AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအား ဖက်ဆစ် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုစာရင်း

#AAInfoDesk
June 10, 2024
😢412🤬36👍28🤣12🙏31
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအား ဖက်ဆစ် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်း နှင့် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များပျက်စီးဆုံးရှုံးမှုစာရင်း

#AAInfoDesk
June 10, 2024
😢522👍55🤬48🤣165💔5🔥4🥰1
အာရက္ခဒေသအတွင်း အာရက္ခတပ်‌တော် (AA) ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများအပါအဝင် မောင်တော၊ သံတွဲ၊ အမ်း အစရှိသော စစ်ရေးအထိနာနေသည့် နေရာများရှိ ရပ်ရွာများအတွင်းသို့ စစ်ကောင်စီမှ လေကြောင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်

အာရက္ခဒေသအတွင်း စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ မိုက်ရူးရဲဆန်နေသည့် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့ ၊ ရပ်ရွာများနှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၄/၅) ရက်များ၌လည်း အရပ်သား ပြည်သူများနေထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာအား ဖက်ဆစ် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါ စာရင်းများကို မိမိတို့မှထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့သကဲ့သို့ ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အထက်ဖော်ပြပါနေရာ များသို့ ရန်သူ့ ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၄) ဦးတို့မှာ အကြီးစား၊ အ‌လတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း-

(၁) ပေါက်တောမြို့၊ ရပ်ကွက် (၁) မှ ဦးညီညီအောင် (၃၇) နှစ်နှင့် ဦးနေဝင်း (၃၈) နှစ်၊

(၂) ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ (၃၈) နှစ်၊ ‌ဒေါ်အေးကျော့စိန် (၅၃) နှစ် နှင့် ဦးအောင်ကျော်စိုး (၄၅) နှစ်၊

(၃) ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း (၁၆) နှစ်၊ ဒေါ်နုအေး (၃၀) နှစ်၊ ဒေါ်ဇနီးမယ် (၅၀) နှစ်၊ ဒေါ်ဦးမေသန်း (၅၇) နှစ် နှင့် ဦးလှမောင်သန်း (၂၈) နှစ် တို့မှာ အလတ်စား၊ အသေးစား ထိခိုက် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ပေါက်တော၊ မြို့ပေါ်ရပ်ကွက် (၁) မှ ဦးညီညီအောင်တွင် အပြင်းစား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု၊ ပျက်စီးမှုများအား သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။

ဓာတ်ပုံ-၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ပေါက်တောမြို့မှ အပြစ်မဲ့ အရပ်သားပြည်သူများ

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢541🤬100👍85🤣2113👎4🍾1😈1
List of innocent civilians killed in Sin Gaung Village, Thandwe Township, as a result of airstrikes, drone attacks, and heavy shelling by the Fascist Military Council (SAC) on June 4, 2024

#AAInfoDesk
😢252👍36🤣7🤬6🕊2🍾21
List of innocent civilians injured in Sin Gaung Village, Thandwe Township, as a result of airstrikes, drone attacks, and heavy shelling by the Fascist Military Council (SAC) on June 4, 2024

#AAInfoDesk
😢264👍31🤬5👎4🕊3😁1🍾1
List of Innocent Civilians' Homes Destroyed in Sin Gaung Village, Thandwe Township Due to the Airstrikes, Drone attacks, and Heavy Weapons By the Fascist Military Council (SAC) on June 4, 2024

#AAInfoDesk
😢417👍71🤬30🙏8🤣8🕊4🥰3👎2