All Burma Federation Of Student Unions
1.22K subscribers
8.25K photos
108 videos
646 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ ဗကသရဲ့ အမာခံဝန်းရံသူ ဦးမင်းသူ (ခ) ဦးလူပျိုကြီး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်
အရာတော်မြို့နယ်အတွင်း ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂတရပ်အား ထပ်တိုးဖွဲ့စည်းခြင်း

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၆

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က အရာတော်မြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းမှာ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

ဖွဲ့စည်းရာမှာ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံက ချမှတ်ပြဌာန်းခဲ့တဲ့ မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနဲ့ လက်ခံချက် ၃ ရပ်ကို လက်ခံလိုက်နာတဲ့ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂတရပ်အဖြစ် ထပ်တိုးဖွဲ့စည်းခဲ့ပါတယ်။

ဒီလို ဖွဲ့စည်းရာမှာ ရွေးကောက်ပွဲကျင်းပ ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ဟောပြောပွဲလည်း ကျင်းပခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်
#ABFSU #AYD
3