AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်

အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက် နေ့၌ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။

အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ/ သား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် "အရာရှိလောင်း"အဖြစ် အသိအမှတ်ပြုပေးသောအခမ်းအနားကို ပြုလုပ်ခဲ့ပြီး (၁၁) လခန့် အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာရက္ခမြေတွင် ပထမဆုံးအကြိမ်ပြုလုပ်သော ဤသင်တန်းကာလသည် (၁) နှစ် နှင့် (၇) လနီးပါးကြာမြင့်ခဲ့သည်။

အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) အား ကချင်ပြည်တွင် သင်တန်းသူ/ သား (၁၃၈) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ ထို့အတူ အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် (၄) နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။

အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့ဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်။ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

ဓါတ်ပုံ - အာရက္ခမြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) မှ သင်တန်းဆင်း သင်တန်းသူ/သားများ၏ သတင်းဓါတ်ပုံမြင်ကွင်းများ
1.13K👍201🥰39🤣17😍16❤‍🔥12🔥8💯7👎4🍌3🍾3
ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၁၀/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်
1K👍203🤣29🥰28🙏24❤‍🔥9👎9🔥4👏4💯4🍾2
စစ်ကောင်စီအား တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်း လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသောအဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့၏ ရက္ခိုင်ပြည်မြောက်ဘက် အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ထုတ်ပြန်ကြေညာချက်

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်
1.18K👍289🤣32🥰24👏20😁14👎10❤‍🔥9🔥6🍌3🍾2
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်

ဖော်ပြပါရုပ်သံဖိုင်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့၌ ဘူးသီးတောင်မြို့နယ်၊ ငကျိုင်တောက်ကျေးရွာအနီး၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့စဉ် စစ်ကောင်စီ၏ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေးစား၊ အလတ်စား၊ ဒဏ်ရာရရှိသူများရှိခဲ့သည်။ ထိုဒဏ်ရာရရှိသောသူများကို မိမိတို့အနေဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုများနှင့်အတူ အရေးပေါ်လူနာများရှိပါက ဦးစားပေးကုသပေးလျက် ရှိသည်။

၎င်းရုပ်သံမှတ်တမ်းတွင်ပါရှိသောလူနာမှာ စစ်ကောင်စီ၏လက်နက်ကြီးကျည်စ ထိမှန်၍ ညာဘက်ခြေထောက် အရိုးကျိုးသွားသော မူဆလင်အမျိုးသမီး (၁) ဦးအား အာရက္ခတပ်တော်၏ ဆေးဝန်ထမ်းများမှ မိမိတို့တွင်ရှိသော ဆေးဝါး၊ ခွဲစိတ်ကုသမှုဆိုင်ရာ ကိရိယာတန်ဆာပလာများဖြင့် အကောင်းဆုံး ခွဲစိတ်ကုသပေးခဲ့သည့် ရုပ်သံမှတ်တမ်းဖြစ်ပါသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့၌ ရက္ခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၅၃)၊ (၅၃၅) တပ်ရင်းတို့မှ အကြမ်းဖက်စစ်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များနှင့် အကြမ်းဖက် ARSA အဖွဲ့ဝင်များမှ ဖမ်းဆီးထားသော ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းကျေးရွာမှ မူဆလင်ကျေးရွာသူ/သား (၃၅) ဦးတို့အား အာရက္ခတပ်‌တော်မှ ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းအထဲမှ လက်နက်ကြီးစ ထိမှန်ခဲ့သော မူဆလင်အမျိုးသား (၁) ဦးအား အာရက္ခတပ်တော်၊ ဆေးဝန်ထမ်းများမှ ခွဲစိပ်၊ ကုသမှုပေးခဲ့သည့် ရုပ်သံမှတ်တမ်းနှင့်အတူ မိမိတို့အာရက္ခတပ်တော်မှ ဆေးဝါးကုသမှုပေးခဲ့သည့် လူနာများမှ ကျေးဇူးတင်စကားအချို့ ပြောကြားခဲ့သည့် ရုပ်သံဖိုင်များအား ထုတ်ပြန်လိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
759👍252🥰76🤣20😁13👏6🙏4🍾4👎21
426👍98🤣20🥰19👎5🍾3❤‍🔥2
အာရက္ခတပ်တော် (AA) မှ ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်မြို့ အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသား (၃၁) ဦး အပါအဝင် အကျဉ်းသား (၉၈) ဦးအား ကယ်ထုတ်ပေးကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးခဲ့

၂၀၂၄ ခုနှစ်၊ မေလ (၃၀) ရက်

အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် တပ်ရင်း၊ တပ်စခန်းအားလုံးအား ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက်ရယူခဲ့ပြီးဖြစ်သည်။ ဘူးသီးတောင်မြို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းတွင် ဘူးသီးတောင် အကျဉ်းထောင်တွင် ပိတ်မိနေကြသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှု၊ သူခိုးလက်ခံမှု အစရှိသော ရာဇဝတ်မှုအသီးသီးကျူးလွန်ထားသည့် အကျဉ်းသားစုစုပေါင်း (၉၈) ဦးအား ၂၀၂၄ ခုနှစ်၊ မေလ (၁၆) ရက်နေ့၌ ဘေးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခဲ့ပါသည်။

အဆိုပါ အကျဉ်းသား (၉၈) ဦးအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်ကောက်ယူစိစစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စံနှုန်းများအရ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ပါသည်။

စစ်ကောင်စီမှ နိုင်ငံရေးအရ ခုတုံးလုပ်ကာ မတရားသဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား (၃၁) ဦး ပါရှိပြီး ၎င်းတို့အား မိသားစုဝင်များနှင့် ဆက်သွယ်ပေးကာ မိသားစုဝင်များထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချို့ကိုလည်း ၂၀၂၄ ခုနှစ်၊ မေလ (၂၆) ရက်တွင် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်သည့်အပြင် မိမိတို့မှ ဆက်လက်ကူညီ ထောက်ပံ့လျက်ရှိပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်သည် စစ်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား နိုင်ငံတကာ စစ်ဥပ‌ဒေအရ လူသားဆန်စွာ ကယ်ဆယ်ကူညီပေးလျက်ရှိသည့်အပြင် ယခုကဲ့သို့ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ဖမ်းဆီးခံနေကြရသည့် အကျဉ်းသားများစွာတို့ကိုလည်း တိုက်ပွဲများကြားမှ ဘေးလွတ်ရာသို့ ကူညီကယ်ထုတ်ပေးခဲ့သည့် ဖြစ်ရပ်များရှိပါသည်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့၌ အာရက္ခတပ်တော်နှင့် ဖက်ဆစ် စစ်ကောင်စီတို့ကြား တိုက်ပွဲများ မဖြစ်ပွားမီကပင် စစ်ကောင်စီသည် ဘူးသီးတောင်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခြင်းနှင့် နေရာပြောင်းရွှေ့ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားအချို့အား ချန်လပ်ထားခဲ့ကြသည်။ အဆိုပါဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို ဘူးသီးတောင်အကျဉ်းထောင်မှတစ်ဆင့် နခခ (၃) သို့ ပြောင်းရွှေ့ထိန်းသိမ်းထားခဲ့ပြီးနောက် ဘူးသီးတောင်မြို့ ၌ တိုက်ပွဲများ ပြင်းထန်လာခဲ့သည့်တိုင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပွဲကင်းလွတ်ရာသို့ ပြောင်းရွေ့ခြင်းအား ပြုလုပ်ရမည့်အစား လျစ်လျူရှုခဲ့ကြသည်။ ဤသည်မှာ စစ်ကောင်စီ၏ လူမျိုးရေးအမုန်းတရားကို အခြေခံကာ ရက္ခိုင်ပြည်က နိုင်ငံ‌ရေးအကျဉ်းသားများကို ပိုမိုဖိနှိပ်ပြီး လူ့အခွင့်အရေးချိူးဖောက်သည့် လုပ်ရပ်ကို အထင်အရှား တွေ့မြင်နေရသည်။

အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး မိမိတို့ကယ်ထုတ်ပေးထားသော အကျဉ်းသားများအား ၎င်းတို့ကျုးလွန်ခဲ့သည့် ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်ကို ပြန်လည်စိစစ်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
841👍269❤‍🔥20🥰17🙏13🔥10😁10🤣4👎2💯2🍌2
#BreakingNews

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့၊ နံနက် (၉) နာရီ နှင့် (၉) နာရီ (၄၅) မိနစ်ကြားတွင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာနှင့် ကြိမ်ခွေမော်‌‌ကျေးရွာအားလည်းကောင်း၊ နံနက် (၁၀) နာရီ (၂၄) မိနစ်အချိန်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအားလည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသည် Y-12 လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဤကဲ့သို့ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့်အရပ်သားပြည်သူအချို့မှာ သေဆုံး၊ အသေးစား၊ အလတ်စား၊ အပြင်းစား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

နောက်ဆက်တွဲသတင်းများနှင့်ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူများစာရင်းအားအတည်ပြု၍ တင်ပေးသွားပါမည်။

#AAInfoDesk
June 1, 2024
😢736🤬119👍112🙏27😁15🤣14💔13🔥6👏4😱4💯3
အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့အရပ်သား ပြည်သူလူထုတို့အား ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းခဲ့ကြပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုများကို လက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်ခဲ့သော ဖက်ဆစ် စစ်ကောင်စီအား ကန့်ကွက်ရှုတ်ချကြောင်း နှင့် သတိပေးထုတ်ပြန်ကြေညာချက်

၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၁) ရက်
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂) ရက်
😢847👍289🤬53🙏4847🤣26🔥15❤‍🔥14😁7💔6🌚1