AA Info Desk
54.9K subscribers
1.41K photos
89 videos
8 files
145 links
Download Telegram
36
ရက္ခိုင်ပြည် တိုက်ပွဲသတင်း"

၂၀၂၂ ခုနှစ်၊ ဇူလိုင် (၁၉) ရက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်၊ နံနက် (၉) နာရီခန့် အချိန်တွင် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား၌ မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်တို့ပူးပေါင်းထားသောတပ်ဖွဲ့အား ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ခဲ့သည်။ ရန်သူသည် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ စစ်ကူများကို ထပ်မံပို့ပေးခဲ့သောကြောင့် နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာ အကြား၌လည်း ထပ်မံဖြစ်ပွားခဲ့သည်။

ရန်သူသည် ၎င်းတို့စစ်စခန်းများဖြစ်သော တောင်ပြိုလက်ယာ နခခ (၆)၊ ကြိမ်ချောင်း နခခ (၇)၊ မင်္ဂလာညွန့်ရဲကင်းစခန်း၊ ထရိန်းရဲကင်းစခန်း၊ သစ်တုံးနားခွဆုံအနီးရှိ စခန်း၊ မင်္ဂလာညွန့်အနောက်ဘက်ရှိ စခန်းများမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့် ညနေ (၆) နာရီခန့်အထိ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ အချို့ရှိခဲ့ပြီး လက်နက်ချ အညံ့ခံသော သုံ့ပန်း (၁၄) ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိသူ အနည်းငယ်မှလွဲ၍ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိချေ။

အဆိုပါတိုက်ပွဲများအတွင်းမှ RPG 7၊ ပီစတို (၂) လက်၊ စက်လတ် (၁) လက်၊ G3၊ G4 အပါအဝင် လက်နက်စုစုပေါင်း ( ၂၅) လက်၊ ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။

ရက္ခိုင်ဒေသအတွင်း၌ ရန်သူသည် စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင် နေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်၍ မိဘပြည်သူများအနေဖြင့် သတိထား သွားလာကြပါရန် နှင့် စစ်ရေးသတိရှိကြပါရန်ကိုလည်း အသိပေးအပ်ပါသည်။

အခြားတစ်ဖက်တွင် စစ်ကောင်စီသည် အရပ်သားပြည်သူလူထုများကို ညအချိန်များ၌ ဝင်ရောက်ဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံး၊ တရားရေးဝန်ထမ်းများကို အနှောင့်အယှက်ပေးခြင်း၊ ဖမ်းဆီးရန်ကြိုးစားဆောင်ရွက်ခြင်း၊ ပြည်သူလူထုများ အပေါ်စိုးရိမ်မှုများဆက်တိုက်ပေးနေခြင်း၊ လက်နက်ကြီးများဖြင့် ခြိမ်းခြောက်နေခြင်း၊ ပြည်သူလူထုကို ပြန်ပေးဆွဲထားသကဲ့သို့ ပြုလုပ်ထားခြင်း စသည့်အချက်များအပြင် တိုက်ပွဲဖြစ်ပွားလိုသောရန်စမှု၊ ရန်လိုသောအပြုအမူများကို ဆက်လက် ပြုလုပ်နေသောကြောင့် ရက္ခိုင်ဒေသအတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း ထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://bit.ly/3yN1vrT
VK Link: https://vk.com/arakanarmyinfodesk
👍13368🥰23🔥11👏3👎2
ပြည်သူသို့ အသိပီးထုတ်ပြန်ကြေညာချက်

၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၉) ရက်
၂၀၂၂ ခုနှစ်၊ ဂျူလိုင်လ (၂၁) ရက်

Website Link: https://bit.ly/3B6awPr
VK Link: https://vk.com/arakanarmyinfodesk
👍11532
သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဂျူလိုင်လ (၂၃) ရက်

၂၀၂၂ ခုနှစ်၊ ဂျူလိုင်လ (၁၇) ရက်နိတွင် ရက္ခိုင့်တပ်တော်မှ စစ်ဆီးမိန်းမြန်းရန် ခေါ်ယူခသော ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရီးမှူး ဦးလှရွှေ (၅၃) နှစ် နန့် ယင်း၏ ယာဉ်မောင်း မောင်ကျော်နိုင် (၃၀) နှစ် ရို့နှစ်ဦးကို ဒေနိ ဂျူလိုင်လ (၂၃) ရက်နိ၌ ကောင်းမွန်စွာ ပြန်လည်လွှတ်ပီးလိုက်ပြီး ဖြစ်ပါသည်။

စစ်ကောင်စီတပ်သည် ရက္ခိုင်ပြည်အတွင်း ရပ်ရွာများသို့ဝင်ရောက်ပြီး အပြစ်မဲ့အရပ်သားပြည်သူများကို ULA/AA နန့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခြင်း၊ ပုဒ်မအမျိုးမျိုးတပ် ထောင်ချခြင်းရို့ကို ပြုလုပ်လျက်ဟိနီပါသည်။ ထို့ကြောင့် ရက္ခိုင့်တပ်တော်အနီဖြင့်လေ့ အခြေအနီ၏လိုအပ်ချက်အရ ဦးလှရွှေနန့် မောင်ကျော်နိုင်ရို့ကို စစ်ရီးနန့်ပတ်သက်မှု ဟိမဟိ ခေါ်ယူစစ်ဆီး မိန်းမြန်းရခြင်းဖြစ်သည်။

မိမိရို ULA/AA အနီနန့် လက်နက်ကိုင်ဆောင်ထားခြင်းမဟိသော စစ်ကောင်စီတပ်၏ လက်အောက်ခံ ဝန်ထမ်းများကို အခြေအနီ၏ လိုအပ်ချက်အရ ခေါ်ယူစစ်ဆီးမိန်းမြန်းမှုများ ပြုလုပ်ခကေလေ့ စစ်ဖက်နန့်မသက်ဆိုင်ကြောင်းသိဟိရပါက ကောင်းကောင်းမွန်မွန် ပြန်လည်လွှတ်ပီးဖူးသော သာဓကများစွာ ရှိတွင် ဟိဖူးပါသည်။

ယခုတကြိမ်တွင်လေ့ မြို့နယ်အုပ်ချုပ်ရီးမှူး ဦးလှရွှေ နန့် ယာဉ်မောင်း မောင်ကျော်နိုင်ရို့နှစ်ဦးမှာ မိမိရို့မှ စစ်ဆီးမီးမြန်းချက်အရ စစ်ဖက်ဆိုင်ရာနန့် ပတ်သက်မှု မဟိသည့်အတွက် ဒေနိ ဂျူလိုင်လ (၂၃) ရက်နိ မွန်းတည့် (၁၂) နာရီ (၁၅) မိနစ်အချိန်တွင် ပုဏ္ဏားကျွန်းမြိုနယ်၊ ယိုးငူနန့်ကျောက်ဆိပ်ရွာကြား၌ ပြန်လည်လွှတ်ပီးလိုက်ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

AA Info Desk
23/7/2022

VK Link: https://vk.com/arakanarmyinfodesk
website link: https://bit.ly/3vc8ppr
73👍58
ထုတ်ပြန်ကြေညာချက်

၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁၃) ရက်
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်

Website Link: https://bit.ly/3PInXcu
VK Link: https://vk.com/arakanarmyinfodesk
👍84😢45
ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံရသော အပြစ်မဲ့အရပ်သားပြည်သူများစာရင်း

AA Info Desk
25/7/2022

Website Link: https://bit.ly/3b6gDsu
VK Link: https://vk.com/arakanarmyinfodesk
😢65👍26🤬8
နစက မှ နိုင်ငံရေးအမြင်မတူသည့် ပုဂ္ဂိုလ် (၄) ဦးအား သေဒဏ်စီရင်ဆောင်ရွက်လိုက်ခြင်းအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်
👍12037🥰19😢3🤬2😁1
ပလက်ဝ ၌ ကျောင်းကြိုပို့စက်လှေတစ်စီးအား မြန်မာစစ်တပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်၍ ကျောင်းသား (၂) ဦးသေဆုံး၊ အချို့ဒဏ်ရာရရှိကြောင်းသတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃) ရက်

၂၀၂၂ ခုနစ်၊ သြဂုတ်လ (၂) ရက်နေ့၊ နေ့လယ် (၁ : ၃၅) နာရီအချိန်ခန့်တွင် ပလက်ဝမြို့နယ်၊ တူးမဝ(တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော မြန်မာစစ်တပ်သည် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ တမင်တကာရည်ရွယ်ချက်ရှိရှိ စက်လတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲမဝ(ရီးမဝ)ကျေးရွာမှ ကျောင်းသားနှစ်ဦးဖြစ်သော မောင်နေမင်းထွန်း (အသက်-၁၂ နှစ်) နှင့် မောင်အောင်သန်းမြင့် (အသက်-၁၂ နှစ်) တို့နှစ်ဦးမှာ သေဆုံးခဲ့ပြီး စက်လှေပေါ်တွင်လိုက်ပါလာသော ကျောင်းသူ/ကျောင်းသားအချို့နှင့် ကျောင်းစောင့်တစ်ဦး (ဦးဗဒူ၊ အသက်-၅၆ နှစ်)တို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။

ကုလားတန်မြစ်ကြောင်းတစ်လျှောက် ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေကြသည့် ခရီးသွားမိဘပြည်သူများကိုလည်း ၎င်းမြစ်ကြောင်းကမ်းနံဘေး၌ စခန်းချ တပ်စွဲဂိတ်ချထားသော မြန်မာစစ်တပ်မှ အတင်းအဓမ္မပစ္စည်းတောင်းခံခြင်း၊ ငွေကြေးကောက်ခံခြင်း၊ သေနတ်ဖောက်ရပ်တန့်ခိုင်းခြင်း၊ မရပ်တန့်သော စက်လှေများအား သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်လျက်ရှိသောကြောင့် ဒဏ်ရာရရှိသူများ၊ အသက်ဆုံးရှုံးသူများရှိကာ ပြည်သူလူထုသည်လည်း အကြောက်တရား၊ စိုးရိမ်ထိတ်လန့်မှုများရှိနေသည်မှာ ပကတိအမှန်တရားတစ်ခုပင်ဖြစ်ပြီး ယမန်နေ့က ဖြစ်ပျက်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်အမှန်အား ထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်

Website Link: https://bit.ly/3Qfq6MV
VK Link: https://vk.com/arakanarmyinfodesk
😢78👍37🤬2011😁1
56👍43😁1
“ရက္ခိုင်ပြည် နှင့် ပလက်ဝဒေသ တိုက်ပွဲသတင်း”

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်

၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်တို့သည် ရက္ခိုင်ဒေသအတွင်း (၃) နေရာ နှင့် ပလက်ဝဒေသအတွင်း (၁) နေရာ စသည်ဖြင့် စုစုပေါင်း (၄) နေရာတို့၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

(၁) အဆိုပါနေ့၌ ပထမဆုံးသောတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ၏ မြောက်ဖက် (၁.၅) ကီလိုမီတာအကွာအဝေး၌ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းထားသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်၊ နံနက် (၇) နာရီ (၃၅) မိနစ်မှ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်အထိ နှစ်နာရီနီးပါးခန့်ကြာမြင့်ခဲ့ပြီး ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ခဲ့သည်။

မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ပူးပေါင်းတပ်သည် မိမိတို့ တပ်ဖွဲ့ဝင်များရှိရာနေရာသို့ ဝင်ရောက်လာ သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နာရီကြာ တိုက်ပွဲအတွင်း ရန်သူ့ဖက်မှ သေဆုံးသူ (၃၁) ဦးအထိ ရှိခဲ့ပြီး အထိအခိုက်အကျအဆုံးများခဲ့သည်။ မိမိတို့ဖက်မှလည်း အာရက္ခတိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ် စွန့်လွှတ်ခဲ့ရသောတပ်ဖွဲ့ဝင် အနည်းငယ် နှင့် ဒဏ်ရာရရှိသူအချို့ ရှိခဲ့သည်။

ရန်သူ၏ ၆၀ မမ ပြောင်းရှည်(၁) လက်၊ MA-3 (၁၅) လက်၊ MA-1 (၆) လက်၊ MA-4 (၂) လက်၊ ပီစတို (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံး၊ GPS (၂) လုံး၊ ဂျန်မာစက် (၁) လုံး အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြား ကိုသိမ်းဆည်းရမိခဲ့သည်။

(၂) ဒုတိယတိုက်ပွဲမှာ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာ၏ မြောက်ဖက် (၂.၂) ကီလိုမီတာ အကွာအဝေး၌ သြဂုတ်လ (၁၃) ရက်၊ နေ့လယ် (၁၂) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခလရ (၂၇၀) နှင့် ရက္ခိုင့်တပ်တော်တို့ ထပ်မံဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်သည်။

တစ်နာရီခွဲကျော်ကြာဖြစ်ပွားခဲ့သော ဤတိုက်ပွဲအတွင်း၌လည်း ရန်သူ့ဖက်မှ မျက်မြင် (၆) ဦးကျဆုံးပြီး ဒဏ်ရာရသူ အများအပြားလည်းရှိခဲ့သည်။ မိမိတို့ဖက်မှ အလတ်စား ဒဏ်ရာရသူ (၂) ဦးမှလွဲ၍ ကျဆုံးသူများမရှိခဲ့ဘဲ ရန်သူ၏ လက်နက်ငယ် (၄) လက် အပါအဝင် ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ ဆေးဝါးရိက္ခာများကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

(၃) တတိယတိုက်ပွဲမှာ ရက္ခိုင်-ဘင်္ဂလာနယ်စပ် မိုင်တိုင်အမှတ် (၄၀) အနောက်တောင်ဖက် (၁) ကီလိုမီတာ အကွာအဝေးတွင် သြဂုတ်လ (၁၃) ရက်၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် မြန်မာစစ်တပ်၏ ခမရ (၃၅၂) တပ်ရင်းသည် မိမိတို့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များရှိရာ စခန်းသို့ တိုက်ခိုက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြင်းထန်ခဲ့သည်။ ရန်သူသည် မိမိတို့အား နေရာ (၃) နေရာမှ ထိုးစစ်ဆင်တိုက်ခိုက်ရန်ကြိုးစားခဲ့သောကြောင့် တိုက်ပွဲသည် ညနေ (၅) နာရီကျော်အထိ ဆက်လက်ရှိနေခဲ့သည်။ ကြိုကြားကြိုကြား ပစ်ခတ်တိုက်ခိုက်မှုများနှင့် ရန်သူ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုမှာ ည (၈) နာရီအထိရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားခဲ့သော မိုင်တိုင် (၄၀) နေရာပတ်ဝန်းကျင်၌ ယခုကဲ့သို့သော ကြီးကြီးမားမား တိုက်ပွဲမရှိခဲ့သော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက် နေခဲ့ကြသည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီး သြဂုတ်လ (၁၃) ရက်နေ့တွင်မှ ရန်သူသည် မိမိတို့အား ထိုးစစ်ကို စတင်ပြုလုပ်ခဲ့သောကြောင့် တိုက်ပွဲမှာ ပြင်းထန်ခြင်းနှင့်အတူ ရန်သူလည်း အထိနာခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း ရန်သူ့လက်နက်ကြီး၊ လက်နက်ငယ် အချို့၊ ပီစတို (၂) လက်၊ MG 43 စက်သေနတ် (၁) ခု၊ ဒရုန်း (၂) စီး၊ Jammer (၁) ခု၊ ဆက်သွယ်ရေး ဂြိုလ်တုဖုန်း (၁) လုံး၊ မိုင်းမျိုးစုံ အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကျားအလုံး (၃၀) ကျော်ကိုသိမ်းဆည်းရ မိခဲ့သည်။

(၄) သြဂုတ်လ (၁၃) ရက်နေ့တွင် ပလက်ဝမြို့နယ်၊ သဌေးကုန်းကျေးရွာမြောက်ဖက် (၁.၂) ကီလိုမီတာအကွာ အဝေး၌လည်း နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများရှိခဲ့သည်။ ဤနေရာ၌လည်း နှစ်ဖက်တပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်သည်။ သို့သော်လည်း မြန်မာစစ်တပ်ဖက်မှ မိမိတို့ရှိရာ နေရာသို့ အဝေးမှ လက်နက်ကြီးများကို အဓိကအားကိုးပြီး ပစ်ခတ်နေပြီး ရန်သူသည် မြေပြင်မှ မတက်လာ သောကြောင့် တိုက်ပွဲများ ကြီးမားစွာဖြစ်ပွားခြင်း မရှိသေးပါ။ ဤတိုက်ပွဲအတွင်းရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိခဲ့ရပါ။

ဩဂုတ်လ (၁၃) ရက်နေ့ တိုက်ပွဲများအတွင်း မိမိတို့ဖက်မှ ရန်သူ့သုံ့ပန်း တစ်ဦးကိုမှ လက်ရဖမ်းဆီးခဲ့ခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်အသုံးအဆောင်ပစ္စည်းများကိုသာ သိမ်းဆည်းရမိခဲ့သည်။
👍4234
သြဂုတ်လ (၁၄) ရက်နေ့၌ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမရှိသော်လည်း မြန်မာစစ်တပ်သည် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသောနေရာများသို့ပါ ၎င်းတို့အခြေချ အထိုင် စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို နံနက် (၁၀) နာရီ (၃၀) မိနစ်ခန့်မှ စတင်ပြီး တစ်နေ့လုံးနီးပါး တောက်လျှောက်ပြုလုပ်နေခဲ့သည်။

သြဂုတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် လက်နက်၊ ခဲယမ်း၊ လူအင်အား ရွှေ့ပြောင်းခြင်းများကို ရဟတ်ယာဉ်၊ စစ်သင်္ဘော၊ စစ်ကားကြီးများဖြင့် ရက္ခိုင်ဒေသအနှံ့ ရွှေ့ပြောင်းလျက်ရှိနေသောကြောင့် တိုက်ပွဲများ ယခုထက် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလာနိုင်ဖွယ်ရှိသည်။

အလားတူ မြန်မာစစ်တပ်သည် လက်နက်ကြီးများဖြင့် မိမိတို့တပ်စခန်းရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone ဒရုန်းများပေါ်မှ ဗုံးချတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိသောကြောင့် တိုက်ပွဲဧရိယာမှာ ပိုမိုများပြားလျက် ရှိပြီး တကျော့ပြန်တိုက်ပွဲများမှတဆင့် ရက္ခိုင်ပြည်အနှံ့၊ မြန်မာတစ်နိုင်ငံလုံးအနှံ့ ပိုမို များပြားလာဖွယ်ရှိသည်။

မိမိတို့အနေဖြင့်လည်း မြန်မာစစ်တပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင်မဟာမိတ်အဖွဲ့ အစည်းများ၊ မိမိတို့ ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဖြစ်သည်။

မိဘပြည်သူများအနေဖြင့်လည်း စစ်ရေးသတိ၊ အသွားအလာသတိများကို အထူးဂရုပြုကြပါရန်ကိုလည်း ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်မှ ထပ်မံတိုက်တွန်းလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်


Website Link: https://bit.ly/3SKh2lr
VK Link: https://vk.com/arakanarmyinfodesk
👍10768👏11🥰4😁2
ရက္ခိုင်ပြည် မောင်တောမြို့နယ်မှ မိဖပြည်သူများသို့ အသိပီးထုတ်ပြန်ကြေညာချက်

၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၂) ရက်
၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ (၂၃) ရက်

Website Link: https://bit.ly/3CpLPxV
VK Link: https://vk.com/arakanarmyinfodesk
83👍50🥰3😁1
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၂) ရက်
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်

Website Link: https://bit.ly/3QILT0f
VK Link: https://vk.com/arakanarmyinfodesk
72👍53🥰6😁1
ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရီးရာဌာနမှ အသုံးပြုနီသော Justice For Arakan Telegram Account နန့်ပတ်သက်၍ မိဖပြည်သူများသို့ လေးစားစွာဖြင့် အသိပီးခြင်း

၂၀၂၂ ခုနှစ်၊ သြဂတ်စ်လ (၂၅) ရက်

Website Link: https://bit.ly/3pGFKWy
VK Link: https://vk.com/justiceforarakanland
👍10442🤯5👏3🤮3🥰2