AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
ရက္ခိုင်ဒေသတိုက်ပွဲကာလများအတွင်း ရက္ခိုင့်တပ်တော်မှဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ တပ်မိသားစုဝင်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် နှင့် အာရက္ခပြည်သူလူထုများမှ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပစ်ခတ်တိုက်မှု နှင့် အခက်အခဲအမျိုးမျိုးကြားထဲမှ မိမိတို့တွင်ရှိသော ဆေးဝါးများ၊ ရိက္ခာများနှင့် အကောင်းဆုံး ကျွေးမွေးစောင့်ရှောက်ထားရှိပါသည်။

ဖော်ပြပါပုံများတွင်ပါရှိသောသူများမှာ ဇက်သင်္ဘောများပေါ်မှ ရေနစ်စဉ် မိမိတို့ကယ်တင်ခဲ့သောသူများ၊ လက်နက်ချအညံ့သောသူများ၊ တိုက်ပွဲများအတွင်း လက်ရဖမ်းဆီးမိသောစစ်သုံ့ပန်းများ၊ တပ်မိသားစုဝင်များ ပါဝင်သည်။

#AAInfoDesk
March 4, 2024
👍631313🥰45🙏32❤‍🔥16💋6👏5😁3🌚3🔥2😈1
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်

ရက္ခိုင့်တပ်တော်အနေဖြင့် အကြိမ်ကြိမ်ထုတ်ပြန်ပြီးသားဖြစ်သည့်အတိုင်း ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခစစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့ အား လက်လွှတ်လိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ညနေ (၄) နာရီ (၅၇) မိနစ်မှ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့သည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
779👍293🍾22🙏20🥰15🔥13❤‍🔥8🎉8👌5🤣5🌚2
🥰251189👍76❤‍🔥9😍8🍾8👏7🙏6🔥4
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၅) ရက်

ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်စခန်းများထဲမှ တစ်ခုဖြစ်သော ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ခမရ (၅၅၀) တပ်ရင်းအား ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကတည်းကပင် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။ ရန်သူသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေသည့်ကြားမှ ရက်ပေါင်း (၁၃) ရက်ကြာမြင့်သည်အထိ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ခမရ (၅၅၀) ကိုအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့သည်။

ဤထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့သည်။ ခမရ (၅၅၀) တပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ အခြားတစ်ဖက်တွင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို မိမိတို့မှ အသက် ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်၊ နံနက် (၈) နာရီခန့်တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀) သို့ စစ်ကူပေးရန်လာခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော (၂) စီးကိုလည်း ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှ ဟန့်တား တိုက်ခိုက် နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂) စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော (၁) စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။

အဆိုပါဇက်သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင်မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ဤသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် မိမိတို့အား အပြင်းအထန် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့သည်။

စစ်ကောင်စီသည် မင်းပြားမြို့အတွင်းနှင့် မင်းပြားမြို့ပတ်ဝန်းကျင်များသို့ ၂၀၂၄ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ စတင်ပြီး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့တိုင်းပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် (၈) ရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။

ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၀၀) နာရီ (၃၀) မိနစ်အတွင်လည်း ကျောက်တော်မြို့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လေကြောင်းမှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါ လျှပ်စစ်ဓာတ် အားပေးစက်ရုံမှာ ပျက်စီးခဲ့ရပြီး ၎င်းအနီးပတ်ဝန်းကျင်၌ရှိသော အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျောက်ဖြူမြို့ပတ်ဝန်းကျင်တွင် အရပ်သားပြည်သူများသွားလာရာ လူသွားလမ်း၊ ဆည်၊ တာတမံများနှင့် ရွာနီးစပ်ဝန်းကျင်ရှိ တောတောင်များပေါ်တွင် စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းများကို ယုတ်မာကောက်ကျစ်စွာ ခပ်စိပ်စိပ် ထောင်လာသည်ကို တွေ့ရှိနေရသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ ညနေ (၄) နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ င/လပွေ့ ရပ်ကွက်၊ အောင်စေတီကျေးရွာအနီးရှိ ကာရီဘောင်ပေါ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းသည့် ဖြစ်စဉ်ရှိခဲ့ပြီး ဒေသခံအမျိုးသား (၁) ဦးမှာ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။ အဆိုပါ မိုင်းထောင်သည့် လုပ်ရပ်များကို စစ်ကောင်စီ၏ ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄) တပ်ရင်း၊ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းများမှ အဓိက လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့မှာ ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီကင်းစင်သည့် နောက်ထပ်တစ်မြို့ဖြစ်လာခဲ့ပြီဖြစ်သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးအတွက် အခြားသော ကျန်ရှိနေသေးသည့် မြို့များကို တစ်ခုပြီး တစ်ခု မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။

ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံးအနေဖြင့် လက်နက်ချအညံ့ခံရန် စေတနာဖြင့် ထပ်မံ၍ အသိပေးလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
836👍315🏆31👏17🥰13🙏13❤‍🔥10🕊10🍾10🔥9👎5
281👍60🥰18❤‍🔥4🙏4👏3😍3🤣2
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၆/၇) ရက်

ရက္ခိုင့်တပ်တော်အနေဖြင့် အပြီးသတ်သိမ်းပိုက်ရယူရန်သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ မိမိတို့ထိုးစစ်များအတွင်း လက်နက်ချအညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်လျက်ရှိနေ သည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးလျက်ရှိသည်။

ရက္ခိုင်ပြည်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။ ရသေ့တောင်မြို့အခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)” တို့ကို ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

ရမ်းဗြဲမြို့ တိုက်ပွဲများအတွင်း ရန်သူ၏ မြို့တွင်းလက်ကျန်အင်အာ;နှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိသည်။ ထို့အတူ ကစဉ့်ကလျား ထွက်ပြေးနေကြသည့်ရန်သူများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၇) ရက်နေ့၊ နံနက် (၆) နာရီဝန်းကျင်မှစ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ၎င်း၏ ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်အနေဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် (KIA) နှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိသည်။

တစ်ချိန်တည်း၌ပင် ကချင်ပြည်နယ်၊ ဗန်း‌မော်ခရိုင်၊ မိုးမောက်မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ရန်သူ့တပ်ရင်း များမှ လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ် နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့သည်။

ရက္ခိုင်ဒေသစစ်ဆင်ရေး (၁၁၆) ရက်အတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ရယူထားပြီးဖြစ်သကဲ့သို့ နောက်ထပ်ကျန်ရှိနေသေးသောရန်သူ့စခန်းများကို ထပ်မံသိမ်းပိုက်ရယူနိုင်ရန် အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
712👍265🥰20❤‍🔥16😍15🍾8🔥5💯5🙏4🍌1
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၅၀) အပါအဝင် တပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ

#AAInfoDesk
March 8, 2024

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
964👍209🥰50🍾25👏18🎉18🙏18❤‍🔥14🔥11👌7😁4
283👍67🥰16👏14🍾6🔥2👎1🤣1
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၈/၉) ရက်

ရက္ခိုင့်တပ်တော်သည် မိမိတို့သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်ကြီးများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေဆဲဖြစ်သည်။ တစ်ပြိုင်နက်တည်းတွင် ယခုရက်သတ္တပတ်အတွင်း စခန်းအချို့ဆုံးရှုံး လက်လွှတ်ခဲ့ရသော နေရာများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကစဉ့်ကလျားဖြင့် ခြေဦးတည့်ရာဆီသို့ လွတ်မြောက်ရန်ကြိုးစားနေကြသောကြောင့် အဆိုပါပြန့်ကြဲ ထွက်ပြေးနေကြသော ရန်သူများကို မိမိတို့ မှ တစ်ယောက်မကျန် ဖမ်းဆီးရမိစေရန် လိုက်လံကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ထွက်ပြေးနေကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောတောင်များထဲတွင် အုပ်စုငယ်များ အနေနှင့်သော်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း ရှိနေနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် နေ့၊ ည သွားလာသောအချိန်များတွင် သတိထားသွားလာကြရန်၊ လုံခြုံရေးသတိ ထားကြရန် အသိပေးလိုက်ပါသည်။

ကျောက်တော်၊ တပ်မဌာနချုပ် နှင့် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ အမှတ် (၉) တိုင်းဗဟို လေ့ကျင့်ရေးသင်တန်းကျောင်း (အမှတ် (၉) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း) အပါအဝင် အခြားသောနေရာများမှ ထွက်ပြေးကာ လွတ်မြောက်ရန်ကြိုးစားနေကြသောသူများထဲမှ အချို့ကို နေ့စဉ်နှင့်အမျှ မိမိတို့မှ ဖမ်းဆီးရမိလျက်ရှိသည်။ တိုင်းဗဟို (၉) မှ ထွက်ပြေးနေကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ အပြစ်မဲ့ပြည်သူ (၂၀) ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရပြီး အဆိုပါဓားစာခံများကို မိမိတို့ ရက္ခိုင့်တပ်တော်မှ ကယ်တင်နိုင်ခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရပါက သီးသန့်သတင်းအဖြစ် တင်ဆက်ပေးသွားပါမည်။ ဓားစာခံများကို ဦးဆောင်ခေါ်ယူသွားသော တိုင်းဗဟို (၉) အုပ်ချုပ်ရေးဌာနမှူးဖြစ်သော ကြည်း/၃၁၀၄၆ ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း နှင့် အခြားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာတို့ကို မတ်လ (၈) ရက်၊ နံနက် (၆) နာရီ (၃၀) မိနစ်ခန့်တွင် အသေဖမ်းဆီးရမိခဲ့သည်။

မတ်လ (၉) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ သည် စစ်တွေမြို့မှ ရသေ့တောင်မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်တစ်ဆယ်ကျော် မီးလောင်ပျက်စီးခဲ့ရသည်။ ထို့အပြင် ရမ်းဗြဲမြို့အားလည်း အကြမ်းဖက်စစ်ကောင်စီသည် နေဗီပေါ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းတို့အပြင် ဂျက်တိုက်လေယာဉ်၊ Y-12 ၊ ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့်ပစ်ခတ်ခြင်းတို့ကို တစ်နေကုန်ပြုလုပ်နေခဲ့သည်။

ရက္ခိုင်ဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မနှောင်းခင် လက်နက် ချရန်၊ အလံဖြူထောင်ရန် ထပ်မံသတိပေးလိုက်သည်။ စောစီးစွာ လက်နက်ချပါက စောစီးစွာ အသက်ရှင်ခွင့် ရမည်ဖြစ်သည်။ လက်နက်ချအညံ့ခံရန်ပြောသော်လည်း အညံ့မခံသော စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
776👍284❤‍🔥22🍾14🥰13👏13🎉11🙏11😁10🔥6🤣6
297👍39🥰20🙏10❤‍🔥4🔥2🍾2🤣1
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၁၀/၁၁) ရက်

၂၀၂၄ ခုနှစ်၊ မတ်လ (၁၀) ရက်၊ ညနေ (၇) နာရီခန့်မှစပြီး စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ တစ်ဆင့်မြှင့်ထိုးစစ်ကိုတိုးပြီး ဆက်လက်ဆင်နွှဲလျက်ရှိသကဲ့သို့ ယခင်ရက်များက ထိုးစစ်ပြုလုပ်နေသော နေရာအချို့၌လည်း ပုံမှန်ထိုးစစ်များအား ဆက်လက်ပြုလုပ်နေ ခဲ့သည်။

မောင်တောမြို့မြောက်ဘက်ရှိ အောင်သပြေ၊ နယ်ခြားစောင့်တပ်စခန်းမှ စခန်းစွန့်လာကြသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့သည် မတ်လ (၁၀) ရက်၊ ညနေ (၄) နာရီကတည်းကပင် တိုက်ပွဲများ ဖြစ်ပွား နေခဲ့ပြီး ယနေ့တွင်လည်း မိမိတို့၏ ဖြတ်တောက်ဝိုင်းရံပိတ်ဆို့ထားမှုများကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည်။

ရက္ခိုင့်တပ်တော်မှလည်း အဆိုပါစစ်ကြောင်းများကို လိုက်လံချေမှုန်းတိုက်ခိုက်သောကြောင့် စခန်းစွန့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်ဖြတ်ကျော် ထွက်ပြေးသွားခဲ့ကြသည်။ ယခုအချိန်အထိ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးလွတ်မြောက်နေသူ နယ်ခြားစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာကျော်အထိ ရှိနိုင်ပြီး အသေးစိတ်သိရှိရပါက ထပ်မံတင်ပေးသွားပါမည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်၊ နေ့လယ် (၁) နာရီ (၁၅) မိနစ်အချိန်တွင် ရမ်းဗြဲမြို့အတွင်း နောက်ဆုံးကျန်ရှိ နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို တစ်ယောက်မကျန်ရှင်းလင်းနိုင်ခဲ့သောကြောင့် "ရမ်းဗြဲမြို့" သည် ရက္ခိုင့်တပ်တော်မှ လုံးဝအပြီးသတ်သိမ်းယူလိုက်သည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်။

ရမ်းဗြဲမြို့သည် ရမ်းဗြဲကျွန် ပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ပလက်ဝ၊ ရက္ခိုင်စစ်ဆင်ရေး စတင်ပြီးနောက် တစ်လကျော်အကြာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်၊ နံနက် (၈) နာရီ (၁၃) မိနစ်အချိန်တွင် ရမ်းဗြဲမြို့၊ အောင်ချမ်းသာစေတီ တိုက်ပွဲမှ စတင်ခဲ့ပြီး သုံးလတာနီးပါး (၈၅) ရက်ကြာ ရှည်လျားခဲ့သော မြို့တွင်းတိုက်ပွဲများလည်းဖြစ်ခဲ့သည်။ ရန်သူသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတို့ကို နေ့တိုင်းနီးပါးပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်အောက်တွင် လက်မြှောက်အရှုံးပေးခဲ့ရသည်။

ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံဖမ်းဆီးလျက်ရှိသည်။ စစ်ကောင်စီ သည် ကြည်း၊ ရေ၊ လေ ခုခံစစ်၊ ထိုးစစ်များကို ရမ်းဗြဲမြို့အတွင်းတွင် ဆင်နွှဲခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်မှု၊ အတက်၊ အဆုတ် မှန်ကန်မှု၊ ရရှိသမျှအခွင့်အရေးကို အမိအရအသုံးချနိုင်မှုတို့ကြောင့် စစ်ကောင်စီ၏ ထိုးစစ်ကျိုးပေါက်ခဲ့ပြီး နောက်ဆုံးတွင် ရက္ခိုင့်တပ်တော်မှ အပြတ်အသတ်ချေမှုန်းသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤရမ်းဗြဲကျွန်း တိုက်ပွဲကာလအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များကို လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

တစ်ဆက်တည်းတွင် ရမ်းဗြဲမြို့ဒေသခံတို့ကို ပန်ကြားလိုသည်မှာ မိမိအိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါသည်။ သုံးလနီးပါးတိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ မေတ္တာရပ်ခံပန်ကြားရခြင်းဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
986👍304🍾28🥰20👏16❤‍🔥15🎉12🤣7💯6🌚4🔥3
ရက္ခိုင်ပြည်တိုက်ပွဲသတင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၁၂) ရက်

ရက္ခိုင်ပြည်၊ မောင်တောမြို့မြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ထိုအထဲမှ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့သည်။ ဤ စခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်သည်။

ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်။

ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို့ မိမိတို့မှ ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်။

မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁) စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ (၅) နာရီခန့်မှစတင်ပြီး (၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုဆိုးဝါးလာခြင်းနှင့်အတူ ပိုမိုအတင့်ရဲစွာ ကျူးလွန်လျက်ရှိသည်။

တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

(ဓာတ်ပုံ - စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့)

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
685👍254🍾21🙏16❤‍🔥15🔥8🥰8🏆8😍5😁4🥴3