Media is too big
VIEW IN TELEGRAM
"ရုပ်သံဖိုင်အကြောင်း"
ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါအဝင် ဘူးသီးတောင်ရှိ တပ်ရင်းများအားလုံးကို အာရက္ခတပ်တော်မှ တစ်ခုမကျန် သိမ်းပိုက်လိုက်ပြီးသည့်အချိန်တွင် အဆိုပါရန်သူ့စခန်းများမှ တပ်ဖွဲ့ဝင်များသည် တပ်မင်းချောင်းရွာအတွင်းသို့ စုပြုံရောက်ရှိသွားခဲ့ကြပြီး အဆိုပါရွာသူ၊ ရွာသားများအား လူသားဒိုင်းကာသဖွယ်အသုံးပြုခဲ့ကြသည်။
ထို့ကြောင့် အဆိုပါ ရွာသူ၊ ရွာသားများမှာ စစ်ကောင်စီ၏ရန်ကို ကြောက်လန့်၍ ထွက်ပြေးလာခဲ့သောကြောင့် အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင်ကူညီကယ်ဆယ်ခဲ့သည်။
ဤကဲ့သို့ စစ်ကောင်စီထံမှ ထွက်ပြေးလာကြပြီး စစ်ဘေးရှောင်လာကြသော တပ်မင်းချောင်းကျေးရွာ၊ ရွာသူ၊ ရွာသားများထဲမှ မူဆလင်အမျိုးသမီးတစ်ဦးမှ ဘူးသီးတောင်မြို့ပတ်ဝန်းကျင် မြေပြင်တွင် လက်ရှိပကတိ ဖြစ်ပျက်နေသော အဖြစ်အပျက်များအား ရုပ်သံတွင်ပါရှိသည့်အတိုင်း ရင်ဖွင့်ပြောပြခဲ့သည်။
After the Arakan Army captured all military posts in Buthidaung, including the headquarters of the Strategic Military Operations Command, the soldiers retreated to Tatmin Chaung village en masse, and used the villagers as human shields. On May 19, 2024, the Arakan Army rescued these villagers, who had fled in fear of SAC's threats.
This video clip features an eyewitness account from a Muslim woman, one of the war refugees from Tatmin Chaung village, who fled from SAC's atrocities. She recounts what she saw with her own eyes.
#AAInfoDesk
May 21, 2024

❤856👍263🤣32🥰19😢18🙏15💯12❤🔥10👎6😁3🍾2
အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး
၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်
အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အာရက္ခဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက် နေ့၌ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။
အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ/ သား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် "အရာရှိလောင်း"အဖြစ် အသိအမှတ်ပြုပေးသောအခမ်းအနားကို ပြုလုပ်ခဲ့ပြီး (၁၁) လခန့် အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာရက္ခမြေတွင် ပထမဆုံးအကြိမ်ပြုလုပ်သော ဤသင်တန်းကာလသည် (၁) နှစ် နှင့် (၇) လနီးပါးကြာမြင့်ခဲ့သည်။
အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) အား ကချင်ပြည်တွင် သင်တန်းသူ/ သား (၁၃၈) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ ထို့အတူ အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။
အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် (၄) နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။
အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့ဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်။ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
ဓါတ်ပုံ - အာရက္ခမြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) မှ သင်တန်းဆင်း သင်တန်းသူ/သားများ၏ သတင်းဓါတ်ပုံမြင်ကွင်းများ

❤1.13K👍201🥰39🤣17😍16❤🔥12🔥8💯7👎4🍌3🍾3
ထုတ်ပြန်ကြေညာချက်
အမှတ်၊ (၁၀/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်
အမှတ်၊ (၁၀/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်
❤1K👍203🤣29🥰28🙏24❤🔥9👎9🔥4👏4💯4🍾2
စစ်ကောင်စီအား တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်း လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသောအဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့၏ ရက္ခိုင်ပြည်မြောက်ဘက် အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ထုတ်ပြန်ကြေညာချက်
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်
၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်
၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်
❤1.18K👍289🤣32🥰24👏20😁14👎10❤🔥9🔥6🍌3🍾2
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်
ဖော်ပြပါရုပ်သံဖိုင်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့၌ ဘူးသီးတောင်မြို့နယ်၊ ငကျိုင်တောက်ကျေးရွာအနီး၌ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့စဉ် စစ်ကောင်စီ၏ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေးစား၊ အလတ်စား၊ ဒဏ်ရာရရှိသူများရှိခဲ့သည်။ ထိုဒဏ်ရာရရှိသောသူများကို မိမိတို့အနေဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုများနှင့်အတူ အရေးပေါ်လူနာများရှိပါက ဦးစားပေးကုသပေးလျက် ရှိသည်။
၎င်းရုပ်သံမှတ်တမ်းတွင်ပါရှိသောလူနာမှာ စစ်ကောင်စီ၏လက်နက်ကြီးကျည်စ ထိမှန်၍ ညာဘက်ခြေထောက် အရိုးကျိုးသွားသော မူဆလင်အမျိုးသမီး (၁) ဦးအား အာရက္ခတပ်တော်၏ ဆေးဝန်ထမ်းများမှ မိမိတို့တွင်ရှိသော ဆေးဝါး၊ ခွဲစိတ်ကုသမှုဆိုင်ရာ ကိရိယာတန်ဆာပလာများဖြင့် အကောင်းဆုံး ခွဲစိတ်ကုသပေးခဲ့သည့် ရုပ်သံမှတ်တမ်းဖြစ်ပါသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ မေလ (၁၁) ရက်နေ့၌ ရက္ခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၅၃)၊ (၅၃၅) တပ်ရင်းတို့မှ အကြမ်းဖက်စစ်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များနှင့် အကြမ်းဖက် ARSA အဖွဲ့ဝင်များမှ ဖမ်းဆီးထားသော ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းကျေးရွာမှ မူဆလင်ကျေးရွာသူ/သား (၃၅) ဦးတို့အား အာရက္ခတပ်တော်မှ ကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းအထဲမှ လက်နက်ကြီးစ ထိမှန်ခဲ့သော မူဆလင်အမျိုးသား (၁) ဦးအား အာရက္ခတပ်တော်၊ ဆေးဝန်ထမ်းများမှ ခွဲစိပ်၊ ကုသမှုပေးခဲ့သည့် ရုပ်သံမှတ်တမ်းနှင့်အတူ မိမိတို့အာရက္ခတပ်တော်မှ ဆေးဝါးကုသမှုပေးခဲ့သည့် လူနာများမှ ကျေးဇူးတင်စကားအချို့ ပြောကြားခဲ့သည့် ရုပ်သံဖိုင်များအား ထုတ်ပြန်လိုက်ပါသည်။

❤759👍252🥰76🤣20😁13👏6🙏4🍾4👎2⚡1