစစ်တွေဟာ ဒါတွေကို လုံးဝ(လုံးဝ)တောင်းခံခွင့်မရှိပါဘူး။
𝟐. ဆုမဲပေါက်တယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှု/မက်ဆေ့ခ်ျများကို သတိထားပါ။ "ဆုငွေသိန်းဂဏန်း ပေါက်လို့ပါ၊ ဆုငွေမလွှဲခင် ငွေကြေးတစ်စုံတရာပေးပါ"ဆိုပြီး မိမိတို့ဆီက ငွေကို အရင်လွှဲခိုင်းရင် အလိမ်အညာဖြစ်ပါတယ်။
𝟑. မသင်္ကာစရာကောင်းတဲ့ လင့်ခ်(𝐋𝐢𝐧𝐤)တွေကို မနှိပ်ပါနဲ့။ ဖုန်းထဲကို မက်ဆေ့ခ်ျနဲ့ဖြစ်စေ၊ 𝐒𝐨𝐜𝐢𝐚𝐥 𝐌𝐞𝐝𝐢𝐚ကနေဖြစ်စေ လာပို့တဲ့ အထူးအဆန်းလင့်ခ်တွေကို လျှောက်မနှိပ်ပါနဲ့။ သင့်အကောင့်ထဲက ငွေတွေကို ခိုးယူသွားနိုင်ပါတယ်။
𝟒. ငွေမလွှဲခင် နာမည်နှင့် ဖုန်းနံပါတ်ကို သေချာစစ်ပါ။ လူမှားလွှဲမိရင် ပြန်တောင်းရတာ ခက်ခဲတတ်ပါတယ်။ အထူးသဖြင့် ဆိုင်တွေမှာ 𝐐𝐑 𝐂𝐨𝐝𝐞စကင်ဖတ်ပြီး ငွေပေးချေတဲ့အခါ ပေါ်လာတဲ့ နာမည်နဲ့အချက်အလက်မှန်မမှန်ကို အမြဲစစ်ဆေးပါ။
နိဂုံးချုပ်အနေနဲ့ တိုးတက်လာတဲ့ ငွေပေးချေမှုဆိုင်ရာနည်းပညာတွေကို အသုံးပြုဖို့ စိုးရိမ်နေစရာမလိုအပ်ပါဘူး။ သေချာသတိလေးထားပြီး အသုံးပြုမယ်ဆိုရင် မိမိတို့ရဲ့ စီးပွားရေးနဲ့ နေ့စဉ်လူနေမှုဘဝကို ဒီ𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐚𝐲𝐦𝐞𝐧𝐭စနစ်က အများကြီးပိုမိုတိုးတက်လွယ်ကူစေမှာ ဖြစ်ပါတယ်။
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာအကြောင်းအရာများကို အသင်းဝင်များအားလုံး အကျိူးရှိစေရန်အတွက် အလိုင်းရင့်စ်ကုမ္ပဏီရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥တစ်ခုဖြစ်တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥မှာလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 > https://t.me/Alliance_Financial_Education

❤4👍1
တစ်ဦးချင်းချေးငွေကို လွယ်ကူမြန်ဆန်စွာရယူလိုတဲ့ လုပ်ငန်းရှင်များအတွက် သတင်းကောင်း 📣📣📣
အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနဲ့ ရှမ်းစတဲ့ တိုင်းပြည်နယ်အသီးသီးမှာ ရုံးခွဲပေါင်း(၄၀)ဖွင့်လှစ်ထားပြီး အသင်းဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်နေသော ငွေကြေးဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ အကောင်းဆုံးဆောင်ရွက်ပေးနေပါတယ်။
လုပ်ငန်းတိုးချဲ့ရန် လိုအပ်နေတဲ့ငွေကြေးအရင်းအနှီးရရှိဖို့ လူကြီးမင်းတို့အနေနဲ့ အလိုင်းရင့်စ်မှာ တစ်ဦးချင်းချေးငွေဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ ဒီချေးငွေအမျိုးအစားကို ရရှိနိုင်ဖို့ သတ်မှတ်ထားသော စည်းမျဉ်းများနဲ့ကိုက်ညီပြီး စာရွက်စာတမ်းအထောက်အထားအနည်းငယ်ဖြင့် လွယ်ကူမြန်ဆန်စွာ လျှောက်ထားနိုင်ပါတယ်။ မိမိတို့လိုအပ်သောချေးငွေပမာဏကို အနည်းဆုံး ငွေကျပ်(၁၀)သိန်းမှ အများဆုံး ငွေကျပ်သိန်း(၂၀၀)အထိ ရရှိနိုင်ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် ချေးငွေရဲ့အတိုးနှုန်းထားကို ၂%မှ ၂.၃၃%(လစဉ်လျော့တွက်စနစ်)သတ်မှတ်ထားပြီး ပေးဆပ်ရမယ့်ချေးငွေကာလကိုလဲ (၆လ)မှ (၂၄လ)အထိ ရရှိနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် လိုအပ်နေသောလုပ်ငန်းအရင်းအနှီးအတွက် ချေးငွေကို လျှင်မြန်စွာရရှိနိုင်ဖို့ 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫– 𝟎𝟗 𝟗𝟕𝟖 𝟎𝟎𝟎 𝟗𝟗𝟗နဲ့ နီးစပ်ရာအလိုင်းရင့်စ်ရုံးခွဲများမှာ အမြန်ဆုံးဆက်သွယ်စုံစမ်းနိုင်ပါပြီ။
အလိုင်းရင့်စ်နှင့်အတူ သင့်လုပ်ငန်းရဲ့ အောင်မြင်မှုကို ယုံကြည်မှုရှိရှိ တည်ဆောက်လိုက်ပါ…📈📈📈

❤2
အလိုင်းရင့်စ်(𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞)သည် မိမိတို့အသင်းဝင်များအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်းများ၏အရည်အသွေးများကို စဉ်ဆက်မပြတ်မြှင့်တင်ပေးရန် လိုအပ်သောသင်တန်းများကို ပို့ချပေးလျှက်ရှိပါသည်။
အလိုင်းရင့်စ်၏ 𝐃𝐞𝐩𝐮𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡 𝐌𝐚𝐧𝐚𝐠𝐞𝐫များနှင့် ဌာနအသီးသီးမှ 𝐒𝐞𝐧𝐢𝐨𝐫 𝐎𝐟𝐟𝐢𝐜𝐞𝐫𝐬များအား 𝐍𝐞𝐰 𝐃𝐁𝐌 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 & 𝐒𝐨𝐟𝐭𝐒𝐤𝐢𝐥𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠များကို ၂၀၂၆၊ ဇွန်လ(၂၂)ရက်မှ ဇွန်လ(၂၆)ရက်နေ့အထိ (၅)ရက်ခန့် မန္တလေးမြို့၊ အလိုင်းရင့်စ်ရုံးချုပ်တွင် သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်း၏ရည်ရွယ်ချက်မှာ 𝐃𝐁𝐌နှင့် 𝐍𝐞𝐰 𝐃𝐁𝐌များရဲ့ 𝐉𝐨𝐛 𝐃𝐞𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧များနှင့် 𝐑𝐨𝐥𝐞 𝐚𝐧𝐝 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐥𝐞များကို သိရှိနားလည်ပြီး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်တွင် ပိုမိုအဆင်ပြေမှုရှိစေရန် နှင့် လုပ်ငန်းခွင်အတွင်း သင်ယူခဲ့ရသောနည်းလမ်းများနှင့် စည်းကမ်းများကို အသုံးချနိုင်စေရန် ဖြစ်ပါသည်။ 𝐑𝐞𝐟𝐫𝐞𝐬𝐡𝐞𝐫 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠များပြုလုပ်ခြင်းကြောင့် 𝐃𝐁𝐌နှင့် 𝐎𝐟𝐟𝐢𝐜𝐞𝐫များအတွက် 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐏𝐨𝐥𝐢𝐜𝐲 𝐚𝐧𝐝 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞များကို ထပ်မံသိရှိစေပြီး လုပ်ငန်းအတွက် ကောင်းမွန်သော မွမ်းမံသင်တန်းတစ်ခုလည်း ဖြစ်ပါသည်။
သင်တန်းအစပိုင်းရက်များတွင် 𝐑𝐨𝐥𝐞 & 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲, 𝐁𝐫𝐚𝐧𝐜𝐡 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 & 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠, 𝐈𝐓 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧𝐬 𝐚𝐧𝐝 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧, 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐒𝐭𝐚𝐟𝐟 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞, 𝐒𝐭𝐚𝐟𝐟 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭, 𝐑𝐢𝐬𝐤𝐬 & 𝐂𝐨𝐧𝐭𝐫𝐨𝐥, 𝐃𝐞𝐥𝐢𝐧𝐪𝐮𝐞𝐧𝐜𝐲 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭စတဲ့ 𝐦𝐨𝐝𝐮𝐥𝐞များကို သက်ဆိုင်ရာ𝐇𝐎𝐃များမှ သင်ကြားပို့ချခဲ့ပါသည်။ နောက်ရက်များတွင် 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐥𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠အတွက် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭, 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 & 𝐓𝐞𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭, 𝐓𝐢𝐦𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐃𝐞𝐥𝐢𝐠𝐚𝐭𝐢𝐨𝐧, 𝐂𝐨𝐧𝐟𝐥𝐢𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 & 𝐃𝐢𝐬𝐜𝐢𝐩𝐥𝐢𝐧𝐢𝐧𝐠, 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤စတဲ့ 𝐓𝐨𝐩𝐢𝐜များကို 𝐂𝐎𝐎, 𝐎𝐌နှင့် 𝐇𝐎𝐃တို့မှ ပို့ချပေးခဲ့ပါသည်။ ထို့နောက် 𝐏𝐫𝐨𝐝𝐮𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫များမှ 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬များနှင့် 𝐏𝐨𝐥𝐢𝐜𝐢𝐞𝐬 & 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞𝐬များကို သိရှိနားလည်အောင် သင်ကြားပေးခဲ့ပါသည်။ သင်တန်းတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေးမြန်းခြင်း၊ လုပ်ငန်းအခက်အခဲများကို တိုင်ပင်ဆွေးနွေးခြင်း၊ 𝐆𝐫𝐨𝐮𝐩 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧နှင့် 𝐆𝐫𝐨𝐮𝐩 𝐖𝐨𝐫𝐤များ ပြုလုပ်ခြင်းအစရှိတဲ့အခန်းကဏ္ဍများကို ပြုလုပ်ပြီး သင်တန်းများ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
သင်တန်းတက်ရခြင်းအကျိုးကျေးဇူးကြောင့် ဝန်ထမ်းများ၏အုပ်ချုပ်ရေးဆိုင်ရာအရည်အချင်းများ တိုးတက်လာခြင်း၊ အဖွဲ့အစည်းတိုးတက်လာအောင် လုပ်ဆောင်နိုင်စွမ်းများ ပိုမိုကောင်းမွန်လာခြင်း၊ အပြုသဘောဆောင်သော လုပ်ငန်းပတ်ဝန်းကျင်ကောင်းကို တည်ဆောက်လာနိုင်ခြင်း၊ 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 & 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐒𝐤𝐢𝐥𝐥များတိုးတက်လာခြင်း စသောအချက်များကို ရရှိလာစေပါသည်။
သင်တန်းများတွင် စိတ်ရောကိုယ်ပါတက်ကြွစွာ သင်ကြားပို့ချပေးခဲ့ကြသော 𝐂𝐎𝐎, 𝐎𝐌နှင့် ဌာနအသီးသီးမှ𝐇𝐎𝐃များ၊ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠ဌာနမှ ဆရာ၊ဆရာမများနှင့် သင်တန်းတွင် အားတက်သရော ပါဝင်တက်ရောက်ခဲ့ကြသော အလိုင်းရင့်စ်ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။

❤6
၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် အလိုင်းရင့်စ်မှ ကျောင်းသုံးစာရေးကိရိယာများ လှူဒါန်းခြင်း
==========================================================
အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးဝန်ဆောင်မှုပေးရုံသာမက မိမိတို့အလိုင်းရင့်စ်ရုံးခွဲများတည်ရှိရာဒေသများရှိ လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အစဉ်တစိုက်အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုနှစ် ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ကျောင်းသူများ၏ ပညာရေးကို အားပေးထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြီး “𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐁𝐚𝐜𝐤 𝐭𝐨 𝐒𝐜𝐡𝐨𝐨𝐥”အစီအစဉ်ကို ဖော်ဆောင်ခဲ့ပါသည်။ မိမိတို့အလိုင်းရင့်စ်ရုံးခွဲများရှိရာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်စသည့် တိုင်းပြည်နယ်များရှိ မြို့နယ်ပေါင်း(၄၀)တွင် အစိုးရစာသင်ကျောင်းနှင့်ဘုန်းတော်ကြီးသင်စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော စာအုပ်ပေါင်း(၈၀၀၀)ခန့်နှင့် အခြားစာရေးကိရိယာများကို အလိုင်းရင့်စ်ကုမ္ပဏီနှင့် ဝန်ထမ်းမိသားစုများမှ စုပေါင်း၍ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
ကျောင်းနေအရွယ်ကလေးငယ်များ ပညာသင်ကြားရေးတွင် အဆင်ပြေချောမွေ့စေရန်နှင့် အနာဂတ်တွင် မိမိတို့ဒေသကို ပြန်လည်အကျိုးပြုနိုင်မည့် ထူးချွန်ထက်မြက်သူများဖြစ်လာစေရန် မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။ ယခုလို လှူဒါန်းမှုဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှတက်ကြွစွာဝိုင်းဝန်းကူညီပေးကြသော အလိုင်းရင့်စ်၏လေးစားရပါသောအထက်လူကြီးများနှင့် ချစ်ခင်တန်ဖိုးထားရပါသောဝန်ထမ်းများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
နောင်အနာဂတ်များတွင် အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမွဏီမှ ယခုကဲ့သို့လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပြီးခဲ့တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐅𝐫𝐢𝐝𝐚𝐲မှာ ကျွန်တော်တိုမျှဝေခဲ့တဲ့ "𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐏𝐚𝐲𝐦𝐞𝐧𝐭စနစ်အားသာချက်နှင့် လုံခြုံရေးဆိုင်ရာသတိပြုစရာများ"ဆိုတဲ့ အကြောင်းအရာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ မျှဝေပေးခဲ့တဲ့အကြောင်းအရာကို ဘယ်လောက်ထိမှတ်မိလဲဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့ ဒီ𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐐𝐮𝐢𝐳ကို 𝐂𝐨𝐦𝐦𝐞𝐧𝐭မှာ ဖြေကြည့်လိုက်ရအောင် !!!
𝐐𝐮𝐢𝐳: အဖွဲ့အစည်းတစ်ခု သို့မဟုတ် ကုမ္ပဏီဝန်ထမ်းတစ်ဦးဟု ဆိုကာ သင့်ဖုန်းထဲသို့ ရောက်လာသော 𝐎𝐓𝐏 (၆)လုံး သို့မဟုတ် (၄)လုံးကုဒ်ကို တောင်းခံလာပါက ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ ?
(𝐀) ဝန်ထမ်းအစစ်ဖြစ်နိုင်၍ ချက်ချင်းပြောပြလိုက်မည်။
(𝐁) အလုပ်ကိစ္စမြန်ဆန်စေရန် 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭ရိုက်၍ ပို့ပေးမည်။
(𝐂) မည်သူ့ကိုမျှ လုံးဝ(လုံးဝ)မပြောပြဘဲ ငြင်းပယ်ရမည်။
(𝐃) ဖုန်းခေါ်ဆိုသူ၏အကောင့်ထဲသို့ ငွေအရင်လွှဲမည်။
အဖြေမှန်ကို လာမည့်တနင်္လာနေ့မှာ အခု𝐏𝐨𝐬𝐭ရဲ့ 𝐂𝐨𝐦𝐦𝐞𝐧𝐭မှာ ဖော်ပြထားပေးမှာဖြစ်လို့ အဖြေတိုက်ကြဖို့ မမေ့နဲ့ဦးနော်...
ဒီ𝐐𝐮𝐢𝐳ကိုဖြေဆိုရင်း အသင်းဝင်အားလုံး ငွေကြေးအသိပညာတွေ ပိုတိုးပွားပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေလို့ အလိုင်းရင့်စ်မှ ဆုတောင်းပေးလိုက်ပါတယ်။
𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫
𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫: 𝟎𝟗 𝟗𝟕𝟖 𝟎𝟎𝟎 𝟗𝟗𝟗

Media is too big
VIEW IN TELEGRAM
အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမွဏီအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်များတွင် ရုံးခွဲပေါင်း(၄၀)ကို ဖွင့်လှစ်ထားပြီး ချေးငွေ၊ စုငွေဝန်ဆောင်မှုများဖြင့် အသင်းဝင်များအပေါ် လွယ်ကူမြန်ဆန်သည့် ဝန်ဆောင်မှု၊ နွေးထွေးပျူငှာသောဆက်ဆံရေးတို့ဖြင့် အကောင်းမွန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်။
ယခုတစ်ခေါက် Client’s Success Storyအစီအစဉ်မှာ အလိုင်းရင့်စ်ရဲ့ အသင်းဝင်တစ်ဦးဖြစ်တဲ့ ဦးနောင်နောင်အနေနဲ့ အလိုင်းရင့်စ်ရဲ့ငွေကြေးဝန်ဆောင်မှုများကို ရယူပြီးနောက်ပိုင်း သူရဲ့ရိုးရာရက်ကန်းလုပ်ငန်းမှာ ဘယ်လိုမျိုး တိုးတက်အောင်မြင်သွားသလဲ၊ အလိုင်းရင့်စ်ရဲ့ငွေကြေးဝန်ဆောင်မှုတွေက သူရဲ့မိသားစုနဲ့ လူမှုစီးပွားရေးအတွက် ဘယ်လိုမျိုးအကျိုးကျေးဇူးပြုခဲ့သလဲဆိုတာတွေကို သိရှိရအောင် တင်ဆက်ပေးလိုက်ပါတယ်…
𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐧𝐚𝐧𝐜𝐞 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫
𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫 : 𝟎𝟗 𝟗𝟕𝟖 𝟎𝟎𝟎 𝟗𝟗𝟗

သင့်လုပ်ငန်းရဲ့ ငွေကြေးကျန်းမာရေးကို ပုံမှန်စစ်ဆေးရဲ့လား...❓
မိမိတို့ရဲ့ခန္ဓာကိုယ်ကျန်းမာဖို့ ဆရာဝန်ဆီမှာ ကျန်းမာရေးစစ်ဆေးမှု(𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤-𝐮𝐩)လုပ်သလိုပဲ ကျွန်တော်တို့ရဲ့ ငွေကြေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေပြေနဲ့ ရေရှည်လည်ပတ်နိုင်ဖို့အတွက် "ငွေကြေးကျန်းမာရေး (𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤)"ကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီတပတ်𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐅𝐫𝐢𝐝𝐚𝐲အစီအစဉ်မှာ ကိုယ့်ရဲ့ လုပ်ငန်းက ငွေကြေးအခြေအနေကောင်းရဲ့လား ဒါမှမဟုတ် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပြီလားဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။
လုပ်ငန်းရဲ့ ငွေကြေးကျန်းမာရေးကို အောက်ပါအချက်(၃)ချက်ဖြင့် ပုံမှန်စစ်ဆေးပါ။ 🔎
၁။ ဝင်ငွေနဲ့ထွက်ငွေ မျှခြေရှိပါသလား ❓
တစ်လလုံး ရောင်းရငွေ(ဝင်ငွေ)သည် ဆိုင်လည်ပတ်စရိတ်၊ အိမ်သုံးစရိတ်(ထွက်ငွေ)ထက် ပိုနေမှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ငွေထက် ထွက်ငွေက ပိုများနေရင် ငွေကြေးကျန်းမာရေး စိုးရိမ်ရတဲ့အခြေအနေတစ်ခုဖြစ်နေပါပြီ။
၂။ အရေးပေါ်ရန်ပုံငွေရှိပါသလား ❓
မမျှော်လင့်ဘဲ နာမကျန်းဖြစ်ခြင်း၊ ရာသီဥတုအခြေအနေကြောင့် ဆိုင်နားရခြင်း သို့မဟုတ် ကုန်ပစ္စည်း ပြတ်လတ်ခြင်းတို့ ကြုံတွေ့လာရပါက မိသားစုနဲ့ လုပ်ငန်းကို အနည်းဆုံး(၃)လမှ (၆)လအထိ ပုံမှန်လည်ပတ်နိုင်မယ့် အရန်ငွေကြေးရှိမရှိကို စစ်ဆေးသင့်ပါတယ်။
၃။ အကြွေးဝန်ထုပ်ဝန်ပိုး ဘယ်လောက်ရှိပါသလဲ ❓
တစ်လအတွင်း ပြန်ဆပ်ရမည့် ချေးငွေနဲ့ အတိုးနှုန်းအားလုံးသည် မိမိတို့ရဲ့တစ်လတာ ဝင်ငွေစုစုပေါင်း၏ ၃၅%ထက် မကျော်လွန်ရန် လိုအပ်ပါတယ်။ ထိုထက်ကျော်လွန်နေပါက အကြွေးဝန်ပိပြီး ငွေကြေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
စနစ်ကျသောငွေကြေးရည်မှန်းချက်သတ်မှတ်နည်း ✅
ငွေကြေးရည်မှန်းချက်တိတိကျကျရှိမှသာ ငွေစုဆောင်းရတာကို စိတ်ပါဝင်စားပြီး လမ်းကြောင်းမလွဲချော်မှာ ဖြစ်ပါတယ်။ ရည်မှန်းချက်ကို အချိန်ကာလအလိုက် ခွဲခြားသတ်မှတ်ပါ။ ကာလတိုအနေနဲ့ အရေးပေါ်ရန်ပုံငွေ စုဆောင်းခြင်း၊ လုပ်ငန်းသုံးစက်ပစ္စည်း အသစ်ဝယ်ယူခြင်းစသည့်တို့ကို ပြုလုပ်နိုင်ပါတယ်။ ကာလရှည်အနေနဲ့ ဆိုင်ကို တိုးချဲ့ခြင်း(သို့)ဒုတိယဆိုင်ခွဲတစ်ခု ထပ်ဖွင့်ခြင်း၊ ပင်စင်အနားယူချိန်အတွက် ငွေစုဆောင်းခြင်း စသည့်တို့ကို ပြုလုပ်နိုင်ပါတယ်။ ရည်မှန်းချက်တွေကို "ငွေကြေးများများစုဆောင်းမည်"ဟု အကြမ်းဖျင်းမထားဘဲ “ဥပမာ-လာမည့်(၆)လအတွင်း အရေးပေါ်ရန်ပုံငွေအတွက် (၅)သိန်းစုမည်”ဟု တိတိကျကျသတ်မှတ်ထားပါ။
ငွေကြေးကျန်းမာရေးကောင်းမွန်ခြင်းဆိုသည်မှာ ငွေကြေးအများကြီးရှိခြင်းကို ဆိုလိုတာမျိုးမဟုတ်ပါဘူး။ မိမိတို့မှာရှိသော ငွေကြေးပမာဏကို စနစ်တကျစီမံခန့်ခွဲတတ်ပြီး လက်ရှိရော အနာဂတ်မှာပါ ငွေကြေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကင်းစွာဖြတ်သန်းနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာအကြောင်းအရာများကို အသင်းဝင်များအားလုံး အကျိူးရှိစေရန်အတွက် အလိုင်းရင့်စ်ကုမ္ပဏီရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥တစ်ခုဖြစ်တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥မှာလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 > https://t.me/Alliance_Financial_Education
မိမိတို့ရဲ့ခန္ဓာကိုယ်ကျန်းမာဖို့ ဆရာဝန်ဆီမှာ ကျန်းမာရေးစစ်ဆေးမှု(𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤-𝐮𝐩)လုပ်သလိုပဲ ကျွန်တော်တို့ရဲ့ ငွေကြေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေပြေနဲ့ ရေရှည်လည်ပတ်နိုင်ဖို့အတွက် "ငွေကြေးကျန်းမာရေး (𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐡𝐞𝐜𝐤)"ကို ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီတပတ်𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐅𝐫𝐢𝐝𝐚𝐲အစီအစဉ်မှာ ကိုယ့်ရဲ့ လုပ်ငန်းက ငွေကြေးအခြေအနေကောင်းရဲ့လား ဒါမှမဟုတ် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပြီလားဆိုတာကို စစ်ဆေးနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။
လုပ်ငန်းရဲ့ ငွေကြေးကျန်းမာရေးကို အောက်ပါအချက်(၃)ချက်ဖြင့် ပုံမှန်စစ်ဆေးပါ။ 🔎
၁။ ဝင်ငွေနဲ့ထွက်ငွေ မျှခြေရှိပါသလား ❓
တစ်လလုံး ရောင်းရငွေ(ဝင်ငွေ)သည် ဆိုင်လည်ပတ်စရိတ်၊ အိမ်သုံးစရိတ်(ထွက်ငွေ)ထက် ပိုနေမှ အဆင်ပြေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဝင်ငွေထက် ထွက်ငွေက ပိုများနေရင် ငွေကြေးကျန်းမာရေး စိုးရိမ်ရတဲ့အခြေအနေတစ်ခုဖြစ်နေပါပြီ။
၂။ အရေးပေါ်ရန်ပုံငွေရှိပါသလား ❓
မမျှော်လင့်ဘဲ နာမကျန်းဖြစ်ခြင်း၊ ရာသီဥတုအခြေအနေကြောင့် ဆိုင်နားရခြင်း သို့မဟုတ် ကုန်ပစ္စည်း ပြတ်လတ်ခြင်းတို့ ကြုံတွေ့လာရပါက မိသားစုနဲ့ လုပ်ငန်းကို အနည်းဆုံး(၃)လမှ (၆)လအထိ ပုံမှန်လည်ပတ်နိုင်မယ့် အရန်ငွေကြေးရှိမရှိကို စစ်ဆေးသင့်ပါတယ်။
၃။ အကြွေးဝန်ထုပ်ဝန်ပိုး ဘယ်လောက်ရှိပါသလဲ ❓
တစ်လအတွင်း ပြန်ဆပ်ရမည့် ချေးငွေနဲ့ အတိုးနှုန်းအားလုံးသည် မိမိတို့ရဲ့တစ်လတာ ဝင်ငွေစုစုပေါင်း၏ ၃၅%ထက် မကျော်လွန်ရန် လိုအပ်ပါတယ်။ ထိုထက်ကျော်လွန်နေပါက အကြွေးဝန်ပိပြီး ငွေကြေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
စနစ်ကျသောငွေကြေးရည်မှန်းချက်သတ်မှတ်နည်း ✅
ငွေကြေးရည်မှန်းချက်တိတိကျကျရှိမှသာ ငွေစုဆောင်းရတာကို စိတ်ပါဝင်စားပြီး လမ်းကြောင်းမလွဲချော်မှာ ဖြစ်ပါတယ်။ ရည်မှန်းချက်ကို အချိန်ကာလအလိုက် ခွဲခြားသတ်မှတ်ပါ။ ကာလတိုအနေနဲ့ အရေးပေါ်ရန်ပုံငွေ စုဆောင်းခြင်း၊ လုပ်ငန်းသုံးစက်ပစ္စည်း အသစ်ဝယ်ယူခြင်းစသည့်တို့ကို ပြုလုပ်နိုင်ပါတယ်။ ကာလရှည်အနေနဲ့ ဆိုင်ကို တိုးချဲ့ခြင်း(သို့)ဒုတိယဆိုင်ခွဲတစ်ခု ထပ်ဖွင့်ခြင်း၊ ပင်စင်အနားယူချိန်အတွက် ငွေစုဆောင်းခြင်း စသည့်တို့ကို ပြုလုပ်နိုင်ပါတယ်။ ရည်မှန်းချက်တွေကို "ငွေကြေးများများစုဆောင်းမည်"ဟု အကြမ်းဖျင်းမထားဘဲ “ဥပမာ-လာမည့်(၆)လအတွင်း အရေးပေါ်ရန်ပုံငွေအတွက် (၅)သိန်းစုမည်”ဟု တိတိကျကျသတ်မှတ်ထားပါ။
ငွေကြေးကျန်းမာရေးကောင်းမွန်ခြင်းဆိုသည်မှာ ငွေကြေးအများကြီးရှိခြင်းကို ဆိုလိုတာမျိုးမဟုတ်ပါဘူး။ မိမိတို့မှာရှိသော ငွေကြေးပမာဏကို စနစ်တကျစီမံခန့်ခွဲတတ်ပြီး လက်ရှိရော အနာဂတ်မှာပါ ငွေကြေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုကင်းစွာဖြတ်သန်းနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာသိကောင်းစရာအကြောင်းအရာများကို အသင်းဝင်များအားလုံး အကျိူးရှိစေရန်အတွက် အလိုင်းရင့်စ်ကုမ္ပဏီရဲ့ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥တစ်ခုဖြစ်တဲ့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥မှာလည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။
𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 > https://t.me/Alliance_Financial_Education
❤2
အလိုင်းရင့်စ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီသည် ၂၀၁၄ခုနှစ်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး(၆)ခုတွင် အသင်းဝင်များအတွက် ယုံကြည်စိတ်ချရသော ငွေကြေးဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အကောင်းဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်။
အလိုင်းရင့်စ်ရဲ့ ငွေကြေးဝန်ဆောင်မှုများတွင် လုပ်ငန်းအတွက် အတိုးနှုန်းသက်သာပြီး ပေးဆပ်ရလွယ်ကူတဲ့ ချေးငွေဝန်ဆောင်မှု၊ အနာဂတ်အတွက် အတိုးနှုန်းမြင့်ပြီး စိတ်ချရတဲ့ စုငွေဝန်ဆောင်မှုများကို ရရှိနိုင်ပါတယ်။ ရန်ကုန်မြို့ရှိ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ တာမွေ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်များမှ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လိုအပ်နေသော ချေးငွေနှင့် စုငွေဝန်ဆောင်မှုများကို သက်ဆိုင်ရာမြို့နယ်အလိုင်းရင့်စ်ရုံးခွဲတွေမှာ လွယ်ကူမြန်ဆန်စွာ ရယူနိုင်ပါပြီ… 👏👏
• လုပ်ငန်းတိုးချဲ့ဖို့ အရင်းအနှီးလိုအပ်နေပြီလား ❓
• ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ငွေကြေးလိုအပ်နေပြီလား ❓
• အနာဂတ်အတွက် ခိုင်မာတဲ့ ငွေကြေးစုဆောင်းမှု စတင်ချင်နေပြီလား ❓
ဒါကြောင့် ယခုပဲ 𝐂𝐚𝐥𝐥 𝐂𝐞𝐧𝐭𝐞𝐫- 𝟎𝟗 𝟗𝟕𝟖 𝟎𝟎𝟎 𝟗𝟗𝟗နှင့် အလိုင်းရင့်စ်ရုံးခွဲများကို သွားရောက်ပြီး မိမိတို့လုပ်ငန်းအတွက် အသင့်တော်ဆုံး ငွေကြေးဝန်ဆောင်မှုကို ရယူလိုက်ပါ။
ရန်ကုန်ရုံးခွဲလိပ်စာများ 📌
➤ မရမ်းကုန်းမြို့နယ်ရုံးခွဲ - အမှတ်(၆၃၅/E)၊ ရိုးမရိပ်သာလမ်း၊ ပြည်လမ်းမကြီး၊ အမှတ်(၂)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
➤ တောင်ဒဂုံမြိုနယ်ရုံးခွဲ - အမှတ်-(၇၂၉၊က)၊ ထားဝယ်လမ်း၊ အမှတ်(၂၅)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
➤ တောင်ဥက္ကလာပမြို့နယ်ရုံးခွဲ - အမှတ်(၆၃၅/E)၊ ရိုးမရိပ်သာလမ်း၊ ပြည်လမ်းမကြီး၊ အမှတ်(၂)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။