AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက် နေ့လယ် (၂) နာရီ (၂၈) မိနစ်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းအား အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်မှ ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား (၂) စီးကိုလည်း အဆိုပါ အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။

#AAInfoDesk
March 1, 2024
942👍276👏33🥰24😍21❤‍🔥18🎉14💯1110🔥10👌9
ထုတ်ပြန်ကြေညာချက်

အမှတ်၊ (၆/၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၇) ရက်
၂၀၂၄ ခုနှစ်၊ မတ်လ (၂) ရက်
🥰277241👍174🙏15❤‍🔥8🤣8
ရက္ခိုင့်တပ်တော်၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ မတ်လ (၁/၂) ရက်

ယခုအချိန်အထိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းစခန်းများ၊ နယ်ခြားစောင့် တပ်စခန်းများအပြင် လက်နက်ကြီးစခန်းများကိုပါ ရက္ခိုင့်တပ်တော်မှ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စခန်းများအား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့တွင်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြုလုပ်လျက်ရှိသည်။

ထို့ကြောင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီ၏တစ်ခုတည်းသော လက်ကျန်တပ်ရင်းဖြစ်သည့် "ခမရ (၅၅၀)” အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အား အရှိန်မြှင့်လျက်ရှိသည်။ ရန်သူ့ဘက်မှလည်း ကြည်း၊ ရေ၊ လေ ခုခံစစ်ဖြင့် ၎င်းစခန်းမကျရှုံးစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်။

မောင်တောမြို့နယ်မြောက်ပိုင်းရှိ ရန်သူ၏ “ရန်အောင်ပြင်စခန်း” အား မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

နောက်ဆက်တွဲ တိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍597221🥰34👏23🙏20❤‍🔥16🌚6🤣4🏆4
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၅) တပ်ရင်းမှ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာသူ သားအမိနှစ်ယောက်အနက် သမီးဖြစ်သူအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြသည်။ ထို့နောက် အဆိုပါသားအမိနှစ်ယောက်စလုံးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု၌ ကိုယ်တိုင်ပါဝင်ခဲ့သူ ကိုယ်ပိုင်အမှတ် - တတ/၁၂၅၉၄၀ တပ်သား ကိုကိုအောင်၏ ဝန်ခံထွက်ဆိုချက် နှင့် ၎င်းဖြစ်စဉ်အား သရုပ်ပြသည့် ရုပ်သံမှတ်တမ်း

#AAInfoDesk
March 3, 2024
🤬878😢175👍110🔥30🤣20😈1615💔6🤯2🥰1🤨1
374👍115🙏45🥰42❤‍🔥4👏4🔥1🍾1
341👍105🙏31🥰22❤‍🔥5👏5