AA Info Desk
55.2K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
😢270🤬52👍23😁8❤6❤‍🔥3😈1
😢300🤬47👍20🤣6❤5🍾2❤‍🔥1
ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား အကြမ်းဖက် ဖက်ဆစ် စစ်ရှုံးစစ်ကောင်စီ၏ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့

၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်

၂၀၂၄ ခုနှစ်၊ မေလ (၁၅) ရက်နေ့၊ နံနက် (၀၀) နာရီ (၁၆) မိနစ်အချိန်တွင် ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့် ကျေးရွာရှိ "ဝဲကြီးထောင့်ဆေးရုံ" အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့်အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူအချို့ရှိခဲ့သည်။ ၎င်း ၂၀ ဦးထဲတွင် အပြင်းစားဒဏ်ရာရသူ (၅) ဦးရှိခဲ့ပြီး မြင်း (၁) ကောင်လည်း သေဆုံးခဲ့သည်။

ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်သည်။ ထို့အတူ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်သည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်သည်။

မိမိတို့အနေဖြင့်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်သည်။

#AAInfoDesk
May 15, 2024
😢515👍97🤬96🤣29❤22🍾3🔥1