AA Info Desk
55.2K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
😢300🤬47👍20🤣6❤5🍾2❤‍🔥1
ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား အကြမ်းဖက် ဖက်ဆစ် စစ်ရှုံးစစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့

၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်

၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့၊ နံနက် (၀၀) နာရီ (၁၆) မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ "ဝဲကြီးထောင့်ဆေးရုံ" အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့သည်။ ၎င်း ၂၀ ဦးထဲတွင် အပြင်းစားဒဏ်ရာရသူ (၅) ဦးရှိခဲ့ပြီး မြင်း (၁) ကောင်လည်း သေဆုံးခဲ့သည်။

ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်သည်။ ထို့အတူ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်သည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်သည်။

မိမိတို့အနေဖြင့်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်သည်။

#AAInfoDesk
May 15, 2024
😢515👍97🤬96🤣29❤22🍾3🔥1
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ရှုံး စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကင်း‌ချောင်း‌ကျေးရွာအား တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများ (ရုပ်သံဖိုင်)

#AAInfoDesk
May 15, 2024
😢764🤬119👍74💔21🤣19❤16😁9🔥6🕊6👏3🍾2
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီမှ (၃) ရက်ကြာ အစာရေစာမကျွေးဘဲ ဖမ်းဆီးပိတ်လှောင်ထားသော ခရုချောင်း မူဆလင်ကျေးရွာမှ ကလေးငယ်များအပါဝင် မူဆလင် အမျိုးသား အမျိုးသမီးစုစုပေါင်း (၃၅) ယောက်အား အာရက္ခတပ်တော်မှ ကယ်ထုတ်နိုင်ခဲ့သော ရုပ်သံမှတ်တမ်း

၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်
❤720👍203🙏17🤣14🥰8👏7👎5😢4💯4🕊3❤‍🔥1
ရက္ခိုင်ဒေသအတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်သည်။

ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြသည်။

မေလ (၁၄) ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နှင့် ခလရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းကိုလည်းသိမ်းပိုက်ရရှိခဲ့သည်။

မေလ (၁၃) ရက်နေ့တွင် နခခ (၃) အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ (၈) စခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။

တစ်ပြိုင်နက်တည်းတွင် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ မိမိတို့အားတိုက်ခိုက်နေသော စစ်သွေးကြွဘင်္ဂလီတပ်ဖွဲ့ဝင်များအား မိမိတို့မှ လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသောနေရာများ နှင့် ကျေးရွာများ၊ ဘူးသီးတောင်မြို့အတွင်းသို့ ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း "အထူး" သတိပေးအပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
❤1.26K👍315🥰33❤‍🔥32🍾29🤣19👏18👎13💯13🎉12🤩7
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာ နှင့် ၎င်း၏လက်အောက်ခံ အမတ (၃၇၈) တပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင် မူဆလင်ကျေးရွာသို့ ဝင်ရောက်ပြီး အရွယ်ရောက်ပြီးသော မူဆလင်အမျိုးသားများကို အကြမ်းဖက်စစ်တပ်ထဲသို့ စစ်မှုထမ်းရန်ခေါ်ဆောင်နေသောကြောင့် ထွက်ပြေးလာကြသော ကလေးငယ်များအပါအဝင် မူဆလင် အမျိုးသား အမျိုးသမီး စုစုပေါင်း (၂၂) ယောက်အား အာရက္ခတပ်တော်မှ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာ၏ အရှေ့တောင်ဘက် (၃.၂၁) ကီလိုမီတာခန့်အကွာတွင်တွေ့၍ မေးမြန်းထားသော ရုပ်သံမှတ်တမ်း

၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်
❤683👍236😢20🥰13😁13❤‍🔥11🤬7🕊7🤔6🐳4🔥2
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဘူးသီးတောင်မြို့နယ်၊ ကျောက််ဖြူတောင်ကျေးရွာ၊ တပ်မင်းချောင်းကျေးရွာ၊ င/ကျဥ်တောက် မူဆလင်ကျေးရွာများကို (Jet Fighter)၊ (Y-12) များဖြင့် ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေသောကြောင့် ၎င်းကျေးရွာ (၃) ရွာမှ ထွက်ပြေးလာသော ကလေးငယ်များအပါအဝင် မူဆလင် အမျိုးသား အမျိုးသမီး စုစုပေါင်း (၁၆၆) ယောက်အား အာရက္ခတပ်တော်မှ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာ၏ အရှေ့တောင်ဘက် (၃.၂၁) ကီလိုမီတာခန့်အကွာ၌တွေ့၍ ယင်းထဲမှ ကျန်းမာရေးမကောင်းသော သူများအား မိမိတို့ အာရက္ခတပ်တော်မှ ဆေးကုသမှုပေးနေသော ရုပ်သံမှတ်တမ်း

၂၀၂၄ ခုနှစ်၊ မေလ (၁၉) ရက်
❤685👍207❤‍🔥18🙏16🤣13👎8😁8🕊6🥰5🍌3🌚2
❤751👍137💯18🥰13🤣13😁11👏7🙏5🌚4🔥3🍾3