“ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာ
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၈) ရက်
တော်လှန်ရေးရဲဘော်များ၊ နိုင်ငံရေးအင်အားစုများနှင့် မိဘပြည်သူတစ်ရပ်လုံးသို့
ယနေ့ မိမိတို့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးကြီးသည် စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ပြီး ပြည်သူလူထုတစ်ရပ်လုံး ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် သမိုင်းဝင်အခွင့်အလမ်းကြီး ဖြစ်သည်။ တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ မိမိတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုအချို့ ရှိလာသည်မှာ ဓမ္မတာဖြစ်သော်လည်း၊ ထိုပြဿနာများအား လက်နက်အားကိုးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြခြင်းသည် မိမိတို့အားလုံး၏ တော်လှန်ရေးအဟုန်ကို တန့်သွားစေနိုင်ပြီး ဘုံရန်သူ စစ်အုပ်စုကိုသာ အသက်ဆက်သွင်းရာ ရောက်ရှိသွားနိုင်ပါသည်။ တော်လှန်ရေးအဖွဲ့အစည်းများ အကြား နိုင်ငံရေးအရ တန်းတူဆက်ဆံမှုများ၊ အပြန်အလှန်လေးစား အသိအမှတ်ပြုမှုများကိုလည်း တော်လှန်ရေးကာလအတွင်းတွင်ပင် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။
သမိုင်းသင်ခန်းစာများအရ တော်လှန်ရေးအင်အားစုများ ညီညွတ်လျှင် အောင်ပွဲရပြီး၊ မိမိတို့အချင်းချင်း ညီညွတ်မှုပြိုကွဲပါက အောင်ပွဲနှင့် ဝေးကွာရတတ်ပါသည်။ ထို့ကြောင့် ယခုအချိန်သည် မိမိတို့ အားလုံး "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" ဟူသော လှုပ်ရှားမှုကို မဖြစ်မနေ စတင်ရန် အရေးအကြီးဆုံး အချိန်အခါသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
မိမိတို့ အောက်ပါအဖွဲ့အစည်းများသည် ဤလှုပ်ရှားမှု၏ အခြေခံမူများကို အပြည့်အဝ ထောက်ခံ သဘောတူညီကြပြီး၊ မိမိတို့အချင်းချင်းကြား ကြုံတွေ့ရမည့် မကျေလည်မှုများကိုလည်း လက်နက်၊ အင်အားဖြင့် မဖြေရှင်းဘဲ "ညီညွတ်ရေးကို အခြေခံသည့် နိုင်ငံရေးအရ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးခြင်း" နည်းလမ်းဖြင့်သာ စံနမူနာပြ ဖြေရှင်းသွားရမည်ဟု ယုံကြည်ပါသည်။
"ညီညွတ်ရေးဟာ အစွမ်းထက်ဆုံးလက်နက်" ဖြစ်သည်နှင့်အညီ ဤကမ်ပိန်းတွင် အပေါင်း လက္ခဏာ ဆောင်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင်ပေးကြပါရန် အောက်ပါအတိုင်း လှိုက်လှိုက်လှဲလှဲ နှိုးဆော် ဖိတ်ခေါ်အပ်ပါသည် -
(၁) တော်လှန်ရေးနှင့် နိုင်ငံရေး အင်အားစုများ အနေဖြင့် အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုများကို ဝိုင်းဝန်း တားဆီးကြရန်၊ ကျူးလွန်ချိုးဖောက်မှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနိူင်းမှုများကို အင်တိုက်အားတိုက် ဝန်းရံပေးကြရန်။
(၂) အတတ်ပညာရှင်၊ အသိပညာရှင်များနှင့် အနုပညာရှင်များအနေဖြင့် - မိမိတို့ တတ်ကျွမ်းသော ကဏ္ဍအသီးသီးမှတစ်ဆင့် ဦးတည်ချက်မပျောက်ရေး အသိပညာပေးမှုများနှင့် လှုံ့ဆော်မှုများကို လူမှုကွန်ရက်နှင့် မြေပြင်တွင် ကူညီလုပ်ဆောင်ပေးကြရန်။
(၃) မိဘပြည်သူတစ်ရပ်လုံးအနေဖြင့် - ကမ်ပိန်း၏ ကြွေးကြော်သံများ၊ ပိုစတာများနှင့် ဆောင်းပါးများကို အွန်လိုင်း/မြေပြင်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးခြင်းဖြင့် "ဘုံရန်သူကို ဦးတည်တိုက်ဖျက်ရေး နှင့် ညီညွှတ်ရေးဆီသို့" လှုပ်ရှားမှုကို လူထုဖိအားတစ်ရပ်အဖြစ် ဝိုင်းဝန်းပါဝင်ပေးကြရန်။
ဤလှုပ်ရှားမှုသည် မည်သူကိုမျှ အပြစ်တင်ရန် မဟုတ်ဘဲ၊ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ပန်းတိုင်သို့ အတူတကွ လျှောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။ တော်လှန်ရေးရဲဘော်များ၊ မိဘပြည်သူများ အနေဖြင့် မိမိတို့ တတ်နိုင်သည့် ကဏ္ဍ၊ လွတ်လပ်သည့် ပုံစံများဖြင့် ဤကမ်ပိန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဆော်ဩဖိတ်ခေါ်အပ်ပါသည်။
“စစ်အုပ်စုသာ ပြည်သူ့ရန်သူ … ဘုံရန်သူကို ဦးတည်တိုက်ကြ”
“ဘုံရန်သူကို ထိုးနှက် ၊ ရဲဘော်ချင်း ပေါင်းစပ်၊ တော်လှန်ရေးပန်းတိုင်ဆီ အတူတူချီတက်"
“ညီညွတ်ရေးဟာ … အစွမ်းထက်ဆုံးလက်နက်”
အထက်ပါ ပူးတွဲနှိုးဆော်ချက်နှင့် ဖိတ်ခေါ်လွှာကို မိမိတို့ အဖွဲ့အစည်းများမှ သဘောတူ ထောက်ခံပါသည်။
All Kachin Students’ Federation - AKSF
ASR-ASSOCIATION of SPRING RAINBOW
All Burma Ulmas Union - ABUU
Arakan League for Democracy - ALD
Arakan Youth Peace Network
Arakan CSO Network
All Arakan Youth Organizations Network - AAYON
Ayeyawaddy Youth Network - AYN
Bago Unit Federated Force - BUFF
Beyond Ah Nah
Blood Money Campaign
Burma Canadian Network
CRPH Funding Ireland
CRPH and NUG Supporters Ireland
Defend Myanmar Democracy
Defection & Defiance Network (D&D Network)
Hlaing Democratic Network - Yangon
India for Myanmar
Kyauktada Strike Committee - KSC
Liberal Students Youth Association - LSYA
Magway Region Human Rights Network
Myanmar Student Christian Movement - Magway
Mandalay Regional Youth Association - MRYA

❤3