AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
ရှမ်းမြောက်ဒေသ၊ မူဆယ် (၁၀၅) မိုင်ပတ်ဝန်းကျင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူလူထုများအား ရက္ခိုင့်တပ်တော်၊ တပ်ဖွဲ့ဝင်များ (မီးနဂါးစစ်ဒေသ) မှ အိပ်စောင် (၁၀၀၀) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထောက်ပံ့ကူညီလှူဒါန်းခဲ့သည်။

#AAInfoDesk
February 26, 2024
549👍88🥰40❤‍🔥17🕊10🎉5🤣4👌1
🥰181131👍34❤‍🔥8🍾7😁5
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်

ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော နေရာများထဲမှ တစ်ခုဖြစ်သည့် မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထိုးစစ်ကိုးရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ ပြီဖြစ်သည့်အလျောက် မိမိတို့ ရက္ခိုင့်တပ်တော်မှလည်း အဆိုပါလေ့ကျင့်ရေးသင်တန်းကျောင်း၏ အစိတ်အပိုင်းများစွာကို သိမ်းပိုက်ရယူ ထားရှိပြီးဖြစ်သည်။

ရန်သူ့ဘက်မှလည်း လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများဖြင့် ကြိမ်ဖန်များစွာ မရပ်မနားခုခံ တိုက်ခိုက်နေသော်လည်း အဆိုပါရန်သူ၏ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုလုံးအား အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ရက္ခိုင့်တပ်တော်၊ အာရက္ခစစ်သည်တော်များမှ ရွပ်ရွပ်ချွံချွံ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။

ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် စစ်ကူအဖြစ်ပေးပို့ခဲ့သော စစ်ကောင်စီ၏ အနောက်တောင်တိုင်း စစ်ဌာန ချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကူစစ်ကြောင်းအား ယနေ့တွင်လည်း မိမိတို့မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ ဖေဖော်ဝါရီ (၂၄/၂၅) နှစ်ရက်အတွင်း အဆိုပါစစ်ကူစစ်ကြောင်းမှ အင်အား (၆၀) ကျော်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် အင်အား (၂၀) ကျော်ကိုလည်းကောင်း မိမိတို့မှ ချေမှုန်းထားပြီးဖြစ်သည်။ ထို့ကြောင့် သုံးရက်အတွင်း အဆိုပါစစ်ကူ စစ်ကြောင်းမှ အင်အား (၈၀) ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်သည်။

ထို့အတူ ကစဉ့်ကလျားထွက်ပြေးလွတ်မြောက်နေသော အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လည်း ဆက်လက်ချေမှုန်းလျက်ရှိသည်။ ရန်သူသည် ဤစစ်ကူစစ်ကြောင်းအား ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ စစ်ကူချပေးနေစဉ်အတွင်း ဂျက်တိုက်လေယာဉ်များဖြင့် လမ်းကြောင်းရှင်း ကာကွယ်ပစ်ခတ် တိုက်ခိုက်ထားခဲ့သည်။

စစ်ကောင်စီသည် လေကြောင်း (Y-12) မှ တစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများ ကို မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်” ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ (ဒုတိယနေ့အဖြစ်) ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ သည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ခမရ ( ၅၅၂) တပ်ရင်း” ကိုလည်း ရက္ခိုင့်တပ်တော်မှ (တတိယနေ့အဖြစ်) ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍449274🥰38❤‍🔥8🙏6😁2👎1😱1🍌1
Media is too big
VIEW IN TELEGRAM
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းအား ရက္ခိုင့်တပ်တော် သိမ်းပိုက်နေစဉ်ကာလအတွင်း (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်) မိမိတို့ထံသို့ အလင်းဝင်ရောက်လာသော ရဲတပ်ဖွဲ့များထဲမှ ကိုယ်ပိုင်အမှတ် လ/၂၁၉၉၇၁ ရဲအုပ် ကျော်စိုးအောင် ၏ အလင်းဝင်ရခြင်းနှင့်ပတ်သက်၍ ပြောကြားချက်

#AAInfoDesk
February 27, 2024
412👍187🥰33❤‍🔥12🙏10🤣5😁4👏2🍾1
မင်းပြားမြို့၊ မင်းဖူးအရပ်ဘက်ဆေးရုံ အား စစ်ရာဇဝတ်ကောင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ရှုံးမဲမဲကာ လူမျိုးရေးအမုန်းတရားများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများလည်းရှိခဲ့သည်။ ဤဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ခုလည်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်။

ဓာတ်ပုံ- ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မင်းဖူးဆေးရုံမြင်ကွင်း

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
😢406🤬122👍61😁1615💔13🥰4👏3🥱3🙏2🤣2
259👍70❤‍🔥9🙏7🍾4
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်

ရက္ခိုင်ပြည်၊ မင်းပြားမြို့၊ ကမ်းနီရွာ အနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” (သို့မဟုတ်) "တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း" အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်၊ ညနေ (၇) နာရီ အချိန်ခန့်တွင် သင်တန်းကျောင်းတစ်ခုလုံးအား အလုံးစုံသိမ်းပိုက်လိုက်ပြီးဖြစ်သည်။

တိုင်းဗဟို (၉) ဟုခေါ်သော အဆိုပါ ရန်သူ့သင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဆယ်ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်။ ရန်သူ၏ လေကြောင်းမှ မရပ်မနားခုခံတိုက်ခိုက်နေမှုနှင့် လက်နက်ကြီးပစ်ကူ အမြောက်အမြား ပစ်ခတ်တိုက်ခိုက်နေမှုများရှိခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ထိုးစစ်အောက်တွင် ဆယ်ရက်အတွင်း တိုင်းဗဟို (၉) အား ရန်သူ့ဘက်မှ လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

အဆိုပါ သင်တန်းကျောင်းအတွင်းမှ ရန်သူ့အလောင်း၊ စစ်လက်နက်ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့သည်။ ဤထိုးစစ်အောင်ပွဲအတွင်း သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသောသူများ၊ အသက်စွန့်လွှတ်ခဲ့ရသောသူများ အားလုံးကို ရက္ခိုင့်တပ်တော်မှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။

ယခင်ရက်များက မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ ရန်သူ့စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် အတွက် မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ဆေးရုံ၏ အဆောက်အအုံအများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ဆေးရုံဝန်ထမ်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီခွဲခန့် အချိန်တွင် မင်းပြားမြို့နယ်၊ သေကံကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ (၁၀) ကျော် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားပြည်သူလူထုများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ တိုက်တာအဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်လျက်ရှိသည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍517337🥰31❤‍🔥20🍾19🙏12😁3🥴1
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကိုအသုံးပြု၍ လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ခ.လ.ရ (၂၉၉)တပ်ရင်းမှ ကြည်း/၃၆၇၁၉ (ဒုဗိုလ်မှူးကြီး) နေလင်းထွန်း ပြောကြားချက်။
👍37443🥰11🤬9❤‍🔥6💔43😁3🔥2
Media is too big
VIEW IN TELEGRAM
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကိုအသုံးပြု၍လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းဆေးရုံတွင် ဆေးကုသမှုခံယူဖူးပြီး ယခုအချိန်တွင် ပြန်လည်ကျန်းမာလာသော ခ.လ.ရ (၂၉၉)တပ်ရင်းမှ ကြည်း/၄၁၃၅၆ (ဗိုလ်မှူး) ဇော်လင်းထွန်း ပြောကြားချက်။
👍39751🥰11🤬9❤‍🔥7🤣6💔5🕊2🔥1
Media is too big
VIEW IN TELEGRAM
ကိုဖိုးလပြည့် နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားစွပ်စွဲဖမ်းဆီးထားသော အပြစ်မဲ့ ရက္ခိုင်ပြည်သူ (၇) ဦးအား မြောက်ဦး၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်ခန်းထဲမှ ခေါ်ယူကာ စစ်ရာဇဝတ်မှုကျူးလွန် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းဖြစ်စဉ်ထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဗိုလ်ကြီး အာကာမြင့်၏ ဝန်ခံထွက်ဆိုချက်

Confession of Captain Arkar Myint from Myanmar Military who got involved in the execution of 7 Rakhine civilians including Phoe La Pyae (Rakhine Rap Singer/Social Influencer) and Phoe Thiha (Myanmar Journalist) on Jan 23, 2024. This war crime atrocity is committed at Light Infantry Battalion 378 in Mrauk U while the prisoners were detained at the detention center of central post there.

#AAInfoDesk
February 29, 2024
🤬272👍164😢8613😱12🔥11😁3😐3🤣2❤‍🔥1🎉1
Media is too big
VIEW IN TELEGRAM
ကိုဖိုးလပြည့် နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားစွပ်စွဲဖမ်းဆီးထားသော အပြစ်မဲ့ ရက္ခိုင်ပြည်သူ (၇) ဦးအား မြောက်ဦး၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်ခန်းထဲမှ ခေါ်ယူကာ စစ်ရာဇဝတ်မှုကျူးလွန် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းဖြစ်စဉ်ထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ဒုတိယရဲမှူးကြီး-ခင်မောင်စိုး ၏ ဝန်ခံထွက်ဆိုချက်

Confession of Deputy Police Chief who got involved in the execution of 7 Rakhine civilians including Phoe La Pyae (Rakhine Rap Singer/Social Influencer) and Phoe Thiha (Myanmar Journalist) on Jan 23, 2024. This war crime atrocity is committed at Light Infantry Battalion 378 in Mrauk U while the prisoners were detained at the detention center of central post there.

#AAInfoDesk
February 29, 2024
🤬236👍70😢38👎2😁2🔥1😱1
Media is too big
VIEW IN TELEGRAM
ကိုဖိုးလပြည့် နှင့် သတင်းသမား ကိုဖိုးသီဟ အပါအဝင် မတရားစွပ်စွဲဖမ်းဆီးထားသော အပြစ်မဲ့ ရက္ခိုင်ပြည်သူ (၇) ဦးအား မြောက်ဦး၊ ခမရ (၃၇၈) ဗဟိုကင်းအချုပ်ခန်းထဲမှ ခေါ်ယူကာ စစ်ရာဇဝတ်မှုကျူးလွန် သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းဖြစ်စဉ်အား တိုက်ရိုက်အမိန်းပေးခဲ့သူ ဗိုလ်မှူး သိန်းထိုက်စိုး ၏ ဝန်ခံထွက်ဆိုချက်

Confession of Major Thein Htike Soe who ordered the execution of 7 Rakhine civilians including Phoe La Pyae (Rakhine Rap Singer/Social Influencer) and Phoe Thiha (Myanmar Journalist) on Jan 23, 2024. This war crime atrocity is committed at Light Infantry Battalion 378 in Mrauk U while the prisoners were detained at the detention center of central post there.

#AAInfoDesk
February 29, 2024
🤬317👍85😢69💔86😁6🔥3👎1😐1