AA Info Desk
55.1K subscribers
1.36K photos
89 videos
8 files
145 links
Download Telegram
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်

ရက္ခိုင့်တပ်တော်သည် လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ် များကို ဗျူဟာမြောက်စွာ တစ်ခုပြီးတစ်ခုသိမ်းပိုက်နေခဲ့သည်မှာ သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ သိမ်းပိုက်ရရှိထားသော စခန်းများမှာလည်း မြောက်မြားစွာရှိခဲ့ပြီး တစ်ခုမကျန်သိမ်းပိုက်ရယူနိုင်ရန်အတွက်လည်း ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်။

လောလောဆယ်တွင် မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” အား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အခြားမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ “ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း” ဟု ခေါ်သော “တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်း” သည် မေလွန်းရွာနှင့်လည်းနီး၍ ၎င်းသင်တန်းကျောင်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် စောစီးစွာ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်သည်။

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှလွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏ အထိုင်စခန်းများကိုသာ အသည်းအသန်ခုခံကာကွယ်နေရတော့သည်။ စစ်ကောင်စီ၏ တပ်စခန်းများတွင် အင်အား (၁၀၀) အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တော်အနေဖြင့် တစ်ပတ်အတွင်း သိမ်းပိုက်ရယူနိုင်သကဲ့သို့ အချို့သောစခန်းများကိုမူ ရက်ပိုင်းမျှသာ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် သိမ်းပိုက်ရယူနိုင်သည်အထိ မိမိတို့၏ ထိုးစစ်စွမ်းဆောင်ရည်မှာ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိလျက် ရှိသည်။

စစ်ကောင်စီ၏ ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့မှာကား တစ်ရက်ပြီးတစ်ရက်ကျဆင်းလျက်ရှိသည်။ ဤသည်မှာ မိမိတို့အတွက်သာမက စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းတိုင်းအတွက် မဟာအခွင့်အရေးပင် ဖြစ်သည်။ ဤအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန် နှိုးဆော် တိုက်တွန်းလိုက်ပါသည်။

လိမ္မာပါးနပ်သော စစ်ကောင်စီ၏ တပ်မှူးများကြောင့် လက်အောက်ငယ်သားများ အသက်ချမ်းသာရာရသည်ကို ရှမ်းမြောက်တွင်သာမက ရက္ခိုင်ဒေသများတွင် တွေ့မြင်နေရသည်မှာ ဒုနဲ့ဒေးပင်ဖြစ်သည်။ ထို့ကြောင့် လက်နက်ချ အညံ့မခံသော စခန်းများကိုလည်း ထိုးစစ်မစတင်မီကပင် လက်နက်ချအညံ့ခံကြရန် မိမိတို့အနေဖြင့် အသိပေးထားပြီး ဖြစ်သည်။ သို့သော် လက်နက်ချအညံ့မခံသော တပ်မှူးများကြောင့် လက်အောက်ငယ်သားများ၏ အသက်မှာ မသေသင့်ဘဲ သေဆုံးခဲ့ကြရပြီး မိသားစု၊ ဆွေမျိုးများနှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်သော ဘဝမျိုးသို့ရောက်ရှိကြသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၅) မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက်ကြဲချခဲ့သည်။ ယနေ့ကြဲချသော စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသောဗုံးနှင့် မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိ တက်ခဲ့သည်။

စစ်ကောင်စီသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များရှိ ၎င်းတို့၏ တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများသာ ပြုလုပ်နေခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
👍395156🥰42🙏20😁10❤‍🔥8👏5😢4🔥2🤨1
😢241🤬66👍249🥰4🙏3👎2💔2👏1
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ရမ်းဗြဲမြို့ မြို့မဆေးရုံ၊ မြို့မဈေး နှင့် လူနေအိမ်များပေါ်သို့ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားခဲ့ရသည့်မြင်ကွင်း

(သတင်းဓါတ်ပုံ)

#AAInfoDesk
February 21, 2024
😢461🤬107👍5414😁8🙏6💔2👏1
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်

၁။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၁၀) နာရီ (၄၅) မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ ၌ လေးရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရန်သူ့စခန်း၏ အစိတ်အပိုင်းတစ်ချို့ဖြစ်သော ကာကင်းစခန်း (၃) ခု နှင့် ရန်သူ့အတွက်အရေးပါသော နေရာတစ်ခုအား လောလောဆယ် မိမိတို့မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ တိုင်းဗဟို (၉) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခစစ်သည်များမှ ရွပ်ရွပ်ချွံချွံ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်။

၂။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများ ကို ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်။

၃။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်။

၄။ စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယနေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်ခဲ့သည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
579👍212❤‍🔥13🥰12👏10🕊8😁6👎3🔥3💯3🌚1
🥰14085👍49😁2🤩2
ရက္ခိုင့်တပ်တော် ၏ တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်

ရက္ခိုင့်တပ်တော်သည် ရက္ခိုင်နှင့် ပလက်ဝဒေသများအတွင်း စစ်ဆင်ရေးကို စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်မှ ယနေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို တစ်ရက်မျှရပ်တန့်ခြင်းမရှိ ဆိုရ လောက်သည်အထိ ရန်သူအား မဟာဗျူဟာမြောက်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ရန်သူ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်များကြားမှ ရန်သူ၏ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ဗျူဟာ၊ စကခဌာနချုပ်၊ တပ်ရင်းစခန်း၊ တပ်မဌာနချုပ်၊ ရဲတပ်ရင်းပေါင်း မြောက်မြားစွာတို့ကို မိမိတို့ စစ်ဆင်ရေးကာလ သုံးလကျော်အတွင်း သိမ်းပိုက်ရယူထားပြီးဖြစ်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီး တစ်ခု ဆက်လက်ချေမှုန်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ လက်နက်ချ အညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကိုလည်း ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

(၁) ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

(၂) ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲရင်း ရန်သူ့စခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိသည်။

(၃) ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းအား ယနေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

(၄) စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်။

(၅) စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယနေ့ ညနေ (၅) နာရီပတ်ဝန်းကျင်တွင်လည်း ပြုလုပ်ခဲ့သည်။ ရန်သူသည် ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်များ ကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် မိမိတို့သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရန်သူ၏ စစ်ရေးတုံ့ပြန်မှု နှင့် ခုခံစစ်အပေါ်မူတည်၍ မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်သည်။

နောက်ဆက်တွဲတိုက်ပွဲသတင်းများကို သိရှိရပါက ဆက်လက်တင်ပေးသွားပါမည်။

သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင့်တပ်တော်
570👍216🥰36❤‍🔥10🤣8👎3😍2🍓2🌚1