AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
ရက္ခိုင်ပြည်တိုက်ပွဲသတင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက်

ရက္ခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထိုအထဲမှ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့သည်။ ဤ စခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်သည်။

ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်။

ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို့ မိမိတို့မှ ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်။

မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁) စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ (၅) နာရီခန့်မှစတင်ပြီး (၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုဆိုးဝါးလာခြင်းနှင့်အတူ ပိုမိုအတင့်ရဲစွာ ကျူးလွန်လျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

(ဓာတ်ပုံ - စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့)

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
685👍254🍾21🙏16❤‍🔥15🔥8🥰8🏆8😍5😁4🥴3
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆/၁၇) ရက်နေ့များတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ “မအီတံတား” နှင့် မအီ-ကျောက်ဖြူ ကားလမ်းမထက်၌ရှိသော “ကျောက်ကြီးပေါက်တံတား”တို့အား ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ မအီမြို့ တပ်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော ခလရ (၃၆) မှ ကိုယ်ပိုင်အမှတ် - ၇၇၃၆၃၈ အရာခံဗိုလ် မျိုးခန့်၏ ပြောကြားချက်

#AAInfoDesk
March 13, 2024
350👍272🤬75🔥9🍾7😁6🤣4❤‍🔥3🥰3🤯2🙏2
Media is too big
VIEW IN TELEGRAM
မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) မှ ထွက်ပြေးသွားကြသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံနေရချိန် ရက္ခိုင့်တပ်တော်မှ ကယ်တင်၍ အသက်ရှင်လွတ်မြောက်လာခဲ့သော မင်းပြားမြို့နယ်၊ စပါးထားကျေးရွာမှ ဦးမောင်ခင်ရွှေ၏ အတွေ့အကြုံများအား ပြောပြချက်

#AAInfoDesk
March 14, 2024
😢265165👍77🙏16❤‍🔥12🤬9🥰3🤣1🍾1
Media is too big
VIEW IN TELEGRAM
မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) မှ ထွက်ပြေးသွားကြသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံနေရချိန် ရက္ခိုင့်တပ်တော်မှ ကယ်တင်၍ အသက်ရှင်လွတ်မြောက်လာခဲ့သော မင်းပြားမြို့နယ်၊ စပါးထားကျေးရွာမှ ဦးမောင်သန်းမြင့်၏ အတွေ့အကြုံများအား ပြောပြချက်

#AAInfoDesk
March 14, 2024
😢375👍22153🙏18🤬11🔥6😁4👎1🤣1🍾1
Media is too big
VIEW IN TELEGRAM
မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) မှ ထွက်ပြေးသွားကြသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံနေရချိန် ရက္ခိုင့်တပ်တော်မှ ကယ်တင်၍ အသက်ရှင်လွတ်မြောက်လာခဲ့သော မင်းပြားမြို့နယ်၊ မင်းကုလားအုပ်စု၊ တောင်ပေါက်ကျေးရွာ က ဦးမောင်လှဝင်း၏ အတွေ့အကြုံများအား ပြောပြချက်

#AAInfoDesk
March 15, 2024
225😢95👍92❤‍🔥6😁3🍾2🤣1
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်

ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲပင်ဖြစ်သည်။

ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို ရန်သူ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၅) ရက်၊ နေ့တွင်လည်း အဆိုပါစခန်းများကို ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

မောင်တောမြို့နယ်အတွင်း၌လည်း လက်ကျန်နယ်ခြားစောင့်စခန်းအချို့အား သိမ်းပိုက်ရယူရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့်နည်းတူ စခန်းစွန့်ထွက်ပြေးနေကြသည့် ရန်သူ့တပ်ဖွဲ့အချို့ အား လိုက်လံဖမ်းဆီးလျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍672327❤‍🔥27🥰23🔥16🙏15🍾10😁9💯9🥴6💋2
ရက္ခိုင့်ပြည် တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၁၇) ရက်

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တပ်ရင်း (၃) ခုစလုံးအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၇) ရက်၊ ညနေ (၄) နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရန်သူ၏ ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း (၃) ခုစလုံးကို နှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို့ သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဤစခန်းများအတွင်းမှ ရန်သူအင်အား နှစ်ရာခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအားခုတုံးလုပ်ပြီး စစ်ကောင်စီမှ လောလောလတ်လတ် စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ ရန်သူစစ်ကောင်စီ၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ရက္ခိုင်ဒေသ၌ စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိသည်။ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို့၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
961👍316❤‍🔥68🏆33🍾28🙏17🥰15🕊13🎉12😁9🔥6
မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း သေဆုံးသူ (၂၂) ဦး နှင့် ထိခိုက်ဒဏ်ရာရသူ (၂၉) ဦးအထိရှိ

၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်

၂၀၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့၊ နံနက် (၁) နာရီ (၃၂) မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ (၂၁) ဦး မှာ ဗုံးထိမှန်၍ ၎င်းနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး (၃၀) ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသော အပြစ်မဲ့ပြည်သူ (၃၀) ဦးအား ULA/AA ဆေးတပ်ဖွဲ့ဝင်များမှ ဆေးကုသပေးလျက်ရှိရာ ၎င်းဒဏ်ရာရရှိသူများထဲမှ တစ်ဦးမှာ ၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ထပ်မံသေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးဆံကြောင့် သေဆုံးသွားသူများမှာ သာဒါ (မူဆလင်) ရွာမှ (၁၀) ဦးဖြစ်ပြီး အခြားသောသူများမှာ သာဒါရွာသို့ စစ်ဘေးလာရှောင်နေကြသော ဆင်ကြီးပြင် (မူဆလင်) ရွာမှ (၁၂) ဦးတို့ ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သာဒါရွာမှ ပြည်သူတို့၏ နေအိမ် (၆) လုံး ပျက်စီးသွားခဲ့သည်။ နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင်ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာ အရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် မြို့ရွာများရှိ အပြစ်မဲ့ပြည်သူလူထု၏ နေအိမ်များ၊ စစ်ဘေးရှောင်နေရာများ အပြင် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်များ၊ သာသနိကအဆောက်အအုံများ၊ မြို့ရွာများရှိ ဈေးများ နှင့် လမ်းတံတားများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၎င်းတို့၏ တပ်စခန်းများ၊ လက်နက်ကြီးစခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို တစ်ရက်ထက်တစ်ရက် မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ လူမျိုးရေးအမုန်းတရားများကို အခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် နေ့စဉ်တိုက်ခိုက် သတ်ဖြတ်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်သည်။ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက်နေသောလုပ်ရပ်များ နှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ကာ လွန်စွာမှ သိက္ခာမဲ့သောလုပ်ရပ်များပင်ဖြစ်သည်။

ဓါတ်ပုံ - ၂၀၂၄ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့၊ နံနက် (၁) နာရီ (၃၂) မိနစ်အချိန်တွင် မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ကျေးရွာအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးမှုနှင့် အိုးအိမ်များပျက်စီးသွားမှုမြင်ကွင်းများ

#AAInfoDesk
March 19, 2024
😢269👍78🤬404🥰2❤‍🔥1🤣1
😢275🤬30👍21🍾21
😢313🤬40👍246👎2🤣2