AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
❤341👍105🙏31🥰22❤‍🔥5👏5
ရက္ခိုင်ဒေသတိုက်ပွဲကာလများအတွင်း ရက္ခိုင့်တပ်တော်မှဖမ်းဆီးရမိသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ၎င်းတို့၏ တပ်မိသားစုဝင်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် နှင့် အာရက္ခပြည်သူလူထုများမှ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပစ်ခတ်တိုက်မှု နှင့် အခက်အခဲအမျိုးမျိုးကြားထဲမှ မိမိတို့တွင်ရှိသော ဆေးဝါးများ၊ ရိက္ခာများနှင့် အကောင်းဆုံး ကျွေးမွေးစောင့်ရှောက်ထားရှိပါသည်။

ဖော်ပြပါပုံများတွင်ပါရှိသောသူများမှာ ဇက်သင်္ဘောများပေါ်မှ ရေနစ်စဉ် မိမိတို့ကယ်တင်ခဲ့သောသူများ၊ လက်နက်ချအညံ့သောသူများ၊ တိုက်ပွဲများအတွင်း လက်ရဖမ်းဆီးမိသောစစ်သုံ့ပန်းများ၊ တပ်မိသားစုဝင်များ ပါဝင်သည်။

#AAInfoDesk
March 4, 2024
👍631❤313🥰45🙏32❤‍🔥16💋6👏5😁3🌚3🔥2😈1
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်

ရက္ခိုင့်တပ်တော်အနေဖြင့် အကြိမ်ကြိမ်ထုတ်ပြန်ပြီးသားဖြစ်သည့်အတိုင်း ရက္ခိုင်ဒေသ၌ လက်နက်ချအညံ့မခံသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းများကို သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ ယနေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်များပေါင်းပြီး အပြင်းအထန်ခုခံနေသည့်ကြားက အာရက္ခစစ်သည်တော်တို့မှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ပုဏ္ဏားကျွန်းမြို့အားလည်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့ အား လက်လွှတ်လိုက်ရသည့် အကြမ်းဖက်စစ်ကောင်စီသည် ရသေ့တောင်-ပုဏ္ဏာကျွန်းကားလမ်းမရှိ စေတီပြင်တံတားအား ညနေ (၄) နာရီ (၅၇) မိနစ်မှ (၅) နာရီ (၁၇) မိနစ်အချိန်အထိ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် (၁၂) ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ဖျက်စီးခဲ့သည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤779👍293🍾22🙏20🥰15🔥13❤‍🔥8🎉8👌5🤣5🌚2
🥰251❤189👍76❤‍🔥9😍8🍾8👏7🙏6🔥4
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၅) ရက်

ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်စခန်းများထဲမှ တစ်ခုဖြစ်သော ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းအား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ခမရ (၅၅၀) တပ်ရင်းအား ဖေဖော်ဝါရီလ (၂၁) ရက်နေ့ကတည်းကပင် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။ ရန်သူသည် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံကာကွယ်နေသည့်ကြားမှ ရက်ပေါင်း (၁၃) ရက်ကြာမြင့်သည်အထိ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးမှ ခမရ (၅၅၀) ကိုအပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ကတည်းကပင် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ထားပြီးဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း (၅၅၀) တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် (၄၂) ၊ ခလရ (၂၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ (၅၅၀) မှ ဗိုလ်မှူးစောထွေးတို့နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် မြောက်မြားစွာကို အသေဖမ်းရမိခဲ့သည်။

ဤထိုးစစ်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်မှ လက်ရဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့လည်းရှိခဲ့သည်။ ခမရ (၅၅၀) တပ်ရင်းမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။ အခြားတစ်ဖက်တွင် လက်နက်ချအညံ့ခံသောသူများ၊ စောစီးစွာ အလံဖြူထောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်တိုင်းကို မိမိတို့မှ အသက် ချမ်းသာပေးပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်၊ နံနက် (၈) နာရီခန့်တွင် ပုဏ္ဏားကျွန်း ခမရ (၅၅၀) သို့ စစ်ကူပေးရန်လာခဲ့သော စစ်ကောင်စီ၏ ဇက်သင်္ဘော (၂) စီးကိုလည်း ရက္ခိုင့်တပ်တော်၊ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များမှ ဟန့်တား တိုက်ခိုက် နိုင်ခဲ့သည့်အပြင် ၎င်းဇက်သင်္ဘော (၂) စီးကို ကယ်တင်ရန်လာခဲ့သော နောက်ထပ်ဇက်သင်္ဘော (၁) စီးကိုလည်း ရှေ့ဆက်မတိုးနိုင်အောင် အကောင်းဆုံးဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။

အဆိုပါဇက်သင်္ဘော (၃) စီးစလုံးအား ရေထဲနစ်မြုပ်အောင်မတိုက်ခိုက်နိုင်သော်လည်း ဇက်သင်္ဘောပေါ်တွင် ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။ ဤသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းနှင့် စစ်တွေမြို့၊ ဘူးသီးတောင်မြို့ရှိ ၎င်းတို့၏ စခန်းများမှ လက်နက်ကြီးများဖြင့် မိမိတို့အား အပြင်းအထန် တိုက်ခိုက်မှုပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ် ထပ်မံ မှတ်တမ်းတင်နိုင်ခဲ့သည်။

စစ်ကောင်စီသည် မင်းပြားမြို့အတွင်းနှင့် မင်းပြားမြို့ပတ်ဝန်းကျင်များသို့ ၂၀၂၄ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှ စတင်ပြီး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့တိုင်းပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် (၈) ရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများ ရှိခဲ့သည်။

ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၀၀) နာရီ (၃၀) မိနစ်အတွင်လည်း ကျောက်တော်မြို့၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လေကြောင်းမှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါ လျှပ်စစ်ဓာတ် အားပေးစက်ရုံမှာ ပျက်စီးခဲ့ရပြီး ၎င်းအနီးပတ်ဝန်းကျင်၌ရှိသော အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကျောက်ဖြူမြို့ပတ်ဝန်းကျင်တွင် အရပ်သားပြည်သူများသွားလာရာ လူသွားလမ်း၊ ဆည်၊ တာတမံများနှင့် ရွာနီးစပ်ဝန်းကျင်ရှိ တောတောင်များပေါ်တွင် စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းများကို ယုတ်မာကောက်ကျစ်စွာ ခပ်စိပ်စိပ် ထောင်လာသည်ကို တွေ့ရှိနေရသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ ညနေ (၄) နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့နယ်၊ င/လပွေ့ ရပ်ကွက်၊ အောင်စေတီကျေးရွာအနီးရှိ ကာရီဘောင်ပေါ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းသည့် ဖြစ်စဉ်ရှိခဲ့ပြီး ဒေသခံအမျိုးသား (၁) ဦးမှာ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့သည်။ အဆိုပါ မိုင်းထောင်သည့် လုပ်ရပ်များကို စစ်ကောင်စီ၏ ကျောက်ဖြူမြို့အခြေစိုက် ခလရ (၃၄) တပ်ရင်း၊ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်းများမှ အဓိက လုပ်ဆောင်လျက်ရှိသည်။

ထို့ကြောင့် ပုဏ္ဏားကျွန်းမြို့မှာ ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီကင်းစင်သည့် နောက်ထပ်တစ်မြို့ဖြစ်လာခဲ့ပြီဖြစ်သည်။ ရက္ခိုင့်တပ်တော်အနေဖြင့် ရက္ခိုင်ဒေသတစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးအတွက် အခြားသော ကျန်ရှိနေသေးသည့် မြို့များကို တစ်ခုပြီး တစ်ခု မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။

ရက္ခိုင်ဒေသအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံးအနေဖြင့် လက်နက်ချအညံ့ခံရန် စေတနာဖြင့် ထပ်မံ၍ အသိပေးလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤836👍315🏆31👏17🥰13🙏13❤‍🔥10🕊10🍾10🔥9👎5
❤281👍60🥰18❤‍🔥4🙏4👏3😍3🤣2