AA Info Desk
55.2K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက် ယနေ့တွင်ကျရောက်သည့် (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ ပေးပို့လာကြသော ဂုဏ်ပြုသဝဏ်လွှာများ - (၃)

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
557👍125🥰17❤‍🔥14😁6🙏5🤣5👎2🌚2🍾2🍌1
ကျေးဇူးတင်ကြောင်းထုတ်ပြန်ချက်

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၁၅) နှစ်မြောက် အာရက္ခတပ်တော်နေ့ အခမ်းအနားသို့ FPNCC အဖွဲ့ဝင်များဖြစ်ကြသော UWSP/UWSA ၊ PSLF/TNLA ၊ MNTJP/MNDAA တို့အပြင် အခြား တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် မွေးဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းများမှ ပေးပို့လာကြသည့် သဝဏ်လွှာများကို ကောင်းမွန်စွာလက်ခံရရှိပါသည်။

သဝဏ်လွှာများပေးပို့လာကြသော အဖွဲ့အစည်းများအားလုံးကို မိမိတို့ ULA/AA မှ ရက္ခိုင်ပြည်သူများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပြီး ပေးပို့လာကြသော အဖွဲ့အစည်းအသီးသီးတိုင်း၏ ရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်
808👍149🥰22❤‍🔥16🙏16🍾10🤣9🎉6💯5👏3🔥2
အာရက္ခမိဘပြည်သူများသို့ မေတ္တာရပ်ခံပန်ကြားချက်

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း (၃) ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက်
879👍213🙏32🤣17👌11❤‍🔥10🥰10🍾5🎉4👎3🔥1
382👍65🥰17👏10❤‍🔥9🔥6🍌2
ရက္ခိုင်ပြည်တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်

ရက္ခိုင်ပြည်၊ မောင်တောမြို့ ၌ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တော၊ ကြိမ်ချောင်း ဗျူဟာစခန်းကြီးအား အာရက္ခတပ်တော်(ရက္ခိုင့်တပ်တော်)မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။

အာရက္ခတပ်တော်အနေဖြင့် ၎င်းစခန်းတစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အဆိုပါစခန်းအား လချီ၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ( ၂၃) ရက်တွင်မှ ထိုးစစ်အား အရှိန်အဟုန်မြှင့်တင်လျက် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာရက္ခစစ်သည်တော်များ၏ ပြောင်မြောက်သော စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်၊ တာဝန်တို့အား ဆင့်ကဲလိုက်နာနိုင်မှုတို့အပေါ် အာရက္ခတပ်တော်၊ စစ်ရုံးချုပ်အနေဖြင့် အလေးအနက်အသိအမှတ်ပြုအပ်ပါသည်။ ဤ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များကိုလည်း လေးနက်စွာဂါရဝပြုအပ်ပါသည်။

ဤကြိမ်ချောင်း ဗျူဟာကုန်းသည် နခခ (၇) ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄၀၀) ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ (၁၅၀) ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်သည်။ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုး နှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင် တို့ ဦးဆောင်ပြီး မိမိတို့၏ ထိုးစစ်အား အသည်းအသန် ခုခံနေသောဗျူဟာစခန်းကြီးတစ်ခုဖြစ်သည်။

ကြိမ်ချောင်းဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်းအမြောက်အမြား၊ သုံ့ပန်းတချို့ နှင့် ၎င်းတို့၏ မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့သည်။ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယခင်ရက်များ၌လည်း ရက္ခိုင်ဒေသအတွင်း၌ တိုက်ပွဲများရှိခဲ့ပြီး အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ အဓိက ဖြစ်ပွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၃) နာရီ (၄၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား (၅၀) ခန့်ပါစစ်ကြောင်း နှင့် အာရက္ခတပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူသည် မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲသည်အချိန် တိုတောင်းသော်လည်း ပြင်းထန်ခဲ့သည်။

နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အကျအဆုံးများဖြင့် နပခဌာနချုပ်ရှိရာအမ်းသို့ ပြန်လည်တပ်ဆုတ်သွားခဲ့သည်။ တိုက်ပွဲအတွင်း မိမိတို့ဘက်မှလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက် နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဘက်မှလည်း အလတ်စားဒဏ်ရာရှိသူများရှိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် (၂.၅) ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ (၁) နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၆) သေဆုံးပြီး (၈) ဦးခန့်ဒဏ်ရာရရှိခဲ့သည်။

မိမိတို့အနေဖြင့် ယခင်ထုတ်ပြန်ပြောထားပြီးဖြစ်သည့်အတိုင်း လက်နက်ချအညံ့မခံသေးသောအကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်။ တဆက်တည်းပြောလိုသည်မှာ ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံသတိပေးလိုက်သည်။

အာရက္ခတပ်တော်သည် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.21K👍426❤‍🔥35🥰27🏆17💯16🤣16🙏15🎉13🔥12😁10
Forwarded from Khaing Thu Kha
Media is too big
VIEW IN TELEGRAM
အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီနှင့်သူ​၏လက်အောက်ခံဘင်္ဂလီမူဆလင်အကြမ်းဖက်အဖွဲ့များဖြစ်သည့် ARSA, ARA, RSO နှင့်မကြာခင်ကစစ်ကောင်စီသင်တန်းပေးခဲ့သည့် မူဆလင်လက်နက်ကိုင်များ​၏ မီးရှို့ဖျက်စီးမှုကြောင့် ပျက်စီးသွားခဲ့ရသည့် ဘူးသီးတောင်မြို့ မှ ရက္ခိုင်၊ ဟိန္ဒူ နှင့် တခြားမူဆလင်မဟုတ်သူများ​၏ နေအိမ်များ။

Houses of Arakanese, Hindu and other non-Muslim civilians in Buthidaung destroyed by the arson attacks of the junta-backed Bengali Muslim terrorist groups such as the ARSA, ARA, RSO and other Muslim militants recently armed and trained by the junta.
🤬424😢266👍16139🤣22😁10👎8😱6❤‍🔥3😈1
ညမထွက်ရအမိန့်ထုတ်ပြန်ချက်

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၃) ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆) ရက်
891👍326🥰25😁23🙏21👏14❤‍🔥13👎11👌6🍾5🕊4
361👍101🥰34💯10😁7🍾6🔥4🙏4🌚3🤩2🍌2
Curfew statement

April 26, 2024

In the Arakha region, ongoing clashes persist between the terrorist fascist military council and the Arakha Army, notably escalating in Buthidaung, Maungdaw, Ann, and Thandwe cities. The intensification of hostilities in Buthidaung Township is particularly concerning, attributed to the continued efforts to secure control over the Military Operation Command Center (MOC - 15).

Amidst the fierce fighting and the imminent defeat of the terrorist fascist military council, they are resorting to inciting communal conflict among various communities in the Arakha region, exploiting differences in religion and nationality. Additionally, there is obvious manipulation by the terrorist fascist’s military council, evident in their deliberate training of Muslim extremists to stoke communal tensions and arming terrorist groups within the Muslim community, all aimed at furthering their agenda during the ongoing conflict.

Conversely, Muslim terrorist factions, whether acting independently or in collaboration with the military council, have initiated a series of attacks against the Arakha Army. Additionally, these groups have engaged in criminal activities such as theft and vandalism of non-Muslim public property, posing a grave threat to the lives and security of residents in the Arakha region. Incidents, including house burnings and direct threats to civilians, have become increasingly prevalent, particularly in the Buthidaung and Maungdaw areas. In response to these escalating threats, a curfew was imposed from 7:00 PM to 6:00 AM starting April 26, 2024.

Residents of the Buthidaung and Maungdaw areas are urged to strictly adhere to the curfew from its initiation until further notice. Non-compliance will result in appropriate disciplinary measures. Residents must notify the nearest ULA administrative authorities for necessary travel and secure permission.

United Leauge of Arakan


DISCLAIMER: The English version of this statement serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.
597👍237🥰27😁17💯17🍾8🤬6👏5❤‍🔥4🎉4🍌3
375👍40❤‍🔥13🍾6🙏5🥰4🍌2
ရက္ခိုင်ဒေသ အတွင်း တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မေလ (၄) ရက်

ရက္ခိုင်ဒေသအတွင်း၌ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ နှင့် အာရက္ခတပ်တော် ( Arakan Army) တို့သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလသည် ခြောက်လနီးပါးခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။ မိမိတို့အနေဖြင့်လည်း ထိုးစစ်အား တစ်ရက်မှ ရပ်တန့်ခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော တပ်ရင်း၊ တပ်မ၊ စကခဌာနချုပ်၊ နပခ ဌာနချုပ်များကို ယနေ့အချိန်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉) ကျောက်တော်နှင့် စကခ (၁၅) ဘူးသီးတောင်တို့သည် ရက္ခိုင်ဒေသအတွင်း၌ ရှိကြသည်။ အဆိုပါ စကခ သုံးခုထဲမှ တစ်ခုဖြစ်သော စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်းများ အားလုံးကို အာရက္ခ တပ်တော် မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၌ တစ်ခုမကျန် အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်သည်။

ထို့အတူ လက်ကျန် စကခ နှစ်ခုထဲမှတစ်ခုဖြစ်သော "စကခ (၁၅) ဘူးသီးတောင်"လက်အောက်ရှိ တပ်ရင်းများ ဖြစ်ကြသော ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅)၊ ခမရ (၅၅၁)၊ ခမရ (၅၅၂)၊ ခမရ (၅၆၄)၊ ခမရ (၅၆၅) တပ်ရင်းများနှင့် "ဘူးသီးတောင်ဗျူဟာ"လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နှင့် အမတ (၃၇၈) တို့ကို အာရက္ခတပ်တော် မှ တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး လက်ရှိအချိန်တွင် ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ(၅၆၅)၊ ခမရ (၅၅၁) နှင့် စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ် စခန်းတို့အား မိမိတို့မှ အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်သည်။ ထို့အတူ မိမိတို့သိမ်းပိုက်ရယူရန်ကျန်ရှိနေသေးသော လက်ကျန်စခန်းများကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ် ဆင်တိုက်ခိုက်လျက်ရှိသည်။

(၁) ခမရ (၅၅၂) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင်လည်းကောင်း၊
(၂) ခမရ (၅၆၄) တပ်ရင်းအား ဧပြီလ (၅) ရက်နေ့တွင်လည်းကောင်း၊
(၃) ခမရ (၅၆၅) တပ်ရင်းအား ဧပြီလ (၂၄) ရက်နေ့တွင်လည်းကောင်း၊
(၄) စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင်လည်းကောင်း၊
(၅) ခမရ (၅၅၁) တပ်ရင်းအား မေလ (၃) ရက်နေ့တွင်လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိထားပြီး ဖြစ်သည်။

ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ နှင့် လက်နက်ချ အညံ့ခံသော သုံ့ပန်းများ ကို ဖမ်းဆီး ရမိထားသည်။ စကခ (၁၅) တပ်မဌာနချုပ် အား အာရက္ခတပ်တော်မှ ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်မှ ထိုးစစ်အားအရှိန်မြှင့်ခဲ့ကာ (၁၂) ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ခမရ (၅၅၁) နှင့် စကခ (၁၅) တပ်မဌာနချုပ်မှ ထွက်ပြေးနေသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။ ထို့အတူ စခန်းစွန့်ခွာ ထွက်ပြေးလွတ်မြောက်နေသော ရန်သူများသည် ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းမှ ခုခံကာကွယ်မှုများရှိခဲ့သော်လည်း မိမိတို့မှ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့၍ ရန်သူ့ဖက်မှ ထိခိုက်၊ သေဆုံးမှုများ များပြားခဲ့သည်။

ဤထိုးစစ်များနှင့် စခန်းသိမ်းတိုက်ပွဲများအတွင်း အသက်၊ ကိုယ်လက်အင်္ဂါများကို ပေးဆပ်စွန့်လွှတ် ခဲ့ရသော အာရက္ခ စစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ရှိသည့်အပြင် ထိုးစစ်တိုက်ပွဲများ အတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ ကြီးကြပ်ကွပ်ကဲ နိုင်ကြသော အဆင့်ဆင့်သော အာရက္ခစစ်သည်တော်များကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ထို့အတူ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များ၌လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။

ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက် ရန်သူ့စခန်းများဖြစ်ကြသော တာဝါတိုင် စခန်းကုန်း၊
(၆) မိုင်စခန်းကုန်း တို့အပြင် နခခ-၁ (ကျီးကန်းပြင်)
နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။

အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာ အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
1.14K👍315❤‍🔥54🥰23👏18🙏17🔥14🤣13🍾13👎9🍌3
Media is too big
VIEW IN TELEGRAM
အာရက္ခတပ်တော်မှ ကာလအတန်ကြာဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့သော ဘူးသီးတောင် စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ တပ်မိသားစုဝင်များအား ၂၀၂၄ ခုနှစ်၊ မေလ (၄) ရက်နေ့၌ တွေ့ရသော ရုပ်သံမှတ်တမ်း

The video record of the deputy commander of MOC 15, the SAC soldiers and their families after a certain period of siege on MOC 15 by Arakan Army and its final assault in which SAC soldiers faced total defeat and surrendered

驻扎在布迪当市的恐怖主义军管委萨嘎卡(15)师总部 长期被阿拉卡军(若开军)围困切断并进攻后彻底战败,在根本无法逃脱的情况下于2024年5月4日投降获生的布迪当萨嘎卡(15)师总部包括副师长在内的军管委成员和其家属的视频记录
1.16K👍397🥰42🍾31👏18😁16🙏12❤‍🔥11🔥11🤬6🤔3
၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းအကြမ်းဖက် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အများပိုင်ဈီးတိ ပျက်စီးမှုများ

#AAInfoDesk
May 13, 2024
😢583👍140🤬7445🤣10👎7😁6🙏4🥰2🌚2😈1
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဝက်မကျ (မူဆလင်) ရွာ၌ စစ်ဘေးရှောင် မူဆလင်များအား အာရက္ခတပ်တော်မှ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနေသည့် ရုပ်သံမှတ်တမ်း

#AAInfoDesk
May 15, 2024
679👍178🥰28🙏17😁8🕊8🥴8💯8👎6🍾6❤‍🔥5
😢270🤬52👍23😁86❤‍🔥3😈1