AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
အာရက္ခဒေသအတွင်း အာရက္ခတပ်‌တော် (AA) ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများအပါအဝင် မောင်တော၊ သံတွဲ၊ အမ်း အစရှိသော စစ်ရေးအထိနာနေသည့် နေရာများရှိ ရပ်ရွာများအတွင်းသို့ စစ်ကောင်စီမှ လေကြောင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်

အာရက္ခဒေသအတွင်း စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ မိုက်ရူးရဲဆန်နေသည့် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့ ၊ ရပ်ရွာများနှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၄/၅) ရက်များ၌လည်း အရပ်သား ပြည်သူများနေထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာအား ဖက်ဆစ် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါ စာရင်းများကို မိမိတို့မှထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့သကဲ့သို့ ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အထက်ဖော်ပြပါနေရာ များသို့ ရန်သူ့ ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၄) ဦးတို့မှာ အကြီးစား၊ အ‌လတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း-

(၁) ပေါက်တောမြို့၊ ရပ်ကွက် (၁) မှ ဦးညီညီအောင် (၃၇) နှစ်နှင့် ဦးနေဝင်း (၃၈) နှစ်၊

(၂) ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ (၃၈) နှစ်၊ ‌ဒေါ်အေးကျော့စိန် (၅၃) နှစ် နှင့် ဦးအောင်ကျော်စိုး (၄၅) နှစ်၊

(၃) ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း (၁၆) နှစ်၊ ဒေါ်နုအေး (၃၀) နှစ်၊ ဒေါ်ဇနီးမယ် (၅၀) နှစ်၊ ဒေါ်ဦးမေသန်း (၅၇) နှစ် နှင့် ဦးလှမောင်သန်း (၂၈) နှစ် တို့မှာ အလတ်စား၊ အသေးစား ထိခိုက် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ပေါက်တော၊ မြို့ပေါ်ရပ်ကွက် (၁) မှ ဦးညီညီအောင်တွင် အပြင်းစား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု၊ ပျက်စီးမှုများအား သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။

ဓာတ်ပုံ-၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ပေါက်တောမြို့မှ အပြစ်မဲ့ အရပ်သားပြည်သူများ

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢541🤬100👍85🤣2113👎4🍾1😈1
List of innocent civilians killed in Sin Gaung Village, Thandwe Township, as a result of airstrikes, drone attacks, and heavy shelling by the Fascist Military Council (SAC) on June 4, 2024

#AAInfoDesk
😢252👍36🤣7🤬6🕊2🍾21
List of innocent civilians injured in Sin Gaung Village, Thandwe Township, as a result of airstrikes, drone attacks, and heavy shelling by the Fascist Military Council (SAC) on June 4, 2024

#AAInfoDesk
😢264👍31🤬5👎4🕊3😁1🍾1
List of Innocent Civilians' Homes Destroyed in Sin Gaung Village, Thandwe Township Due to the Airstrikes, Drone attacks, and Heavy Weapons By the Fascist Military Council (SAC) on June 4, 2024

#AAInfoDesk
😢417👍71🤬30🙏8🤣8🕊4🥰3👎2
၂၀၂၄ ခုနှစ်၊ ဇွန်လ ဒုတိယ ရက်သတ္တပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်

အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို မိမိတို့မှ အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

ဇွန်လ ဒုတိယပတ်အတွင်း၌လည်း မောင်တောမြို့နယ်အတွင်းရှိ

(၁) “နခခ (၄) တပ်ရင်းဌာနချုပ်” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊

(၂) “အလယ်သံကျော်စခန်း” အား ဇွန်လ (၁၀) ရက်၊ နံနက် (၇) နာရီ (၄၆) မိနစ် အချိန်တွင်လည်းကောင်း၊

(၃) “မောရဝတီဗျူဟာ” အား ဇွန်လ (၁၃) ရက်၊ နံနက် (၇) နာရီအချိန်တွင်လည်းကောင်း၊

(၄) “နခေါင်းတိုစခန်း” အား ဇွန်လ (၁၃) ရက်၊ ညနေ (၆) နာရီအချိန်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤစခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော ရန်သူ၏ အခြားသော စခန်းများကိုလည်း မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် တောင်ကုတ်မြို့နှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” အား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်။

တိုက်ပွဲများအတွင်း ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက် တင်ပြပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.19K👍312🥰40❤‍🔥29🍾26🙏19🕊14👎11👏11💯54
မောင်တောမြို့နှင့်ပတ်သက်၍ ကြိုတင်အသိပေးခြင်းနှင့် အရေးပေါ်ထုတ်ပြန်ချက်

၁၃၈၆ ခုနှစ်၊ နယုန်လဆန်း (၁၀) ရက်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်

ဘင်္ဂလားပင်လယ်အော်နှင့် အပြိုင်တည်ရှိနေသော မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးနီးပါးအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်၍ အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင် မောင်တောမြို့နှင့် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကိုလည်း မိမိတို့မှ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။

စစ်ကောင်စီသည် မောင်တောမြို့အား ၎င်းတို့၏ စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အဆိုပါ လက်ကျန်စခန်းများ အားလုံးကို မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဖြစ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ပါသည်။

မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှစတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှ အလေးအနက် အသိပေး ထုတ်ပြန်အပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
995👍326🙏29🥰23🤣16🔥14👌10👏9🕊8👎4❤‍🔥3
Advance Notice and Emergency Announcement Regarding Maungdaw Township

June 16, 2024

The Arakan Army has completely seized nearly all the SAC’s military camps in Maungdaw Township, located near the Bay of Bengal. Surrounding and cutting off the remaining SAC’s camps in and around Maungdaw Township have also been accomplished.

The SAC force has long been using Maungdaw Township as a base for military operations and has prepared extensively for urban warfare. As further assaults on these remaining camps are imminent, residents of Maungdaw Township are urged to avoid staying in areas such as roads and houses from which the SAC forces have fortified positions, the locations which could be targeted by the snipers from top of the buildings, and any place where the SAC forces are present.

Due to concerns for the safety of the residents of Maungdaw, the United League of Arakan/Arakan Army urgently advises all residents to evacuate Maungdaw immediately, starting from 9 PM on June 16, 2024.

United League of Arakan



DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.
733👍211❤‍🔥22🤣18🙏15🥰12👎9🤬7🕊5🤯3😢2
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့၊ ညနေ (၅) နာရီအချိန်ခန့်တွင် ဖက်ဆစ်စစ်ကောင်စီနှင့် ၎င်းတို့မှ အကြမ်းဖက်သင်တန်းပေးထားသော လက်နက်ကိုင်မူဆလင်များပူးပေါင်းပြီး မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် လူနေအိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းဂိုဒေါင်များမှ ဘိလပ်မြေဟုယူဆရသော အထုပ်များကိုယူကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေကြသည့် ဗွီဒီယိုမှတ်တမ်း

On June 21, 2024, around 5 PM, SAC and Muslim Militants have looted and burned down the WFP warehouses and village houses in Waisali Village in Maungdaw Township. The perpetrators were seen taking out seemingly cement bags from a warehouse and preparing a defense line along a district office in the video record.

#AAInfoDesk
June 25, 2024
579👍378😢80🤬63🤣25👎17😱15🥰8😍6😈5🍌4
မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၁) ရက်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်

အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ ဖက်ဆစ်စစ်ကောင်စီ၏ စခန်းများအပါအဝင် သိမ်းပိုက်ရန် ကျန်ရှိနေသေးသော အခြားမြို့များရှိ စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပါသည်။ ဤကဲ့သို့ တိုက်ပွဲများပြင်းထန်နေမှုကို အခွင့်ကောင်းယူလျက် မသမာသူ အုပ်စုတစ်စုသည် မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း သိရှိရပါသည်။

မိမိတို့ ULA/AA နာမည်ကိုအသုံးပြုပြီး အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများအနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် သတိပေးလိုက်ပါသည်။ မိမိတို့အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို့ အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိပါကြောင်း မိဘပြည်သူများအား လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ အကယ်၍ ယခုကဲ့သို့ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက မိမိတို့ ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
👍1.11K427🥰50🤣38🙏16🎉8👎7👏6😁4🍾4🍌2