AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
😢241🤬66👍24❤9🥰4🙏3👎2💔2👏1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ရမ်းဗြဲမြို့ မြို့မဆေးရုံ၊ မြို့မဈေး နှင့် လူနေအိမ်များပေါ်သို့ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့်မြင်ကွင်း

(သတင်းဓါတ်ပုံ)

#AAInfoDesk
February 21, 2024
😢461🤬107👍54❤14😁8🙏6💔2👏1
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်

၁။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၌ လေးရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရန်သူ့စခန်း၏ အစိတ်အပိုင်းတစ်ချို့ဖြစ်သော ကာကင်းစခန်း (၃) ခု နှင့် ရန်သူ့အတွက်အရေးပါသော နေရာတစ်ခုအား လောလောဆယ် မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ တိုင်းဗဟို (၉) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခစစ်သည်များမှ ရွပ်ရွပ်ချွံချွံ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်။

၂။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများ ကို ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်။

၃။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်။

၄။ စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယနေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်ခဲ့သည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤579👍212❤‍🔥13🥰12👏10🕊8😁6👎3🔥3💯3🌚1
🥰140❤85👍49😁2🤩2
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်နှင့် ပလက်ဝဒေသများအတွင်း စစ်ဆင်ရေးကို စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ ယနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တစ်ရက်မျှရပ်တန့်ခြင်းမရှိ ဆိုရ လောက်သည်အထိ ရန်သူအား မဟာဗျူဟာမြောက်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရန်သူ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်များကြားမှ ရန်သူ၏ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဗျူဟာ၊ စကခဌာနချုပ်၊ တပ်ရင်းစခန်း၊ တပ်မဌာနချုပ်၊ ရဲတပ်ရင်းပေါင်း မြောက်မြားစွာတို့ကို မိမိတို့ စစ်ဆင်ရေးကာလ သုံးလကျော်အတွင်း သိမ်းပိုက်ရယူထားပြီးဖြစ်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီး တစ်ခု ဆက်လက်ချေမှုန်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချ အညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

(၁) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

(၂) ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိသည်။

(၃) ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းအား ယနေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

(၄) စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်။

(၅) စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယနေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်ခဲ့သည်။ ရန်သူသည် ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်များ ကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် မိမိတို့သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရန်သူ၏ စစ်ရေးတုံ့ပြန်မှု နှင့် ခုခံစစ်အပေါ်မူတည်၍ မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်သည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤570👍216🥰36❤‍🔥10🤣8👎3😍2🍓2🌚1
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင်လည်း စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ ရက္ခိုင်ဒေသအတွင်း၌ ဆက်လက်ရှိနေခဲ့သည်။

(၁) ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ ထို့ကြောင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြို့များ၌ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

(၂) မင်းပြားမြို့မှ တစ်ခုတည်းသော ရန်သူ၏ လက်ကျန်စခန်းဖြစ်သည့် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ခြောက်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

(၃) ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) ကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

(၄) လက်နက်ချ အညံ့မခံသည့် စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်း အား ဖေဖော်ဝါရီလ (၂၃) ရက်၊ နံနက် (၇) နာရီ (၃၂) မိနစ်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၂) နာရီ (၁၅) မိနစ်တွင် ၎င်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၎င်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်သည်။

(၅) စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူ ဆက်လက်ပြုလုပ်နေခဲ့သည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
❤442👍189🥰20🏆10❤‍🔥7🍾5👎3🍓3
Forwarded from ULA/AA Press-Briefing Info
အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကြေညာချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်

ULA/AA ၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်၊ တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြုလုပ်သွားမည် ဖြစ်ပါသည်။ သတင်းစာ ရှင်းလင်းပွဲကို ယခင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ပြုလုပ်သွားမည်ဖြစ်ပါသည်။ သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက် ဖော်ပြပါ လင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9 ) မှတစ်ဆင့် ယခင် အကြိမ်များနည်းတူ စာရင်းသွင်းရန်လိုအပ်ပါသည်။ စာရင်းသွင်းထားသော သတင်းထောက်များကိုသာ တက်ရောက် သတင်းရယူခွင့်ပြုမည် ဖြစ်ပါသည်။ စာရင်းသွင်းထားသော သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ တက်ရောက်နိုင်ရန်အတွက် Email မှတစ်ဆင့် လိုအပ်သည့်အချက်အလက်များကို ပေးပို့သွားမည် ဖြစ်ပါသည်။

သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို ဖေဖော်ဝါရီလ (၂၈) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၉:၀၀) နာရီအချိန် နောက်ဆုံးထား၍ ဖော်ပြပါ အီးမေးလ်လိပ်စာ press.ula.aa@protonmail.com မှတစ်ဆင့် ပေးပို့ကာ မေးမြန်ထားနိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပြီးမှ ပေးပို့လာသော မေးခွန်းများကို ယခုသတင်းစာရှင်းလင်းပွဲတွင် လက်ခံဖြေကြားပေးမည်မဟုတ်သည့်အတွက် မေးခွန်းများကို ကြိုတင်ပြီး ပေးပို့ထားကြရန် လိုအပ်ပါသည်။ သတင်းထောက်တစ်ဦးကို မေးခွန်း (၂) ခုခန့်သာ လက်ခံသွားမည်ဖြစ်ပြီး ထပ်ဆင့်မေးခွန်းတစ်ခုကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မေးခွန်းအရေအတွက် ကန့်သတ်ထားရခြင်းမှာလည်း အခြားသတင်းထောက်များကို အချိန်ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။

ULA/AA ၏ Telegram Channel ကိုလည်း ယခုဖော်ပြပါ လင့်ခ် (https://t.me/+zqAxBCBh34BkZjll ) မှတစ်ဆင့် Subscribe လုပ်ထားရန် တိုက်တွန်းလိုပါသည်။ အဆိုပါ Telegram Channel မှတစ်ဆင့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်များကို ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

Telegram (https://t.me/+zqAxBCBh34BkZjll)
ULA/AA Press-Briefing Info
please kindly sent email to press.ula.aa@protonmail.com or press.ula.aa@gmail.com for press-briefing ques
❤488👍179🥰16😍8💯7🙏6❤‍🔥4👎4🍾4🍓3
ဝမ်းနည်းကြောင်း သဝဏ်လွှာ ပီးပို့ခြင်း

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁) ရက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်

Website Link: https://www.arakanarmy.net/
VK Link: https://vk.com/arakanarmyinfodesk
😢370❤71👍61🙏44🥰6🕊6😁4🐳1🤣1
❤239👍40🥰13👌5🍾5🔥2