Bollywood Cinema
73K subscribers
464 photos
8 videos
411 links
For Ads Contact 📌 @Alexic56
Download Telegram
Through My Window (2022)

ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက်ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့
ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီတစ်စုရှိပါတယ် အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်းသာ မိသားစုတစ်စုပေါ့အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲကအလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲသူမကအလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦးနီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင်ဒီကားထဲမှာ သူတို့နှစ်ဦးကို နီးစပ်သွားစေတာကတော့ Wifi လိုင်းလေးပဲ ဖြစ်ပါတယ

🔥Movie Link
https://t.me/moviecinema78/3687

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM
The November Man (2014)

James Bond မင်းသားကြီး Pierce Brosnan ရဲ့ ဇာတ်ကားသစ်လေးပါ…
ဇာတ်လမ်းက စပိုင်ဇာတ်ကားဖြစ်တာနဲ့အညီ သည်းထိပ်ရင်ဖို လှည့်ကွက်ပေါင်းများစွာပါဝင်ပါတယ်…
အဲ့ဒီလှည့်ကွက်တွေထဲကို အေးဂျင့်ဘဝကနေအငြိမ်းစားယူသွားပြီဖြစ်တဲ့ မင်းသား Pierce Brosnan ကို
ထည့်သွင်းလိုက်တဲ့အခါ ဝါရင့်အေးဂျင့်တစ်ယောက်အနေနဲ့ ဘယ်လိုတွေဖြေရှင်းသွားမယ်ဆိုတာ…..။
တစ်ကားလုံးမနားတမ်းကြည့်မိတဲ့ ဇာတ်ကားပါ…

📌 Movie link 🍿
https://t.me/mmchnnell/669
The Girl Next door( 2004)

ဒီဇာတ်ကားကိုကြည့်ဖူးရင် အကောင်ပါပဲ……..မင်းသမီး Elisha Cuthbert ကိုကြိုက်မိသွားတဲ့အကောင်။ကျွန်တော်ကတော့ မင်းသမီးအပြင် မင်းသား Emile Hirsch ရဲ့သရုပ်ဆောင်မှုတွေကိုလဲ အာတွေ့လှပါတယ်။သူတို့အတွက်များ ဒီဇာတ်ကားဖန်တီးဖြစ်တာလားလို့ တွေးမိရလောက်အောင် မင်းသားရော မင်းသမီးရော နှစ်ယောက်လုံး ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားကြပါတယ်။ သူတို့နဲ့ လိုက်ဖက်လွန်းတဲ့ဇာတ်ကားပါ။ဇာတ်ကားရဲ့ ရည်ရွယ်ရင်းလဲ နှစ်သက်မိသလို ဟာသရသလဲမြောက်ပါတယ်။လူငယ် အချစ် ဟာသ ဇာတ်လမ်းလေးတွေမှာတော့ မမေ့နိုင်တဲ့ဇာတ်ကားပါ။Hit Man မင်းသား..ဖိုက်တာကြီး Timothy Olyphant ကို ဂျလေဘီဆန်ဆန်မြင်ရတာလဲ သဘောကျမိပါတယ်။Unrated Version နဲ့တင်ဆက်ထားတာမို့ ပြည့်ပြည့်ဝဝခံစားရမှာပါ။ချုပ်ပြောရရင် Teen Comedy ပရိတ်သတ်တွေ မကြည့်ဖူးသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ကြည့်ပြီးသားဖြစ်ရင်လဲ မင်းသမီး Elisha Cuthbert ကြောင့် ထပ်ကြည့်သင့်ကြောင်းပါ။

ဇာတ်ကားlink📌
https://t.me/mizflix/72
Railroad Tiger (2016)

ဇာတ်လမ်းအကျဉ်းမှာတော့ မာယွမ်တို့ဟာ ဂျပန်လက်အောက်မှာနေနေရတဲ့ သံလမ်းဘေးက အလုပ်သမား တောသားတွေပါ။ သူတို့ဟာ တိတ်တဆိတ်တတ်နိုင်သလောက် ဂျပန်တွေကို ဒုက္ခပေးနေပေမယ့် ဘယ်သူမှ အထင်တကြီးမရှိလှပါဘူး။တောသားငတုံးတွေဆိုပြီး ဂျပန်တွေက အာရုံမထားသလို တရုတ်တော်လှန်ရေးတပ်သားတွေကလည်း အရေးတယူမရှိပါဘူး။ တစ်နေ့မှာတော့ ဂျပန်တွေ စီးနင်းထားတဲ့ တံတားတစ်ခုကို ဖောက်ခွဲဖို့ကြိုးစားရင်း တရုတ်တစ်တပ်လုံးကျသွားချိန်မှာ လွတ်လာတဲ့ တပ်သားတယောက်ကို မာယွမ်တို့ ကယ်မိပါတယ်။ အဲဒီ စစ်သားကို ဘာလို့တံတားကို ဖောက်ခွဲရလဲမေးပေမယ့် မင်းတို့နားမလည်ပါဘူးလေဆိုပြီး ရှင်းမပြခဲ့တော့ပါဘူး။
အဲဒီမှာပဲ ဘာမှနားမလည်တဲ့ တောသားတစ်စု ဘာလို့ဖောက်ခွဲရမလဲ နားမလည်ပေမယ့် တရုတ်တပ်ကဖောက်ခွဲဖို့လိုတယ်ပြောရင်ဖောက်တာပေါ့ဆိုပြီး မိုင်းခွဲနည်းလိုက်မေး မိုင်းတွေခိုးဖို့ကြိုးစားရင်း သူတို့တတ်နိုင်တဲ့နေရာကနေ အသက်စွန့်ပြီးကူညီကြတဲ့အခါ….

ဇာတ်ကားlink📌
https://t.me/mizflix/77
Please open Telegram to view this post
VIEW IN TELEGRAM
The Prisoners (2013)

ဒီကားကတော့ ကြိုပြောချင်တာက
ညပိုင်းဖစ်ဖစ် မိုးအေးအေးလေးနဲ့ဖစ်ဖစ် တိတ်ဆိတ်‌တဲ့နေရာမှာကြည့်ရင် ပိုပြီးဆွဲဆောငိမှုရှိပါတယ်ဇာတ်ကားeffectsတွေကလည်းCrime thriller typeနဲ့လိုက်ဖက်အောင် အုံ့မှိုင်းမှိုင်းလေးဆိုတော့ကြည့်ရတာ ပိုပြီး စိတ်၀င်စားဖို့ကောင်းပါတယ် ပါ၀င်ထားသရုပ်ဆောင်တွေကလည်းသူ့characterနဲ့ သူလိုက်ဖက်လွန်းပါတယ် စဉ်းစားစရာတွေလည်း အများကြီးပါ
အိမ်းနီးချင်း လင်မယားစုံတွဲ နှစ်တွဲညစာစားဖို့ သွားလည်ရကနေစပါတယ် သူတို့မှာ တစ်အိမ်မှာ ကလေးနှစ်ယောက်ဆီရှိပါတယ် အငယ်လေးတွေက ရွယ်တူ မိန်းကလေးတွေပါ ညစားစားရင် ဆော့မယ်ဆိုပြီး အပြင်ထွက်သွားရကနေ ပျောက်သွားပါတော့တယ် အရိပ်‌အယောင်လည်းမတွေ့ ဘာဖစ်သွားမှန်းတောင်မသိကြပါဘူး အဲ့မှာ မိသားစုတွေစိတ်ပူပြီး အသည်းအသန်လိုက်ရှာပါတော့တယ် ဘာဆက်ဖြစ်မလဲသိချင်ရင် ကြည့်လိုက်ပါ။

📌 Movie link 🍿
https://t.me/mmchnnell/675
The Mechanic (2016)

The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။သူ့အ‌ကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ‌ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ။

ဇာတ်ကားlink📌
https://t.me/mizflix/81
ဒီဇာတ်ကားမှာ Big Bang အဖွဲက T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။

Tazza: The Hidden Card 2014


T.O.P ဟာ တောင်ကိုရီးယားရဲ့ရ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့်မိသားစုနဲ့အတူကြည့်ဖိုတော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။

🔥Movie link
https://t.me/moviecinema78/3696

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
Forwarded from Channel Help
ရှမ်းကိုးမီး စလော့ဂိမ်းများကို ငွေထုတ်ကန့်သတ်လုံးဝမရှိပဲအပြတ်ကြုံးချင်သောကိုကြီးအတွက် ငွေကျပ် 💧💧💧💧 ရှိယုံဖြင့်စိတ်ကြိုက်ဆွဲလို့ရပြီရှင် 👌💵

❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️
😊အကောင့်ဖွင့်ရန်😊
⚡ @BunnySlot044
📱 09 88 33 44 044
📱 BunnySlot
🌐 www.BunnySlot.games

😀😀😀
💵💵💵💵💵💵💵💵💵
🐰မန်ဘာသစ်စလော့ 😀😀😀😀
🐰မန်ဘာသစ်ရှမ်းကိုးမီး 😀😀😀😀
🐰နေ့စဉ်😀😀😀
🐰ရှုးကြေး 😀😀
🐰Midnight Package 😀😀
Please open Telegram to view this post
VIEW IN TELEGRAM
Dallas Buyers Club (2013)

AIDS ရောဂါကူးစက်ခံရတဲ့ စက်ပြင်ဆရာကို ရက် ၃၀ သာ အသက်ရှင်ရတော့မယ်လို့ ဆေးရုံကပြောလိုက်ပါတယ် ကာကွယ်ကုသစရာဆေးမရှိပေမယ့် ရှင်သန်ချင်သေးတဲ့သူ့အတွက်ကတော့ နည်းလမ်းရှာဖို့ ကြိုးစားရတာပေါ့... ဒီလိုနဲ့ အသက်ဆက်နိုင်ဖို့ ဆေးတွေကို သူ့နည်းသူ့ဟန်နဲ့ ရှာဖွေခဲ့ပါတယ်
တရားဝင်အသိအမှတ်ပြုခြင်းမရှိတဲ့ မှောင်ခိုဆေးဝါးစျေးကွက်ကနေ သူ့လို AIDS ရောဂါသည်တွေအတွက် ကူညီဖို့ ကြိုးစားတဲ့ဇာတ်လမ်းလေးပါ ဒီကားမှာAIDS ရောဂါသည် မိန်းမလျာအဖြစ် သရုပ်ဆောင်တဲ့မင်းသား Jared Leto အတွက် Oscar ဆုကိုထိုက်ထိုက်တန်တန်ရခဲ့တာပါ။

ဇာတ်ကားlink📌
https://t.me/mizflix/90
Parker (2013)

ဒီဇာတ်ကားမှာ ခေါင်းဆောင်မင်းသားStathamဟာ သူ့စတန့်အားလုံးကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ကြောင်း သိရပါတယ်….
လူဆိုး က သေနတ်နဲ့ပစ်စဉ် အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ကားပြတင်းပေါက်ကနေ ဒိုင်ဗင်ထိုးထွက်တဲ့အခန်းဟာ အသက်အန္တရာယ်ရှိပေမဲ့ ဒါရိုက်တာ စိတ်တိုင်း ကျ မဖြစ်မချင်း Jason က ငါးခါ ခြောက်ခါ သရုပ်ဆောင်ပေးခဲ့ပါတယ်…..
ဒါရိုက်တာကြီးHackford ဟာ ‘Parker’ကို သူ့ရဲ့ပထမဆုံး film-noir ဇာတ်ကားဖြစ်အောင် ရိုက်ကူးရလို့ ရင်ခုန်ကြောင်းဖွင့်ပြောပါတယ်။(film-noirဆိုတာက ၁၉၆၀ပြည့်နှစ်တွေက ခေတ်စားတဲ့ ပြင်သစ်အဖြူ-အမည်းစုံထောက်ဇာတ်ကားတွေဖြစ်ပါတယ်။)
Parker ဟာ ထူးဆန်းတဲ့ဇာတ်ကောင်ဖြစ်ပြီး လူ့ခွစာဆန်သူဖြစ်လု့ိ ၎င်းကို မိမိစိတ်ဝင်စားတာပါလို့ Hackford က ပြောပါတယ်။ Parkerကို ဝေဖန်ရေးဆရာ တချို့က ချီးမွမ်းပြီး တချို့က ရှုတ်ချခဲ့ပါတယ်… Stathamဟာ Parker ဇာတ်ရုပ်နဲ့ အံကိုက်ဖြစ်ကြောင်း၊ J.Loရဲ့ဇာတ်ကောင် Leslie က တော့ ပရိသတ်ကို ရယ်မောစေကြောင်း တချို့က ပြောပါတယ်…

📌 Movie link 🍿
https://t.me/mmchnnell/678
CJ7(2008)

2008 ခုနှစ် Janauary 31 ရက်နေ့ မှာ ထွက်ရှိခဲ့ပြီး စိတ်ကူးယဉ်ဆန်တဲ့ ပညာပေး၊ရသပေး ဇာတ်ကားလေးပါ။
Single Father ဖြစ်တဲ့ Chow ဟာ တစ်ဦးတည်းသော သူ့ရဲ့သားလေး (ရှောင် တီ) ကို ပညာ တတ် ဖြစ်စေချင်လို့ သူဌေးသားတွေတက်တဲ့ International Private School မှာ ထားပါတယ်။
ချောင် ရဲ့ အိမ် ဟာ လဲ တိုက်ပျက်လေးမှာ အမိုးအကာလေးဆောက်နေပြီး Construction အလုပ်ကြမ်း လုပ်ကာ ပင်ပန်းဆင်းရဲပေမယ့် သူ့သားကိုတော့ ပညာတတ်ဖြစ်စေချင်တဲ့ သူပါ။
ကျောင်းလစာအတွက် တနင့်တပိုးပေးနေရတော့ ရှောင်တီလေးဟာ သူများတန်းတူ မဝတ်ရ ၊မစားရ ၊လိုချင်တဲ့ပစ္စည်းလေးတွေမသုံးရပဲ ကလေးသဘာ၀ ကျောင်းတက်ရတာ feel မလာတော့ဘူးပေါ့။
အဲ့လို အခက်ခဲ တွေနဲ့ သားအဖ နှစ်ဦးမပြေလည် ဖြစ်နေတဲ့အခိုက် CJ7 ဆိုတဲ့ ဂြိုလ်သားလေး ဘယ်လိုရောက်လာပြီး
ဘာတွေပြောင်းလဲ အောင် လုပ်သွားမလဲဆိုတာကတော့?ခံစားချက်အစုံ နဲ့ ဟာသဖက်ကို ဦးတည်မသွားပဲ ပညာပေးကားလေးအဖြစ် တင်ဆက်သွားမယ့် ဇာတ်ကားကောင်းတစ်ခုပါ။

🔥Movie Link
https://t.me/cinema090/3802

📌ဇာတ်ကားကောင်းများကြည့်နိုင်ရန် Joinထားပါ

https://t.me/addlist/5ivArR610IdhZTI1
ATM: Er Rak Error(2012)

မင်းသား Chantavit Dhanasevi နဲ့ မင်းသမီးချော Preechaya Pongthananikorn တို့
အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့
Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။
IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို
ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။
မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ

ဇာတ်ကားlink📌
https://t.me/mizflix/95
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Dynamite warrior (2006)

ဇာတ်ကားက အဟောင်းဆိုပေမဲ့ ဘယ်တော့မှ မရိုးသွားမယ် ကားမျိုးဖြစ်ပါတယ်ဗျ
မင်းသားကလည်း Ong Bakထဲက ဒူးတံတောင်မင်းသားကြီး ပါပဲ။
၁၈၉၀ ဝန်းကျင်မှာ အခြေတည်ထားတဲ့ ခေတ်ဟောင်းအငွေ့အသက်လေးတွေနဲ့ ထိုင်းရော်ဘင်ဟုဒ်ဗားရှင်းကို ရှုစားရမှာပါ။
၁၈၉၀ ခုနှစ် စိုင်ယမ်မှာ လယ်ယာလုပ်ငန်းကို ကျွဲတွေနွားတွေနဲ့ ရုန်းနေရချိန်မှာ
မြို့ထဲကဓနရှင်အရင်းရှင်ဖြစ်တဲ့ သခင်ကြီးဖရာဝမ်က အနောက်တိုင်းက
လယ်ထွန်စက်ဆိုတာတွေ တင်သွင်းလာပြီး ဈေးကြီးကြီးနဲ့ ရောင်းပါတော့တယ်။
ဒါပေမဲ့ ကျွဲနွားနဲ့ လယ်ထွန်စက်ဈေးက ဆယ်ဆတစ်ဆဖြစ်နေတော့
အခြေခံလူတန်းစားမပြောနဲ့ သူဌေးတွေတောင် စိတ်မဝင်စားကြပါဘူး။
ဒီလိုနဲ့ ဖရာဝမ်တစ်ယောက် ဓားပြတွေငှား ကျွဲနွားကုန်သည်တွေဓားပြတိုက်
အတင်းလုယက်ခိုင်းပြီး လယ်ထွန်စက် မဝယ်ဝယ်အောင်လုပ်ပါတော့တယ်။အဲဒီမှာ ဂျုန်ဘန်ဖိုင်ဆိုတဲ့လူထူးဆန်းတစ်ယောက် ပေါ်လာပါတော့တယ်။
ဂျုန်ဘန်ဖိုင်ဟာ ကျွဲသူခိုးဆိုပေမဲ့ သူကကုန်သည်တွေဆီကခိုးပြီး
ဆင်းရဲသားတွေကို ပြန်ခွဲဝေပေးတဲ့ ထိုင်းရော်ဟင်ဟုဒ် သူခိုးကောင်းလေးပေါ့။

📌 Movie link 🍿
https://t.me/mmchnnell/682
Forwarded from Channel Help
Please open Telegram to view this post
VIEW IN TELEGRAM