AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
❤239👍40🥰13👌5🍾5🔥2
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄/၂၅) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄/၂၅) ရက်နေ့တွင်လည်း ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ ရက္ခိုင်ဒေသ အတွင်း၌ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့ပြီး ပြင်းထန်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို နေ့တိုင်းပြုလုပ်လျက်ရှိသောကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများမှာ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်။ ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်သည်။ တစ်နည်း စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်သည်။

ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရမ်းဗြဲမြို့အား ယခုကဲ့သို့ လေကြောင်းမှ နေ့တိုင်းနီးပါးတိုက်ခိုက်ရင်း ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူများလာရောက်ပို့ဆောင်ခဲ့သည်။ အဆိုပါ စစ်ကူ စစ်ကြောင်းမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ဖြစ်ပြီး ၎င်းတပ်ရင်းနှစ်ရင်းမှ လက်ကျန်အင်အားများကို ပူးပေါင်းထားခြင်းဖြစ်သည်။

စုစုပေါင်းအင်အား (၁၂၀) ခန့်ပါရှိပြီး ရဟတ်ယာဉ် (၄) စီးဖြင့် (၇) ကြိမ်တိုင်တိုင် စစ်ကူချပေးခဲ့သော အဆိုပါ တပ်ရင်းနှစ်ရင်းပူးပေါင်းစစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ အဆိုပါ ရန်သူ့စစ်ကြောင်းမှ ရန်သူ (၆၀) ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိမိတို့မှဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်။

ရန်သူ့အလောင်းမြောက်မြားစွာနှင့်အတူ ရန်သူ့လက်နက်ခဲယမ်းပစ္စည်း အများအပြားကို မိမိတို့မှ သိမ်းဆည်းရမိခဲ့သည်။ ရန်သူ၏ တစ်နေ့လုံးနီးပါး တောက်လျှောက် မရပ်မနား လေကြောင်းမှ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်ကြားမှ အဆိုပါရန်သူ့စစ်ကြောင်းကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်အပြင် စစ်ရေးအရ မဖြစ်မနေ ချေမှုန်းရမည့် စခန်းများထဲမှ တစ်ခုဖြစ်သော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ ရှစ်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဤ လေ့ကျင့်ရေးသင်တန်းကျောင်းသည် မင်းပြားမြို့ရှိ မိမိတို့သိမ်းပိုက်ရန် နောက်ဆုံးကျန်ရှိနေသေးသော လေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်သည်။

ထို့အပြင် လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ယနေ့ ဖေဖော်ဝါရီလ (၂၅) ရက်၊ နံနက် (၇) နာရီ (၁၄) မိနစ်မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ( ၅၅၂) တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၄) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤404👍139🥰30❤‍🔥10🔥4😁4👏3🍾3🙏2😍2🌚1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရမ်းဗြဲမြို့သို့ စစ်ကူပို့လာသော အင်အား (၁၂၀) ခန့်ပါ ရန်သူ့ စစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းတိုက်ခိုက်စဉ်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ
❤701👍172🥰71🏆30❤‍🔥20🍾15👏11💯8🔥4👎3😁3
ရှမ်းမြောက်ဒေသ၊ မူဆယ် (၁၀၅) မိုင်ပတ်ဝန်းကျင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူလူထုများအား ရက္ခိုင့်တပ်တော်၊ တပ်ဖွဲ့ဝင်များ (မီးနဂါးစစ်ဒေသ) မှ အိပ်စောင် (၁၀၀၀) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ထောက်ပံ့ကူညီလှူဒါန်းခဲ့သည်။

#AAInfoDesk
February 26, 2024
❤549👍88🥰40❤‍🔥17🕊10🎉5🤣4👌1
🥰181❤131👍34❤‍🔥8🍾7😁5