All Burma Federation Of Student Unions
1.22K subscribers
8.25K photos
108 videos
646 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ် နှစ် ၉၀ပြည့် အခမ်းအနား အရာတော်မှာ ကျင်းပ

မေလ ၈ရက်၊ ၂၀၂၆

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၉၀ပြည့် အခမ်းအနားကို အရာတော်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို သမိုင်းဝင် ဗကသအလံတော် လွှင့်တင်ခြင်း၊ အလံတော်အား အလေးပြုခြင်းတွေနဲ့ စတင်ခဲ့ပါတယ်။

အခမ်းအနားစတင်ပြီးနောက် မျိုးဆက်သစ်ကျောင်းသားတွေက ဗကသများအဖွဲ့ချုပ်ရဲ့ နှစ် ၉၀ပြည့် ထုတ်ပြန်ချက်နဲ့ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက ပေးပို့လာတဲ့ သဝဏ်လွှာ ဖတ်ကြားတာ၊ အမှတ်တရစကား ပြောကြားတာ၊ မျိုးဆက်ဟောင်း ကျောင်းသားခေါင်းဆောင်တွေနဲ့ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေက ဂုဏ်ပြုအမှတ်တရစကား ပြောကြားတာ၊ အရာတော်မြို့နယ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက “သမဂ္ဂအမေ”သီချင်း သီဆိုဖျော်ဖြေတာ၊ မျိုးဆက်ဟောင်း ကျောင်းသားကြီးများရဲ့ ဂုဏ်ပြုအမှတ်တရစကား ပြောကြားတဲ့ ရုပ်သံတွေ ဖွင့်ပြတာ၊ နှစ် ၉၀ပြည့် အမှတ်တရ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ် နှစ် ၉၀ပြည့်အခမ်းအနားကို အဖွဲ့ဝင်သမဂ္ဂတွေဖြစ်တဲ့ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ မိတ်အဖွဲ့အစည်းတွေအပါ လူဦးရေ ၁၀၀ကျော် တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကျောင်းသားများက “အောင်ပွဲအဆက်ဆက်ခံဦးမည်” သီချင်း သီဆိုပြီး အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါတယ်။

#ABFSU #ဗကသ #ဗကသများအဖွဲ့ချုပ် #နှစ်၉၀ပြည့်
4