၂၀၂၄ ခုနှစ် ၊ ဇွန်လ ပထမပတ် အာရက္ခဒေသအတွင်း တိုက်ပွဲသတင်းများ
၂၀၂၄ ခုနှစ်၊ ဇွန်လ (၇) ရက်
အာရက္ခဒေသအတွင်းတိုက်ပွဲများသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ပထမပတ်အတွင်း၌ မောင်တော၊ သံတွဲနှင့် အမ်း မြို့နယ်များအတွင်း အဓိကဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။ အခြား တစ်ဖက်တွင် စစ်ကောင်စီအကြမ်းဖက်သင်တန်းဆင်း မူဆလင်များ၊ ARSA၊ ARA နှင့် RSO မူဆလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့များနှင့် မိမိတို့သည် ဘင်္ဂလာနယ်စပ်တစ်လျှောက်၌ ရံဖန်ရံခါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
အာရက္ခဒေသအတွင်း၌ စစ်စခန်းများ မြောက်မြားစွာမကျန်တော့သည့် စစ်ကောင်စီသည် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကပြုလုပ်ခြင်း၊ ရက္ခိုင်-မူဆလင် လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိပြုလုပ်လျက်ရှိသည်။ ထို့အပြင် အရပ်သားပြည်သူလူထုများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အရပ်သားပြည်သူလူထုများ သွားလာသည့်လမ်းများတွင် မိုင်းထောင်ခြင်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်လျက်ရှိသည်။
ဘူးသီးတောင်မြို့ရှိ ရန်သူစစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခုမကျန်သိမ်းပိုက်ပြီးသည့်အချိန်တွင် ဘူးသီးတောင်နှင့် နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ (၂) ရက်နေ့မှစတင်၍ အာရက္ခတပ်တော်သည် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ-
(၁) “တာဝါတိုင်စခန်း” အား ဇွန်လ (၂) ရက်၊ ညနေ (၅) နာရီအချိန်တွင်လည်းကောင်း၊
(၂) “ကျောက်ပန္ဒူစခန်း” အား ဇွန်လ (၃) ရက်၊ နံနက် (၅) နာရီ (၄၀) မိနစ်တွင်လည်းကောင်း၊
(၃) “ခွဆုံပြင်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၅) နာရီ (၁၅) မိနစ်အချိန်တွင်လည်းကောင်း၊
(၄) “မြင်းလွှတ်စခန်း” ကို ဇွန်လ (၄) ရက်နေ့၊ နံနက် (၇) နာရီ (၃၀) မိနစ်အချိန်တွင်လည်းကောင်း
(၅) “အင်းဒင်စခန်း” (သို့မဟုတ်) “နခခ (၆) စခန်း” အား ဇွန်လ (၆) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် လည်းကောင်း၊
(၆) “နခခ (၉) စခန်း” အား ဇွန်လ (၇) ရက်နေ့၊ နေ့လယ် (၃) နာရီအချိန်တွင်လည်းကောင်း အသီးသီး အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။
စစ်ကောင်စီ၏ ဘူးသီးတောင်၊ မောင်တောရှိစခန်းများမှ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်းလျက်ရှိသကဲ့သို့ စစ်ကောင်စီ၏ အခြားသော လက်ကျန်စခန်းများဖြစ်သော “နခခ(၄)” ၊ “မောရဝတီ” ၊ “အလယ်သံကျော်” ၊ “နားခေါင်းတိုစခန်း” များ အပါအဝင် တခြားလက်ကျန်စခန်းများကိုလည်း မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်သည်။
အာရက္ခတပ်တော်မှ ဘူးသီးတောင်မြို့အား မသိမ်းပိုက်မီ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့၊ မွန်းတည့် (၁၂) နာရီကတည်းကပင် စစ်ကောင်စီသည် မောင်တောမြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ကုန်းလမ်းများကို ပိတ်ဆို့ထားသကဲ့သို့ အချို့သောတံတားများကိုလည်း ဖျက်ဆီးထားပြီးဖြစ်သည်။ မေလ (၆) ရက်နေ့တွင် "လဘော်ဇားတံတား” ၊ မေလ (၇) ရက်နေ့တွင် "ကံကျမြောက်ရွာတံတား” ၊ မေလ (၈) ရက်နေ့၌ "(၃) မိုင် တံတား” ၊ “သံတံတား"နှင့် "ရွာသစ်ကေတံတား" တို့အား မိုင်းခွဲဖျက်ဆီးထားခဲ့ပြီးဖြစ်သည်။
မောင်တော၏ အထက်ဖော်ပြပါနေရာများအပြင် အခြားနေရာများ၌လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွား လျက်ရှိပြီး ၎င်းတိုက်ပွဲများအထဲမှ ဇွန်လ (၃) ရက်နေ့၊ နေ့လယ် (၁) နာရီခန့်အချိန်တွင် မောင်တောမြို့၊ မြောက်ပိုင်း၊ သာယာကုန်းရွာမြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင် စစ်ကောင်စီ၏ မောင်တောမြို့၊ (၄) မိုင်၊ နခခ (၂) မှ စစ်ကြောင်းတစ်ခုနှင့် အာရက္ခတပ်တော်တို့သည် တစ်နာရီခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် အထိနာပြီး နောက်ဆုတ်သွားခဲ့သော်လည်း ဇွန်လ (၄) ရက်၊ နံနက် (၈) နာရီ အချိန်တွင် အဆိုပါဆုတ်ခွာသွားသော ရန်သူများနှင့် ညနေ (၃) နာရီခန့်အချိန်အထိ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာ သာယာကုန်းရွာပတ်ဝန်းကျင်မှ ရွာသား (၅) ဦးကိုလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
တိုက်ပွဲကာလအစ ဇွန်လ (၄) ရက်၊ ညနေ (၄) နာရီခန့်တွင် စစ်ကောင်စီတပ်၏ နခခ (၂) စစ်ကြောင်းသည် သာယာကုန်းရွာမှ ဦးမောင်လှသန်း၊ ဦးထွန်းနုစိန်၊ ဦးလှထွန်းနှင့် မကျည်းကုန်းရွာမှ ဦးဒူးရီနှင့် ဦးလှသိန်း တို့အား လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ အဆိုပါ အဖမ်းဆီးခံရသူများထဲမှ ဦးမောင်လှသန်း တစ်ဦးမှလွဲ၍ ကျန် (၄) ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရှိရသည်။

❤453👍165🙏16🤣10🍾6🥰4👎3👏3🥴1🍌1
ထို့အတူ ဇွန်လ (၇) ရက်၊ ယနေ့တွင်လည်း သာယာကုန်းရွာပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေခဲ့သည်။ မောင်တောမြို့နယ်၊ မကျည်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှင့် မြောက်ဘက်မီတာ (၂၀၀) ခန့်အကွာရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီ၏ စစ်စခန်းနှစ်ခု ကိုလည်း ဇွန်လ (၇) ရက်၊ နံနက် (၁၁) နာရီ (၅၀) မိနစ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ နခခ (၂) ၏ ကာကင်းစခန်းနှစ်ခုဖြစ်သော ဤစခန်းနှစ်ခုအား လွန်ခဲ့သောနှစ်ရက်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားပြီး ယနေ့တွင် အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မောင်တောမြို့ဘက်ရှိ သီဟိုဠ်ခြံ နှင့် နခခ (၂) ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ဤတိုက်ပွဲအတွင်းမှ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ၏ အနောက်မြောက်ဘက် (၃) ကီလိုမီတာအကွာအဝေး နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂/၃) ရက်နေ့များ၌ တိုက်ပွဲများ အသီးသီးဖြစ်ပွားခဲ့သည်။ ရန်သူသည် ပင်လယ်ပြင်မှ စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်များဖြင့် ၎င်းနေရာအား အသည်းအသန်ခုခံနေခဲ့သော်လည်း အာရက္ခတပ်တော်မှ သတ္တိ၊ ဗျူဟာမြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ကစဉ့်ကလျား ထွက်ပြေးလျက်ရှိသည်။ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင်တိုက်ပွဲများအတွင်း ရန်သူ၏ Speed Boat တစ်စီးအား မိမိတို့မှ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့သည်။
ရန်သူအလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း ကမ်းခြေတစ်လျှောက် လိုက်လံရှင်းလင်းလျက်ရှိသည်။ ဤတိုက်ပွဲဖြစ်ပွားနေသောနေရာများသည် သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနှင့် (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးသည်။
ထို့အပြင် အမ်းမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေးအတွက် မိမိတို့မှ ကြိုးပမ်းလျက်ရှိသောကြောင့် တောဟိန်းတောင်ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။
ထို့ကြောင့် ဇွန်လ၊ ပထမအပတ်သည် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မိမိတို့ အာရက္ခစစ်သည်များ၏ တစ်ပတ်တာ ထိုးစစ်အတွင်း မျက်မြင်နှင့် ဖမ်းဆီးရမိထားသောသုံ့ပန်းများအဆိုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသည့် အရေအတွက်မှာ (၄၀၀) အထက်ရှိခဲ့သည်။ အဆိုပါ သေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ထွက်ပြေး၍ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများ ပါဝင်ခဲ့သည်။ အမ်း၊ သံတွဲဘက် တိုက်ပွဲများအတွင်း၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်း သေဆုံးခဲ့သည်။
လက်နက်ခဲယမ်းအမြောက်အမြားနှင့်အတူ စစ်ကောင်စီသုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိခဲ့သည်။ ဤ တစ်ပတ်တာ ထိုးစစ်များအတွင်း ထူးချွန်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့သော အာရက္ခစစ်သည်တော်များ၊ အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်ခဲ့ကြသော စစ်သည်တော်များကို အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

❤1.19K👍281🙏21🤣21👏17🔥14❤🔥12💯12🍾9🥰7🕊4
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအား ဖက်ဆစ် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်း နှင့် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် သေဆုံးသွားသော အပြစ်မဲ့ အရပ်သားပြည်သူများစာရင်း
#AAInfoDesk
June 10, 2024
#AAInfoDesk
June 10, 2024
😢392🤬28👍27🤣13💔7❤3
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအား ဖက်ဆစ် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုစာရင်း
#AAInfoDesk
June 10, 2024
#AAInfoDesk
June 10, 2024
😢412🤬36👍28🤣12🙏3❤1
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာအား ဖက်ဆစ် စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်း နှင့် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်များပျက်စီးဆုံးရှုံးမှုစာရင်း
#AAInfoDesk
June 10, 2024
#AAInfoDesk
June 10, 2024
😢522👍55🤬48🤣16❤5💔5🔥4🥰1
အာရက္ခဒေသအတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့၊ ရပ်ရွာများအပါအဝင် မောင်တော၊ သံတွဲ၊ အမ်း အစရှိသော စစ်ရေးအထိနာနေသည့် နေရာများရှိ ရပ်ရွာများအတွင်းသို့ စစ်ကောင်စီမှ လေကြောင်း၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေ
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်
အာရက္ခဒေသအတွင်း စစ်ရေးအထိနာနေ၍ ရှုံးမဲမဲကာ မိုက်ရူးရဲဆန်နေသည့် ဖက်ဆစ် စစ်ကောင်စီသည် အာရက္ခတပ်တော်ထိန်းချုပ်ထားရာ မြို့ ၊ ရပ်ရွာများနှင့် လက်ရှိ တိုက်ပွဲများ ပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ စသည့် မြို့နယ်များနှင့် အနီးအနားကျေးရွာများရှိ အရပ်သားပြည်သူလူထုနေထိုင်ရာ မြို့၊ ရပ်ရွာ များ၊ ဆေးရုံဆေးခန်း၊ စျေး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် အရပ်သားပြည်သူ သွားလာလှုပ်ရှားရာ နေရာများအား ပစ်မှတ်ထား၍ ရေကြောင်း၊ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို တစ်နေ့ ထက်တစ်နေ့ ပိုမိုပြုလုပ်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၄/၅) ရက်များ၌လည်း အရပ်သား ပြည်သူများနေထိုင်ရာ သံတွဲမြို့နယ်၊ ဆင်ခေါင်း ကျေးရွာအား ဖက်ဆစ် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါ စာရင်းများကို မိမိတို့မှထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁)၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်၊ မနော်သီရိကျေးရွာနှင့် လက်ပံပြားကျေးရွာများအား လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့သကဲ့သို့ ဒရုန်းများဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အထက်ဖော်ပြပါနေရာ များသို့ ရန်သူ့ ဒရော့ဗုံး (၁၃) ကြိမ်ထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်။ ဤတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၄) ဦးတို့မှာ အကြီးစား၊ အလတ်စား၊ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ ပေါက်တောမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း-
(၁) ပေါက်တောမြို့၊ ရပ်ကွက် (၁) မှ ဦးညီညီအောင် (၃၇) နှစ်နှင့် ဦးနေဝင်း (၃၈) နှစ်၊
(၂) ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်မှ ဒေါ်နှင်းချေ (၃၈) နှစ်၊ ဒေါ်အေးကျော့စိန် (၅၃) နှစ် နှင့် ဦးအောင်ကျော်စိုး (၄၅) နှစ်၊
(၃) ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ မချေယဉ်သန်း (၁၆) နှစ်၊ ဒေါ်နုအေး (၃၀) နှစ်၊ ဒေါ်ဇနီးမယ် (၅၀) နှစ်၊ ဒေါ်ဦးမေသန်း (၅၇) နှစ် နှင့် ဦးလှမောင်သန်း (၂၈) နှစ် တို့မှာ အလတ်စား၊ အသေးစား ထိခိုက် ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ပေါက်တော၊ မြို့ပေါ်ရပ်ကွက် (၁) မှ ဦးညီညီအောင်တွင် အပြင်းစား ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု၊ ပျက်စီးမှုများအား သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။
ဓာတ်ပုံ-၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၁) ရက်၊ နံနက် (၉) နာရီနှင့် (၉) နာရီ (၃၅) မိနစ် ဝန်းကျင်တွင် ဖက်ဆစ် စစ်ကောင်စီ၏ Y12 လေယာဉ်နှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော ပေါက်တောမြို့မှ အပြစ်မဲ့ အရပ်သားပြည်သူများ

😢541🤬100👍85🤣21❤13👎4🍾1😈1