ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း ၃ နှစ်ပြည့်အခမ်းအနား ပြုလုပ်
ဇူလိုင်လ ၂၅ရက်၊ ၂၀၂၆
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း ၃ နှစ်ပြည့်အထိမ်းအမှတ် အကြိုအခမ်းအနားတရပ်ကို ဒီကနေ့ ဇူလိုင်လ၂၅ ရက်နေ့က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဉီးစီးကျင်းပခဲ့တာဖြစ်ပြီး အခြား ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်သမဂ္ဂတွေဖြစ်တဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ၊ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ နဲ့ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂတို့က ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ)နဲ့ ဒေသတွင်းမဟာမိတ် တော်လှန်ရေးအင်အားစုတွေကလည်း အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
အကြမ်းဖက်ဖက်ဆစ်စစ်တပ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး ဗကသရဲဘော်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ဘုတလင် #လှုပ်ရှားမှု #whatshappeningnowinmyanmar

😢1
ဘုတလင် ဗကသ ရဲဘော် (၃) ဦး ကျဆုံးခြင်း (၃) နှစ်ပြည့်
ဝမ်းနည်းခြင်းမှတ်တမ်း
စာအမှတ် - ၁၅/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်
ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ဘုတလင် ဗကသ ရဲဘော်တွေဖြစ်တဲ့ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ ကိုသုတနေတို့ ကျဆုံးတာဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာဆိုရင်တော့ ၃ နှစ်တင်းတင်းပြည့်ပါပြီ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ မနက် ၄ နာရီခန့်အချိန်၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်း ဝင်ရောက်စီးနင်းခံခဲ့ရစဉ်မှာ ဘုတလင် ဗကသရဲဘော် ၃ ဦး ကျဆုံးခဲ့ရတာပါ။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာကို ဝင်ရောက်စီးနင်းချိန်မှာ ညောင်ကန်ရွာမှာရှိတဲ့ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကိုပါ ဝင်ရောက်စီးနင်းခဲ့တာပါ။ ရုံးခန်းနေရာမှာပဲ သမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဋ္ဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နဲ့ သတင်းနှင့်ပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဖက်ဆစ်စစ်တပ်ဟာ ညောင်ကန်ရွာထဲမှာ စာသင်ကျောင်း အပါအဝင် ပြည်သူလူထုရဲ့ အိမ်ခြေအများအပြားကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူအချို့ကိုလည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခဲ့ကြပါတယ်။
ဗကသရဲဘော်တွေဖြစ်တဲ့ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်း နဲ့ ကိုသုတနေ တို့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ အဖိနှိပ်ခံ ကျောင်းသားထုနဲ့ ပြည်သူလူထုအကျိုးအတွက် ဗကသ ခွပ်ဒေါင်းအလံတော်ကို ကိုင်စွဲတိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော် ကျော်ဝင်းသန့်၊ ရဲဘော် ကြယ်စင်ငြိမ်းချမ်းနဲ့ ရဲဘော် သုတနေတို့ရဲ့ အမည်နာမတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲရဲ့
သမိုင်းကျောက်စာထက်မှာ ထွန်းလင်းတောက်ပစွာ တည်ရှိနေမှာပါ။ ဗကသများအဖွဲ့ချုပ်နဲ့ ပြည်သူလူထုအပေါင်းကလည်း ရဲဘော်တို့ကို အစဉ်အမြဲ အောက်မေ့သတိရနေမှာပါ။ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ ကိုသုတနေတို့အပါအဝင် စစ်အာဏာရှင်စနစ်ကြောင့် အသက်ပေးခဲ့ရတဲ့ ဗကသရဲဘော်အပေါင်း၊ ကျောင်းသားရဲဘော်အပေါင်းတို့ကို ဗကသများအဖွဲ့ချုပ်က အလေးနီပြု ဦးညွှတ်ဂုဏ်ပြုလျက်။
"မြေဝသုန်ရေ ဂုဏ်ပြုအပ်တဲ့ ရဲဘော်တို့ကို ဆီးကြိုပေတော့"
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
#ABFSU #Oway #Butalin

သူတို့က သုံးယောက်မဟုတ်ဘူး တယောက်တည်းပဲ
(ဘုတလင်ဗကသရဲဘော် သုံးဦး ကျဆုံးခြင်း အမှတ်တရ ဆောင်းပါး)
_________________________________
ရဲဘော် ကျော်ဝင်းသန့် (ဥက္ကဋ္ဌ)
ကျော်ဝင်းသန့်ကို ကျနော်တို့က ကျွဲကြီးလို့ ခေါ်ကြတယ်။ လူကောင်ကလည်း ခပ်ထွားထွားရယ်။ တရားဟောတဲ့အခါတွေမှာဆို မာန်ပါတယ်။ သူပြောချင်တာကို တဖက်လူတွေနားလည်အောင်ပြောတဲ့နေရာမှာ ဆရာကျတယ်။ ကျနော်နဲ့အသက်ချင်းသိပ်မကွာတော့ ကျနော်တို့နှစ်ယောက်က တခုခုဆိုရင် နှစ်ခါညှိစရာမလိုဘူး။ တညမှာတော့ ထူးထူဆန်းဆန်း သူ ကျနော့်ရှေ့မှာ ထိုင်ငိုနေတယ်။ ကျနော် ဘယ်လောက်မေးမေး မပြောပြဘူး။ နောက်ရက် မနက်ကျတော့ သူ့အခြေအနေက ပုံမှန်ပဲ။ သူက အဲဒီလိုလူမျိုး။ သူ့အဆင်မပြေမှုတွေကို တခြားသူတွေကို ပြောပြတာမျိုးမလုပ်ဘူး။ တယောက်တည်း ပေခံနေတဲ့ကောင်။ ကျနော့်အိမ်ကို အလည်လိုက်လာတုန်းက ကျနော့်အမေကို “အန်တီ့သားကို လိမ္မာအောင် ကျနော် ဆုံးမပေးပါမယ်” ဆိုပြီး ပြောခဲ့တဲ့ သူ့မျက်နှာပေးက အမြင်ကပ်စရာလည်း ကောင်း၊ ချစ်စရာလည်း ကောင်း။
သူတို့သုံးယောက် ရန်သူ့လက်ချက်နဲ့ မကျခင် နှစ်ပတ်အလိုမှာ ကျွဲကြီးက ကျနော့်ကို ဗကသထဲက ထွက်တော့မယ့်အကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး လုပ်တော့မယ့်အကြောင်း လာပြောတယ်။ သူ မကျသေးဘူးဆိုရင် သေချာတယ်။ ဒီအချိန်ဆို စစ်မြေပြင်မှာ သူတိုက်ပွဲဝင်နေတဲ့ပုံတွေ ကျနော့်ကို လှမ်းပို့ပြီး ကြွားနေမှာပဲ။
ရဲဘော် ကြယ်စင်ငြိမ်းချမ်း (ဒုဥက္ကဋ္ဌ)
ကျနော့်ထက် အသက် ၂ နှစ်လောက်ကြီးလို့ သူ့ကို ကြယ်စင်လို့ပဲ ခေါ်တယ်။ သူက စကားဝိုင်းတွေမှာ ကိုယ့်အားကိုယ်ကိုးပြီး အခြေခိုင်အောင်လုပ်ဖို့ အမြဲဆွေးနွေးတယ်။ ဘုတလင်မြို့နယ်ထဲမှာ ပြည်သူ့အခြေပြုကျောင်း တော်တော်များများကို သမဂ္ဂဖွဲ့နိုင်အောင် သူပဲ ဒိုင်ခံစီစဉ်ပေးတယ်။ သူ့မှာက အပေါင်းအသင်းလည်း ပေါတယ်။ ကျနော်တို့ဖွဲ့ခဲ့တဲ့ကျောင်းအများစုက သူ့အချိတ်အဆက်ကြောင့် ဖွဲ့နိုင်ခဲ့တာချည်းပဲ။ သူက doodle ဆွဲတာ၊ rap ရွတ်ရတာကို ရူးသွပ်တယ်။ တော်လှန်ရေးပြီးရင် အမေ့ကို လုပ်ကျွေးရဦးမယ်ဆိုတာကိုလည်း ပါးစပ်ဖျားကမချဘူး။ ၂၀၂၃၊ ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်း ကျနော်တို့ ရွာတရွာမှာ သပိတ်တခုလုပ်ပြီးအပြန် သူနဲ့ ကျွဲကြီးတို့ ဆိုင်ကယ်လဲကြတယ်။ ဆိုင်ကယ် လဲပြီးတော့ သူ့နောက်မှာ ကျနော်ကထိုင်လိုက်ရင်း တလမ်းလုံး ငိုပြီးလိုက်လာတယ်။ ကိုကြယ်စင် က မငိုဖို့ပြော၊ ကျနော်က အော်အော်ငို။ မရတဲ့အဆုံး ဆိုင်ကယ်ကြီး ရပ်ပြီး “မင်း အငိုတိတ်မှာလား၊ ဆိုင်ကယ်ပေါ်က ဆင်းမှာလား” လို့ မေးတယ်။ ကျနော်က ဘာမှပြန်မပြောတော့ ဆိုင်ကယ်ကို ဆက်မောင်းတယ်။ မောင်းရင်းနဲ့လည်း “မင်းဒီလိုဆိုးနေရင် ငါနဲ့မပေါင်းတော့နဲ့” လို့ စိတ်ဆိုးမာန်ဆိုးပြောတယ်။ သူကပြောသာပြောတာပါ။
ကျနော်အိပ်တဲ့နေရာအထိ သူပဲလိုက်ပို့ပေးခဲ့တာ။ သူပြန်သွားပြီး ဆယ်မိနစ်လောက်နေတော့ လမ်းမှာပြောခဲ့တာကို စိတ်ထဲမထားဖို့ ဖုန်းလှမ်းဆက်ပြီးပြောသေးတယ်။ ဒါကသူနဲ့ပတ်သက်ပြီး အမှတ်တရအများကြီးထဲက တခုပါ။ သူ့အိမ်မှာ သူက အငယ်ဆုံးဆိုပေမယ့် ကျနော်တို့ အပေါ်မှာ တော်တော်အနွံတာခံရှာပါတယ်။ ရဲဘော်တယောက်လိုရော၊ အစ်ကိုတယောက်လိုပါ ဆက်ဆံပေးခဲ့တာ။
ကိုကြယ်စင်ရေ … ခင်ဗျားဆိုနေကျ “စိတ်ချပြီး မေ့” ဆိုတဲ့ သီချင်းသံ ကြားရတိုင်း ပေါ်လာတတ်တဲ့ ခင်ဗျားမရှိတော့ဘူးဆိုတဲ့အသိကြီးကို မုန်းလိုက်တာဗျာ။
ရဲဘော် သုတနေ (သတင်းနှင့်ပြန်ကြားရေးမှူး)
ကိုသုတနေက အနုပညာပိုး ပါတယ်ပြောရမယ်။ သူ့ဘာသာ သီချင်းရေး၊ သီချင်းဆို လုပ်လေ့ရှိတယ်။ ကဗျာပိုင်းမှာလည်း အားသန်တယ်။ ကျနော်တို့နဲ့ ကဗျာအကြောင်းပြောရင်လည်း ဒီကဗျာက ဆာရီရယ်လစ်ဇင်၊ ဒီကဗျာကတော့ ဟိုက်ဘရစ်၊ ဒီကဗျာက မီနီမယ်လစ်ဇင် စသဖြင့် ကဗျာအမျိုးအစားတွေပါ ခွဲခြားပြနိုင်တယ်။ အနေလည်းအေးတယ်။ ပြည်သူ့အခြေပြုကျောင်းတွေမှာ သမဂ္ဂဖွဲ့ဖို့ စည်းရုံးရေးဆင်းရင် သူပြောလေ့ရှိတာက “သမဂ္ဂဆိုတာကြီးကို ဘာမှမသိသေးလို့ဆိုပြီး ခင်ဗျားတို့ စိုးရိမ်စရာမလိုဘူး။ ဝန်ထုပ်ဝန်ပိုးတခုလိုမျိုး တွေးနေစရာမလိုဘူး။ သမဂ္ဂလုပ်ငန်းစဉ်တွေကို ခင်ဗျားတို့လုပ်နိုင်တဲ့ အလုပ်ကနေစပြီးလုပ်ဖို့ပဲ စဉ်းစားကြရမှာပါ၊ လုပ်ရင်းသင် သင်ရင်းလုပ်ရမှာပါပဲ’’။ သူက သမဂ္ဂအစည်းအဝေးတွေမှာ ဝင်ပြီး ဆွေးနွေးလေ့မရှိဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက်ကျလာပြီဆိုရင် အဲဒီဆုံးဖြတ်ချက်အတိုင်းပဲ အစဉ်တစိုက် လုပ်တတ်တယ်။ ကျနော်က သူ့ကို ကိုဘီးလို့ ခေါ်တယ်။ တကယ်က သူ့ကိုခေါ်ကြတာက “ငဘီး”။ ကျနော့်ထက်အသက်ကြီးလို့ “ကို” တပ်ခေါ် တယ်။ ဒါကိုသူကမကြိုက်ဘူး။ သူ့ကို မခင်ဘူးဆိုပြီး ပြောတယ်။ ငဘီးလို့ပဲခေါ်ဖို့ပြောတယ်။ သူကျသွားတဲ့အထိ သူ့ကို ကိုဘီးလို့ပဲ ခေါ်ဖြစ်ခဲ့တာပါ။ သူခေါ်စေချင်တဲ့နာမည်အတိုင်း မခေါ်ဖြစ်ခဲ့ဘူး။ သူ့မွေးနေ့မှာ ကျနော်တို့ သူ့ကို မွေးနေ့ပွဲလုပ်ပေးကြတယ်။ ကျနော်က ကဗျာတပုဒ် ရေးပေးခဲ့သေးတယ်။
“ကိုဘီး”
ဂစ်တာကိုသောက်သုံးပြီး ယမကာကိုတီးခတ်သူ
ဟိုဝါဒ သည်ဝါဒကို ထမင်းစားရေသောက် ပြောလေ့ရှိသူ
ဘဝကိုဘေးကနေ ခဏခဏ ချောင်းချောင်းကြည့်
အနေသာကြီးပါဆိုပြီး ပြန်ပြန်အိပ်နေတတ်သူ
အဲဒီလူဟာ ဒီနေ့အသက် ၁၉ နှစ်ပြည့်ပေါ့
အတွေးအခေါ်ဆိုတာကို သူ မသိကျိုးကျွန်ပြု
တခါတခါကျလည်း သူကအတွေးအခေါ်သမား
လူတိုင်းလိုလို သူနဲ့ အပ်တဖျားစာလောက် လွဲခဲ့ကြရဲ့။

ဉာဏ်ကြီးက ဒီကဗျာကို အာပေါင်အာရင်းသန်သန်နဲ့ ထရွတ် တော့ ကိုဘီးမျက်နှာက ပြုံးစိစိကြီး။ အဲဒီမျက်နှာကြီးကို ဒီနေ့ ဒီအချိန်ထိ မြင်ယောင်နေတုန်းပဲ။
ကျော်ဝင်းသန့်၊ ကြယ်စင်ငြိမ်းချမ်း၊ သုတနေ။
“သူတို့သုံးယောက်က တယောက်တည်းပဲ”။ ကျနော် ဒီလိုပြောရတာမှာ အကြောင်းရှိပါတယ်။ ဒီရဲဘော်သုံးယောက်က ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ မဖွဲ့ခင်ကတည်းက အတူနေ၊ အတူစား၊ အတူအိပ်၊ အမြဲတတွဲတွဲနေခဲ့ကြတဲ့ အတွေးလည်း တူသလို အလုပ်လည်း တူခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ သမဂ္ဂဖွဲ့ပြီးမှပဲ သူတို့နဲ့ ကျနော် ပိုပြီးရင်းနှီးလာတာပါ။ သမဂ္ဂထဲမှာ အလုပ်လုပ်ရင်းနဲ့ ဒီရဲဘော်တွေနဲ့ အတူနေဖြစ်လာတယ်။ ဒီရဲဘော်တွေအကြောင်း ပိုသိလာတယ်။ ရဲဘော်ရဲဘက်ဆက်ဆံရေး၊ ညီအစ်ကို ဆက်ဆံရေးကို ကျနော်တို့ ပိုင်ဆိုင်ထားခဲ့ကြတယ်။ ၂၀၂၃၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဒီရဲဘော်သုံးယောက် ရန်သူ့လက်ချက်နဲ့ ကျဆုံးခဲ့ရတယ်။ အဲဒီနေ့ကိုကျနော်မေ့မရခဲ့တာ ဒီနေ့ဆိုရင် ၂ နှစ်တင်းတင်းရှိခဲ့ပြီ။ ကျနော်မှမဟုတ်ဘူး၊ အနီးကပ်နေခဲ့တဲ့ ဉာဏ်ကြီး၊ ကိုမင်းမောင်မောင်၊ တခြား သူတို့သူငယ်ချင်းတွေလည်း အဲဒီနေ့ကို တသက်လုံးမေ့လို့ရမှာမဟုတ်ကြဘူး။
“သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ” တဲ့ ဒီရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီး ကျနော်တို့ ဆက်လက်တိုက်ပွဲ ဝင်သွားကြဖို့ပဲရှိပါတယ်။
ရဲဘော်လမင်းမောင်
(ဘုတလင်ဗကသ ရဲဘော် သုံးဦး ကျဆုံးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ယခင်က ထုတ်ဝေဖူးတဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်)
#ABFSU #Butalin

❤1