စစ်ကားနဲ့အက်ရှင်ကားများ
224K subscribers
1.17K photos
902 links
Download Telegram
Merrill's Marauders (1962)

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။

"ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။

ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ကျဆုံးသွားတဲ့အခါ
👍559100👏29🥰18🔥14😁12🤔11👎10💔7
Windtalkers (2002)
--------------------------------

IMDB (6.1/10)

၁၉၄၁ ဒုတိယကမ္ဘာစစ်အတွင်မှာ အမေရိကန်နိုင်ငံရဲ့ နာဗားဂျိုး လူမျိုးများဟာ သူတို့ရဲ့မိခင်ဘာသာစကားနှင့်အတူ ဆိုက်ဖာဆက်သွယ်ရေးသမားများအဖြစ် လေ့ကျင့်ခြင်းခံခဲ့ရပါတယ်

ဆော်လမွန်ကျွန်တိုက််ပွဲအတွင်း အမိန့်ကို ဦးထိပ်ထားခဲ့တဲ့အတွက်ကြောင့် မိမိရဲ့ လက်အောက်ငယ်သားအားလုံးဆုံးရှုံခဲ့ရကာ မိမိကိုယ်မိမိ အပြစ်မကင်းသလိုခံစားနေရတာကတော့ တပ်ကြပ်ကြီး ဂျိုးအန်ဒါ (Necolas Cage) ပဲဖြစ်ပါတယ်

တပ်ကြပ်ကြီး ဂျိိုးအန်ဒါကို ဆိုက်ဘာသမား ဘန်ယာဇီ (Adam Beach) လုံခြုံရေးအတွက် တာ၀န်ပေးအပ်လာတဲ့အခါ ခံစားချက်ကို ရှေ့တန်းမထားပဲ ဘယ်လိုထမ်းဆောင်ခဲ့တယ်၊ ဘယ်လိုတိုက်ပွဲ၀င်ခဲ့တယ်ဆိုတာ မျက်ဝါးထင်ထင်ဒီကားမှာ တွေ့မြင်ရမှာပဲဖြစ်ပါတယ်
👍28349👎9👏8😁8
ဒီတစ်ခေါက် တင်ဆက်ပေးသွားမယ့် ရုပ်ရှင်ကတော့ လုံးဝကို မကျော်သွားသင့်တဲ့ ကျော်သွားမရတဲ့ ဇာတ်ကားတစ်ကားပါ ။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားကာလအတွင်း မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြား ရေကြောင်းနယ်နမိတ် ဖြစ်ရပ်မှန် စစ်ပွဲ ကို ရိုက်ကူးထားတဲ့ အရမ်းကို မိမိုက်တဲ့ ကိုရီးယား war movie အမျိုးအစား‌ပါ။ ဒီ ဇာတ်ကားလေးထဲမှာ တောင်ကိုရီးယား ရေတပ် တပ်သားတွေရဲ့ ညီအစ်ကို သံယောဇဉ်ကိုလဲ ပေါ်လွင်အောင် ရိုက်ကူးပြထားပြီး ရိုက်ကွင်းရိုက်ကွက် သရုပ်ဆောင်တွေကလဲ တကယ်ကို မိမိုက်နေတာပါ။ ဒီ့အပြင် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးလဲ ဖြစ်လို့ အပြင်မှာ တကယ် ဒီလိုပါလား ဆိုပြီး ဝမ်းနည်းစရာ ခံစားချက်ကိုလဲ ဒီရုပ်ရှင်ကို ကြည့်ရင်း ခံစားမိစေမှာ‌ဖြစ်ပါတယ်။ အဆုံးထိကြည့်ရင်း ဒီရုပ်ရှင်ရဲ့ တကယ့်ဖြစ်ရပ်မှာ ပါရှိတဲ့ တောင်ကိုရီးယား ကင်းလှည့်သင်္ဘော ၃၅၇ ရဲ့ တပ်သားတွေကိုလဲ မလေးစားဘဲ မနေနိုင်လောက်အောင်ကို ဖြစ်မိစေမှာပါ။ ဒီရုပ်ရှင်က war movie တွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ အတွက်တော့ highly recommend ဖြစ်တာကြောင့် သေချာပေါက် အချိန်ပေးပြီး ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။

#Crd
👍635135😢25👀22😁9👎4🥴4🥰3👏3
Blizzard of Souls (2019)


The Rifleman လိုလည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ ပထမ ကမ္ဘာစစ်ကာလက အသက် ၁၆ နှစ်အရွယ် လူငယ်လေးတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ကို အခြေပြုထားတာပါ။ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ပထမကမ္ဘာစစ်ကို ဝင်တိုက်ခဲ့ပေမဲ့ စစ်ရဲ့ အနိဌာရုံတွေကို မြင်တွေ့ခဲ့ချိန်၊ ကိုယ့်ရဲ့ မိသားစုဝင်ကိုပါ ဆုံးရှုးလိုက်ရချိန်မှာတော့ သူ့ရဲ့ ဦးတည်ချက်က သူရဲကောင်းဖြစ်ဖိုမဟုတ်တာ့ဘဲ အမိတိုင်းပြည်မှာ မိသားစုဝင်တွေကို တစ်စုတစည်းတည်း ပြန်ဖြစ်စေဖို ကြိုးစားပုံတွေကို ရိုက်ကူးပုံဖော်ထားတာပါ။
👍734126😁41🏆24👎18🔥18👏4
We Were Soldiers (2002)

အမေရိကန်-ဗီယက်နမ်စစ်ပွဲတုန်းက တကယ့်အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတာပါ။
စစ်တို့၏ သဘော…စစ်သားတို့၏သဘောကိုတွေ့မြင်နိုင်ပြီး
စစ်ကားကြိုက်သူပရိတ်သတ်တွေ လုံးဝစိတ်ကျေနပ်စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။




ဇာတ်ကားတွေတင်ပေးတဲ့
မင်မင်အားရှိအောင်
လေးတွေ နှိပ်ပြီး
အားပေးကြပါဦးနော်
611👍291🥰30👎12👏12🔥11
Occupation: Rainfall (2020)
=======================

IMDB (5.2/10)

အခုဇာတ်လမ်းလေးက ၂၀၁၈ လောက်က ထွက်ခဲ့တဲ့ Occupation ကားရဲ့အဆက်ဖြစ်ပြီး ဇာတ်လမ်းရဲ့ မူလအရသာမပျောက်သွားအောင် Home and Away နဲ့နာမည်ကျော်ခဲ့တဲ့ ဩစတြေးလျမင်းသား Dan Ewing ကပဲ အခုဒုတိယအတွဲမှာ ပြန်လည်သရုပ်ဆောင်ခဲ့ပါတယ်

ပထမပိုင်းဖြစ်တဲ့ Occupation မှာတော့ ကျူးကျော်လာသူ ဂြိုလ်သားတွေကို ပြန်လည်တိုက်ခိုက်ဖို့ လူသားမျိုးနွယ်တွေအချင်းချင်းမဟာမိတ်ဖွဲ့ပြီးပြင်ဆင်ခဲ့ပါတယ်

မဟာမိတ်အဖွဲ့တိုက်ခိုက်ပြီး လူသားမျိုးနွယ်ထဲကို ဂြိုလ်သားတွေရောနှောပေါင်းစပ်လာတော့မှ ရင်ခုန်စရာကောင်းအောင် အဆုံးသတ်သွားပြီးနောက် အခု ၂၀၂၁ မှာတော့ ဒုတိယအပိုင်းထွက်ရှိလာခဲ့ပါပြီ

ကမ္ဘာမြေပေါ်ကို ဂရေးလို့ခေါ်တဲ့ ဂြိုလ်သားအုပ်စုကြီး ဆင်းသက်လာတဲ့အချိန်ကစပြီး ကမ္ဘာကြီးမှာ သေဆုံးတဲ့သူတစ်ဖြေးဖြေးများပြားလာပါပြီ

အဲ့ဒီ ဂရေးတွေ ဘာလို့ ဒီလောက်သဲကြီးမဲကြီး ကမ္ဘာမြေပေါ်ကို ကျူးကျော်တိုက်ခိုက်ရန်လာလည်းဆိုတာ အဖြေရှာမရဖြစ်နေပါတယ်

ဒီလိုသွေးစွန်းနေတဲ့အဖြစ်အပျက်တွေကို ကြည့်မနေနိုင်တဲ့ စိတ်ထားကောင်းတဲ့ ဂရေးအုပ်စုကလည်း လူသားမျိုးနွယ်နဲ့ပူးပေါင်းသွားကြပါတယ်

   #Crd


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
👍14958🥰5👏1
Warriors of the Future [2022]

ဟောင်ကောင်ရဲ့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ်
ရုပ်ရှင်အသစ်လာပါပြီ။

မင်းသားတွေကလည်း နာမည်ကြီး ဘိုးတော်တွေပါပဲ။

ဇာတ်လမ်းကလည်း အတော်စိတ်ဝင်စားဖို့ကောင်းပါ
တယ်။

အနာဂတ်အချိန်ကို အခြေတည်ထားတာပါ

အနာဂတ်မှာ လူတွေဟာ နည်းပညာတွေတိုးတက်လာပြီး စက်ရုပ်တွေကိုပါ စစ်ပွဲတွေမှာ သုံးနိုင်တဲ့အဆင့်ဖြစ်လာပါပြီ

ဒါပေမဲ့ စစ်ပွဲတွေများလာတာနဲ့အတူ ကမ္ဘာကြီးလဲညစ်ညမ်းပျက်စီးလာပြီး နောက်ဆုံးမှာ လေထုပါ
အဆိပ်သင့်သွားတဲ့အခြေအနေဖြစ်လာပါတယ်

လူတွေကလည်း စကိုင်းနက်လို့ ခေါ်တဲ့ လေသန့်စင်စနစ်ကြီးတွေတည်ဆောက်ပြီး နေကြရတာပါ

တစ်နေ့မှာတော့ ကမ္ဘာပေါ်ကို ဥက္ကာခဲတစ်ခု ကျလာပြီး အဲဒီအထဲကနေ အခြားဂြိုလ်က အပင်တစ်ပင်ပေါက်ထွက်လာပါတယ်။

အဲဒီအပင်ဟာ ရေနဲ့တွေ့လေကြီးထွားလေဖြစ်ပြီး အဖျက်စွမ်းအားလည်း မြင့်လာပါတယ်။

တချိန်တည်းမှာပဲ အဲဒီအပင်ဟာ ကမ္ဘာပေါ်လေတွေကို သန့်စင်ပေးနိုင်စွမ်းရှိတာမို့ မီးစတစ်ဖက် ရေမှုတ်တစ
ဖက် ဖြစ်နေတာပါ


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
👍18949👎6🥰5😁3👏1
3 Days in Malay (2023)ကားသစ်

Action မင်းသား Louis Mandylor သရုပ်ဆောင်ထားတဲ့ စစ်ကားတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပါတယ်

ဒုတိယကမ္ဘာစစ်တုန်းက မလေးရှားနိုင်ငံမှာ ရှိတဲ့ လေယာဉ်ကွင်းမှာ စခန်းချထားတဲ့ မရိန်းတပ်တွေကို ဂျပန်တွေကဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်မှာ စစ်ကူတွေလည်းခေါ်မရတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲ ၃ ရက်ဆက်တိုက် ဘယ်လိုတွေဖြစ်လဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်............


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
👍16850👏11😁8🥰5
Saving Leningrad

ဆိုဗီယက်ရုရှရဲ့ မြို့တော်မော်စကိုပြီးရင်ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ လီနင်ဂရက်( ယနေ့ခေတ်ကာလအခေါ် စိန့်ပီတာဘတ်စ် )ကိုဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁မှာ ဖင်လန်နဲ့ဂျာမနီတို့က မြို့ကို ပြင်ပ အဆက်အသွယ်ပြတ်အောင်ပိတ်ဆို့ပြီး စီးနင်းခဲ့ကြပါတယ်။ဒီပိတ်ဆို့ စီးနင်းမှုဟာ နှစ်နှစ် လေးလ နှစ်ပတ်နှင့်ငါးရက်ကြာ ရက်ပေါင်း ၈၇၂ရက်တာ ကြာမြင့်ပြီးအသက်ပေါင်း ၅သိန်းအထိဆုံးရှုံးခဲ့ကာတစ်ချို့သောသမိုင်းပညာရှင်တွေကလူမျိုးသုဉ်းသတ်ဖြတ်မှုတစ်မျိုးလို့ ဆိုကြပါတယ်။
ဟစ်တလာကြီးကတော့ဒီဝန်းရံပိတ်ဆို့မှုမှာ သူအောင်မြင်မယ်လို့တစ်ထစ်ချယုံကြည်နေပြီးလီနင်ဂရင်က ကြယ်ငါးပွင့်ဟိုတယ်မှာတောင်အောင်ပွဲခံဖို့ ဖိတ်စာတွေ ကြိုရိုက်ထားတယ်လို့ဆိုပါတယ်။
 
ဒီရုပ်ရှင်ဟာ ဒီပိတ်ဆို့စီးနင်းခံရတဲ့ လီနင်ဂရက်မြို့ကြီးကိုကယ်တင်ခဲ့ကြတဲ့ လူတွေအကြောင်းပါ။ စစ်ပွဲတစ်ပွဲနိုင်ဖို့ဆိုတာ အာဇာနည်တွေ ဟောတစ်ယောက်ဟောတစ်ယောက် ပေါ်လာရုံနဲ့ မလုံလောက်ပါဘူး။ဟိုတစ်စု ဒီတစ်စု ဒြပ်မှုန်ကလေးတွေ ပေါင်းစည်းပြီးအချိန်အခါသင့်တဲ့အခါ ရလာတဲ့ ပေါက်ကွဲမှုတစ်ခုပါပဲ။ဒီရုပ်ရှင်မှာ ကြီးစဉ်ငယ်လိုက်စီပြီးပြောရရင်ရေတပ်ဗိုလ်ချုပ်မှူးလုပ်ခဲ့တဲ့ စွန့်စားမှုတစ်ခုရေတပ်

▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
👍20432👎6😁5
World war z
===========
ဒီကားလေးက 2013 june လမှာထွက်ရှိခဲ့တဲ့ horror movieလေးဖြစ်ပါတယ်
လူကြိုက်များတာကြောင့် ထွေထွေထူးထူးမပြောပြတော့ပါဘူး


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
👍15047🔥6💔5😁4👏3👎2🏆2
Killers of the Flower Moon (2023)

အားနက် ဘာ့ဟက်ဆိုတဲ့ စစ်ပြန်တစ်ယောက်ဟာ သူ့ဦးလေးရှိရာ အိုဆေ့ပြည်နယ်မှာ အလုပ်
လာရှာရင်း အငှားကားမောင်းဖြစ်သွားပါတယ်။ အငှားကားမောင်းရင်းကနေ အိုဆေ့မျိုးနွယ်စုဝင်
မိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိရင်းလက်ထပ်ဖြစ်သွားပါတယ်။ အဲဒီမိသားစုရဲ့ ရေနံခံစား
ခွင့်နဲ့မြေတွေက အရမ်းကိုမက်မောစရာကောင်းနေတဲ့အတွက် အားနက်ရဲ့ဦးလေးက သူ့တူကို
စည်းရုံးပြီး အိုဆေ့မိသားစုတစ်ခုလုံးကို နည်းလမ်းမျိုးစုံနဲ့လုပ်ကြံပြီး အပိုင်စီးဖို့ ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ .....


▶️ 𝐩𝐥𝐚𝐲 🔗


🎬 𝐉𝐨𝐢𝐧 𝐌𝐚𝐢𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 🔗
👍8327🥰5👏2