တော်တော်သိ Public Channel
908 subscribers
710 photos
107 videos
197 links
သိတာတင်မယ်
Download Telegram
Messages in this channel will be automatically deleted after 1 day
ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ Civil Aviation Authority of Thailand (CAAT) သည် ကြိုတင်အသိမပေးဘဲ လေယာဉ်ခရီးစဉ်များ နှောင့်နှေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအတွက် ခရီးသွားများကို ပေးရမည့် လျော်ကြေးငွေကို တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီး လာမည့် မေလ ၂၀ ရက်နေ့မှာ စတင်သက်ရောက်မည်။


လေယာဉ်ခရီးစဉ် နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများကို ကြိုတင်အသိပေးခြင်း မရှိသဖြင့် လေဆိပ်သို့ ရောက်ရှိပြီးသော ခရီးသွားများအတွက် လေကြောင်းလိုင်းက လျော်ကြေးပေးရမည့် ပမာဏကို တိုးမြှင့်သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်ကို နှစ်နာရီထက်ပို၍ နှောင့်နှေးပါက လေကြောင်းလိုင်းသည် စောင့်ဆိုင်းချိန်အတွင်း သင့်လျော်သော အစားအသောက်နှင့် အဖျော်ယမကာများကို အခမဲ့ စီစဉ်ပေးရမည်ဖြစ်ပြီး ဖုန်းနှင့် အီးမေးလ်များအပါအဝင် အခမဲ့ဆက်သွယ်ရေးလမ်းကြောင်းများကို စီစဉ်ပေးထားရမည်ဖြစ်သည်။ လိုအပ်ပါက ဆက်သွယ်ရေးကိရိယာများ စီစဉ်ပေးရမည်။

ငါးနာရီထက် ပိုကြာသည့် နှောင့်နှေးမှုအတွက် လေကြောင်းလိုင်းများသည် အထက်ဖော်ပြပါ အစားအသောက်၊ အဖျော်ယမကာနှင့် ဆက်သွယ်ရေးကိရိယာများကို ပံ့ပိုးပေးရုံသာမက လျော်ကြေးငွေ ငွေသား အနည်းဆုံး ဘတ် ၁,၅၀၀ သို့မဟုတ် အနည်းဆုံး ဘတ် ၁,၅၀၀နှင့် ညီမျှသော ခရီးသွားဘောက်ချာ၊ အခမဲ့ ခရီးမိုင်များ အစရှိသည်တို့ကို ၁၄ ရက်အတွင်း ခရီးသည်ကို ပေးအပ်ရမည်။
အကယ်၍ ခရီးသည်က ခရီးစဉ်ဖျက်သိမ်းလိုပါလျှင် ငွေပြန်အမ်းပေးရမည်။

လေကြောင်းလိုင်းသည်  ခရီးသွားက လိုအပ်ပါက ခေတ္တတည်းခိုရန်နေရာထိုင်ခင်း၊ လေဆိပ်နှင့် တည်းခိုသည့်နေရာ အသွားအပြန် ပို့ဆောင်ပေးခြင်းတို့ကို မဖြစ်မနေ အခမဲ့ စီစဉ်ပေးရမည်။


၁၀ နာရီထက် ပိုကြာသည့် နှောင့်နှေးမှုအတွက် လေကြောင်းလိုင်းသည် အထက်ဖော်ပြပါ အချက်များ မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် ခရီးစဉ် အနီးအဝေးပေါ် မုတည်ပြီး ငွေသားလျော်ကြေးငွေ ဘတ် ၂,၀၀၀ မှ ၄,၅၀၀ အထိ သို့မဟုတ် ၎င်းငွေပမာဏနှင့် ညီမျှသော  ခရီးသွားဘောက်ချာ၊ အခမဲ့ ခရီးမိုင်များ အစရှိသည်တို့ကို ၁၄ ရက်အတွင်း ခရီးသည်ကို ပေးအပ်ရမည်။

အကယ်၍ ခရီးသည်က ခရီးစဉ်ဖျက်သိမ်းလိုပါလျှင် ခရီးသည်သည် ပြန်အမ်းငွေ သို့မဟုတ် ၎င်းငွေပမာဏနှင့် ညီမျှသော  ခရီးသွားဘောက်ချာ၊ အခမဲ့ ခရီးမိုင်များ အစရှိသည်တို့ကို နှစ်သက်ရာ ရွေးချယ် ရယူနိုင်သည် သို့မဟုတ် သွားရောက်မည့်နေရာ သို့မဟုတ် သွားရောက်မည့်နေရာနှင့် အနီးအနားနေရာသို့ အခြား‌လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်လိုပါက လေကြောင်းလိုင်းမှ စီစဉ်ပေးရမည် သို့မဟုတ် လေယာဉ်အစား ဆီလျော်သည့် အခြားယာဉ်ဖြင့် သွားရောက်လိုပါကလည်း လေကြောင်းလိုင်းမှ စီစဉ်ပေးရမည်။


ခရီးစဉ် ဖျက်သိမ်းပါက အနည်းဆုံး ၇ ရက် ကြိုတင်အသိမပေးလျှင် အထက်ဖော်ပြပါ  ၁၀ နာရီထက် ပိုကြာသည့် နှောင့်နှေးမှုအတွက် မဖြစ်မနေ ဖြည့်ဆည်းပေးရမည့် အချက်များကို လေကြောင်းလိုင်းမှ မပျက်မကွက် ဆောင်ရွက်ပေးရမည်။

ကြိုတင်အသိပေးည့်အချိန် တိုတောင်းသော်လည်း မူလစီစဉ်ထားသည့်အချိန် မတိုင်ခင် သုံးနာရီအတွင်း သိုမဟုတ် နောက်ကျပြီး သုံးနာရီအတွင်း ခရီးသည် သွားမည့်နေရာသို့ အခြားခရီးစဉ်ဖြင့် အစားထိုး စီစဉ်ဆောင်ရွက်ပေးလျှင် အထက်ဖော်ပြပါအချက်များ ဆောင်ရွက်ပေးရန် လေကြောင်းလိုင်းမှာ တာဝန်မရှိချေ။
လေကြောင်းလိုင်းနှင့် မပတ်သက်သည့် မမျှော်လင့်ထားသော အကြောင်းအချက်များ၊ ရှောင်လွှဲ၍ မရနိုင်သော အကြောင်းအချက်များကြောင့် ခရီးစဉ် ဖျက်သိမ်းရလျှင်လည်း အထက်ဖော်ပြပါအချက်များ ဆောင်ရွက်ပေးရန် လေကြောင်းလိုင်းမှာ တာဝန်မရှိချေ။


ပြည်တွင်းခရီးစဉ်များတွင် ငါးနာရီထက် ပိုကြာသည့် နှောင့်နှေးမှုအတွက် ဘတ် ၆၀၀ မှ ၁,၂၀၀ အထိ၊ ခရီးစဉ် ဖျက်သိမ်းလျှင် ဘတ် ၁,၂၀၀ မှ ၁၅၀၀ အထိ လျော်ကြေးပေးရမည်။ ငွေအစား ၎င်းငွေပမာဏနှင့် ညီမျှသော ခရီးသွားဘောက်ချာ၊ အခမဲ့ ခရီးမိုင်များ အစရှိသည်တို့ကို ပေးအပ်နိုင်သည်။
လေကြောင်းလိုင်းနှင့် မပတ်သက်သည့် မမျှော်လင့်ထားသော အကြောင်းအချက်များ၊ ရှောင်လွှဲ၍ မရနိုင်သော အကြောင်းအချက်များကြောင့် ခရီးစဉ် ဖျက်သိမ်းရလျှင်လည်း အထက်ဖော်ပြပါအချက်များ ဆောင်ရွက်ပေးရန် လေကြောင်းလိုင်းမှာ တာဝန်မရှိချေ။


လေယာဉ်ပေါ် ရောက်ပြီးမှ နှောင့်နှေးခြင်း (tarmac delay) များလည်း အကျုံးဝင်သည်။
လေယာဉ်ပေါ် နှောင့်နှေးနေစဉ် လေဝက်လေထွက် ကောင်းရမည်။ လေအေးပေးစက်ဖြင့် လေအေး ပေးထားရမည်။ အိမ်သာ အသုံးပြုခွင့် ပေးထားရမည်။ ခရီးသဘ် လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်ကုသမှု ချက်ချင်းပေးရမည်။

tarmac delay သည် ၃ နာရီထက် ပိုကြာနေပြီး စတင်ပျံသန်းမည့်အချိန် မသိနိုင်သေးပါက ဘေးကင်းရေး၊ လေကြောင်းထိန်းသိမ်ရေးတို့ကို မထိခိုက်လျှင် ခရီးသည်များကို လေယာဉ်ပေါ်မှ ထွက်ခွာခွင့် မဖြစ်မနေ ပေးအပ်ရမည်။


#TravelerGuide
သမိုင်းထဲက ဒီနေ့

ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်-၂ သည် ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် တူရကီနိုင်ငံသားတစ်ဦး၏ ပစ်ခတ်လုပ်ကြံမှုမှ

၁၉၈၁ ခုနှစ် မေ ၁၃ ရက်‌တွင် လက်မတင် လွတ်မြောက်ခဲ့ပါသည်။
ဘရာဇီးလ်နည်းပြသစ်ဖြစ်လာမယ့် အန်ဆယ်လော့တီကို ကြိုဆိုခဲ့တဲ့ ကာကာ 🤝🇧🇷
Forwarded from Truth Waves Media (TW)
ဒီပဲယင်းက ပဒက်တွေရဲ့ လက်လုပ်ခဲယမ်းတွေ သိုလှောင်ထားတဲ့ စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်👉👉👉 https://t.me/truthwaves4arm/6309
ဒီပဲယင်းက ပဒက်တွေရဲ့ လက်လုပ်ခဲယမ်းတွေ သိုလှောင်ထားတဲ့ စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်
    ဒီနေ့မနက်ပိုင်းက ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်းက PDF တွေ ရဲ့ လက်လုပ် ခဲယမ်းတွေ သိုလှောင်ထားတဲ့ စာသင်ကျောင်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ပဒက်တွေ မာလကီးယား သွားတယ်ဆိုတဲ့သတင်းတွေ့ရတယ်။ ထုံးစံအတိုင်း သူတို့ဂိုဒေါင်ပေါက်ကွဲပြီးလူတွေ သေတာကို တပ်က လေယာဉ်ဗုံးကြဲတယ်ဆိုပြီး ပြည်ဖျက်မီဒီယာတွေကလည်း ဝိုင်းဖွနေကြတယ်။ အဲဒီကျောင်းက စာသင်ခန်းတွေကို ပဒက်တွေက  လက်လုပ်ခဲယမ်းတွေ လုပ်တဲ့အလုပ်ရုံနဲ့ ဂိုဒေါင်ဆိုပြီးလုပ်ထားတာ ကြာပြီ။ စာသင်ကျောင်းလည်းပိတ်ထားရတာကြာပြီဆိုတာလဲသိရတယ်။ အခုပေါက်ကွဲမှုဖြစ်တော့ သူတို့ပဒက်တွေ ကြွကုန်တာကို ဇာတ်နာအောင် လုပ်တဲ့အနေနဲ့ စာသင်ကျောင်းဆိုတော့ ကျောင်းသားရှိရမယ်။ ကျောင်းဆရာမလဲရှိရမယ်။  ကျောင်းသားကလေးတွေ လေယာဉ်ဗုံးထိတဲ့ပုံ လုပ်မယ်ဆိုပြီး ကျောင်းပိတ်တဲ့ နွေရာသီကာလကြီးမှာ ကျောင်းစိမ်းကျောင်းဖြူ တွေဝတ်ခိုင်းပြီး အတင်းသရုပ်ဆောင် ခိုင်းနေလေရဲ့။ ကလေးတွေကို မြေကြီးပေါ် လဲအိပ်ခိုင်း လွယ်အိတ်တွေအတင်းစွပ်ပေးပြီးတော့ သွေးအတုတွေလောင်းပြီး ရုပ်သံပါရိုက်ကြလေရဲ့ဗျာ။ လွယ်အိပ်တွေမှာ ဖုန်သဲတောင်မပေဘူး၊ ယုတ္တိမရှိလိုက်တာဗျာ။
    ဒီပဲယင်းဆိုတာ လက်လုပ်ခဲယမ်းတွေထုတ်လုပ်သိုလှောင်တဲ့နေရာမှာ နာမည်ကြီးပါပဲ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လတုန်းကလည်းပဲ ဒီပဲယင်းမှာ ပဒက်တွေရဲ့ လက်လုပ် လက်နက်ခဲယမ်းဂိုဒေါင် ပေါက်ကွဲတဲ့အကြောင်း သူတို့မီဒီယာတွေမှာ တင်ထားတာတွေ့နိုင်ပါသေးတယ်။ ဗုန်းလို့ရအောင် ငွေပမာဏ ပိုပြတာတော့ သူတို့ထုံးစံအတိုင်းရှိမှာပေါ့။ ပြန်ပြီးအမှတ်ရအောင် အဲ့ဒီတုန်းက ပုံလေးတွေပါတင်ပေးထားပါတယ်။ ကြည့်လိုက်ကြပါအုံးဗျာ။ လိမ်ညာပြီး ပြည်ဖျက်နေတဲ့ ခွေးပဒက်တွေရဲ့အခြေအနေအမှန်ကို တွေ့ရတာပေါ့ဗျာ။ ဒီလိုရာသီဥတုပူပြင်းတဲ့အချိန်မှာ သူတို့အကုသိုလ်အကျိုးပေးတယ်ပဲ ပြောရမှာပေါ့ဗျာ။
Forwarded from Myanmar Military Power
နိုင်ငံရေးပါတီ (၃၂)ပါတီ၏ ဆွေးနွေးချက်များမှ အကျဥ်းချုပ်ကောက်နှုတ်ချက်
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁)ရက်
၂၀၂၅ ခုနှစ်၊ မေလ (၁၂)ရက်
============

#MyanmarMilitaryPower