AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ ညနေ (၅) နာရီအချိန်ခန့်တွင် ဖက်ဆစ်စစ်ကောင်စီနှင့် ၎င်းတို့မှ အကြမ်းဖက်သင်တန်းပေးထားသော လက်နက်ကိုင်မူဆလင်များပူးပေါင်းပြီး မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းဂိုဒေါင်များမှ ဘိလပ်မြေဟုယူဆရသော အထုပ်များကိုယူကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေကြသည့် ဗွီဒီယိုမှတ်တမ်း

On June 21, 2024, around 5 PM, SAC and Muslim Militants have looted and burned down the WFP warehouses and village houses in Waisali Village in Maungdaw Township. The perpetrators were seen taking out seemingly cement bags from a warehouse and preparing a defense line along a district office in the video record.

#AAInfoDesk
June 25, 2024
579👍378😢80🤬63🤣25👎17😱15🥰8😍6😈5🍌4
မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၁) ရက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်

အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြားမြို့များရှိ စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပါသည်။ ဤကဲ့သို့ တိုက်ပွဲများပြင်းထန်နေမှုကို အခွင့်ကောင်းယူလျက် မသမာသူ အုပ်စုတစ်စုသည် မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း သိရှိရပါသည်။

မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများအနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ပါသည်။ မိမိတို့အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို့ အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိပါကြောင်း မိဘပြည်သူများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အကယ်၍ ယခုကဲ့သို့ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက မိမိတို့ ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
👍1.11K427🥰50🤣38🙏16🎉8👎7👏6😁4🍾4🍌2
694👍103🍾24🥰18🏆18👏7🕊6❤‍🔥5😁3🍌2👌1
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

"အာရက္ခဒေသတစ်ခုလုံးအတွင်း၌ ဖက်ဆစ်စစ်ကောင်စီ၏တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်" ဟူသော နဂိုစစ်ရေးရည်မှန်းချက်အတိုင်း မိမိတို့သိမ်းပိုက်ရန်ကျန်ရှိနေသေးသော ရန်သူ၏ တပ်ရင်း၊ ဗျူဟာ၊ စကခ (၅) ဌာနချုပ်၊ နခခ စခန်းများ၊ နပခဌာနချုပ်များအားလုံးကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ ငပလီ ကမ်းခြေရှိရာ သံတွဲမြို့နှင့် နခခ(၂)၊ နခခ(၅) တည်ရှိရာ မောင်တောမြို့များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်။

အခြားတစ်ဖက်တွင် ရန်သူ၏အရေးပါသော စခန်းကြီးများဖြစ်ကြသော အမ်း၊ နပခ ဌာနချုပ်၊ စကခ (၅) တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့အား မိမိတို့မှ ဖြတ်တောက်ပိတ်ဆို့ ထားပြီး ဖြစ်သကဲ့သို့ အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် ရန်သူ့စခန်း တချို့ကိုလည်း တစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေသည်မှာ (၇) လခွဲကျော် ကြာမြင့်ခဲ့ပြီး မိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန်လျော့ကျသွားခြင်းမျိုးမရှိ၊ ရပ်တန့်ခြင်းမရှိဘဲ တစ်ရက်ပြီး တစ်ရက် ဆက်လက်မြင့်တက်လျက်ရှိသည်။ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ တပ်များအစုံသုံးပြီး ခုခံစစ်များဖြင့် အသည်းအသန်ခုခံနေသကဲ့သို့ မိမိတို့မှလည်း လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၊ နံနက် (၉) နာရီ (၅၆) မိနစ်အချိန်တွင် အမ်းမြို့နယ်ရှိ ဖက်ဆစ်စစ်ကောင်စီ၏ ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သော "တောဟိန်းတောင်ဗျူဟာ" အား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။ ဧပြီလ (၁၅) ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်ကြာ ထိုးစစ်ဆင်ခဲ့ရသော ရန်သူ၏ စစ်ရေးအရ အရေးပါသည့် ဗျူဟာကုန်းကြီးတစ်ခုဖြစ်ခဲ့ပြီး နောက်ဆုံးတွင် အာရက္ခတပ်တော်၏ စစ်သည်တော်များမှ ထိုက်သင့်သောပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားစွာ တိုက်ပွဲဝင်နိုင်မှုအောက်တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ အဆိုပါဗျူဟာကုန်းမှ ရန်သူ့အလောင်း အမြောက်အမြား၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အချို့အား သိမ်းဆည်းရမိခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် အဆိုပါဗျူဟာကုန်းများမှ ထွက်ပြေးလွတ်မြောက်နေသောသူများအား လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသကဲ့သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်း) အား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်မှုများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

မောင်တောဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ (၂) လေးမိုင်စခန်း၊ နခခ (၅) မြို့ သူကြီးစခန်းနှင့် အခြားသောစခန်းများကိုလည်း မိမိတို့မှ မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသည်။

နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်တွင် ရန်သူ့အလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။ နခခ (၂) တွင် စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံတပ်ရင်းများ စုပေါင်းခုခံတိုက်ခိုက်ခဲ့ကြသည်။

သံတွဲမြို့နယ်၊ ရေစင်ကျေးရွာ(ရီစင်)နှင့် ဂွေ့ချောင်းကျေးရွာကြားတွင် ရန်သူ၏ ခလရ(၅၅) နှင့် အာရက္ခတပ်တော် တို့သည် ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၃) ရက်၊ နံနက်(၆) နာရီ (၁၀) မိနစ်တွင် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲ မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည်။ အစောပိုင်းတွင် ကြိုကြားကြိုကြားတိုက်ပွဲများမှ မေ၊ ဇွန်လများတွင် နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ နေ့တိုင်းနီးပါးပြင်းထန်နေခဲ့သည်။ ဇွန်လအတွင်း နှင့် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန်ဖြစ်ခဲ့သည်။

သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ်ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) - လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များပါဝင်သည်။ မိမိတို့ ဖမ်းဆီးရမိသော သုံ့ပန်းအချို့၏ ပြောကြားချက်အရ တပ်မ (၁၀၁) မှ တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြသည်။
745👍212😱26🤣9🥰8🔥7❤‍🔥6😁3💯3🏆2😢1
ထို့အပြင် ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေခဲ့သည်။ မိမိတို့မှလည်း ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံး နှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း မိမိတို့အတွက် ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်းဖြစ်ခဲ့သည်။

သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် သိမ်းပိုက်ရရှိခဲ့သကဲ့သို့၊ သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော ရန်သူ့တပ်စွဲထားသော စခန်းအချို့တို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ ခမရ (၅၆၆) အား လက်လွှတ်လိုက်ရသည့် နောက်ပိုင်းတွင် ရန်သူသည် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကိုဆင်နွှဲခဲ့သည်။ သို့သော်လည်း ရန်သူအင်အား (၁၀၀) ခန့်ဖြင့် ခုခံနေသောသုံးထပ်တိုက် နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ နေရာများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁) နာရီခန့်အချိန်တွင် လည်းကောင်း၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ အင်အား (၄၀၀) ခန့်ဖြင် ခုခံစစ်ဆင်နွှဲနေသော နေရာများအားလုံးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်။ အဆိုပါရန်သူများအားလုံးကိုလည်း ချေမှုန်းနိုင်ခဲ့သည်။ အဆိုပါ ရန်သူအများစုမှာ တပ်မ (၁၀၁) ၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး အဆိုပါတပ်ရင်းများအားလုံးနီးပါးကို မိမိတို့မှ အပြတ်အသတ်ချေမှုန်းနိုင်ခဲ့သည်။

သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့အလောင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကိုသိမ်းဆည်းရ မိခဲ့သည်။ သိမ်းဆည်းရမိသည့် ရန်သူ့အလောင်းများအား မိမိတို့မှကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်။

သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိတွင် တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သော ခလရ (၅၅) တပ်ရင်းအား မိမိတို့မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသကဲ့သို့ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံချေမှုန်းလျက်ရှိသည်။ ခလရ (၅၅) နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားအမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို့ ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ ယခုသတင်းထုတ်ပြန်သည့်အချိန်အထိ ပြင်းထန်လျက်ရှိသည်။

အာရက္ခဒေသတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ သတ္တိပြောင် မြောက်စွာဖြင့် ပေးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စစ်ဒေသအသီးသီးမှ အာရက္ခစစ်သည်တော်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီပေးကြသော အာရက္ခပြည်သူများ အားလုံးကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.81K👍398🥰51🏆36🤣28🍾28👏18❤‍🔥12🤩11👎8💋6
အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

အာရက္ခဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီး တစ်ခု ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ယခုရက်များ၌ အဓိကတိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများထဲမှ သံတွဲမြို့နယ် နှင့် မောင်တောမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း (၂) ခုကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

သံတွဲမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများထဲမှ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အဆိုပါတပ်ရင်းအား အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူ့ စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။

သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ (၅၆၆) အား ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသောရန်သူများ၊ စစ်ကူလာပေးသော ရန်သူများ နှင့် သံတွဲမြို့ထဲမှ လက်ကျန် ရန်သူများသည် သံတွဲမြို့ နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲရအုံးမည်ဖြစ်သည်။

မောင်တောဒေသအတွင်း၌ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်သော နခခ (၅) မြို့သူကြီးစခန်း အားမိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ စစ်ကောင်စီဘက်မှလည်း မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မောင်တောမြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် မိမိတို့မှလည်း မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်များကို ဆက်လက်ပြုလုပ်လျက်ရှိသည်။

မောင်တော၊ နခခ (၅) ၏ အနီးပတ်ဝန်းကျင်စခန်းတစ်ခုဖြစ်သော မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်၊ နံနက် (၉) နာရီ (၀၄) မိနစ်တွင် ရန်သူ့အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အများအပြားနှင့်အတူ သိမ်းဆည်းရမိခဲ့သကဲ့သို့ သုံ့ပန်းအချို့ကို လက်ရဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မကျည်းချောင်း စခန်းတွင် ရန်သူ၏ စစ်တွေ၊ ဒကစ လက်အောက်ခံ ခလရ (၂၆၃) တပ်ရင်း နှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများပါဝင်သည်။ ရန်သူအချို့ (ခန့်မှန်း ၃၀ ဦးခန့်) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းသို့ စစ်လှေအချို့ဖြင့် ထွက်ပြေးသွားသည်ကိုတွေ့ရှိရသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.49K👍380🥰40👏40🍾23😁18❤‍🔥13🔥10👎9😢5🌚2